Pages

Top Menu

Pages

Wednesday, October 31, 2012

ရွှေရည်စိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ

Liked · 15 hours ago

ရွှေရည်စိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ

ရွှေလီမှာ တွေ့ကြပြန်တယ်။ ကတိတွေပေးသွားတယ်။ သို့သော် မထူးခြားနား ဖြစ်လာမှာပဲ၊ ဆိုပြီး အတွေ့အကြုံများတဲ့ ကေအိုင်အေ တပ်မှူးတစ်ယောက်ပြောလာသည်။

ဒီနေ့ ဆွေးနွေးပွဲမှာ အစိုးရ ကိုယ်စားလှယ်တွေရဲ့ အနေအထားကို ကြည့်လိုက်ရင် အလွတ်သဘောပုံဆောင်နေတာ တွေ့ရသည်။ လေးနက်မှု မရှိပေ။ လမ်းဘေးလူမိုက်တွေရဲ့ ရန်ပွဲဖျန်ဖြေရေး လူကြီးများပုံစံနှင့် ပိုတူသည်။ မသိနားမလည်လို့ ရန်ဖြစ်ရတာ စိတ်ငြ
ိမ်သွားရင် ရန်ပွဲရပ်သွားမယ်၊ လို့ထင်ထားပုံပါ။

တကယ်တော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ ရပ်ကွက် ရန်ပွဲမဟုတ်ပါ။ လူ့အသက်၊ အိုးအိမ်စည်းစိမ် မြောက်များစွာ စတေးခဲ့ရသည်။ နှစ်ပေါင်းလဲ မနဲတော့ပါ။ လက်နက်နဲ့ ဖြေရှင်းလို့ရမယ် ဆိုရင် အရင့်အရင် သူရဘွဲ့ရ ဗိုလ်ချုပ်များ လက်ထက်တွင် ပြီးနေလောက်ပါပြီ။ မပြီးနိုင်လို့သာ ဆက်ဖြစ်နေခြင်း ဖြစ်သည်။

မြောက်ပိုင်းတိုင်း တိုင်းမှူးက ထိုးစစ်မဆင်ပါဘူး လို့ ကေအိုင်အေ တပ်မှူးများရှေ့တွင် မဆင်မခြင်ပြောလာတော့၊ သံသယ စိတ် ပွါးပေးယုံကလွဲပြီး၊ ဘာအကျိုးမှ မရှိပါ။ ဘာသတင်းမှ မဖတ်ဘူးတဲ့လူတစ်ယောက်၊ ဘာမှ နိုင်ငံရေး မသိနားမလည်သူများကို ပြောရင် ယုံချင်ယုံမည်၊ သာမန်လူစိတ်ရှိသူ ကချင်ပြည်နယ်သားများ ဘယ်သူမှ မယုံပါ။

ကေအိုင်အေ က မိနစ်ပိုင်း၊ အချိန်တိုင်းတွင် စစ်အမိန့်များ ပေးနေရသော စစ်ဦးစီးချုပ်များကို အစည်းအဝေးမှာ မရမက လာခိုင်းပြီး။ တဖက်မှာ ထိုးစစ်ဆင်နေသည်။ ဒါတောင် ကေအိုင်အေ စစ်ဦးစီးချုပ်များ မအားမလပ်တဲ့ ကြားထဲက Webcast နဲ့ ဌါနချုပ်မှ live ကြည့်နိုင်ရင် မရမက စီစဉ်ခဲ့သည်။ ဒါက အလေးအနက်ထားတဲ့ သဘောပါ။ တကမ္ဘာ လုံးရှိ ကချင် အသိုင်းအ၀ိုင်းလဲ ကြည့်လိုက်ရသည်။ ဒီခေတ်မှာ ဘာမှ ဖုံးကွယ်ထားလို့ မရပါ။

တကယ်တော့ ကေအိုင်အေ ဆိုတာ ကေအိုင်အို ရဲ့ အုပ်ချုပ်မှု အောက်က လက်နက်ကိုင်အဖွဲ့အစည်းပါ။ စစ်ဦးစီးချုပ်များ အစည်းအဝေး တက်စရာမလိုပါ။ ကေအိုင်အိုမှ ခန့်အပ်ထားသော သက်ဆိုင်ရာ ကော်မီတီ အဖွဲ့ဝင်များ အစည်းအဝေးမှာ ဆုံးဖြတ်ထားချက်သည်သာ အဓိက ဖြစ်သည်။ မြန်မာ စစ်တပ်လို အစိုးရ ရဲ့ အမိန့်ကို နားမထောင်တတ်တဲ့ စစ်ဦးစီးချုပ်များ မဟုတ်ပါ။ စစ်ဦးစီးချုပ်များအနေနဲ့ ကေအိုင်အို အစိုးရ ရဲ့ ဆုံးဖြတ်ချက်အမိန့်ကို မလိုက်နာလို့လဲ မရပါ။

တဖက်မှာ စစ်တပ်ပိုင် မီဒီယာ ဖြစ်တဲ့ မြ၀တီ သတင်းဌာနက ငြိမ်းချမ်းရေး ဆွေးနွေးပွဲအကြောင်းများ စိုးစဉ်းမျှ ဖေါ်ပြခြင်းမရှိပါ။ ဒါကတော့ မြန်မာ စစ်တပ် အနေနဲ့ ကေအိုင်အေ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အလေးမထားတဲ့ သဘောဖြစ်သည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မဖေါ်ပြတဲ့ အပြင် ကေအိုင်အေကို အကြမ်းဖက်အဖွဲ့အသွင်ဖန်တီးနိုင်ရန် လုပ်ကြံသတင်းများလဲ ဒီလအတွင်း ဆက်တိုက်ဖေါ်ပြလာသည်။

ငြိမ်းချမ်းရေးကို အမှန်အကန်လိုချင်တယ် ဆိုရင် ရွှေရည်စိမ်အဆင့်နဲ့ မရနိုင်ပါ။ ဆက်လက်စောင့်ကြည့်ရအုံးမည်။