Pages

Top Menu

Pages

Thursday, November 29, 2012

တကယ်တော့ မုံရွာကြေးနီစီမံကိန်းမှာလဲ ကေအိုင်အိုလို ပြည်သူ့ဘက် မားမားမတ်မတ်ရပ်တဲ့၊ တရုတ်ကိုမကြောက်တဲ့ အဖွဲ့အစည်းလိုနေတယ်..။

မြစ်ဆုံတမံရုံးဗုံးခွဲမှုနဲ့ စွတ်စွဲဖမ်းဆီးခံထားရတဲ့ ကချင်လူငယ်တွေကို ဘယ်သူမှ သတိမရကြဘူး..။
မြစ်ဆုံစီမံကိန်းဆက်လုပ်ရင် ပြည်တွင်းစစ်အကြီးအကျယ်ဖြစ်ရလိမ
့်မယ်လို့ ကေအိုင်အိုဥက္ကဋ္ဌကနေ သမ္မတဟူဆီ တရားဝင်စာပို့တာ ဘယ်သူမှ မမြင်ကြဘူး..။
တရုတ်ဘက်ခြမ်းက ဒုက္ခသည်စခန်းတွေကို တရုတ်အာဏာပိုင်တွေ နှင်ထုတ်လို့၊ မိုးကုန်အောင်တောင် မစောင့်နိုင်ဘ
ဲ ချက်ချင်း ဒီဘက်ကမ်း ပြန်ခေါ်ထားရတာ ဘယ်သူမှ ဂရုမစိုက်မိကြဘူး..။

ကေအိုင်အိုကို တရုတ်တွေက လက်ကိုင်တုတ်အဖြစ် ထောက်ပံ့နေတယ်လို့ပဲ ပြောနေကြတယ်..။

တကယ်တော့ မုံရွာကြေးနီစီမံကိန်းမှာလဲ ကေအိုင်အိုလို ပြည်သူ့ဘက် မားမားမတ်မတ်ရပ်တဲ့၊ တရုတ်ကိုမကြောက်တဲ့ အဖွဲ့အစည်းလိုနေတယ်..။

ဥပမာ ဒေသခံစစ်တပ်ကပဲ ဖြစ်ဖြစ်၊ စီမံကိန်းဆက်လုပ်ရင် ဗဟိုအစိုးရကို တော်လှန်ပြီး ပြည်တွင်းစစ်ဆင်နွှဲရလိမ့်မယ်စသဖြင် လုပ်လိုက်ရင် စီမံကိန်း ရပ်သွားနိုင်တယ်..။ ဗိုလ်မှူးဗထူးတောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဗမာ့တပ်မတော်ကို တော်လှန်ပြီး၊ မတ် ၂၇ မတိုင်မီ ဖက်ဆစ်ကို တိုက်ပွဲဝင်ခဲ့လို့ အခုဆို ဗထူးတပ်မြို့လို့တောင် ဂုဏ်ပြုခံထားရတာပဲ..။ ဗမာလက်နက်ကိုင်တပ်တွေ ဘာကြောက်နေကြတာလဲ..။ သွေးမရှိဘူးလား..။
By facebook