Pages

Top Menu

Pages

Wednesday, April 10, 2013

ဒေါက်တာတူးဂျာ နှင့် တွေ့ဆုံမေးမြန်းခြင်း

  ဒေါက်တာဦးမနမ်တူးဂျာနှင့် မြစ်ကြီးနားတွင် တွေ့ဆုံမေးမြန်းခြင်း
မှတ်ချက်။
ဒေါက်တာတူးဂျာသည် ပြည်တွင်းငြိမ်းချမ်းရေးအပေါ် သဘောထားအမြင်များကို အခါအားလျှော်စွာ ထုတ်ပြန်လေ့ရှိသည်။ ယခု ရွှေလီတွေ့ဆုံပွဲနောက်ပိုင်းတွင်လည်း သဘောထားထုတ်ပြန်ချက် ထွက်ပါသည်။

  "ပြည်တွင်းငြိမ်းချမ်းရေးဘယ်ဆီမှာလဲ ?  အလားအလာဘယ်လိုရှိသလဲ ?  မကြာမီရတော့မှာလား  ?   နီးလျှက်နဲ့ဝေးနေတာများလား  ? " ၊

ကမ္ဘာပေါ်တွင် အကြာရှည်ဆုံး၊ မြန်မာနိုင်ငံရဲ့အနှိုင်းမဲ့ ပြည်တွင်းစစ်ကြီး ရပ်စဲဖို့၊ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းများ ယုံကြည်မှုတည်ဆောက်ရန်။ ပြည်တွင်းစစ်ပွဲများ၏ အရင်းခံဇစ်မြစ်ကို သိရှိရန်အရေးကြီးကြောင်း၊ ယခုအချိန်သည် အမျိုးသားရင်ကြားစေ့စပ်ရေး၏ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်ကြောင်း၊ ပြည်တွင်းစစ်အစ ၁၉၄၇ခုနှစ် အခြေခံဥပဒေက ဟုဆိုလျှင် မှားမည်မထင်။ မျက်မှောက်ကလတွင်လည်း ပြည်တွင်းစစ်ရပ်စဲပြီးမှ ငြိမ်းချမ်းရေးတည်ဆောက်ရမည်ဖြစ်ကြောင်း၊ အမှန်တကယ် ငြိမ်းချမ်းရေးတည်ဆောက်ရန် အပြောနှင့်အလုပ်ကိုက်ညီရန် အထူးလိုအပ်ကြောင်း။ အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံမှာ အာချေး AChe ပြည်နယ်ပြသနာဖြေရှင်နည်းမှာ လက်တွေစံနမူနာယူသင့်ကြောင်း၊ ၂၀၀၅တွင် အင်ဒိုနီးရှားအစိုးရက အာချေးသူပုန်များကို အထူးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ Special Autonomouse Region အဖြစ်တိုးမြှင့်ပေးလိုက်ပြီး ၂၅နှစ်ကြာသော တိုက်ပွဲများ ပြီးဆုံးသွားကြောင်း၊ ထို အင်ဒိုနီးရှား အားချေး AChe ပြသနာတွင် သမ္မတ၊ ဒုသမ္မတ နှင့် ကာကွယ်ရေးဦးစီးချုပ်တို့မှာ အဓိက၊အရေးပါဆုံးဖြစ်ကြောင်း ဖေါ်ပြထားပါသည်။ မြန်မာတိုင်းရင်းသားများ၏ မူသည်လည်း တိုင်းရင်းသားအခွင့်အရေးရရှိရေးအတွက်သာ ဖြစ်သည်ဟု သိရသဖြင့် အဓိပ္ပါယ်ရှိသော တွေ့ဆုံမှုများ ခေါင်းဆောင်များအကြား စောလျှင်စွာကျင်းပစေလိုကြောင်း စသဖြင့် ဒေါက်တာတူးဂျာက သူ၏သဘောထားအမြင်ကို ဖေါ်ပြထားပါသည်။

Read more+++click on link+++N gun ja wa