Pages

Top Menu

Pages

Friday, December 20, 2013

စည်းခြားသင့်ပြီ

စည်းခြားသင့်ပြီ

အစိုးရလှုပ်ရှားမှုကို ကြည့်ရင် မသင်္ကာဖွယ်ရာတွေ များလှပါတယ်။ တိုင်းရင်းသားများကို သွေးခွဲနေတယ်ဆိုတာ တနေ့ထက်တနေ့ ထင်ရှားလာတယ်။ လူ့စည်း ဘီလူးစည်း ခွဲသင့်ပြီလို့ ယူဆပါတယ်။

လက်ရှိသိန်းစိန်အစိုးရနဲ့ စင်ပြိုင် သီးခြားဖက်ဒရယ်အစိုးရတစ်ရပ် ဖွဲ့စည်းသင့်ပါပြီ။

လက်ရှိမြန်မာ့တပ်မတော်နဲ့အပြိုင် သီးခြားဖက်ဒရယ်တပ်မတော်တစ်ရပ် ထားရှိသင့်ပါပြီ။

ဖက်ဒရယ်ဥပဒေ၊ ဖက်ဒရယ်စစ်တပ်နဲ့ သီးခြားဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်သင့်လှပါပြီ။

တကယ်လို့ နောင်တချိန်မှာ မြန်မာအစိုးရက အဲဒီပြည်ထောင်စုမှာ ပါဝင်ချင်တယ်ဆိုရင် မဲခွဲဆုံးဖြတ်ပြီး လက်ခံလိုက်ရုံပဲ။

သီခြားပြည်ထောင်စုမှာ ဒီမိုကရေစီရေး၊ တန်းတူရေး၊ လူ့အခွင့်အရေးကို စံချိန်စံနှုန်းနဲ့အညီ ကျင့်သုံးနိုင်ခဲ့ရင် အခု ရှမ်းနီကိစ္စလို အရှုပ်အရှင်းမျိုး ပေါ်ပေါက်လာမှာ မဟုတ်ဘူး။

အဲဒီလိုပဲ ပြည်နယ်တွင်းရှိ လူနည်းစုများ ဖြစ်ကြတဲ့ ပလောင်၊ ဝ၊ ပအိုဝ်း၊ ကိုးကိန့်၊ လာဟူး၊ ထားဝယ်၊ နာဂ အစရှိတဲ့ တိုင်းရင်းသားများရဲ့ အကျိုးစီးပွားကိုလည်း ထိထိရောက်ရောက် ကာကွယ်နိုင်ပါ့မယ်။

ဒါကြောင့် နောက်မကျခင် တိုင်းရင်းသားခေါင်းဆောင်တွေ လက်ဦးမှု ရယူထားသင့်ကြပါတယ်။ နောက်ကျရင် ရှမ်းတောင်ပိုင်းကိုလည်း အစိုးရ ဖဲ့သွားဦးမယ်။ အခြားတိုင်းရင်းသားအချို့ကိုလည်း ဖဲ့သွားဦးမယ်။ နောက်ဆုံးကျရင် တိုင်းရင်းသားအချင်းချင်းပဲ သတ်ဖြတ်ကြရပါ့မယ်။

သတိတရား ထားကြပါကုန်လော့။