Pages

Top Menu

Pages

Wednesday, December 19, 2012

ကျီးစာ လင်းတ စာ ဖြစ်ကုန်တော့မယ်



အခု မြောက်ပိုင်းအေဘီက တိုက်ပွဲတရာ အောင်ပွဲတရာနဲ့ ကျားကုတ်ကျားခဲ တိုက်နေကြတယ်။ ကချင် သူရဲကောင်းတွေ လည်း ဆက်တိုက်နေကြလျှက်ပဲ။ မြန်မာပြည်က ထွက်လာကြပြီး မြန်မာပြည်မှာ မနေခဲ့ဘူးသလို လုပ်ပြပြီး သွားရောက်လေ့လာနေကြသူတွေ၊ နှစ်ပေါင်းများစွာ မိမိရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ကိုယ်ပိုင်ပြဌာန်းခွင့် နဲ့ တရားမျှတရေးတို့ အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ မြန်မာပြည်တနံတလျားက လက်နက်ကိုင်တွေ က အကြိမ်ပေါင်းများစွားဖန်တရာတေနေတဲ့ ငြိမ်းချမ်းရေး အပစ်ခတ်ရပ်စဲရေး ဆိုတဲ့ မက်လုံး နွံထဲကို မကြာခန ပြုတ်ကျနေကြတာ နစ်သွားကြတာ ပြန်မတက်နိုင်တော့တာ မတွေးမိကြဘူးလားပဲ၊
ဒဏ်ရာများစွာထုံမွမ်းနေတဲ့ တောတောင်တွေကနေ မီးရောင်အောက်ကို ခနလေး ၀င်ခွင့် ရလိုက်တာနဲ့ နေစဉ် အော်ဟစ်ရွတ်ဆိုနေတဲ့ သစ္စာတွေ၊ နေ့စဉ် မိုးလင်မိုးချုပ် လွှင့်တင်ထားတဲ့ မိမိတို့ ကိုယ်ပိုင် အလံတွေရဲ့ တစက်စက် စီးယိုကျနေတဲ့ သွေးစက်တွေကို မေ့သွားကြသလားပဲ။
နားမလည်တဲ့ ဒေသခံ တိုင်းရင်းသားလေးတွေကိုတော့ လေလုံးထွားထွားကြီးတွေနဲ့ ဟိန်းပြ ဟစ်ပြကြပြီး၊ နေပြည်တော် ကြွက်စုပ်ကလေးကို တွေ့လိုက်တာနဲ့ ဖြုတ်ကလေး ခြင်ကလေးလို
ဖြစ်သွားကြတဲ့ မိမိတို့ကိုယ်ကို မိမိတို့ ပြန်မကြည့် မိလို့လားပဲ၊
အရင်က စစ်စအစိုးရ အခု ဦးပိုင်အစိုး ဘယ်မှာလဲ ဒီမိုကရေစီအစိုးအစိုးရ ဆိုတာကို အဖြေထွက်အောင် စနစ်တကျ မတွက်ကြလို့ သို့မဟုတ် မတွက်တတ်ကြလို့လားပဲ၊
နည်းဗျူဟာပြောင်းလာပြီ သဘောထေားပြောင်းလာပြီ နွေးထွေးမှုကို လုပ်လာပြီဆိုပြီး တဖက်ကို ငြိမ်းချမ်းရေးလုပ်ပြ အပစ်ရပ် ကတိတွေ အကြိမ်ကြိမ် လက်မှတ်ထိုးအောင် အမျိုးမျိုး မက်လုံး ဖိန့်လုံး ဟန်လုံး တွေနဲ့ မြူဆွယ်ထားပြီး အခြာ တဖက်တနေရာက မိမိတို့လိုပဲ တိုက်ပွဲဝင်နေတဲ့ ဘ၀တူ တိုင်းရင်းသားတွေ ဘ၀တူ ညီကို တော်တွေကို လူမဆန်တဲ့ လက်နက် မမျှတတဲ့ အင်အား မသမာတဲ့ မူဝါဒ စတာတွေနဲ့ သတ်ဖြတ်ဖို့ တိုက်ခိုက်နေတာကို KNU က ကွမ်းလေးတမြုံ့မြုံဝါး၊ ရှမ်းက ပဲပုတ်ချောက်လေး မီးကင်ကို ရေနွေးချမ်းလေးနဲ့ဇိမ်ကျ၊ ကရင်နီက ကောင်ညှင်းချေထောက်လေးကို အပိုင်းပိုင်းလေး မီးကင်စား၊ မွန်က ထန်းထညက်ခဲလေး တွေနဲ့ ဒူးနံ့၊ ရခိုင်က ပြည်ကြီးငါးကင်လေးနဲ့ မှိန်းနေ၊ ချင်းက တောလိုက်ရင်းတေးဆိုပျော်မြူး၊ အဲဒါနဲ့ စစ်ဘီလူးက တဖက်ကို နိုင်လိုက်တာနဲ့ မင်းတို့ ဘက်ကို ပြန်လှည့် လာရင်တော့ မင်းတို့ မညီညွတ် ပဲ သူ့ဖာသာ ကိုယ့်ဖာသာ နေပြီး အိုးပူတာ စလောင်းပူစရာမလိုဘူးထင်နေတဲ့ အယူဆပိုင်ရှင်တွေအဖို့ကတော့ စည်းစိမ်ပျက် ဘ၀ပျက် ပြေးပေါက်ထွက်ပေါက် မဲ့သွားကြပြီး မင်းတို့ အပုတ်ကောင်အလောင်းတွေကို စောင့်မျှော်ပြီး ၀မ်းဗိုက် ရစ်တော်မူနေတဲ့ ကျီးကန်းတွေ လင်းတတွေရဲ့ အစာ ဖြစ်လာဖို့ကတော့ သိပ်မဝေတော့တဲ့ ကာလမှာ ကြုံတွေ့ကြရမှာပါလေ။

ကချင်ဒေသ အား အကြီးအကျယ် စစ်ဦး ဘီးလူးစီး ထိုးစစ်ဆင်နေသော ဦးပိုင် စစ်တပ်အား အဖက်ဖက်မှ ၀ိုင်းဝန်း စုပြုံ တိုက်ပွဲ ၀င်ကြရန်တိုက်တွန်းရင်း
ကျေးဇူးတင်ပါသည်
(ဂိုလ်ရှယ်လေး)

BY fb