Pages

Top Menu

Pages

Monday, September 23, 2013

"ကျမ ဖေဖေက စစ်သားကနေ နိုင်ငံရေးသမားကို ကူးပြောင်းခဲ့တာ မဟုတ်ပါဘူး၊ နိုင်ငံရေးသမားဘ၀ကနေ စစ်သားဘ၀ကို ကူးပြောင်းခဲ့တာ ဖြစ်ပါတယ်။

"ကျမ ဖေဖေက စစ်သားကနေ နိုင်ငံရေးသမားကို ကူးပြောင်းခဲ့တာ မဟုတ်ပါဘူး၊
လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံရေးသမားဘ၀ကနေ
စစ်သားဘ၀ကို ကူးပြောင်းခဲ့တာ ဖြစ်ပါတယ်။
ဒီအခြေအနေ နှစ်ရပ်က အလွန်ခြားနားပါတယ်။
ကျမ အမြင်အရလည်း စစ်သားဟာ နိုင်ငံရေးသမားဘ၀ကို မကူးပြောင်းသင့်ဘူးလို့ ထင်တယ် (ရယ်လျက်) စစ်ကြီးပြီးလို့ နိုင်ငံရေးပြန်လုပ်ဖို့ အချိန်ရောက်တဲ့အခါမှာ ကျမ ဖေဖေအတွက် . စစ်တပ်ထဲမှာပဲ ဆက်နေမလား၊ စစ်တပ်က ထွက်မလားဆိုတာကို ဆုံးဖြတ်ချရမယ့် အချိန်ရောက်လာတယ်..

အဲဒီအချိန်တုန်းက မောက်ဘက်တန်ဆီကို ဖေဖေရေးခဲ့တဲ့ စာမှာ
အရပ်သားဘ၀ ရွေးချယ်တော့မယ့်အကြောင်း ရှင်းပြထားတယ်။
အကြောင်းကတော့ နိုင်ငံရေးကိစ္စတွေကို အဓိက လုပ်ဖို့ လိုအပ်တဲ့အခြေအနေမှာ
သူ့အနေနဲ့ စစ်သားတယောက်အနေနဲ့ မဟုတ်တော့ဘဲ
သာမန် အရပ်သားတယောက်အနေနဲ့ပဲ နိုင်ငံရေးကို ဆက်လုပ်မယ်ဆိုတဲ့ အကြောင်းကို ရှင်းပြထားတယ်၊

စစ်တပ်ကို ပရော်ဖက်ရှင်နယ် စစ်သားတွေက ဦးဆောင်သင့်တယ်လို့ ယုံကြည်တဲ့အတိုင်းပဲ
အဲဒီအချိန်တုန်းက မြန်မာ့တပ်မတော်ကို ဦးဆောင်ဖို့ သင့်တော်တဲ့
စစ်ဦးချုပ်တယောက်ကို ဖေဖေက လျာထားပေးခဲ့တယ်။
အဲဒီလူကတော့ ကရင်တိုင်းရင်းသားလည်းဖြစ်၊ ဗြိတိသျစစ်တပ်က လေ့ကျင့်ပေးထားတဲ့ ပရော်ဖက်ရှင်နယ်စစ်သားတယောက်ပါ၊ အကြောင်းကတော့ ကျမ ဖေဖေဟာ ပရောဖက်ရှင်နယ်ဝါဒ အပေါ်မှာယုံကြည်လို့ပါပဲ၊

(စင်္ကာပူတက္ကသိုလ်တွင် ပြောကြားသော မိန့်ခွန်းမှ...) (22-9-2013)

အေးချမ်းမွန် Credit To >ခွန် ဒီးယမ် < Thanks
Re-posted By ACM 23-9-2013
https://www.facebook.com/excellencemedia