Pages

Top Menu

Pages

Thursday, July 25, 2013

အာရှတိုက်ရဲ့ နိုဘဲလ်ဆုလို့ တင်စားပြောဆိုကြတဲ့ ၂၀၁၃ ခုနှစ်အတွက် ရေမွန်မက်ဆေးဆေးဆုကို ကချင် ဒုက္ခသည်တွေ အရေး ဆောင်ရွက်နေသူ လဖိုင်ဆန်းရော့် ကို ရွေးချယ်လိုက်ပါတယ်။

DVB TV News's photo.
ဖိလစ်ပိုင်နိုင်ငံက ပေးအပ်တဲ့ အာရှတိုက်ရဲ့ နိုဘဲလ်ဆုလို့ တင်စားပြောဆိုကြတဲ့ ၂၀၁၃ ခုနှစ်အတွက် ရေမွန်မက်ဆေးဆေးဆုကို ကချင် ဒုက္ခသည်တွေ အရေး ဆောင်ရွက်နေသူ လဖိုင်ဆန်းရော်၊ အာဖဂန်က အမျိုးသမီး မြို့တော်ဝန်၊ ဖိလစ်ပိုင်ကတဦး၊အင်ဒိုနီးရှားနဲ့ နီပေါနိုင်ငံတွေက အဖွဲ့အစည်း နှစ်ခုတို့ကို ရွေးချယ်လိုက်ပါတယ်။

ကချင်အမျိုးသမီး လဖိုင်ဆန်းရော်ရဲ့ ဆောင်ရွက်ချက်တွေဟာ ထိခိုက် ပျက်ယွင်းနေတဲ့ အသိုက်အ၀န်းကို တိတ်ဆိတ်တက်ကြွတဲ့ ခေါင်းဆောင်မှုနဲ့ ပြန်လည် ထူထောင်ခဲ့သလို မြန်မာငြိမ်းချမ်းရေး အနာဂတ်အုတ်မြစ်အတွက် ဒေသခံ လူမှုအဖွဲ့အစည်းတွေကို အားကောင်းစေပြီးအကြမ်းမဖက်ပုံစံနဲ့ ပါဝင်လာအောင် ကြိုးပမ်းအားထုတ်တဲ့အပေါ် အသိ အမှတ်ပြု ချီးမြှင်တာလို့ ရေမွန်မက်ဆေးဆေး ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ရေမွန်မက်ဆေးဆေးဆုရှင်လဖိုင်ဆန်းရော်ကို ဒီဗွီဘီက မေးမြန်းရာမှာ ဒီဆုရရှိတဲ့အတွက် ၀မ်းသာသလို သူနဲ့ (မေတ္တာ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း) အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုတာ ဖြစ်တယ်လို့ ပြောပါတယ်။