Pages

Top Menu

Pages

Wednesday, December 21, 2011

လှည်းတန်း လမ်းဆုံအနီး ဗုံးကွဲမှု ၊ နောက်ဆုံးရ သတင်း ဒီဇင်ဘာ ၂၁၊ မွန်းတည့် ၁၂ နာရီ

ဗုံးကွဲမှုတွင် တယောက်သေ၊ တယောက်ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့မှ အတည်ပြု၊ ကျန်ရှိသည့် ဗုံးတလုံးအား အင်ဂျင်နီယာတပ် GE မှ လာရောက်ရှင်းလင်းပြီးဖြစ်သည်ဟု ရဲတပ်ဖွဲ့ဝင်တဦးက အတည်ပြုပြောဆိုသည်။
ဗုံးအမျိုးအစား မည်သူ့လက်ချက်ဖြစ်သည် အချက်အလက်များ မသိရှိရသေးပါ။
လှည်းတန်းလမ်းဆုံ ဗုံးကွဲမှု နောက်ဆုံးရ သတင်း
ဒီဇင်ဘာ ၂၁ရက်၊ ၁၁နာရီ ၃၅ မိနစ်
လှည်းတန်းလမ်းဆုံ ဗုံးကွဲမှုကြောင့် အမျိုးသမီး တယောက်သေ၊ အမျိုးသမီးတဦး ဒဏ်ရာရ၊ ဒဏ်ရာရရှိသူကို လွန်ခဲ့သည့် မိနစ်ပိုင်းတွင်းက ဆေးရုံသို့ သယ်ဆောင်သွားသည်ကိုတွေ့ရှိရကြောင်း ၊ ဦးခေါင်းနှင့် ခြေလက်များတွင် ဒဏ်ရာရသွားသည်။
နောက်ထပ် ချိန်ကိုက် ဗုံးတလုံး ကွဲနိုင်သေးသဖြင့် လုံခြုံရေး တပ်ဖွဲ့များက ရှင်းလင်းရန် လုပ်ဆောင်နေကြောင်းYPI သတင်းအရသိရသည်။
ဒီဇင်ဘာ ၂၁ နံနက်၁၁ နာရီ ၁၈ မိနစ်၊
ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံ အများသုံးသန့်စင်ခန်း တွင်ဗုံးပေါက်ကွဲမှု ဖြစ်ပွား၊ အပျက်အစီးရှိသော်လည်း သေဆုံးဒဏ်ရာရမှု ရှိမရှိ မသိရရှိရသေးကြောင်း YPI သတင်းအရသိရပါသည်။
Eleven Facebook စာမျက်နှာမှာတော့---
ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းရှိ အများသုံးအိမ်သာ (ပြည်လမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်)တွင် ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရရှိ ထားကြောင်း သိရပါသည်။
(အတည်မပြုနိုင်သေးသော သတင်းများအရ သေဆုံးသူနှင့် ဒဏ်ရာရရှိသူတို့မှာ အသက် ၁၈နှစ် ၀န်းကျင်ခန့်သာ ရှိသူများ ဖြစ်ကြောင်း သိရသည်။)မပေါက်ကွဲသေးသော ဗုံးရှိနေသေးသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ရှာဖွေစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေသည်ဟု သတင်းရရှိပါသည်။
ယနေ့နံနက် (၁၁) နာရီ ကျော်ခန့်က ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံအနီး ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းရှိ အများသုံးအိမ်သာတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်ဟု ရေးသားထားပါသည်။
by forever.ning.com