Pages

Top Menu

Pages

Saturday, February 8, 2014

ဖက်ဒရယ် ပြောတဲ့ ဗမာ ဂျောင်ထဲ ရောက်မှာ မို့လား....


*****************

ဗမာ တွေကြားမှာ ဖက်ဒရယ် ဆိုတဲ့ စကားလုံး ခါးနေတာ သတိထားမိတယ်... နိုင်ငံရေး နားလည်သူတွေရော... ပညာတတ်တွေရော... နိုင်ငံရေး သမားတွေရော ပေါ်ပေါ်တင်တင် ပြောတာ သိပ် မတွေ့ပါ။

ဒေါ်အောင်ဆန်းစုကြည် တောင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့မှ တိုးတိုးတိတ်တိတ်လေး ပြောတတ် ပါတယ်။

အကြောင်းကတော့...

ဗမာတွေကြားမှာ ရေပန်းမစားမှာ ကြောက်တဲ့ ရောဂါ ပါပဲ။

ဖက်ဒရယ် ပြောလိုက်ရင် ဗမာခေါင်းဆောင် မဖြစ်နိုင်တော့ဘူး... ဖက်ဒရယ် ကို မတိုက်ခိုက်ရင်တောင်... သိပ်မပြောတဲ့ လူမှ ဗမာ လူထု ခေါင်းဆောင် ဖြစ်တတ်လေသတည်း။ အဲဒါကြောင့် ဖက်ဒရယ် နားလည်တဲ့ ဗမာ ပညာရှင်တွေက နိုင်ငံခြားရောက်မှ၊ ဒါမှ မဟုတ်.. ဗမာ လူထု နဲ့ လုပ်စားတဲ့ နယ်ပယ်ပြင်ပ ရောက်မှ ပြောထွက် တတ်ကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအကြိုကာလမှာ ဖက်ဒရယ် ကိစ္စ ပြောထွက်တဲ့ ဗမာ လွတ်တော်အမတ် ဘယ်နှစ်ယောက် ပေါ်လာမလဲ ဆိုတာ ကြည့် ထားကြပါ။ ဗမာ စစ်ရင် ဗမာ လူထုရှေ့ ပေါ်တင် မပြောဘူး။ တိုင်းရင်းသားရှေ့ ရောက်ရင် ပြောလိမ့်မယ်။ အဲ... လူပိန်းကြိုက် ၉၆၉ အမတ် တော့ ပေါ်လာလိမ့်မယ်။

အဲဒါ ဒီနေ့ ဖြစ်နေတဲ့ ပြဿနာ ပဲ။ ဖက်ဒရယ် ဆိုတာ တိုင်းရင်းသား တွေအတွက် ပဲ မဟုတ်ဘူး ဆိုတာ ဗမာလူထု နားလည်အောင် ဘယ် ပညာရှင်များ ပြောလာမလဲ...

သိကြားမင်း တောင် တတ်နိုင်ပါမည်လော...