Pages

▼

Top Menu

▼

Pages

▼

Wednesday, February 13, 2013

ဗမာ တွေ ပြောပြောနေတဲ့ မြန်မာပြည်က တိုင်းရင်းသား ၁၃၅ မျိုးကို ကြည့်ပါအုံးဗျာ

..... အရင်တုန်းက သိပ် မလေ့လာမိခင်တော့ တကယ် ရှိတယ် ထင်နေတာ... အခု ကောင်းကောင်း လေ့လာ ကြည့်မှ တကယ်လဲ တတ်နိုင်လွန်းပေတယ်။
 ကချင်ထဲက ဂျိန်းဖေါ့ ကို ကြံဖန်ပြီး ခွဲထားတာ တော်တော် ရီစရာ ကောင်းတယ်။
 ဘယ်တုန်းက ဗမာ ပညာရှင်ကများ လက်ကမျည်းထားလဲ မသိ။
 ဗမာ လူမျိုးကို မန္တလေးသား နဲ့ မုံရွာ သား ဆိုပြီး ကြံဖန်ခွဲတာနဲ့ အတူတူ။
 နောက်ပြီး ကချင် လူမျိုးဆိုတာ သီးသန့် မရှိဘူး။
 ဂျိန်းဖေါ့ ဆိုတာလဲ သီးသန့် ထည့်ထားပြီးတော့ ကချင် ဆိုတာ သီးသန့် ပါသေးတယ်။
 Hkahku, Duleng, Guari, တဲ့ကွာ... တာဆို Jinghpaw ဆိုတာ ဘယ်အရပ်က လူတွေကို ပြောတာလဲ.... Lashi, Maru တွေကိုလဲ ခွဲထားတယ် ဆိုတော့...
 ကချင် ဆိုတာ ဘယ်လူမျိုးကို ပြောတာလဲ... နောက် ရှိသေးတယ်... ကရင် ဆိုတာ သီးသန့် ထည့်ထားပြီး စကော နဲ့ ပိုး ကရင် ဆိုတာ သီးသန့် ပါသေးတယ်။
 ရှမ်း နဲ့ ရှမ်းကလေး၊ ရှမ်းကြီး တောင် ခွဲလိုက်သေးတယ်။
 ချင်း တွေကိုလဲ မြို့နာမည်နဲ့ကို ခွဲထားပြီ။
 မသိတဲ့ နိုင်ငံတကာက လူတွေကို မျက်လှည့်ပြထားတာ သိပ်သိသာ လွန်းပါတယ်။
 သဘောက တိုင်းရင်းသား ဒီလောက်များတာကို ဘယ်လိုလုပ် ဖက်ဒရယ် လုပ်ရမှာလဲ ပေါ့။

ဒိုင်ကိုင်ဖို့ ကြိုးစားခြင်းရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။
By FB
· Share
  • Duwa Kachin ပိုးကရင် ကိုလဲ အရှေ့ အနောက် ခွဲထားသေးတယ်...
  • Paing Soe ဟေ့ ဗမာ လို့ ခေါင်းစင် မတပ်နဲ့
  • Duwa Kachin ဘယ်လူမျိုးလို့ ခေါင်းစဉ် တပ်မှာလဲ... တိုင်းရင်းသား ဒီလောက်များအောင် ခွဲပြနေတာ ဗမာတွေပဲ တွေ့ဖူးလို့ပါ။
  • Saw Kyi Saw Kyi Borher Duwa ဒါအကို post မဟုတ်ဘူးလား ကျနော်ကိုနားလည်အောင်ရှင်းပြပေးပါလား
  • Duwa Kachin ကချင် နဲ့ ဂျိန်းဖေါ့ အတူတူ၊ ဟို အပေါ်မှာ ၀ိုင်းထားတဲ့ နာမည်တွေက အားလုံး ဂျိန်းဖေါ့ တွေပဲ။ Guari ဆိုတာ ဗန်းမော်ဖက်က ဂျိန်းဖေါ့၊ Hkahku ဆိုတာ ဆွမ်ပရာဘွမ် ဖက်က ဂျိန်းဖေါ့၊ Duleng ဆိုတာ ပူတာအို က ဂျိန်းဖေါ့။