Pages

Top Menu

Pages

Thursday, May 31, 2012

မိုဘီဂျီနိုနဲ့ ကချင်ဖိုက်တာ ( USA kachin fighter )

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။
Nsang Aung La
ကြိုးဝိုင်းထဲက အင်ဆန် အောင်လ
ဒီတစ်ပတ်အစီအစဉ်မှာတော့ အမေရိကန်နိုင်ငံရောက် လက်ဝေ့နဲ့ သိုင်းပေါင်းစုံကစားသမားတစ်ဦးအဖြစ် ရပ်တည်လှုပ်ရှားနေတဲ့ မြန်မာ လူငယ် တစ်ဦးအကြောင်း တင်ဆက်ထားပါတယ်။
အသက် ၂၇ နှစ်အရွယ် ကချင် လူငယ် အင်ဆန်အောင်လဟာ ပြီးခဲ့တဲ့ ၇ နှစ်လောက်အတွင်း ကြိုဝိုင်းထဲက ပြိုင်ပွဲပေါင်း ၂၀ မှာ နိုင်ပွဲ ၁၂ ၊ ရှုံးပွဲ ၈ ပွဲ ကစားထားပါတယ်။
နောက်ဆုံးကစားထားတဲ့ မေလလယ်က ပြိုင်ပွဲမှာတော့ နာမည်ရ Jesus Martinez ကို တချီတည်းနဲ့ အလဲထိုးနိုင်ခဲ့ပြီး လောလောဆယ် ဒီအပေါ် ကျေနပ်ပျော်ရွင်နေတယ်လို့ အောင်လက ဘီဘီစီကို ပြောပါတယ်။
Nsang Aung La
ကချင်လူငယ် အင်ဆန် အောင်လ
သူကစားတဲ့ လက်ဝေ့နဲ့ သိုင်းမှာ ဘရာဇီးက ဂျူဂျစ်ဆု နပန်း၊ မွေထိုင်း လက်ဝေ့၊ မြန်မာ့သိုင်း စတာတွေ ပေါင်းစပ်ကစားပြီး MMA - Mixed Martial Arts လို့ခေါ်တဲ့ ဒီကစားနည်းကလည်း သိုင်းအမျိုးမျိုးကို ပေါင်းစပ်ပြီး ထိုးကြိတ် ကန်ကျောက် သတ်ပုတ်ရတဲ့ ကစားနည်း ဖြစ်ပါတယ်။
မြန်မာကစားသမားတစ်ဦးအနေနဲ့ သဘာဝအားဖြင့် ခြေထောက်နဲ့ ကန်တဲ့အပိုင်း၊ ဒူးတိုက်တဲ့အပိုင်းတွေမှာ အမေရိကန်ကစားသမားတွေထက် ပိုကောင်းတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။
ဒီကစားနည်းနဲ့ အမေရိကန်မှာ အမြင့်ဆုံးချန်ပီယံဆုကို ရရှိဖို့ သူက မျှော်မှန်းထားသလို မြန်မာပြည်ပြန်ပြီး သိုင်းကျောင်းထောင်ဖို့လည်း စိတ်ဝင်စားနေတယ်လို့ သူက ပြောပါတယ်။
မိုဘီ ဂျီနို
မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက်ပေးနေပါတယ်။
ဒီကဏ္ဍနဲ့ ပတ် သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင် လို့ပဲဖြစ်ဖြစ် ဆက်သွယ်နိုင်ကြပါတယ်။ အီးမေးနဲ့ဆိုရင် burmese@bbc.co.uk ဆီကို ဆက်သွယ်နိုင်သလို စာတိုက်ကဆိုရင်တော့ စာတိုက်သတ္တာ အမှတ် ၉၉၇ ကမ်းနားလမ်း၊ ရန်ကုန်မြို့ဆီကို ရေးသားပေးပို့နိုင်ကြပါတယ်။
ဒီအစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီ ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး သောကြာနေ့ မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။