Pages

Top Menu

Pages

Wednesday, December 18, 2013

တယူသန်မြန်မာတွေ မွန်နဲ့ထိုင်းကို လူမျိုးတုံးသတ်ဖြတ်ခဲ့တဲ့ ဦးအောင်ဇေယျဝတ်စုံကို ဝတ်ကြတယ်



ဘောလုံးကွင်းထဲ ဝင်ပြီး မွန်နဲ့ထိုင်းကို လူမျိုးတုံးသတ်ဖြတ်ခဲ့တဲ့ ဦးအောင်ဇေယျဝတ်စုံကို ဝတ်ကြတယ်။ ထိုင်းကန်တဲ့ ပွဲတွေမှာ ဦးအောင်ဇေယျ ပုံထောင်တဲ့လုပ်ရပ်တွေဟာ အပြစ်ဖြစ်တယ်ဆိုတာ မြန်မာတွေ ဘယ်သိမလဲ။ ဦးအောင်ဇေယျကို သူရဲကောင်းလို့ သင်ပြထားတာကိုး။ ဒီတော့ သူရဲကောင်းဖြစ်ဖို့ ဦးအောင်ဇေယျ လုပ်သလို လိုက်လုပ်မှာပေါ့။ မီးရှို့မယ်၊ ဖျက်ဆီးမယ်။

ပြည်ထောင်စုနိုင်ငံဖြစ်လို့ တိုင်းရင်းသားရေးရာများကို သင်ပြထားခြင်းမရှိ၊ မြန်မာမှုကိုပဲ ရှေ့တန်းတင်ခဲ့ကြတာကိုး။

အာဆီယံအသင်းဝင်တော့ ဖြစ်ခဲ့တယ်။ အာဆီယံအားကစားပွဲတော်ကိုလည်း ကျင်းပနေပါတယ်။ အာဆီယံဥက္ကဋ္ဌလည်း ဖြစ်တော့မှာပါ။ တူတစ်ချောင်းတောင် လက်ဆောက်ရခဲ့ပြီလေ။ ဒါပေမဲ့ ဘယ်မလဲ အာဆီယံစိတ်ဓာတ်။ မြန်မာ့စိတ်ဓာတ်တစ်ခုထဲကိုပဲ အာဆီယံစိတ်ဓာတ်လို့ ပုံမှားရိုက်နေပြီ။

နိုင်ငံသားစိတ်ဓာတ်လည်း မရှိ၊ ပြည်ထောင်စုစိတ်ဓာတ်လည်း မရှိ၊ အာဆီယံစိတ်ဓာတ်လည်း မရှိ၊ ကမ္ဘာ့စိတ်ဓာတ်လည်း မရှိ။ လူသားစိတ်ဓာတ်တောင် မရှိကြရင် ဒီကမ္ဘာဂြိုဟ်မှာ မနေသင့်တော့ပြီ။

(ဒီစာကို ဖတ်ရင်း ခံရခက်ကုန်မှာ သိတယ်။ ဒါပေမဲ့ ရေးရမှာပဲ)