
by -facebook
Khon Ja
၈၈၈၈ မှာ သားတယောက် ဆုံးသွားတဲ့ အဖေရဲ့ စကားသံ...
ရန်ကုန်မြို့မှာ သူသျိုလို့ စွတ်စွဲပြီး ခေါင်းဖြတ် အသတ်ခံလိုက်ရတဲ့ အမျိုးသမီးရဲ့ အမရဲ့ စကားသံ..
ဦးအောင်မင်းကို “နိုင်ငံတော်က တောင်းပန်ဖို့ အစီအစဉ်ရှိသလား” လို့ လှမ်းတော့လိုက်တဲ့ ဂျာနယ်လစ်၊
စင်ပေါ်မှာ The Voice မှာ ပါတဲ့ သတင်းနဲ့ ပတ်သက်ပြီး ရှင်းလင်းနေတဲ့ သမ္မတအကြံပေး ဦးမြင့်။
လက်ညိုးထိုး ခံရတဲ့ သူများကကော အမှန်တကယ် တာဝန်ရှိသိများ ဖြစ်ပါရဲ့လား။ မဟုတ်ဘူးဆိုရင် လက်ညိုးထိုး ခံရတဲ့အတွက် Justice ကော???
အဲဒီအချိန်တုန်းက ခေါင်ချုပ်များ အခုထိ သက်ရှိထင်ရှားရှိနေတယ်။။ ဘာဖြစ်လို့ သူတို့ကိုတော့ လက်ညိုးမထိုးဘဲ ခွင့်လွှတ်ပါတယ် လုပ်နေကြတာတုန်း???
တောင်းပန်ပါ လို့ တောင်းဆိုနေတဲ့ အသံများ...
Transitional Justice ကို နိုင်ငံအနှံအပြားမှာ လေ့လာသင့်နေပြီ ဆိုတာ မျက်ဝါးထင်ထင် မြင်လိုက်ရတယ်။ Victims တွေအတွက် Counseling ပေးနိုင်ဖို့၊ Trauma healing အမြန်ဆုံးလုပ်ဖို့ ဆိုတာလည်း မျက်မြင်ကိုယ်တွေ့၊
လျှော်လိုက်ပါ၊ ခွင့်လွှတ်လိုက်ပါ၊ ခွင့်လွှတ်ပါတယ် ဆိုတဲ့ သူများရဲ့ စကားလုံးများကိုလည်း လက်မခံပါဘူး။ ဘယ်အတိုင်းအတာမှာ ကျေနပ်ပြီး ငြိမ်းချမ်းနိုင်မလဲ ဆိုတာကို ခံလိုက်ရတဲ့ Victims များကိုယ်တိုင်ဘဲ သိနိုင်မယ်။ သူတို့ဘဲ ဆုံးဖြတ်နိုင်မယ်။
လူတိုင်းအတွက် တရားမျှတမှု လိုအပ်တယ်။ သို့သော်လည်း တရားမျှတမှုကို တရားရုံးမှာဘဲ ရယူဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ တရားရုံးခွင်ပြင်ပမှာ.. တရားမျှတမှုကို ဘယ်လိုယူကြမလဲ။
Timing မမှန်ရင်လည်း ငြိမ်းချမ်းရေးကို မရောက်တဲ့အပြင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတဲ့ ဟာကြီးနဲ့ ဝေးသထက်ဝေးတော့မယ်။ ဒီတော့ ဘယ်အချိန်၊ ဘယ်နေရာမှာ၊ ဘယ်လိုပုံစံမျိုးနဲ့ ခံလိုက်ရတဲ့ သူများအတွက် Justice ကိုရရှိအောင် ဘယ်လို ၀ိုင်းကူကြမလဲ။
သမ္မတကြီးရှင့်... နောက်တခါ နောက်ထပ် အစိုးရတခုခုထံမှ တစုံတခုကို တောင်းခံပြီး ... တောင်းပန်မလား လို့ ထပ်ပြီး အမေးခံရရင် အယင်တခါတုန်းကလိုဘဲ ၀ိုးတိုးဝါးတား လုပ်နေအုံးမှာလား။
လွှတ်တော်အမတ်မင်းများရှင့် (ဘူးလက်လှဆွေမပါ).. ဆိတ်ဖမ်းနေမဲ့အစား နိုင်ငံသားများအတွက် တရားမျှတမှုကို စပြီး ဆွေးနွေးသင့်ပြီ ထင်ပါတယ်။
အင်းလေ.... NLD ခေါင်းဆောင်ကြီးတောင်မှ ဦးသန့်အရေးအခင်းက ကိစ္စ တွေအတွက် တာဝန်ရှိမှုများအတွက် ၂၀၁၂ ခုနှစ်မှ တောင်းပန်ခဲ့တယ် ဆိုတော့...
မျှော်...