Pages

Top Menu

Pages

Sunday, September 1, 2013

ကေအိုင်အေတွေက ကချင်နိုင်ငံတော် ထူထောင်ဖို့ဖြစ်တယ်၊ ခွဲထွက်ရေးသမားတွေ ဖြစ်တယ် ဆိုပြီး အနှစ်နှစ်အလလ ဗမာစစ်တပ်ရဲ့ ၀ါဒ ဖြန့်ချက်တွေက တကယ်တော့

ကေအိုင်အေတွေက ကချင်နိုင်ငံတော် ထူထောင်ဖို့ဖြစ်တယ်၊ ခွဲထွက်ရေးသမားတွေ ဖြစ်တယ် ဆိုပြီး အနှစ်နှစ်အလလ ဗမာစစ်တပ်ရဲ့ ၀ါဒ ဖြန့်ချက်တွေက တကယ်တော့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး တောင်းဆိုခြင်းကို ချိုးနှိမ်ထားခြင်းသာ ဖြစ်ပါတယ်။

တိုင်းရင်းသား ဆိုတဲ့ နေရာမှာ ဗမာတွေလဲ ပါတယ်။ နိုင်ငံသူနိုင်ငံသား အားလုံး အတွက် ဖြစ်ပါတယ်။

ဖက်ဒရယ် ဆိုတာ အောက်ခြေကတက်လာတဲ့ နိုင်ငံရေး အာဏာဖွဲ့စည်းပုံသာ ဖြစ်ပါတယ်။ တခုရှိတာက အထက်အောက်အုပ်ချုပ်ပုံ စနစ်ကို အားကျတဲ့ စစ်အာဏာရှင် တွေအတွက် မျက်မုန်းကျိုးစရာပါ။

မြန်မာနိုင်ငံသားတွေကို နှစ်ပေါင်း ၅၀ ကျော် နိုင်ငံရေး စကားမပြော၊ မသင်၊ မဖတ်၊ မလေ့လာဖို့ ပိတ်ပင်ခြင်းဟာလဲ ပြည်သူတွေဟာ ကိုယ့်အခွင့်အရေးကိုယ်သိလာမှာစိုးလို့သာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့အတွက် မြန်မာနိုင်ငံရဲ့ အဓိက ပြဿနာဟာ နိုင်ငံရေးအသိပညာ ကင်းမဲ့မှုပါ။

မသိလို့ မသိမှန်းတောင် မသိတဲ့ ပြဿနာ ဟာလဲ ရှိပါသေးတယ်။
By Duwa Kachin blog

ပုံအတွက် credit to Tsaw Ra Tsaw