Pages

Top Menu

Pages

Saturday, December 29, 2012

မတူသော မျိုးရိုးများ

ဒီတစ်ခါ မတူသော မျိုးရိုးများ အကြောင်း ရေးပေးလိုက်တယ်။ ကုန်းဘောင်ခေတ်ရဲ့ နောက်ဆုံးသော နလပိန်းတုံး ဘုရင် စောက်ပေါ (သို့) သီပေါ ရဲ့ မျိုးရိုး တွေဟာ ယခုထိ ကုလားပြည်မှာ ထာဝရကျွန်ဖြစ်နေတာကို သနားမိတယ်။ ရန်ကုန်မြို့ လှည်းကူးမြို့နယ်မှာ ဘိုးစဉ်ဘောင်ဆက်က ကူးစက်လာတဲ့ အနူရောဂါကြောင့် အနူ မျိုးရိုး ဖြစ်သွားတဲ့ ရွာကို လုပ်ကြံခံခဲ့ရတဲ့ ဗိုလ်ချုပ်ကြီး တင်ဦး က သူမသေခင် တစ်လ တစ်ကြိမ် သွားရောက် ပြီး အလှူအတန်းလုပ်ခဲ့ဖူးတယ်။ ယခုထိ အဲသည် အနူသည်တွေရဲ့ ဘ၀ဟာ သနားစရာပါ။ ဗမာပြည်အလယ်ပိုင်းမှာ ယခုထိ တစ်နှစ် တစ်ကြိမ် လိုက်လံတောင်းစားနေတဲ့ သူတောင်းစား မျိုးရိုး တွေရှိတယ်။ သူတို့ဟာ ဆင်းရဲလို့ တောင်းစားတာ မဟုတ်ဘူး။ သူတို့ရဲ့ မျိုးရိုးကိုက မတောင်းစားရင် မနေနိုင် မထိုင်နိုင်ဖြစ်လာလို့ တစ်နှစ်မှာ တစ်ကြိမ် ရုပ်ဖျက်၊ ခွက်ကိုင်ပြီး တောင်းစားနေရတဲ့သူတွေကလည်း သနားစရာလေးတွေပါ။ နောက်ထပ် သနားစရာ မျိုးရိုး ကတော့ ကိုယ့်ကိုကိုယ် ဗမာလား၊ မြန်မာလား၊ ဗမာက မှန်သလား၊ မြန်မာကဘဲ မှန်သလား ဆိုပြီး သိသိကျကျ၊ ဂဃနဏ မဝေခွဲတတ်သေးတဲ့ အူကြောင်ကြား မျိုးရိုး တွေကတော့ သန်း ၄၀ လောက်ရှိနေတယ်။ By : peter moe