Pages

Top Menu

Pages

Tuesday, November 15, 2011

တိုင်းရင်းသားဒေသတွေ အေးချမ်းမှ ဗမာပြည် အေးချမ်းမှာ

အခုလက်ရှိ ကချင်ပြည်နယ်မှာ အဓိက ပြဿနာပေါ့။ ငြိမ်းချမ်းရေးမရတဲ့ ပြဿနာ၊ တဖက်နဲ့တဖက် တိုက်ခိုက်နေတဲ့ ပြဿနာက ဘယ်လိုမျိုးဖြေရှင်းမှ ပြေလည်မယ်လို့ ထင်သလဲ။??????

“ကျမအနေနဲ့ကတော့ လက်ရှိအစိုးရက နည်းနည်းလျှော့လိုက်ပေါ့။ သိပ်မတင်းနဲ့ပေါ့။ ပြီးတော့ဟိုဘက်က​ ​သူတို့အနေနဲ့ကလည်း​ ​တောင်းဆိုတာလေးကိုလည်း​ ​တောင်းဆိုတယ်ဆိုတာ သူတို့က သိပ်ကြီးကြီးကျယ်ကျယ် တောင်းဆိုတာ မရှိပါဘူး။ ခုနကပြောသလို ၄၇ ဖယ်ဒရယ်မူကို သူတို့လက်ခံတယ်။ အဲဒီအတိုင်းကို သူတို့ အသက်ရှင်သလားပေါ့။ အဲဒီမူက အဲဒီိစာချုပ်က အသက်ရှင်သေးလား။ အသက် မရှင်တော့ဘူးဆိုရင် ကျနော်တို့က ဒီအတိုင်းပဲ ဆက်နေမယ်။ လွန်ခဲ့တဲ့ ၄၇ မတိုင်ခင်မှာ နေသွားတဲ့အတိုင်း ဆက်နေသွားမယ်ဆိုပြီး ပြောလာတဲ့အပေါ်မှာ လက်ရှိအစိုးရအနေနဲ့လည်း ငြိမ်းချမ်းရေးလိုချင်တယ်ဆိုရင် ထပ်ပြီးတော့ ထိုးစစ်မဆင်ဘဲနဲ့ နောက်ဆုတ်လိုက်၊ နောက်ဆုတ်လိုက်ရင် ဒါက တယောက်နဲ့တယောက် ညှိနှိုင်းလို့လည်း တဆင့်သက်သာသွားမှာပေါ့။ ​အခုက​ ​ငြိမ်းချမ်းရေး​ ​ဆွေးနွေးမယ်လို့လည်း ပြောနေတယ်။ ထိုးစစ်ဆင်တာက နေ့ရောညရော အဲလိုထိုးလာတဲ့အခါကျတော့ ဘာပဲဖြစ်ဖြစ် ဒါကတော့ ဘယ်သူမဆို နည်းနည်း စဉ်းစားစရာလေးတွေ ဖြစ်လာတာပေါ့။ ဒီတော့လည်း ကိုယ့်နေရာကို ၀င်ရောက်လာတဲ့ အခါကျတော့ ဒါကတော့ ကာကွယ်ရမယ့် တာဝန်ကတော့ သူတို့အပိုင်းမှာ ရှိတာကို။ ဒါတွေကို လျှော့လိုက်ရင်တော့ လိုချင်တဲ့ကိစ္စတွေက ပေါ်လာမှာပေါ့။”Read more++click on+++