Pages

Top Menu

Pages

Saturday, March 16, 2013

မယုံပါဘူး။

By-Facebook:::Bravo!!!!

ကိုယ်တိုင်အတွေ့အကြုံအရ ကျွန်မ ဦးသိန်းစိန်ကို မယုံပါဘူး။ မြန်မာ့တပ်မတော်ကိုလည်း သဘောမကျပါဘူး။ ဖားကန့်ကဂျာဆိုင်းအိန်ကို ပစ်သတ်သွားတဲ့ တပ်မတော်ကို အရေးမယူနိုင်ဘဲ သူ့အဖေ ဦးဘရန်ရှောင်ကိုတောင် တရားပြန်စွဲခွင့် ပြုထားတဲ့ မတရားဥပဒေစိုးမိုးရေးလည်း လက်မခံပါဘူး။ ထိုနည်းတူစွာ သံဃာတော်တွေကို မီးရှို့တဲ့ တရားခံတွေကို သက်သေမရှိဘူး ဆိုပြီး လွှတ်ထားခွင့်ပြုတာကိုလည်းလက်မခံပါဘူး။

”ဒေါ်အောင်ဆန်းစုကြည်ဆိုတာ မထိ မတို့သင့်တဲ့ ဘုန်းရှင် ကံရှင်လို့လည်း မမြင်သင့်ဖူး၊ ဒေါ်စုကိုထိရင် ကံကြီးထိုက်မယ်ဆိုတဲ့ အမြင်တွေ လည်းဖယ်ရှားသင့်ပါတယ်။ ခေါင်းဆောင် ကို အလွန်အကျွံ ကိုးကွယ်ပြီး မပြောရဲ မဆိုရဲနဲ့ မြှောက်ပင့် နေတာဟာ ဒီမိုကရက်တစ် အလေ့အထမဟုတ်သလို ဒီမိုကရေစီ ယဉ်ကျေးမှုလည်း မဟုတ်ဖူး။ ခေါင်းဆောင်ကိုးကွယ်တဲ့ ၀ါဒဟာ အာဏာရှင် ၀ါဒဖြစ်တယ်။ ကြားရတဲ့ သတင်းတချို့အရ ဒေါ်အောင်ဆန်းစုကြည် မိမိဆုံးဖြတ်ချက်နဲ့ မိမိ ငါ့လှေငါထိုးနေတာ တကိုယ်တော်စွန့်စားခန်းတွေလုပ်နေတာဟာ ဒေါ်အောင်ဆန်းစုကြည် ကိုချည်းကပ်ပြီး ကပ်ဖားယပ်ဖားဝန်းရံနေသူတွေ၊ မြှောက်ပင့်နေသူတွေ ၊ သတင်းအမှား ပေးနေသူတွေကြောင့်ဖြစ်တယ်။ ခေါင်းဆောင်ကို ဖျက်ဆီးတဲ့ မိတ်ဆွေတု မိတ်ဆွေယောင်တွေ ကြောင့်ဖြစ်တယ်။ ကျနော်တို့ခေါင်းဆောင်ကို ချစ်ရင် ပြည်သူ့ လိုအင်တွေ ပကတိဆန္ဒတွေ ခေါင်းဆောင် အားနည်းချက်တွေနဲ့ အမှားတွေကို ရိုးရိုးသားသား ထောက်ပြပေးရမယ်။ မကြောက်မရွံ့ တင်ပြရဲရမယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း တချိန်က ဒီလိုပဲမှာကြားခဲ့တာဖြစ်တယ်။”