Pages

Top Menu

Pages

Sunday, January 27, 2013

ဦး လှဆွေ ကို မကောင်းဘူး လို့ ဘယ်သူ ပြောလဲ....

BY DUWA KACHIN BLOG
ဦး လှဆွေ ကို ဝေဖန်သံတွေကလဲ ဆူညံနေပါတယ်။

ဒူဝါ အတွက်တော့ သူ့ရဲ့ အပြော အဆိုအတွက် ဘာမှ အံ့သြတာ မရှိခဲ့ဘူး။

ဘာလို့လဲ ဆိုတော့ ဒူဝါ တွေ့ဘူးတဲ့ ဗမာ စစ်ဗိုလ်တိုင်းက သူ့ထက် အပေါက်ဆိုးပြီး ကောက်ကျစ်တဲ့လူတွေကြီးပါ။ သူကမှ နဲနဲ တော်သေးတယ် လို့တောင် ထင်မိပါတယ်။ ပွင့်လင်းတယ် လို့ ပြောရပါတယ်။ မပွင့်မလင်း နဲ့ ညာဖီးနေတဲ့ လူတွေထက်စာရင်တော့ သူက တော်ပါသေးတယ်။


ဗမာ စစ်ဗိုလ်တွေရဲ့ စိတ်နေသဘောထားကတော့ အားလုံး အတူတူပါပဲ။ ဒါကြောင့်လဲ မြန်မာပြည်မှာ စစ်ပွဲမရှိခဲ့တဲ့ခေတ် ကာလ ဆိုတာ မရှိသေးတာပေါ့။

ကေအိုင်အေ နဲ့ အဆင်ပြေပြန်ရင်လဲ နောက်တဖွဲ့နဲ့ ပြဿနာက တက်အုံးမှာပါ။ အခုတော့ ကေအိုင်အေ အလှည့်ပေါ့။

တခုရှိတာက....

ဦးလှဆွေဟာ ရိုးသားပြီး အမျော်အမြင် မရှိတဲ့လူဖြစ်ပါတယ်။

သူဟာ မြ၀တီ သတင်းကိုပဲ ဖတ်မယ်၊ အစိုးရ သတင်းကိုပဲ အားကိုးမယ်။ နိုင်ငံကတကာ မီဒီယာတွေ၊ အင်္ဂလိပ်သတင်းစာတွေ၊ အင်တာနက်သတင်း ဗီဒီယိုဖိုင် တွေနဲ့ အလှမ်းဝေးနေမယ်။ ဆိုရင်... ဒူဝါ ဆိုရင်တော့ သူ့ထက်တောင် ဆိုးအုံးမယ်။

မယုံမရှိနဲ့ မကွေးသားတွေ သူ့ကို ပြန်ရွေးလိမ့်မယ်။

သတင်း နောက်ခံ>>>>

BBC Burmese
ကြံ့ခိုင်ရေးပါတီရဲ့အမတ် ဦးလှဆွေက ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အစိုးရက ရွှေလက်နဲ့ ကမ်းလှမ်းပေမယ့် အဆင်မပြေတာကြောင့် ကျည်ဆန်သာ ပေးဖို့ ကောင်းပြီလို့ လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။

ဆိုလိုတာက ငြိမ်းချမ်းရေးအတွက် စားပွဲဝိုင်းထိုင် ဆွေးနွေးလို့ မရရင် တခြားနည်းကတော့ အပြုတ်တိုက်ပစ်ဖို့ပဲ ရှိတယ်လို့ ပြောလာတာပါ။

ဘီဘီစီ ပရိသတ်တွေကော လက်ခံပါရဲ့လား။

ဇန်န၀ါရီ ၃၀၊ ဗုဒ္ဓဟူးညမှာ တင်ဆက်မယ့် လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ တိုက်ရိုက် ပါဝင် ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။