Pages

Top Menu

Pages

Wednesday, February 6, 2013

လိုင်ဇာသိမ်း တိုက်ပွဲ ဘယ်သူနိင်ပါသလဲ ( Mg Mg Sein)

shared a photo.
လိုင်ဇာသိမ်း တိုက်ပွဲ ဘယ်သူနိင်ပါသလဲ ( Mg Mg Sein)
Pyrrhic victory in Myanmar

တပ်မတော် ရဲ့ လိုင်ဇာသိမ်း တိုက်ပွဲအပေါ် ဘန်ကောက်အခြေစိုက် စစ်ရေးလေ့လာသုံးသပ်သူ Anthony David ရဲ့ စစ်ရေးသုံးသပ်ချက်ပါ၊ စစ်ရေးစိတ်ဝင်စားသူများ ဖတ်သင့်တဲ့ ဆောင်းပါးပါ စစ်ပွဲတစ်ပွဲမှာ လိုချင်တဲ့
နယ်မြေကို ရတာနဲ့ အောင်နိင်တယ်လို့ ပြောလို့ရပါသလား၊ အဲဒီအတွက်
ပေးဆပ်ခဲ့ရတာနဲ့ ပြန်ရတာ မကာမိရင် ဒီ အောင်ပွဲကို အချည်းနှီးအောင်ပွဲ
လို့ပဲ သတ်မှတ်ရမှာပါပဲ။ ဒီဆောင်းပါးမှာ အစိုးရတပ်တွေရဲ့ နိင်ငံတကာ စစ်တပ်တွေနဲ့ ရင်ပေါင်တန်းနိင်အောင် ခေတ်မှီဂျက်တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ၊ သံချပ်ကာတပ်တွေ၊ အမြောက်တပ်တွေ သုံးပြီး လပေါင်းများစွာ ကြိုတင်ပြင်ဆင်ခဲ့တဲ့ မိုးကြိုးစစ်ဆင်ရေးဟာ တကယ့် တိုက်ပွဲမှာ တော့ ဟိုးကလီရှေးတုန်းကအတိုင်း ခြေလျင်တပ်တွေ
နဲ့ အမြောက်တရကြမ်းပစ်ပြီးတော့မှပဲ တောင်ကုန်းတွေကို သိမ်းနိင်တာကို
ဝေဖန်ထားပါတယ်။ 

လေတပ်နဲ့ မြေပြင်ကွပ်ကဲရေးတပ်တွေရဲ့ ညှိနှိုင်းမှုအားနည်းတဲ့အတွက်
လေကြောင်းစစ်ဆင်ရေးဟာ နိင်ငံတကာ ဝေဖန်မှု ခံရတာကလွဲပြီး မထိရောက်ခဲ့ပါဘူး။ သံချပ်ကာ တပ်တွေကိုလည်း ပြင်ဆင်ခဲ့ပေမယ့် အသုံးမချနိင်ခဲ့ပါဘူး။ လူအမြောက်အများအသေခံပြီးတက်သိမ်းတဲ့အတွက် စစ်ပွဲစခဲ့တဲ့ ဂျွန် ၂၀၁၁ ကနေ ဒီဇင်ဘာလဆန်းအထိ စစ်သား ၅၀၀၀
လောက်သေဆုံးခဲ့ပါတယ်။ ဒါဟာ အီရတ်နဲ့ အာဖဂန်မှာ ဆယ်နှစ်ကျော်
အတွင်း ကျဆုံးခဲ့တဲ့ အမေရိကန်စစ်သားအရေအတွက် လောက်ရှိပါတယ်။ 

ကချင်စစ်သားတွေရဲ့ နယ်မြေကျွမ်းကျင်မှု၊ အနီးကပ် ကွပ်ကဲနိင်မှု၊ ခံနိင်ရည်နဲ့ စိတ်ပိုင်းဖြတ်ထားမှုတွေကြောင့် ဒီစစ်ပွဲဟာ ဒီလောက်ခက်ခဲ ခဲ့တယ်လို့ ဆိုနိင်ပေမယ့် အစိုးရစစ်တပ်ရဲ့ ခေတ်မှီစစ်ပွဲတစ်ပွဲကို
လေပြင်မြေပြင် ပေါင်းစပ်ကွပ်ကဲရာမှာ ညံ့ဖျင်းမှု၊ စိတ်ဓါတ်ရေးရာ
အားနည်းမှု၊ စည်းကမ်းပိုင်း လျော့လျဲမှု၊ တိုက်ရည်ခိုက်ရည် မပြည့်ဝမှု
တွေကြောင့်ဆိုရင် ပိုမှန်မယ်လို့ ဆိုပါတယ်။ သူ့အမြင်အရ ဒီ စစ်ပွဲကို အနီးကပ် စောင့်ကြည့်နေတဲ့ တစ်ခြား လက်နက်ကိုင်အဖွဲ့(အထူးသဖြင့် ဝ)တွေအတွက် အစိုးရ စစ်တပ်ရဲ့ ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်အပေါ် မှာ အထင်သေးလာနိင်ပြီး နဂိုလ် က ရည်မှန်းထားသလို သွယ်ဝိုက်
မခြိမ်းခြောက်နိင်တဲ့ အပြင် ပိုပြီး ရဲတင်းလာနိင်မယ်လို့ ဆိုပါတယ်။

စိတ်ဝင်စားသူများ အောက်ပါ လင့်ခ် အတိုင်း အသေးစိတ် ဖတ်ရှုနိင်ပါတယ်။
Pyrrhic victory in Myanmar By Anthony Davis 
http://www.atimes.com/atimes/Southeast_Asia/OA31Ae03.html