Pages

Top Menu

Pages

Wednesday, December 11, 2013

အာဏာရှင်များရဲ့ လုပ်နည်း လုပ်ဟန်များ

By-Duwa kachin
အာဏာရှင်များသည် အကျိုးတူ နောက်လိုက်အမာခံများ ရှိခြင်းကြောင့် အာဏာတည်နေခြင်း ဖြစ်သည်။ အာဏာရှင်များ အတွက် အလိုအပ်ဆုံး အရာမှာ အာဏာတည်မြဲဖို့သာ ဖြစ်သည်။ အာဏာတည်မြဲဖို့ မည်သည့် နည်းမဆို လက်တွန့်မနေတော့ပေ။ သူတို့ အဓိက သုံးတတ်သော နည်းစနစ်မှာ နောက်လိုက်များ အပေါ် မဟုတ်မမှန် ၀ါဒမှိုင်းတိုက်ပြီး အုပ်ချုပ်ခြင်း ဖြစ်သည်။ ကိုယ်ပိုင်အကျိုးကို နိုင်ငံ့အကျိုး ဖြစ်သယောင် ပြောသည်၊ ကိုယ်ပိုင်အာဏာ ကို နိုင်ငံ့ အချုပ်အချာ အာဏာ ဖြစ်သယောင် ဟောသည်။ ကိုယ့်သိက္ခာကို နိုင်ငံ့သိက္ခာဟု သုံးနှုန်းသည်။ ကိုယ့်ကို ဝေဖန်ရင် နိုင်ငံတောင်ကို ဝေဖန်သယောင် ပြောတတ်လေသည်။

တောင်အာဖရိက နိုင်ငံမှာ လူဖြူ များက Apartheid ဥပဒေနှင့် လူမည်းများကို ခွဲခြားအုပ်ချုပ်စဉ် လူဖြူ အာဏာရှင် အုပ်စုက လူဖြူ အားလုံးအတွက် လုံခြုံရေးအတွက် လုပ်ဟန် ပြောသည်။ နယ်လ်ဆင်မန်ဒဲလား နှင့် အာဖရိက အမျိုးသား ကွန်ဂရက် မှ The Freedom Charter ဆိုတဲ့ စာတမ်းတခု ထုတ်ပြန်ခဲ့ရာမှာ ကွန်မြူနစ် စာတမ်းဟု သမုတ်ပြီး ပိတ်ပင်တားမြစ်သည်။

မန်ဒဲလား ထောင်မှာ ရှိစဉ် သူ့သား သေတော့ ထောင်မှူးကို သူကိုယ်တိုင် သင်္ဂြလ်ခွင့်တောင်းတယ်။ ထောင်မှူးက သူတို့ကို "ခင်များတို့ ကွန်မြူနစ် အဖွဲ့တွေ လာကယ်ရင် ဘယ်လို လုပ်မလဲ" လို့ပြန်အမေးခံရတော့ ဘယ်က ကွန်မြူနစ်အဖွဲ့ကို ဆိုလိုတာလဲ? လို့ မေးပြီး တစ်ဆက်ထဲမှာပဲ "ခင်များ The Freedom Charter" ကို ဖတ်ဖူးလား" လို့ မေးလိုက်တယ်။ ထောင်မှူးက မဖတ်ဖူးဘူး လို့ ဖြေတယ်။ ဒီတော့ ဘာလို့ မဖတ်ကြည့်ပဲ အသလွတ် ကွန်မြူနစ် လို့ ပြောတာလဲ? လို့ ပြောလိုက်တယ်။ ဒီတော့ ထောင်မှူးပြောတာက အားလုံး ဒီလိုပဲ ပြောကြတာပဲ တဲ့။

တကယ်တော့ The Freedom Charter စာတမ်းဟာ အားလုံး တရားမျှတ တဲ့ နိုင်ငံမှာ အတူတကွယဉ်တွဲ နေထိုင်ရေး လမ်းပြမူသာ ဖြစ်ပါတယ်။ ဒါပေမယ့် အာဏာရှင်များ ထုံးစံ အတိုင်း နောက်လိုက်များကို မဟုတ်မမှန်ဝါဒမှိုင်း တိုက်ထားခြင်း ဖြစ်လေသည်။

မြန်မာနိုင်ငံမှာလဲ ဖက်ဒရယ် ဆိုရင် ခွဲထွက်ရေး ဆိုတဲ့ ၀ါဒ မှိုင်း တိုက်ထားတာ အခုထိ မပြေသေးပေ။ ပင်လုံစာချုပ် ကို ပင် ရန်သူ့ လက်သုံးစကား အနေနဲ့ သတ်မှတ်ထားတာ အခုထိ ဖြစ်လေသည်။

မြန်မာနိုင်ငံရဲ့ ကျဆုံးခန်းဟာလဲ အာဏာရှင်များရဲ့ လိုရာဆွဲသွင်းရာ လိုက်ပါသွားတဲ့ နောက်လိုက်များရဲ့ အင်အားကြောင့် ဖြစ်လေသတည်း။