Pages
▼
Top Menu
▼
Pages
▼
Monday, October 31, 2011
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဘာကြောင့် လိုအပ် သလဲ (အပိုင်းတစ်)
ဖက်ဒရယ်ပြည်ထောင်စု ဆိုတာ စစ်မှန်တဲ့ပြည်ထောင်စု (ဒါမှမဟုတ်) ပြည်နယ်ပေါင်းစုံ ပြည်ထောင်စုကို ခေါ်တာဖြစ်ပါတယ်။ ဖက်ဒရယ်(ဖက်ဒရေးရှင်း)ဆိုတာ ခွဲထွက်ရေး၊ ပြိုကွဲရေးမဟုတ်ဘူး။ ပူးပေါင်းခြင်း၊ စုပေါင်း ဖွဲ့စည်းခြင်းသာဖြစ်တယ်။ ဖက်ဒရယ်ကို ခွဲထွက်ရေး၊ ပြိုကွဲရေးလို့ လူတွေ ထင်မြင် သွားအောင် လုပ်ခဲ့တာက (၁၉၆၂)ခု မှာ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်နေဝင်းနဲ့ စစ်ခေါင်းဆောင်တွေဖြစ်တယ်။ ဗိုလ်ချုပ်နေဝင်းနဲ့ အာဏာ သိမ်းစစ်ဗိုလ်ချုပ် တွေဟာ ၄င်းတို့ အာဏာ သိမ်းတာကို အပြစ်မမြင် အကောင်း ထင်လာအောင်နဲ့ စစ်မှန်တဲ့ပြည်ထောင်စု တည်ဆောက် ရေးကို တောင်းဆိုခဲ့ကြတဲ့ တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်တွေ အဖွဲ့ဝင်တွေ အပေါ် အဆိုးမြင် အပြစ်တင် လာအောင် ထွင်လိုက်တဲ့ သဘော တရား တစ်ခုပါ။ ဒါကို နားလည် ကြဖို့ လိုပါတယ်။ Read more++++click on++++