Pages

Top Menu

Pages

Monday, April 15, 2013

မြန်မာခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကချင်တို့ ကချင်-မြန်မာချစ်ကြည်ရေးကြိုးပမ်းမှုကာလ အမှတ်ကျောက်တိုင် (ဖားကန့်)

ဗမာဟာမြန်မာ၊ မြန်မာဟာဗမာပါ။


မြန်မာခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကချင်တို့ ကချင်-မြန်မာချစ်ကြည်ရေးကြိုးပမ်းမှုကာလ အမှတ်ကျောက်တိုင် (ဖားကန့်)

ဗိုလ်နေဝင်းမှစခဲ့တဲ့ "မြန်မာဆိုတာ ငါတို့တိုင်းရင်းသား အားလုံးကိုဆိုလိုတာ။ 
ဗမာဆိုတာ က ဗမာ သက်သက်။ ဗမာဆိုတာ "မြန်မာ ၁၃၅ မျိုး"ထဲကတမျိုး လို့ " စသည့် နေဝင်းနဲ့ ဗမာ့ဖက်ဆစ်တပ်မတော် ကလိမ်ဥာဏ်၊ မဟုတ်တရုပ် လိမ်ဆင်ထားတာကို တကယ် ယုံတဲ့သူတွေ များလာတာပါပဲ။

ဗမာဆိုတာ မြန်မာပါပဲ။ ကုလားကို ဘာဘူပဲခေါ်ခေါ်၊ ကုလားပဲခေါ်ခေါ်။ ကုလားနဲ့ ဘာဘူဟာ အတူတူပါပဲ။ ရေးတော့ မြန်မာ၊ ဖတ်တော့ဗမာ ဖြစ်ပါတယ်။

ဗမာပဲဆိုဆို မြန်မာပဲဆိုဆို ကျနော်တို့ ကချင်တွေ့ က အဲဒီ ဗမာတဖြစ်လဲ မြန်မာလူမျိုးတွေကို Myen (မြန်) လို့ပဲခေါ်ပါတယ်။ နောင်ကိုလည်း မြန် လို့ပဲဆက်ခေါ်နေအုန်း မှာပါ။

သိုသော် မဟုတ်တာကိုတော့ အတင်းဆွဲမထည့်ပါနဲ့။ ကချင်က ကချင်၊ ကရင်က ကရင်ပါ။ သျှမ်းက သျှမ်းပါ။ ကချင်က ပြည်ထောင်စုထဲ မိမိသဘောနဲ့ ပါဝင်လာတာဟာ ကချင်ကနေမြန်မာဖြစ်သွားဖို့ မဟုတ်ပါ။ ကချင်၊ ကရင်၊ သျှမ်း အစရှိတဲ့ တို့တိုင်းရင်းသားတွေက ဗမာလည်း မဟုတ်သလို မြန်မာလည်း ဖြစ်မသွားပါ။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလို့ ပါးစပ်ကတဖွဖွပြောနေပြီး တိုင်းရင်းသားတွေကို မလိမ့်တပတ် မဟာဗမာ (မြန်မာ) လူမျိုးကြီးဝါဒနဲ့ ဝါးမြိုလိုက်တာ ဖြစ်ပါတယ်။

အင်း ဗမာမဟုတ်တဲ့ ကျန်တဲ့ တိုင်းရင်းသားတွေက ပြည်ထောင်စုသား (သို့ ) ပြည်ထောင်စုနိုင်ငံသား။ အင်္ဂလိပ်လို the citizens of the Union of Burma/Myanmar ဆိုမှ မှန်ပါတယ်။ ဒီနေရာမှာ ပြည်ထောင်စု (union) ဆိုတဲ့ ဝါကျအရေးကြီးပါတယ်။

ကချင်-မြန်မာ ကျောက်တိုင် မရောက်ခင် အရင်တွေ့ရတဲ့ ဆိုင်းဘုတ်  By: N-gun Jawa Blog