Pages

Top Menu

Pages

Saturday, June 8, 2013

ဘာသာရေး အဓိကရုဏ်းဟာ စစ်တပ်နောက်ခံ အစိုးရ အတွက် အမြတ်တွေ အများကြီး ရလိုက်

ဒီ ဘာသာရေး အဓိကရုဏ်းဟာ စစ်တပ်နောက်ခံ အစိုးရ အတွက် အမြတ်တွေ အများကြီး ရလိုက်တယ်။

(၁) ဒေါ်အောင်ဆန်းစုကြည် နဲ့ ၈၈ ကျောင်းသားတွေလို အထင်ကရ ဒီမိုကရေစီ ခေါင်းဆောင်တွေ အတွက် ကမ္ဘာ့စံချိန် စံညွန်းအရ လူ့အခွင့်အရေး နဲ့ ပတ်သက်လာရင် မဖြစ်မနေ အပြောခံရမှာပဲ။ ကြံ့ဖွတ်အစိုးရ ကတော့ ၀ိနည်းလွတ်နေတယ်ပေါ့။

(၂) ဗုဒ္ဓဘာသာကို ဦးစားပေး ဘာသာ အနေနဲ့ ရှုမြင်လာခြင်းအတွက် ဘာသာမတူ တဲ့ တိုင်းရင်းသားတွေကြား သဘောထားကွဲသွားနိုင်တယ်။ ဥပမာ- ဗုဒ္ဓအခြေခံ တိုင်းရင်းသား ဖြစ်တဲ့ ရခိုင်၊ မွန်၊ ရှမ်း တွေနဲ့ ခရစ်ယာန် အခြေခံ တိုင်းရင်းသားဖြစ်တဲ့ ချင်း၊ ကချင်၊ ကရင်၊ ကယား တွေကြား နားလည်မှု လွဲမှားသွားနိုင်တယ်။

(၃) စစ်တပ် အခန်းကဏ္ဍကို ချဲ့ထွင်လာတယ်။ ဥပမာ.. လားရှိုးကိစ္စမှာ စစ်တပ်ရှိလို့တော်သေးတယ်... ဆိုတဲ့အမြင်မျိုးရှိလာတယ်။ (တကယ်တော့ ရှမ်းလူမျိုးတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရင် ဒီလို ပြဿနာ (ဘာသာရေးဆန်ဆန် အဠိဂရုဏ်း ရှိလာမှာ မဟုတ်ပါ။)

(၄) အခုလုပ်နေတဲ့ နေပြည်တော်က World Economic Forum ကာလ အတွင်းမှာတော့ ငြိမ်ပေး နေတယ်။ အစိုးရ သိက္ခာအတွက် အရေးကြီးတယ်လေ။ ဒီတော့.. " ဖြစ်စေ၊ မဖြစ်စေ" ဆိုတာ ဘယ်သူက ကြိုးကိုင်နေသလဲ။ နောက်ဆက်ဖြစ်မလာဖို့ မျော်လင့် ပါတယ်။