Pages

Top Menu

Pages

Friday, February 14, 2014

အမေရိကန်ပြည်ထောင်စု ဘာကြောင့် တိုးတက်ခဲ့သလဲ



ခရစ်ယာန်အများစု နေတဲ့ တိုင်းပြည်မှာ ခရစ်ယာန်တို့က ဘာသာခြားတွေကို ဘယ်လိုဆက်ဆံသလဲ ဒီမှာ နည်းနည်း ပြောပြလိုတယ်။

မိမိနဲ့ ရင်းနှီးတဲ့ ဘုရားရှိခိုးကျောင်းတစ်ခုက Pastor တစ်ပါးက ဟာဝိုင်ယီကျွန်းကနေ ဗုဒ္ဓဘာသာအထူးပြုဒေါက်တာဘွဲ့ကို ရယူထားခဲ့တာပါ။ သူတို့ချာ့ခ်ျကျောင်းတွေမှာလည်း အစွန်းရောက်ခရစ်ယာန်တွေ ရှိကြတယ်။ ဘာသာခြားတွေနဲ့ ရောပြီး မနေချင်ဘူး။ အချို့ရပ်ကွက်မှာဆို သူတို့က သီးသန့်နေကြပါတယ်။

အစွန်းရောက်နေတဲ့ သူတို့ဒကာ၊ဒကာမတွေကို အမြင်ပွင့်စေဖို့၊ ဘာသာခြားတွေအပေါ် အမြင်ကြည်လင်စေဖို့ သူတို့ကျောင်းထိုင်ဘုန်းကြီးက ဘာလုပ်ရသလဲဆိုရင် ဘာသာခြားတို့နဲ့ ပတ်သက်ရင် သင်ပြပေးပါတယ်။ သင်တန်းပြီးရင် သူတို့သင်ပြတာ ဟုတ်မဟုတ် အကဲဖြတ်ရအောင် ရနိုင်ရင် ဥပမာ - ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးကို ပင့်ပြီး ဟောပြောစေပါတယ်။

ဒီလိုဟောပြောလို့ ပြီးတဲ့အခါမှာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို သူတို့ မေးကြပါတယ်။ တကယ်လို့ အချိန်လည်း ရသေးရင်၊ မိမိကလည်း သူတို့ကို ခွင့်ပြုရင် ခရစ်ယာန်အပေါ် ဗုဒ္ဓဘာသာဝင်တစ်ဦးရဲ့ အမြင်ကိုလည်း မေးမြန်းတတ်ပါတယ်။

ဒါတွေဟာ ဆွယ်တရားဟောတာ မဟုတ်ဘဲနဲ့ ဘာသာတစ်ခုနဲ့တစ်ခု အတူယှဉ်တွဲနေထိုင်ကြခြင်း ဖြစ်တယ်။ ဘယ်ဘာသာတရားက မှန်တယ်၊ ဘယ်ဘာသာတရားက မှားတယ်လို့ အဆုံးအဖြတ်ပေးတဲ့ အမေးအဖြေကို ရှောင်ကြပါတယ်။ ဘယ်ဘာသာတရားက ဘယ်လိုကျင့်ကြံနေထိုင်တယ်ဆိုတာကိုပဲ အဓိကထား လေ့လာကြတာပါ။ အဲဒီလို လေ့လာတဲ့အခါ အပြန်အလှန် ကူးလူးဆက်နွှယ်မှုတွေ ရှိလာပြီးတော့ ဘာသာရေးနဲ့ ပတ်သက်ပြီး အစွန်းရောက်မှုတွေကို ရှောင်ရှားနိုင်ခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စု ကြီးပွားတိုးတက်ခြင်းမှာ ခရစ်ယာန်အချင်းချင်း၊ ဘာသာတရားအချင်းချင်း ပဋိပက္ခမဖြစ်အောင် ထားနိုင်ခြင်းဟာလည်းပဲ အရေးပါတဲ့ အကြောင်းအချက်တစ်ခု ဖြစ်တယ်။