Pages

Top Menu

Pages

Tuesday, November 5, 2013

ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ၀န်ထမ်းများ မေးခွန်းများ ငြိမ်းချမ်းသွားပြီ ဆိုရင် အိမ်ပြန်ရမယ်။ ဒီတော့ အိမ်ပြန်ရင် ဘာတွေ ကူညီ ပေးရမလဲ လို့ မေး တယ်။”

(“ကျုပ်တို့လိုအပ်နေတာ ဆန်လဲ မဟုတ်.. ဆားလဲ မဟုတ်.. နေစရာ အိမ်လဲ မဟုတ်ဘူး... ကျုပ်တို့ကို ဘာမှ ပေး စရာ မလိုဘူး... ဗမာ စစ်တပ်ပြန်ရုတ်သိမ်းသွားဖို့ ကမ္ဘာကို ပြောပေးပါ... ဗမာ စစ်တပ် ပဲ ရှိနေသမျှ ဘယ်တော့မှ မငြိမ်းချမ်းဘူး.. သူတို့ မဖျက်ဆီး ပေးရင် ကျုပ်တို့ ဘာသာ ဘာမဆို ရှိလာအောင် ပြန်လုပ်ယူလို့ ရတယ်...” လို့ ဆိုသတဲ့။)

မြစ်ကြီးနားမြို့မှ ကချင်လူငယ်များ ၀တ်ပြုအစည်းအဝေး

နှလုံးသားမှာ ဆာငတ်နေတဲ့ လွတ်လပ်ခြင်း အတွက် ၀ိုင်းဝန်းဆုတောင်းကြတယ် လို့ ဆိုပါတယ်။

အဲဒီ ဆုတောင်းအစည်းအဝေး ကတော့ နှစ်ခြင်းလူငယ်များနေ့ အတွက် အထူးနေ့ ဆုတောင်းအစည်းအဝေး အစီအစဉ်ပါ။ ဒါပေမယ့် ခံစားနေရတဲ့ ဝေဒနာ တွေ အောက်မှာ သူတို့ မတိုင်ပင်ပဲ ဆုတောင်းဖြစ်တာက “လွတ်မြောက်ရေး” အတွက် ပါ။

ဒီနေ့ ကချင်ပြည်နယ်ဟာ တိုးတက်သင့်လျှက် မတိုးတက်တဲ့မြေ၊ မဆင်းရဲသင့်ပဲလျှက် ဆင်းရဲနေရတဲ့နယ် ပါ။

စစ်ပြေးဒုက္ခသည်များ ကို ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ၀န်ထမ်းများ မေးခွန်းများ မေးခဲ့ပါ သတဲ့။

“သိပ်မကြာခင်မှာ အပစ်အခပ်ရပ် လက်မှတ်တွေ ထိုးတော့မယ်။ ငြိမ်းချမ်းသွားပြီ ဆိုရင် အိမ်ပြန်ရမယ်။ ဒီတော့ အိမ်ပြန်ရင် ဘာတွေ ကူညီ ပေးရမလဲ လို့ မေး တယ်။”

သူတို့ ဖြေပုံ က ရှင်း တယ်။

“ကျုပ်တို့လိုအပ်နေတာ ဆန်လဲ မဟုတ်.. ဆားလဲ မဟုတ်.. နေစရာ အိမ်လဲ မဟုတ်ဘူး... ကျုပ်တို့ကို ဘာမှ ပေး စရာ မလိုဘူး... ဗမာ စစ်တပ်ပြန်ရုတ်သိမ်းသွားဖို့ ကမ္ဘာကို ပြောပေးပါ... ဗမာ စစ်တပ် ပဲ ရှိနေသမျှ ဘယ်တော့မှ မငြိမ်းချမ်းဘူး.. သူတို့ မဖျက်ဆီး ပေးရင် ကျုပ်တို့ ဘာသာ ဘာမဆို ရှိလာအောင် ပြန်လုပ်ယူလို့ ရတယ်...” လို့ ဆိုသတဲ့။

ဒီ လူငယ် တွေက မြို့ပေါ်မှာ နေတယ် ဆိုပေမယ့် သူတို့ ဆွေးမျိုးသားချင်းတွေရဲ့ ရင်ဖွင့်သံတွေကို နေ့စဉ် ကြားနေရတာပါ။ သူတို့ မမေ့ပါဘူး။
By Kachin Duwa