Pages

Top Menu

Pages

Wednesday, September 19, 2012

စစ်အသုံးစရိတ်ထောင်းလို့ မြန်မာ ပြည်သူတွေ မွဲနေတာ အမြန်ပြုပြင်သင့်



မြန်မာ့တပ်မတော်သည် ဒေသတွင်း အဆင်းရဲဆုံး နိုင်ငံဖြစ်နေသော နိုင်ငံတွင် စစ်အသုံးစရိတ် ရာခိုင်နှုံးအများဆုံးဖြစ်သည်။

စစ်သည်အင်အား ၅ သိန်းခန့်ရှိပြီး ၀င်ငွေမဲ့ လူတန်းစား ယောက်ျား အားကောင်းမောင်းသန်များဖြစ်သည်။ တနှစ်စာ စစ်အသုံးစရိတ် ဘက်ဂျက် မှာ အမေရိကန်ဒေါ်လာ သန်း နှစ်ထောင်ကျော်(2.04 Billion) ဖြစ်သည်။

ပြည်သူများ အတွက် ပညာရေး နှင့် ကျန်းမားရေး ဘက်ဂျက်မှာ သန်း တစ်ရာ ၀န်းကျင်မျှသာ ဖြစ်သည်။

နိုင်ငံရေး ပြုပြင်ပြောင်းလဲပြီး တရားမျှတမှုအောက်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်သော်လည်း လက်နက်အင်အား၊ လူအင်အား အားကိုးပြီး အလျှော့မပေးပဲ၊ နိုင်ငံရေး အရ ဖြေရှင်းရမည့်အစား လက်နက်နဲ့ ဖြေရှင်းသောကြောင့် စစ်စရိတ်များ မကုန်သင့်ဘဲ ကုန်နေရပါသည်။

မြန်မာပြည်သူများ အားလုံး ချမ်းသာသုခ ရနိုင်ရန် မကုန်သင့်ဘဲ ကုန်နေသော စစ်အသုံးစရိတ် လျှော့ဘို့နည်းလမ်း ရှာရမည်။

သို့မဟုတ်လျှင် ထာဝရ ငမွဲစာရင်းထဲမှာ ဘဲ တ၀ဲလည်လည်ဖြစ်ပြီး သွားလေရာ မျက်နှာငယ်ရမဲ့ အဖြစ်သာဖြစ်သည်။

ဘယ်လောက်ယဉ်ကျေးနဲ့လူမျိုး၊ နိုင်ငံ ဟု ၀ါကြွားနေစေကာမူ၊ ဒီလို မမျှတနဲ့ လုပ်ရပ်များနှင့် စစ်တပ်ဦးဆောင်မှုအောက်က နိုင်ငံတခုကို ဘယ်လူမျိုးမှ အထင်ကြီးမည် မဟုတ်ပါ။
စိတ်ကူရှိရာ တွေးစရာများ..

duwa
By: noline wunpawng news