Pages

Top Menu

Pages

Friday, September 28, 2012

ခွဲထွက်တယ်... သူတို့အခု ချမ်းသာသွားပြီ....

Myit yu hpa langai mi re. Shalai (share) hkat ga.
Malaysia ကနေ Singapore ခွဲထွက်တယ်... Indonesia ကနေ East Timor (Timor-Leste) May
20, 2002 မှာ ခွဲထွက်တယ်... သူတို့အခု ချမ်းသာသွားပြီ....

အရင်က စစ်စရိတ်ထောင်းလို့ ဆင်းရဲနေခဲ့တဲ့ အင်ဒိုနီးရှား... အခု မြန်မာပြည်ထက် အများကြီး ကောင်းသွားပြီ...

ဆိုဗီယက် ပြည်ထောင်စုကြီး ပြိုကွဲသွားတာကို အဆိုးချည်းမြင်နေရင်တော့ သူတို့ကောင်းကွက်ကို မမြင်နိုင်တော့ပါ..... ရုရှား နဲ့ ခွဲထွက်သွားတဲ့ နိုင်ငံအားလုံး အခုမှ ချမ်းသာလာတာ လူတိုင်းသိပါတယ်... အမှန်တရား တခုကိုငြင်းဆန်ဖို့လောက်ပဲ စဉ်းစားနေရင်တော့ မသိနိုင်ပါဘူး...

စိတ်အတွင်းသဘောကို လွတ်လွတ်လပ်လပ် ထားပြီး တွေးကြည့်ပါ.. ပိတ်မထားပါနဲ့... ပေါ်လာပါလိမ့်မယ်....

လက်တွေ့ကျတဲ့ အမှန်တရား ဆိုတာ တခါတလေ ခါးသီးမှုအပြည့်ပဲ... လူတိုင်းမလျှောက်ချင်ဘူး... သို့သော် ရင်ဆိုင်ရဲရမယ်....

အတ္တ၊ လောဘ၊ ဒေါသ၊ မောဟ တွေပဲ ဖုံးနေရင်တော့ အမှန်တရား ကို မမြင်နိုင်တော့ဘူး... အရာရာ အားလုံးက “ငါ” “ငါ့ဟာ” ဆိုတဲ့ စိတ်သာ ရှိနေပါလိမ့်မယ်။

အမှန်ဆိုရင် မြန်မာနိုင်ငံရဲ့ ပြည်ထောင်စု ဆိုတာ အင်ဒိုချိုင်းနား (လာအို၊ ကမ်ဘောဒီးယား၊ ဗီယက်နမ်) တို့လိုပါပဲ။ လူမျိုး၊ ဘာသာစကား၊ နယ်မြေဒေသ တခြားစီပါ။

ပြင်သစ်ကိုလိုနီ အင်ဒိုချိုင်းနားကိုတော့ ပြင်သစ်က ဘာမှ မပြောပဲ သီးသန့်စီ နိုင်ငံခွဲပေးလိုက်တယ်.. အခု ဘာပြသနာမှ မရှိဘူး... အင်္ဂလိပ်က လျှာရှည်ပြီး ပေါင်းပေးထားတော့ ပြသနာ ပေါင်းစုံတွေ့လာရတယ်.. ဗိုလ်ချုပ်အောင်ဆန်းက အစက မြန်မာ (ဗမာ) ပြည် အောက်ပိုင်းလောက်ကိုပဲ မှန်းတာပါ... အင်္ဂလိပ်က လျှာရှည်လိုက်မှ အားလုံးရမယ်မှန်းသိတော့ ကချင်ပြည်ကို ချက်ချင်းတက်သွားတယ်... မဖြစ်နိုင်ဘူးလို့ထင်ထားတာ လွယ်လွယ် သဘောတူလိုက်လို့ မပြုံးစဖူး အားရပါးရ ပြုံးခဲ့တာ ဓါတ်ပုံမှာ အထင်းသား မြင်ရပါတယ်။