Pages

Top Menu

Pages

Saturday, November 24, 2012

မတူတာလေးတွေ(13)

မတူတာလေးတွေကို ရေးပေးလိုက်ပါတယ်။

ကချင်စစ်ဘေးသင့်ပြည်သူတွေအတွက် ကချင်သူဌေးတစ်ဦးဖြစ်တဲ့ ယွပ်ဇော်ခေါင်က ဆန်၊အ၀တ်အထည်တွေနဲ့ ငွေကြေးအကူအညီတွေပေးခဲ့တယ်။

သို့သော်....
ဗမာငလျင်ဘေးသင့်ပြည်သူတွေအတွက်ေ
တာ့ ဗမာသူဌေးတစ်ဦးဖြစ်တဲ့ ဦးတေဇက ဘာအကူအညီတွေမှ မပေးသေးပါ။ မသိသေးလို့လား။ လျစ်လျူရှုထားတာလား၊ တွန့်တိုလို့လား။ Why?

အိုဘားမားရန်ကိုကို လာရောက်တဲ့အခါ တွေ့ခွင့်ရခဲ့တဲ့လူတွေက ၀မ်းသာဂုဏ်ယူခဲ့ကြတယ်။
အိုဘားမားနဲ့ စကားပြောခွင့်ရခဲ့တဲ့လူတွေလည်း ၀မ်းသာဂုဏ်ယူခဲ့ကြတယ်။
အိုဘားမားကို အကူအညီတောင်းခံခွင့် ရခဲ့တဲ့သူတွေလည်း ၀မ်းသာဂုဏ်ယူခဲ့ကြတယ်။
အိုဘားမားရဲ့ မိန့်ခွန်းကို နားထောင်ခဲ့တဲ့သူတွေလည်း ၀မ်းသာဂုဏ်ယူခဲ့ကြတယ်။
သို့သော်....
သို့သော် ဗမာအစိုးရနဲ့ နှီးနွယ်တဲ့ အသံလွှင့်ဌာနများ၊ မီဒီယာများ နှင့် ဗမာအစိုးရကိုဖော်လန်ဖားနေကြသူများကတော့ အိုဘားမား ရောက်လာတာကို သမိုင်းဝင်အဖြစ် (Psycho) ၀င်လုမတတ်ပြောဆိုကြပြီး အိုဘားမားရဲ့မိန့်ခွန်းအနှစ်သာရကို ဖုံးကွယ်ထားခဲ့ကြတယ်။ ဒါကတော့ တကယ်ကို ၀မ်းနည်းဖို့ကောင်းပါတယ်။
bY:KOPETER