Pages

Top Menu

Pages

Sunday, January 20, 2013

ဗမာဆိုတာ ဘာလဲ ဂေါင်းဆယ်လုံး ဘီလူးလား၊ ဘာသာတရားနဲ့ စနစ်တကျနေတဲ့ လူ့မျိုးနွယ်တစုလား၊ သိချင်ပါတယ်၊

By: http://arakannadi.blogspot.com/2013/01/blog-post_566.html

ဗမာဆိုတာ ဘာလဲ

Posted on 3:30 PM by tun tun
ဂေါင်းစဉ်ကြည့်တာနဲ့ စာရေးတဲ့သူဟာ ပညာတတ်တယောက်မဟုတ်မှန်းသိပါတယ်နော်၊ ကျနော်သုံးတန်းကျောင်းသားလေးပါ၊ ကျနော်ပြောချင်နေတာကြာပါပြီ၊ ဟိုလူ့ထောက် ဒီလူ့ထောက်နဲ့ မပြောဖြစ်ခဲ့ပါဘူး ဒီနေ့တော့ ပညာမတတ်သူက စာရေးခုံကိုလူလို သူလိုတက်လာခဲ့ ပါပြီ၊ ဗမာဆိုတာ ဘာလဲ ဂေါင်းဆယ်လုံး ဘီလူးလား၊ ဘာသာတရားနဲ့ စနစ်တကျနေတဲ့ လူ့မျိုးနွယ်တစုလား၊ သိချင်ပါတယ်၊ တကယ်လို့ ဘီလူးဆိုရင်တော့ ဘီလူးလိုပြုမူတတ်တယ်ဆိုတာကို လက်ခံလောက်ပါတယ်၊ လူမျိုးနွယ်စုတစုဆိုရင်တော့ လူကျင့်စဉ်နဲ့ လူသားတို့ရဲ့ဘဝကိုတန်းဖိုးထားရမယ်၊ အခုနှစ်ပေါင်းခြောက်ဆယ်ကျော်လာပြီ လူ့ကျင့်စဉ်ကို ကျင့်ကြံအားထုပ်တာ ဒီနေ့ထိမတွေ့ရသေးပါဘူး၊ အတူတကွလွတ်လပ်ရေးကိုရယူခဲ့ကြ တဲ့တိုင်းရင်းသားတွေကို ကျွန်ပြု တိုင်းရင်းသားတွေရဲ့သမိုင်းနဲ့စာပေတွေကိုဖျက်စီး ပြည်သူပေါင်းစုံ ရှိခိုးကိုးကွယ်နေတဲ့ ဘုရားရုပ်တုကိုတောင် အနားမပေးပဲ လက်ထပ်မင်္ဂလာပွဲပြုလုပ်ကာ နံနှစ်ပြီး မျိုးဖျောက်စနစ်နဲ့လူမျိုးတုန်းသတ်ဖြတ်နေတာ လူသားဝါဒ ဟုတ်ရဲ့လား တိုင်းရင်းသားတွေရဲ့ သီးခံခွင့်လွတ်တတ်မူကို အခွင့်ဂေါင်းယူပြီး တိုင်းရင်းသားတွေပိုင်ဆိုင်တဲ့နေမြေတွေကို ကျူးကျော်ဝင်ရောက်တပ်စွဲကာ တိုင်းရင်းသူတွေကို ဖာသေ ဘဝလောက်တောင် အဆင့်မကျန်အောင် ဗမာတပ်မတော်သားတွေရဲ့ ဇိမ့်ခံပစ္စည်းအဖြစ် ပွဲတော်တင်ခံခဲ့ကြရတယ်၊ ဒါဟာ အင်္ဂလိပ်ကိုလိုနီ ကျွန်စနစ်ကို စုပေါင်းတော်လှန် အောင်ပွဲခံတဲ့ အနှစ်သာရပဲ၊ ကမ္ဘာမှာ ဗမာရယ်လို့ မရှိခဲ့ဘူးဆိုရင် တိုင်းရင်းသားတွေဟာ ဗမာကျွန်ပြုစနစ်ကို မျက်ရည် ဝဲဝဲနဲ့ခံကြရမှာမဟုတ်ပါဘူး အခုလည်း ကျွန်ပြုမခံချင်တဲ့ ကချင်ပြည်ကိုအကြောင်းမျိုးစုံပြပြီး လေကြောင်းတိုက်ခိုက်မူထိ ကျူးကျော်ဝင်ရောက်သိမ်းပစ်နေတယ် ဒါဟာ ပြည်ထောင်စုစည်းလုံးညီညွတ်မူ မပြိုကွဲရေးဆိုတဲ့ ချစ်စရာ မူဝါဒကို သိမ်မွေ့စွာပြလိုက်တာပါပဲ၊ ဒါကြောင့် တိုင်းရင်းသားပေါင်းစုံ ဗမာ့စစ်ဝါဒီကို လက်နက်ကိုင် တော်လှန်မောင်းထုပ်ခြင်းမှအပ အခြားနည်းလမ်းမရှိ။ စောလင်း