Pages

Top Menu

Pages

Sunday, February 2, 2014

"လက်နက်နဲ့ ဖက်ဒရယ်လဲလှယ်ပွဲ" မဖြစ်စေနဲ့။

လက်နက်နဲ့ ဒီမိုကရေစီလဲလှယ်ပွဲ ၁၉၅၈-ခုနှစ်မှာ လက်နက်နဲ့ ဒီမိုကရေစီ လဲလှယ်သွားခဲ့တဲ့ မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌ နိုင်အောင်ထွန်းဆုံးခါနီးမှာ သူ့ပီအေကို ပြောသွားတာလေး ရှိတယ်။ သူက မွန်ရေးရာဝန်ကြီးတောင် ဖြစ်ခဲ့သေးတယ်။ူ "ငါက အစိုးရကို ယုံလို့ လက်နက်ချခဲ့တယ်၊ ဒါပေမဲ့ အလိမ်မိခဲ့တယ်၊ ဆေးလည်း အခတ်ခံခဲ့ရတယ်၊ ငါ့ မနေရတော့ဘူး၊ ငါ့စကားကို မှတ်ထားပေးပါ" နိုင်အောင်ထွန်းရဲ့ မွန်ပြည်သူ့တပ်ဦးဟာ အင်အားတစ်ထောင်ကျော် ရှိလို့ အဲဒီတုန်းက အင်အားတောင့်တင်းတဲ့ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုပါပဲ။ လက်နက်ချရမှာကို မသိကြတဲ့ မွန်ရဲဘော်များဟာ ဒို့မွန်တွေ လွတ်လပ်ပြီလို့ ရထားပေါ်ကနေ အော်သွားကြတာကို မွန်လူထုတွေ ပြန်ပြောပြလို့ သိခဲ့ရပါတယ်။ ဒီမှာ ပြောလိုတာကတော့ ဦးနုက မလိမ်ခဲ့ဘူး။ ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းခဲ့တယ်။ ခေါင်းဆောင်တွေ ဒုက္ခရောက်ခဲ့ကြရတယ်။ အခုလည်း သိန်းစိန်က မလိမ်ဘူး။ မင်းအောင်လှိုင်က ဖက်ဒရယ်မပေးခဲ့ဘူးဆိုရင် လိမ်တာချင်းအတူတူပါပဲ။ အချို့က နေဝင်းအာဏာသိမ်းသွားပုံမှာ လွယ်ကူလွန်းလို့ ဦးနုနဲ့နေဝင်း ပေါင်းရိုက်ပေါင်းစား လုပ်ခဲ့ကြလေသလားလို့တောင် သံသယပွားခဲ့ကြပါတယ်။ ဒီကနေ့အပစ်ရပ်ပွဲဟာလည်းပဲ "လက်နက်နဲ့ ဖက်ဒရယ်လဲလှယ်ပွဲ" မဖြစ်စေနဲ့။ လက်နက်လည်း ဆုံး၊ ဖက်ဒရယ်လည်း မရ၊ ဖွတ်လည်း မရ၊ ဓားမလည်း ဆုံး မဖြစ်ကြစေနဲ့။