Pages

Top Menu

Pages

Sunday, February 10, 2013

မြန်မာ ဆိုတာ လူသား ဖွံ့ဖြိုးမှု အနှိမ့်ဆုံးအဆင့် ကို ရောက်နေပြီ။

ပုံပျက် ခင်စိန်'s photo.
မြန်မာ ဆိုတာ လူသား ဖွံ့ဖြိုးမှု အနှိမ့်ဆုံးအဆင့် ကို ရောက်နေပြီ။
***************************************
ကမ္ဘာကုလ သမဂ္ဂ ရဲ့ လူသား ဖွံ့ဖြိုးမှု ဆိုင်ရာ အဆင့် သတ်မှတ်ချက်မှာ မြန်မာနိုင်ငံဟာ အဆင့် ၁၄၉ ကို ရောက်နေကြောင်း တွေ့ရပါတယ်။

မြန်မာ ရဲ့ အပေါ်မှာတော့ မနေ့ တနေ့ကမှ လွတ်လပ်ရေး ရလာတဲ့ အရှေ့ တီမော၊ အိမ်နီးချင်း ပင်လယ်ထွက်ပေါက်မရှိတဲ့ လာအို၊ လူဦးရေ များလို့ ဒုက္ခ ရောက်နေတယ် ဆိုတဲ့ ဘင်္ဂလားဒစ့်နိုင်ငံတွေပါ။ ထိုင်း ကတော့ ပြောမနေနဲ့တော့ ဟိုး အဝေးကြီး အပေါ်ကို ရောက်နေပြီ။

လူသား ဖွံ့ဖြိုးမှုကို တိုင်းတာ တဲ့ နေရာမှာ

(၁) နိုင်ငံသားတိုင်းရဲ့ ပျမ်းမျှအသက်
(၂) ပညာရေး
(၃) တစ်ဦးချင်း ၀င်ငွေ
(၄) အစိုးရရဲ့ ၀င်ငွေ

တွေနဲ့ တိုင်းတာတာ ဖြစ်ပါတယ်။

အွန်လိုင်းပေါ်က အဆင့်မရှိတဲ့ အဟောင်သမားများ၊ ထမင်းတစ်နှပ် လျှော့စားခိုင်းတဲ့ ၀န်ကြီးများ နဲ့ စစ်တိုက်ဖို့ အားပေးတဲ့ လွတ်တော်အမတ်များကို ထည့်တွက်တိုင်းတာရင်တော့ ပိုတောင် ဆိုးသွားအုံးမယ်။

ကမ္ဘာမှာ (၅) ခုသာ ရှိတဲ့ စစ်သက္ကသိုလ်ထဲက တခု ဖြစ်တဲ့ မြန်မာ့တပ်မတော်ပိုင် စစ်သက္ကသိုလ် ကျောင်းဆင်းတွေ အုပ်ချုပ်ခဲ့တဲ့ နိုင်ငံ ဆိုတော့ ဒီလောက်တော့ ရှိသင့်ပါတယ်။

http://hdr.undp.org/en/media/HDR_2011_EN_Table1.pdf

Duwa Kachin