Pages

Top Menu

Pages

Wednesday, March 13, 2013

သမီးကို သတ်၊ ဖခင်ကို တရားစွဲတဲ့ မြန်မာစစ်တပ်ရဲ့ ကချင်ပြည်နယ်လုပ်ရပ်လိုမျိုး၊ သံဃာတော်များ မီးလောင်းဗုံးပစ်သွင်းတာကို လျစ်လျူရှုပြီး ဆန္ဒပြသူများကို တရားစွဲပြန်စေချင်တာမျိုး ဖြစ်နေတဲ့ မြန်မာပြည်မှာ အမှန်တရားအတွက် ရပ်တည်ဝံ့သူ ဘယ်လောက်ကျန်သေးလဲ။

ကော်မရှင်အစီရင်ခံနောက်မှာဝယ်

၁။ စုံစမ်းစစ်ဆေးရေးကော်မရှင်က အချက်အလက်များသာ တင်ပြခြင်းဖြစ်ပြီး ဘာလုပ်သင့်သလဲ ဆုံးဖြတ်ချက်ချတာမရှိဘူးပြောနေပေမဲ့ စီမံကိန်းကို ဆက်လုပ်ဖို့ အကြံပြုထားတာကို တွေ့ရတယ်။

၂။ ကော်မရှင်ရဲ့ အစီရင်ခံစာဟာ ပြည်သူလူထုအတွက် အကျိုးသိပ်ရှိမယ်မထင်ပါ။ ဒါပေမဲ့ အစီရင်ခံစာကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး ထုတ်ပြန်ခဲ့တာဖြစ်လို့ ဆန္ဒပြဖို့ ချင့်ချိန်နေကြရတာ ဖြစ်တယ်။ ဒါကို အားရပြီး လက်ခမောင်းမခတ်ကြပါနဲ့ဦး။

၃။ ကော်မရှင်အစီရင်ခံစာမှာ အမှန်ကတယ်တာဝန်ရှိသူ သမ္မတဦးသိန်းစိန်ကို တရားစွဲဖို့ အကြံပြုမထားပါ။ ဒါပေမဲ့ စစ်အစိုးရအလိုတော်ရိများက ကော်မရှင်အစီရင်ခံစာကို အရင်းပြုပြီး ဆန္ဒပြဖို့ လှုံ့ဆော်သူများကို တရားစွဲဖို့ ရေးနေကြပြီဖြစ်တယ်။

သမီးကို သတ်၊ ဖခင်ကို တရားစွဲတဲ့ မြန်မာစစ်တပ်ရဲ့ ကချင်ပြည်နယ်လုပ်ရပ်လိုမျိုး၊ သံဃာတော်များ မီးလောင်းဗုံးပစ်သွင်းတာကို လျစ်လျူရှုပြီး ဆန္ဒပြသူများကို တရားစွဲပြန်စေချင်တာမျိုး ဖြစ်နေတဲ့ မြန်မာပြည်မှာ အမှန်တရားအတွက် ရပ်တည်ဝံ့သူ ဘယ်လောက်ကျန်သေးလဲ။

မတရားမှုကို ဆန့်ကျင်ဝံ့သူများဟာ အင်အားတော့ ကြီးချင်မှ ကြီးမယ်၊ ဒါပေမဲ့ မတရားမှုကို ဆန့်ကျင်တဲ့နေရာမှာ ယုံကြည်ချက် ခိုင်မာပြတ်သားတယ်။ ဒီယုံကြည်ချက် မပျောက်သေးသရွေ့တော့ ကျရှုံးမှာမဟုတ်ဘူး။