Pages

Top Menu

Pages

Monday, November 19, 2012

မတူတာလေးတွေ(8)

မတူတာလေးတွေကို ရေးသားပေးပို့လိုက်ပါတယ်။
ကချင်ပြည်ရှိ ကျေးရွာအချို့တွင် ကချင်ပြည်သူအချို့မှာ ဗမာစစ်သားများကို
ကြောက်ရွှံ့သောကြောင့် ထိပ်ထိပ်ပြာပြာ စစ်ဘေးကို
ပြေးလွှားတိမ်းရှောင်နေကြရတယ်။
သို့သော်...
ဗမာပြည်ရှိ ကျေးရွာအချို့တွင်မူ ဗမာပြည်သူအချို့မှာ ငလျင်ဘေးကို
ကြောက်ရွှံ့သောကြောင့်
ဘုမသိဘမသိ သဘာဝဘေးကို နေရင်းထိုင်ရင်း ရင်ဆိုင်နေကြရတယ်။
သို့သော်...
ရခိုင်ပြည်ရှိ ကျေးရွာအချို့များတွင် ရခိုင်နှင့် ရိုဟင်ဂျာများသည်
လူရမ်းကား၊လူသတ်သမားများကို ကြောက်ရွှံ့
သောကြောင့် သတိထားကြီးစွာ နေထိုင်နေကြရတယ်။ Why? Why? Why?

ဗမာပြည်ရှိ ကန့်ဘလူမြို့၊ ချပ်ကြီးရွာမှ ဗမာလူမျိုးအချို့က
ရထားတိမ်းမောက်ရာမှ လျှံကျနေသော ဓာတ်ဆီများကို ရဲရဲဝံ့ဝံ့ အငမ်းမရ
သယ်ထုတ်နေကြချိန် မီးလောင်ကာ သေဆုံးခဲ့ကြရတယ်။ အချို့မှာ
မီးလောင်ဒဏ်ရာကြောင့် ဆေးရုံတက်နေခဲ့ကြရတယ်။
သို့သော်....
ကချင်ပြည်ရှိ နမ့်ဆန်ယန်ကျေးရွာနှင့် အခြားသော ကျေးရွာများတွင်
ဗမာစစ်သားများက ရွာသားများကို ဖမ်းဆီးကာ မီးရှို့ခြင်းခံရကာ
သေဆုံးခဲ့ကြရတယ်။အချို့မှာကျည်
ဆံဒဏ်ရာများကြောင့်
 ဆေးရူံတက်နေခဲ့ကြရတယ်။ Why?
By-Kopeter