Pages

Top Menu

Pages

Wednesday, February 5, 2014

UNFC အနေနဲ့ အပစ်ရပ်ကို အချိန်ဆွဲထားသင့်



လက်ရှိဖြစ်ပေါ်တိုးတက်လာတဲ့ နိုင်ငံရေးအခြေအနေအရ UNFC အနေနဲ့ အစိုးရနဲ့ အပစ်ရပ်ရေးကို အချိန်ဆွဲထားသင့်တယ်လို့ ထင်ပါတယ်။

UNFC က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်ပြင်ပမှာ လုပ်လိုပါတယ်။ အစိုးရနဲ့ တပ်မတော်က လွှတ်တော်မှာပဲ ပြင်ဆင်ကြဖို့ တသမတ်ထဲ ခံယူထားကြတာပါ။ 

အစိုးရက မကြာခင်ကပဲ ကြီးလေးကြီးတွေ့ဆုံရေး ဒီချုပ်ရဲ့ တောင်းဆိုချက်ကို ငြင်းပယ်ခဲ့ရာ UNFC လိုလားနေတဲ့ သုံးပွင့်ဆိုင်အစည်းအဝေး ဖြစ်လာဖို့လည်း လွယ်ကူမှာ မဟုတ်ဘူးလို့ ပြောနိုင်ပါတယ်။

အစိုးရနဲ့ တပ်မတော်က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ စိတ်ပါဝင်စားခြင်း သိပ်မရှိလှပါဘူး။ သူတို့စိတ်ဝင်စားတာက ဒီနှစ်မှာ အပစ်ရပ်ဖို့ပါပဲ။ သူတို့လက်ထက်မှာ တစ်နိုင်ငံလုံး အပစ်ရပ်နိုင်ခဲ့တယ်ဆိုတဲ့ ဂုဏ်ကိုပဲ သူတို့ယူချင်ကြတာပါ။

အခု တပ်မတော်က ချုပ်ကိုင်ထားပြီး ပြည်ခိုင်ဖြိုးဦးဆောင်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားနေကြပါတယ်။ UNFC အနေနဲ့ ဒီဖြစ်ပေါ်တိုးတက်မှုကို လိမ်လိမ်မာမာ ပါးပါးနပ်နပ်နဲ့ စောင့်ကြည့်သင့်တယ်လို့ ထင်ပါတယ်။

အခြေအနေက အရေးကြီးလာပြီမို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်တို့နဲ့ တွေ့ပြီး စုစုစည်းစည်းနဲ့ ဆောင်ရွက်သွားကြဖို့ နေပြည်တော်မှာ ဆွေးနွေးခဲ့ကြပြီဖြစ်တယ်။ ဒီကြားထဲမှာ အဆင်ပြေသွားတာ ရှိနိုင်သလို လူထုအုံကြွမှုတစ်ခုလည်း ဖြစ်နိုင်ခြေရှိပါတယ်။