Pages

Top Menu

Pages

Friday, June 15, 2012

တချို့က KIA ဘာ တောင်းဆိုနေမှန်း မသိဘူးလို့လဲဆိုလေရဲ့..... KIA တောင်းဆိုနေတာ မသိသေးဘူးဆိုရင် ပြောပြမယ်

တချို့က KIA ဘာ တောင်းဆိုနေမှန်း မသိဘူးလို့လဲဆိုလေရဲ့..... KIA တောင်းဆိုနေတာ မသိသေးဘူးဆိုရင် ပြောပြမယ်.. KIA ဆိုတာ KIO ရဲ့ စစ်တပ်ပဲ ရှိသေးတယ်... KIO မှာ ကချင် နိုင်ငံရေး အဖွဲ့တွေရှိတယ်.. နိုင်ငံရေးအကြံပေးအဖွဲ့၊ ကျန်းမာရေး၊ ပညာရေး၊ ပြည်သူ့ ရဲ၊ စည်ပင်သာယာရေး၊ လူဝင်မှုကြီးကြပ်ရေး၊ အမျိုးသမီးရေးရာ၊ လူငယ်၊ အားလုံးစုံတယ်... ကချင် အစိုးရပဲ.. ဒီတော့ ကချင်ပြည်နယ်ဟာ ဒီလောက် ခိုင်ခိုင်မာမာ ရှိနေတဲ့ ကချင် နိုင်ငံရေးအဖွဲ့က အုပ်ချုပ်ခွင့်တောင်းနေတာ .... တရား သလား၊ မတရားဘူးလား ဆိုတာ တခုထဲ ပြောကြည့်ပါ... ဒါတောင် သီးသန့် နိုင်ငံခွဲထွက်ဖို့ မဟုတ်ဘူး.. ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပဲ တောင်းတာ.. မြန်မာ့အလင်း (ကချင်အတွက်အမှောင်) ပဲ ဖတ်ရင်တော့.. KIA ဘာတောင်းဆိုခဲ့တယ် ဆိုတာ ဘယ်သိမလဲ.. လွန်ခဲ့တဲ့ ၁၇ နှစ်တုံးက အပစ်အခတ် ရပ် လက်မှတ်ထိုးထားတာ KIA က တခါမှ ချိုးဖေါက်ခဲ့တာ မရှိဘူး.... ရှမ်းပြည်မြောက်ပိုင်းမှာ KIA စစ်သားတွေကို ငြိမ်းချမ်းရေးကာလမှာ လက်နက်မဲ့ အသားလွတ် ဥပဒေမဲ့ ပစ်သတ်လိုက်တာ နှစ်ခါတောင် သီးခံခဲ့သေးတယ်... အခုလဲ စပြီးထိုးစစ် ဆင်တာ KIA မဟုတ် ဗမာစစ်တပ်ကဖြစ်တယ်.... အခုထိ စစ်ကြောင်းမထိုးရင်၊ သို့မဟုတ် ထိုးစစ်မဆင်ရင် ငြိမ်းချမ်းနေပြီးသား၊ အပစ်ရပ်နေပြီးသားပဲ... KIA က ကျူးကျော်စစ် တခါမှ လဲ မဆင်နွဲ သေးဘူး... ဒီတော့ ဘာ အတွက် အပစ်ရပ် လက်မှတ်ထပ်ထိုးစရာ ရှိလဲ... လက်မှတ်ထိုးထားလည်း စစ်တပ်က နောက်ကြော ကို ဓါးနဲ့ ၀င်ထိုးနေတာ ဒီတိုင်း ခံလိုက်ရမှာလား.... စဉ်းစားပေါ့.. ဒီတော့ တိုင်းရင်းသား လက်နက်ကိုင် ဆိုတိုင်း လူဆိုး စာရင်းထဲ အတင်း အဓမ္မ တွန်းထည့်နေရုံ လောက်ပဲ ကြိုးစားနေ သမျှ ဘာ ငြိမ်းချမ်းရေး မှ ဖြစ်လာမှာ မဟုတ်ဘူး..။ Share By,Facebook jadeland