Pages

Top Menu

Pages

Thursday, December 6, 2012

ဒါနဲ့ မမလည်း ကြံရာမရလို့ သွေးစုတ် တရုတ်နဲ့ လက်ထပ်ခဲ့ရတာပေါ့

မမရဲ့ မတူတဲ့ကိုယ်ရေးအကြောင်းအချို့ကို ရေးပေးလိုက်တယ်။ အများက မြန်မာ ကို "မမ" ဆိုပြီး အတိုကောက်ခေါ်နေတဲ့ မမ အကြောင်းအချို့ ကို ပြန်ပြောရရင်တော့.... မမ ခုတလော အိပ်ရာထဲမှာ မအီမသာခံစားနေရာက မနည်းအားယူပြီး လာပြောပြတာပါ။ တကယ်တော့ မမရဲ့ မိဘတွေက နေမ၀င်အင်ပါယာတွေနောက်လိုက်သွားကြတာ အခုထိပေါ်မလာကြတော့ဘူး။ ဒါကြောင့် မမ က တစ်ကောင်ကြွက်လိုဖြစ်နေခဲ့တာ။ ဒါနဲ့ မမလည်း ကြံရာမရလို့ သွေးစုတ် တရုတ်နဲ့ လက်ထပ်ခဲ့ရတာပေါ့။ သူလုပ်ခိုင်းတာမှန်သမျှ လိုက်လုပ်တယ်လေ။ မမ က ရောဂါဝေဒနာတွေ ဘယ်လောက်ကြီးလာပါစေ ဂရုမစိုက်ဘူးလေ။ ၂၀၀၉ ခုနှစ်တုန်းကလည်း မမ က အသက်ရှူုလမ်းကြောင်းရောဂါရလာခဲ့လို့ တရုတ်ဒေါက်တာရမ်းကုတွေနဲ့ ခွဲစိတ်ခဲ့ရတာ ပိုတောင်ဆိုးလာခဲ့တယ်။ ၂၀၁၁ ခုနှစ်မှာ ဗမာဘိန်းတောဆရာက ဖွ ဆိုပြီး မှန်းမုတ်ပေးလိုက်လို့ ခုတော့ နည်းနည်းသက်သာလာပါပြီ။ ဘာကြောင့်လဲဆိုရင် မြစ်ဆုံစီမံကိန်းကြောင့် ဧရာဝတီမြစ်ကြီးပျက်စီးသွားခဲ့ရတယ်လေ။ သမ္မတ ထိန်းလိမ်က ယာယီရပ်ထားပေးလို့ နည်းနည်းခံသာနေတာပေါ့။ ဒါပေမယ့် မမရဲ့ အသက်ရှူလမ်းကြေင်းထဲမှာတော့ ဘက်တီးရီးယားတွေက အများကြီးရှိနေတယ်။ ဘာကြောင့်လဲဆိုရင် ဧရာဝတီမြစ်ထဲမှာ ပြဒါးတွေနဲ့ တခြားညှစ်ညမ်းတဲ့ ဓါတုပစ္စည်းတွေကို စွန့်ပစ်ထားခဲ့ကြလို့ပါ။ ခုတလော မမ က အိပ်ရာထဲလဲနေရတာက မမ က လွတ်လွတ်လပ်လပ်ဘဲ ကခုန်ပြီး သီချင်းဆိုနေတုန်း မမ မီးထဲချော်လဲသွားလို့ မီးလောင်ဒဏ်ရာတွေရခဲ့တာကြောင့်ပါ။ ဘာကြောင့်လဲဆိုရင်..... ရင်နာလွန်းလို့ မပြောတော့ဘူး။ ရင်ထဲမှာဘဲသိမ်းထားလိုက်တော့မယ်နော်...... By: Peter moe