Pages

Top Menu

Pages

Tuesday, February 11, 2014

တိုင်းရင်းသားတွေ ပြတ်သားသင့်ကြတယ်


၁။ UNFC ရော UNFC မဟုတ်တဲ့ RCSS နဲ့ UWSA တို့ပါ သတိထားသင့်တဲ့ အချက်တစ်ခု ရှိတယ်။ အဲဒါကတော့ KIA နဲ့ TNLA တို့ကို ဒီအတိုင်း ပစ်ထားလို့ မဖြစ်ဘူးဆိုတဲ့အချက်ပါ။ ဒီဒေသမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲအတွက် သိန်းစိန်အစိုးရကနေတစ်ဆင့် ဖိအားတစ်စုံတစ်ရာ မပေးဘဲ နေခြင်းမှာ နည်းနည်းလေး မှားနေတယ်။

၂။ ဒီအစိုးရဟာ သိက္ခာကို စောင့်ထိန်းတဲ့ အစိုးရ မဟုတ်ဘူး။ စာနာတတ်တဲ့ အစိုးရ မဟုတ်ဘူး။ အလျှော့ပေးလွန်းရင် သူတို့က အားနာရကောင်းမှန်းမသိ ရှေ့တိုးလာမှာ ဖြစ်တယ်။ ဖွဲ့စည်းပုံပြင်ရေးမှာ ဒါဟာ သက်သေ ဖြစ်တယ်။ ဒါကြောင့် ပင်လုံပါ အခွင့်အရေးကို တောင်းဆိုကြရင် အဲဒါကို မပေးဘူး။ တောင်းသလို ပေးလိုက်ရင် သူတို့ဘက်က ရှုံးတယ်လို့ ဒီစိတ္တဇအစိုးရက မှတ်ယူလေ့ရှိတယ်။ ဒါကြောင့် သီးခြားပြည်ထောင်စုကို ထူထောင်ကြမယ်ဆိုတဲ့ မူကို ချမှတ်ထားမှ ဖက်ဒရယ်လောက် ရမှာ ဖြစ်တယ်။

၃။ UNFC က စစ်အစိုးရက စစ်ရေးလှုပ်ရှားမှုကို မဆိုင်းငံ့မချင်း နောက်ထပ်အပစ်ရပ်ရေးဆွေးနွေးပွဲကို လုပ်မှာ မဟုတ်ဘူးလို့ တရားဝင်ကျေညာချက်ကို ပြတ်ပြတ်သားသား ထုတ်ပြန်သင့်တယ်။