Pages

Top Menu

Pages

Wednesday, May 8, 2013

အခုလဲ အာဏာရှင် ခေတ် ပါပဲ။


မြန်မာပြည်ပြောင်းလဲ နေပြီ၊ ဒီမိုကရေစီ ရပြီ ဆိုပြီး ပျော်နေကြတဲ့ လူတွေလဲ တပုံကြီးပါ။ တကယ်တော့ မပြောင်းလဲသေးပါဘူး။ လူပဲ ပြောင်းတာ၊ မူမပြောင်းသေးဘူး။ ဗဟိုက ဗဟို စနစ်ပါပဲ။

အာဏာရှင် ဆိုတာ ဗဟိုအဆင့် (အမြင့်ဆုံးအဆင့်) ကနေ အာဏာကို စုပ်ကိုင်ထားတဲ့ လူတစ်ဦး တစ်ယောက် (သို့) လူတစ်စု (သို့) လူမျိုး တစ်မျိုး ကို ခေါ်ပါတယ်။

တောင် အာဖရိက နိုင်ငံမှာ လူဖြူ များက လူမည်းများကို ဖိနှိပ်ဖို့ အတင်းအဓမ္မ ပြဠာန်းထားတဲ့ Apartheid ဥပဒေ နဲ့ ခွဲခြားဆက်ဆံခဲ့တာကို လူမည်းခေါင်းဆောင်များ ဖြစ်တဲ့ ဘုန်းတော်ကြီး ဒွတ်စ်မွန် တူးတူး နဲ့ နယ်လ်ဆန်မဲန်ဒေးလား တို့က တွန်းလှန်ခဲ့ကြ ပါတယ်။ အဲဒီတုန်းက လူဖြူများကတော့ ရွေးကောက်ပွဲတွေ၊ သမ္မတတွေ၊ မီဒီယာ လွတ်လပ်ခွင့်တွေ နဲ့ တကယ်ကို ဒီမိုကရေစီ ကျကျ အုပ်ချုပ်နေခဲ့တာပါ။



အခုမြန်မာ ပြည်မှာလဲ ဒီမိုကရေစီ တဲ့။

ဗဟိုအစိုးရက ရှိရှိသမျှ အာဏာ အားလုံးကို သိမ်းကျုံးယူပြီး အုပ်ချုပ်နေတာကို ဒီမိုကရေစီ လို့ ပြောလို့ ရမလား။

တိုင်းဒေသကြီး နဲ့ ပြည်နယ် ၀န်ကြီးချုပ်အဆင့်တွေက ငုတ်တုတ် ထိုင်နေရတယ်။ လမ်းတံတား ဖွင့်ပွဲကလွဲပြီး ဘာမှ အလုပ်မရှိ။ စည်ပင်သာယာ အလုပ်ကို နိုင်ငံရေး အလုပ်အဖြစ်နဲ့ မှတ်နေကြတယ်။ မမှတ်လို့လဲ မရ၊ ဘာဆို ဘာမှ လုပ်ပိုင်ခွင့်မှ မရှိတာ။ ကိုယ့်ပြည်နယ်၊ ကိုယ့်တိုင်းဒေသ မှာ လူသတ်ပွဲကျင်းပ နေတာတောင် ဗဟိုအစိုးရ ၀န်ကြီးဌာန က အမိန့်မချလို့ ငုတ်တုတ်ကြည့်နေကြတယ်လေ။

မလုပ် မရှုပ် မပြုတ် မူအတိုင်း ကိုယ့်နေရာ မပျောက်ဖို့ အရေးပဲ ခရုစိုက်နေရတယ်။ အဲဒါကို အာဏာရှင်ခေတ် လို့ခေါ်ပါတယ်။

ရှင်းရှင်း ပြောရရင် အာဏာရှင် ဆိုတာ အာဏာကို ဗဟိုက ချုပ်ကိုင်ထားတဲ့ စနစ်ပါ။ အခုလဲ ဗဟိုအစိုးရ ဟာ အကြွင်းမဲ့ အာဏာရှင် ပါ။
By: Duwa Kachin