Pages
▼
Top Menu
▼
Pages
▼
Thursday, January 3, 2013
ပန်ဝါဒေသ တိုက်ပွဲပြင်းထန်
ပန်ဝါဒေသ တိုက်ပွဲပြင်းထန်
******************
ဒီဇင်ဘာလ(၂)ရက်နေ့ ပန်ဝါဒေသတွင် တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည်။ တနေကုန်တနေခမ်း အဆက်မပြန် အပြန်အလှန်ပစ်ခတ်နေကြသည်။ ပန်ဝါဒ အပေါ်ကုန်း အမြင့်ပေ 2200 ၀န်းကျင်တွင် ကေအိုင် ပြည်သူ့စစ်များမှ ခံစစ်နေရာ စနစ်တကျအကာကွယ်ယူ ခုခံတိုက်ခိုက်နေပြီး တဖက် စစ်တပ်မှ အလုံးအရင်းဖြင့် အတင်းပြေးတက်လာကြသည် သို့သောါ ပြန်လည် လိမ့် ကျ လျောချသွားသည်ကိုလည်း တွေ့မြင်နေရသည်။
ယနေ့ဖြစ်ပွားသောတိုက်ပွဲ တွင် မြန်မာ့လေတပ်သည် လွန်ခဲ့သည့်နေ့ကအသုံးပြုသော တိုက်လေယာဉ်မဟုတ်ဘဲ အဆင့်မြင့် Jet Fighter (၂)စင်းကို အသုံးပြုပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၆ ကြိမ်တိတိ ပန်းဝါ တောင်ကုန်းဝန်းကျင် ကိုသာ လှည့်ပတ် တိုက်ခိုက် ပစ်ခတ်သည်။ လေယာဉ်ပစ်ကွင်းများလွဲချော်နေပြီး ယာဉ်ပစ်ခတ်မှု ပြီးဆုံး
သည်နှင့် အမြောက်ကြီးများဖြင့် ထပ်မံပစ်ခတ်ပြန်သည်။ အမြောက်ပစ်ပြီးသည်နှင့် မြေပြင်တပ်များ ပြေးတက်ထိုးစစ်ဆင်လာကြသည်။
သို့သော် ပန်းဝါကုန်းပေါ်သို့မရောက်ခင် အဆင့်ဆင့် မိုင်းကွင်းများ ကာထောက်ကူ ပစ်ကွင်းများတွင်း အတုံးအရုံး ကျဆုံးကြနေသည်။
အချို့ ဒဏ်ရာရ နေပြည်တော် စစ်သားများအား ပြန်လည်သယ်ဆောင်သွားခြင်းမရှိပဲ ထားပစ်ခဲ့ကြသည်။ ကေအိုင်အေ ပြည်သူ့စစ်များအဖို့ တိုက်ပွဲ ခန ရပ်နားချိန်တွင် လူသားချင်းစာနာမှုအရ အော်ဟစ်ငိုကြွေးနေသော စစ်သားများအား သွားရောက်ယူဆောင်ရန်ကြိုးပမ်းဖို့ ဖြန့်ခင်းထားသော မိုင်းကွင်းများအထဲတွင် ရောက်ရှိနေကြသဖြင့် စစ်ပွဲ ရပ်တန့်ခြင်းမရှိသေးခင် သွားရောက် အကူညီပေးရန် အခက်ခဲများစွာရှိနေပါသည်။
တပ်မ(၈၈) နည်းဗျူဟာ အမှတ်(၂)လက်အောက်ခံ တပ်များဖြစ်သော
ခလရ(၁၀) (၁၃) (၇၇) ခမရ(၃၀၁) နှင့် ခလရ(၂၆၀) တပ်ရင်းများ မှ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
KIA တပ်ဖွဲ့ဝင်(၄)ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ဦးကျဆုံးသည်ဟု သိရှိရသည်။ လာမည့် လွတ်လပ်ရေးနေ့ မတိုင်ခင် ဇန်နာဝရီလ ၄ ရက်နေ့မရောက်ခင်း လိုင်ဇာ ခံစစ်များအားလုံးအားသိမ်းပိုက်ရန် ကာကွယ်ရေးဦင်္းစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှ မြန်မာကျပ်ငွေ သိန်းပေါင်း ၃သောင်း ၆ ထောင်ကျော်အသုံးပြုမည်ဖြစ်ပြီး မရ ရအောင် တိုက်ခိုက်သိမ်းယူရန်ရာဇသံပေးထားသည်ဟု သိရပါသည်။
ထူးခြားဖြစ်စဉ်များ ထပ်မံတင်ပြပေးပါမည်။
ဂိုရှယ်လေး
သတင်းရင်းမြစ်
လိုင်ဇာ