Pages

Top Menu

Pages

Monday, August 26, 2013

Reform က ကချင်လူမျိုးတွေအတွက် ဘယ်လိုအကျိုးရှိသလဲတဲ့။


ပထမပတ် ဧပြီလ ၂၀၁၁ ခုနှစ်မှာ ဒီမိုကရေစီ အစိုးရ တက်လာတယ်။
၉ ရက် ဇွန်လ ၂၀၁၁ ခုနှစ်မှာ တိုက်ပွဲစဖြစ်တယ်။
ကချင်လူမျိုးထု တရပ်လုံးရဲ့ ၁၀% IDP ဖြစ်သွားတယ်။
ကချင်ပြည်သူလူထု နေထိုင် လုပ်ကိုင်စားသောက်တဲ့ မြေအားလုံးရဲ့ ၅၀% မှာ တပ်မတော်က နေရယူပြီး မီးရှို့၊ ခိုး၊ လု၊ သယ်။ အပိုင်သိမ်းပြီး ပြန်နေလို့ မရသေးဘူး။
ကချင်ပြည်နယ်အတွင်းမှာ ကားနဲ့ ခရီးသွားရင် ခရီးသည်ထဲမှာ ကချင်ပါသလား လို့ မေးပြီး သီးသန့် ရွေးထုတ် စစ်ဆေးခံနေရဆဲ။
ကချင်ပြည်နယ်မှာ ကချင်လူမျိုးတွေက ကိုယ့်ရွာကိုယ် ပြန်နေလို့ မရပေမဲ့ အဲဒီရွာမှာ ဘယ်က ခွေးသူတောင်းစားမှန်း မသိတဲ့ သူတွေက အပြည့်အ၀ နေရာယူ။ ရွှေတူး။။
ကချင်ကျောင်းသားထုရဲ့ ၁၀% ကောင်းစွာ သင်ယူနိုင်ခွင့် ဆုံးရှံးနေတယ်။
အမျိုးသမီး ၁၀၀ ကျော် မုဒိန်းကျင့်ခံရ၊ အသတ်ခံရပြီးပြီ။
သမီးကို ပစ်သတ် ခံရတဲ့ အဖေက တရားရင်ဆိုင်နေရတယ်။
တဦးတည်းသော ကချင်အမျိုးသမီး ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်ကလည်း အဖမ်းခံထားရတယ်။
လောလောဆယ် ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ်မှာ မြေဧက ၆ သိန်း ကို သိမ်းဆည်းနေတယ်။
ကချင်ပြည်နယ်က မြစ်ချောင်းအင်းအိုင် မြေပေါ်မြေအောက်မှာ တရုတ်ရောက်နေပြီ။
တိုက်ပွဲသံကလည်း မစဲသေးဘူး။
တပ်မတော်က မလှိမ်တပတ်နဲ့ သူကိုယ်တိုင်က ငြိမ်သလိုလိုနဲ့ သူ့ကို သစ္စာခံထားတဲ့ နယ်ခြားစောင့်တပ်တွေကို အကာအကွယ်ယူပြီး နယ်ပြန်ချဲ့နေတယ်။
မိန့်ခွန်းအဖတ်တော်သော သမ္မတကြီးကလည်း မိန့်ခွန်းဖတ်ပြီးလျှင် မိမိတာဝန်ကျေပြီဟု ထင်နေဟန် ရှိလေရဲ့။ အကောင်အထည်ဖော်မှုက ဇီးရိုး။

လ ၃၀ ကြိုးစားထားတဲ့ Reform က ကချင်လူမျိုးတွေအတွက် ဘယ်လိုအကျိုးရှိသလဲတဲ့။

ကိုယ့်ဟာကိုယ်ဖြေသွား။