Pages

Top Menu

Pages

Tuesday, January 22, 2013

တရုတ်နဲ့ ဗမာပေါင်းပြီး ကေအိုင်အေကို တိုက်မှာလား ?



21 January 2013
ယနေ့ တရုတ် special envoy အဖွဲ့ နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နှင့် မြောက်ပိုင်း ကချင်ဒေသအရေး ဆွေးနွေးခဲ့သလို ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်၊ သူရရွှေမန်းတို့နှင့် တရုတ်၊ မြန်မာ၂နိုင်ငံစစ်တပ် ပထမအကြိမ် မဟာဗျူဟာနှင့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်..။

သမ္မတဦးသိန်းစိန်နှင့် ဆွေးနွေးစဉ် ရုပ်သံမှာ ရုပ်သံခေါင်းစဉ်ကတော့ (တရုတ်အထူးကိုယ်စားလှယ် အဖွဲ့ မြောက်ပိုင်း ကချင်ဒေသအရေး ဆွေးနွေးဆိုတဲ့ ခေါင်းစဉ်) ဖော်ပြထားပြီး ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်၊ သူရရွှေမန်းတို့နဲ့ ဆွေးနွေးပွဲမှာတော့ ရုပ်သံခေါင်းစဉ်က (တရုတ်၊ မြန်မာ၂နိုင်ငံစစ်တပ် ပထမအကြိမ် မဟာဗျူဟာနှင့် လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲ)ဟု
ခေါင်းစဉ်တပ် ဖော်ပြထားသည်..။

သမ္မတနဲ့ လက်ရှိ ကချင်ဒေသ စစ်ရေးကိစ္စဆွေးနွေးပြီး ကာကွယ်ရေး ဦးစီးချုပ်နဲ့ မဟာဗျူဟာနှင့် လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲ ဖက်လှဲတကင်း ပြုလုပ်သည်..။ မည်သို့နားလည်ရမည် မသိ အိမ်ဦးနတ် ယောကျာင်္းဖြစ်သူအား ထမင်းချက်၊ ယောက်မကိုင်ခိုင်ပြီး မိန်းမဖြစ်သူအား လက်နက်ကိုင် အပေါက်စောင့်ခိုင်းသည်နှင့် တူနေပေသည်။
မီးစတဖက် ရေမုတ်တခွက် မဟုတ် မီးစတဖက် ရေနံဆီ တပုံးပုံစံ လုပ်နေသည့် လုပ်ရပ်နှင့် တူလှပေသည်...။

ကာကွယ်ရေးဦးစီးချူပ် အနေဖြင့် ယခုကဲ့သို့ တိုင်းတပါးသားများနှင့် ဤသို့ဤနှယ် ဖက်လှဲတကင်း ကျောပုတ် ကိုယ်ပုတ်နေနိုင် သေးလျှင် မိမိတို့ ပြည်တွင်းနေ တိုင်းရင်းသား ညီအကိုများနှင့် ပြည်တွင်းစစ်ကို အမြန်ရပ်စဲပြီး အများပြည်သူ စိတ်နှလုံး ရွှင်လန်းစေရန် အဘယ်ကြောင့် ဤသို့ ရင်းရင်းနှီးနှီး ဖက်လှဲတကင်း တိုင်ရေးပြည်ရေးကို မဆွေးနွေးနိုင်သနည်း..။

ဤသို့ ဖက်လှဲတကင်း ရုပ်သံကို ကြည့်မိရင်း လွန်ခဲ့သော ၉၀ကျော် ခုနှစ်များဆီက နာမည်ကျော်ကြားခဲ့သော အဖေနှင့်သားများ ရုပ်သံဇာတ်ကားကို ပြန်လည်မြင်ယောင်မိသည်..။
သွေးချင်း ညီအကိုများနှင့် အိမ်ကြက်ချင်းခွပ် ရန်ပွဲများဆင်နွှဲကာ တစိမ်းနှင့်
အဖေနှင့်သားများ ဇာတ်ခင်းနေသည်ဟု ဆိုလျှင် လွန်အံ့မထင်..။

ကြားရ မြင်ရ မသက်သာ၍ နှိုင်းယှဉ်ရေးသားမိသည်..။

ဒီမိုဝေယံ