Pages

Top Menu

Pages

Tuesday, January 22, 2013

နှစ်ဖက်စလုံး ရပ် လို့ အော်ရဲတဲ့ ငြိမ်းချမ်းရေးသမားတွေ၊ ခယာဘွမ်၊ လဂတ်ဘွမ်နဲ့ ဂျန်မိုင်မှာ တညလာအိပ်ကြည့်။

 
နှစ်ဖက်စလုံး ရပ် လို့ အော်ရဲတဲ့ ငြိမ်းချမ်းရေးသမားတွေ၊ ခယာဘွမ်၊ လဂတ်ဘွမ်နဲ့ ဂျန်မိုင်မှာ တညလာအိပ်ကြည့်။

အားအားယားယား လက်ကမြင်းပြီး ၁၀၅၊ ၁၂၀၊ ၁၄၅ နဲ့ ထုနေတဲ့အပြင် လေယာဉ်တ၀ဲဝဲ လာလုပ်ပြနေတာ ဘယ်သူလဲ။

ခြေလျင်နဲ့ KIA Posts တွေကို အသေခံ ကုတ်တက်လာတာ ဘယ်သူလဲ။

ရိုးသားစွာ ဝေဖန် ရရင် KIA မှာ မော်တာ တောင် မရှိပါဘူး၊ လူအင်အားလည်း မြန်မာ့တပ်မတော်က လာပို့ထားတဲ့ ပမာဏရဲ့ ၁၀% တောင်မရှိဘူး။

တက္ကသိုလ်ကျောင်းသားက မူကြိုကျောင်းသားကို ကန်ကြောက်နေ ပါးရိုက်နေလို့ တံတွေးနဲ့ ပြန်ထွေးတဲ့ ကိစ္စမှာ နှစ်ဖက်စလုံး ရပ်၊ ညှိနှိုင်းကြ် လို့ အော်ရဲ ကြတဲ့အတွက် အားလုံး နိုဘယ်ဆုနဲ့ ထိုက်တန်ကြပါတယ်။

အပ်ကြောင်းထပ်တဲ့ ဓါတ်ပြား.. ဆက်ဖွင့်ထား။

အမှန်တရားရဲ့ ဘက်တော်သားများကတော့ “ထိုးစစ်ရပ်” နဲ့ ”ရှုံ့ချပါ၏” အဆင့်ရောက်နေပြီ။

တော်လှန်ရေးသမားများကတော့ ကိုယ်တိုင် ၀င်တိုက်နေပြီ။

”ပုန်ကန်သူ” ဘဲ ခေါ်ခေါ်၊ ”သူပုန်” ဘဲ ခေါ်ခေါ်.. တော်လှန်ရေးသမား ဆိုတာ မတရားမှု ရှိနေသရွေ့ ထွက်ပေါ် ပေါ်ပေါက်နေအုံးမှာပါဘဲ။

သောင်းကျန်းသူ အစစ်ကတော့ မုဒိန်းကျင့်ခွင့် လိုင်စင်ရ မြန်မာ့သတ်မတော်နဲ့ လူလိမ်အစိုးရပါဘဲ၊ တမိနစ်ခံ အပစ်အခတ် ရပ်စဲရေးကို အစည်းအဝေးနဲ့ ကိုက်ပြီး ကမ္ဘာကို ကြောင်တောင်တောင် ဖြစ်သွားအောင် ကြော်ငြာသွားခဲ့တဲ့ အတွက် ခေါင်းအကောင်းဆုံး ဆုနဲ့ ထိုက်တန်ပါတယ် သမ္မတခင်ဗျား။..