Pages

Top Menu

Pages

Saturday, February 9, 2013

ပျောက်ကွယ်လုနီးပါးကျောက်စိမ်းတောင်များ. .

.
လက်ပန်းတောင်းတောင်ကိုကာကွယ်သလို ဖားကန့်ဒေသက ကျောက်စိမ်းတောင်တွေကိုလဲ ကာကွယ်ပေးကြပါအုံး မီဒီယာသမားတို့ရေ. . . ဖားကန့်ကျောက်စိမ်းတွင်းဒေသ သတင်းမြင်ကွင်းများ……… ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသတွင် ပြည်တွင်းစစ်ကြောင့် ရပ်နားထားရသော ကျောက်စိမ်းကုမ္မဏီများ ကျောက်စိမ်းတူးဖော်ခြင်းမပြုသော်လည်း ဒေသခံများမှာ တစ်ပိုင်တစ်နိုင် လက်ကျင်းများ တူးဖော်နေကြပြီး ထိုကဲ့သို့ တူးဖော်နေရသည်ကို ဒေသခံများမှာ နှစ်သက်သဘောကျကြသည် ။ ဖားကန်.ဒေသတွင် အနှစ် နှစ်ဆယ်ကျော် နေထိုင်ခဲ.သော ဒေသခံတစ်ဦးပြောပြ ရာတွင် ယခုကဲ့သို့ လက်ကျင်းများတူးဖော်သည်မှာ သဘာဝပတ်ဝန်းကျင် ကာကွယ်သလို၊ လူတိုင်းအလုပ်ရပြီး ကျောက်စိမ်းထွက်နှုန်းကိုလည်း ထိန်းချုပ်ရာရောက်ကြောင်း။ မြန်မာတစ်နိုင်ငံတည်ဲးတွင်ထွက်ရှိသော အရည်အသွေးမှီကျောက်စိမ်းများမှာ ထင်သလောက်ဈေးကွက်မရှိပဲ ဖြစ်နေသည်။ ၁၉၉၆ နောက်ပိုင်းတွင် နိုင်ငံတော်မှ ကျောက်စိမ်းတူဖော်ရေးကုမ္မဏီများကို ဖက်စပ်တူးဖော်ခွင့်ပြုခဲ့ပြီးနောက်ပိုင်း ကျောက်စိမ်းဈေးကွက်မှာ အဆမတန် ဖောင်းပွလာခဲ့သည်။ ၂၀၀၆-၂၀၀၇ နှစ်များတွင် မြန်မာနိုင်ငံသား အမည်ခံကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီများ အဆမတန် ၀င်ရောက်လာမှူကြောင့် သဘာဝပတ်ဝန်ကျင်ပျက်စီးမှူနှင့် ကျောက်စိမ်းတောင်များ ၇၅%ခန့် ပြုန်းတီးပျက်စီးခဲ့ပြီး နိုင်ငံတော်နှင်. ဒေသခံများမှာ ထင်သလောက်အကျိုးခံစားခွင့်မရရှိခဲ့။ ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီများမှာ သတ္ထုတွင်းဝန်ကြီးဌာနမှ ချမှတ်ထားသည့် မူဘောင်များကိုကျော်လွန်သော…… (၁) လုပ်ကွက်များကို သတ်မှတ်ဧရိယာထက် တူးဖော်ခြင်း (၂) စက်ယန္တရားများကို အလွန်အကြွံ အသုံးပြုခြင်း (၃) ထွက်ရှိလာသောကျောက်စိမ်းများကို တရားမ၀င်နယ်စပ်ခိုးလမ်းများမှ တရုတ်နိုင်ငံသို့ တင်ပို.ခြင်း (၄) ဒေသဆိုင်ရာအာဏာပိုင်းများနှင့်ပူးပေါင်းကာ နိုင်ငံတော် သတ္ထုတွင်းဝန်ကြီးဌာနမှ လုပ်ကွက်ချထားခြင်းမရှိသော ကျောက်စိမ်းတောင်များကိုတူးဖော်ခြင်း (၅) ဒေသဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများ၏အလွန်အကျွံ အဂတိလိုက်စားမှူများခြင်း စသည်တို့ကြောင့်ဖြစ်သည်။ ကျောက်စိမ်းတူးဖော်ရေးကုမ္မဏီများ၏ စည်းကမ်းမဲ့ စွန့်ပစ်မြေစာပစ်မှုများကြောင့် ရေစီးရေလာကောင်းမွန်သော ဥရုမြစ်မှာ တိမ်ကောပျောက်ကွယ်လုမတတ်ဖြစ်ပြီး ဖားကန့်မြို.နယ်တွင် နှစ်စဉ် ရေကြီးရေလျှံမှုဒဏ်ကိုခံရပြီး ဒေသခံများမှာ အတိဒုက္ခရောက်ခဲ့ကြရသည်။ ရေဘေးဒုက္ခခံခဲ့ကြရသော ဒေသခံပြည်သူများကို အာဏာပိုင်အဖွဲ့အစည်းနှင့်ကျောက်စိမ်းတူးဖော်ရေးကုမ္မဏီများ မှ တစ်စုံတစ်ရာ ထောက်ပံ့ခြင်းမရှိခဲ့ပေ။ နှစ်စဉ်ရေကြီးရေလျှံမှုကြောင့် ဒေသခံပြည်သူများ၏ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်ငွေသန်းပေါင်းများစွာရှိခဲ့သည်။ ထို့ကြောင်.ဒေသခံပြည်သူများမှာ ယခုကဲ့သို့ တစ်ပိုင်တစ်နိုင် လက်ကျင်းတူးဖော် နေရသည်များကိုလွန်စွာနှစ်သက်ကြသည်။