Posted: 26 Feb 2013 07:15 PM PST
(ဒီစာစုလေးက
၂၀၁၂ ဇွန်လ ရခိုင်အရေးအခင်း စဖြင့်တုန်းက ရေးထားတဲ့ စာစုလေးပါ။ ကြာပြီ
ဆိုပေမယ့် ကျနော်တို့ မြန်မာနိုင်ငံသားများ ဆင်ခြင်နိုင်အောင်
သုံးသပ်ထားခြင်းသာ ဖြစ်ပါတယ်။ ရခိုင်ပြီးတော့၊ လက်ပံတောင်းတောင် ကိစ္စ၊
ပြီးတော့ သာကေတ၊ ပြီးတော့ မအူပင်။ တိုင်းရင်းသားသတ်ပွဲတွေကတော့
ဇာတ်လမ်းတွဲကြီး ဆိုတော့ မပြီးသေးဘူး။)
![]()
ရခိုင်ကိစ္စဟာ
တော်တော်လေး လူပြောများတဲ့ အဖြစ်အပျက် (issue) ဖြစ်ပြီး အသိမ်းအစောင်း
မခံတဲ့ပြဿနာ လို့မြင်ပါသည်။ တင်ထားသမျှ သတင်း၊ ဓါတ်ပုံတိုင်းကို ဖတ်ပြီး
comment များကိုဆက်ဖတ်ဖြစ်ပါသည်။ ဘင်္ဂလီိလူမျိုးများ အပေါ် မကျေနပ်သံ နှင့်
ဘင်္ဂလီိဖက်မှ တုံ့ပြန်သံများ နှစ်ဖက်စလုံးက အားလုံးလိုလို သတ်ဟေ့၊
ဖြတ်ဟေ့၊ ချဟေ့၊ ဆိုတဲ့ ညာသံပေး နေတာ ကို တွေ့တော့ ငယ်ငယ်တုန်းက
အဖြစ်လေးတွေ မြင်ယောင်နေမိသည်။ ကျနော်တို့ ရွာနားမှာ စစ်ဖြစ်တော့ ဗမာ
စစ်သားတွေ ရွာထဲဝင်တာနဲ့ တစ်ယောက်နဲ့ တစ်ယောက် ညာသံပေးကြတယ်။
"ငါလိုးမသားတွေ ချ ချကွာ. အလွတ်မထားနဲ့... အားလုံး သတ်ပစ်ကွာ...
ရှုပ်တယ်..." ဆိုပြီးကျနော်တို့ရဲ့လူကြီးသူမေ
တွ... လူလတ်ပိုင်းတွေကို စုထားပြီး ကျိန်းမောင်းနေတဲ့ အသံ နားထဲ ကြားနေရသလို ခံစားရသည်။
အထူး
သဖြင့် NLD ရဲ့ 'ရှဥ့်လဲ လျှောက်သာ ပျားလဲစွဲသာ' သဘာထား ထုတ်ပြန်ချက်
အပေါ် အားမလို အားမရ ဖြစ်နေတာ ကိုလဲ တွေ့ရသည်။ တချို့ဆိုရင် NLD ကို
တောက်လျှောက် အားပေးနေတဲ့ ပုဂ္ဂိုလ်များ ဒီတခါမှာတော့ NLD ကို
အပြစ်တင်ကြသည်။ ဘင်္ဂလီိများ ကို ပြတ်ပြတ်သားသား မဆန့်ကျင်ဘူးဆိုတဲ့
သဘောနဲ့ ဝေဖန်နေကြခြင်းဖြစ်သည်။ တချို့ဆို ပညာတတ်လူတန်းစားများဖြစ်သည်၊
များသောအားဖြင့် နိုင်ငံရပ်ခြား မှာ အလုပ်လုပ်နေသူများ၊
ပညာစည်းပူးနေသူများ ဖြစ်ကြသည်။ ခြုံပြီးပြောရရင်၊ မြန်မာ နိုင်ငံသား
(ကျနော်အပါအ၀င်) အများပိုင်းသည် လူလူချင်း အကြမ်းဖက်လုပ်ရပ်အပေါ်
တုံ့ပြန်တဲ့နေရာ မှာ ပြန်ပြီး အကြမ်းဖက်တဲ့နည်းနဲ့ တုံ့ပြန်ရန်
ပိုအားသန်သည်။ လူကိုယ်တိုင် မပါချင်တောင်မှ အနဲဆုံး အားပေးအားမြောက်
လုပ်ချင်တဲ့ စိတ်ဓါတ်ပြင်းပြတတ်တာတွေ့ရသည်။
ဒီနေရာမှာ မြန်မာပြည်က
ဒဿနိကဗေဒ ပါမောက္ခ ဆရာ တစ်ပါး နီတိ ဆိုင်ရာ အတွေးအခေါ်ပိုင်း ပို့ချ
ချိန်မှာ သူ့အတွေ့အကြုံ ဖေါက်သည် ချပြတာ သတိရသည်။
သူအမေရိက မှာ ပညာတော်သင်သွားနေတဲ့အချိန်ဖြစ်
တယ်။
တနေ့တော့ သူတို့ ကျောင်းသား အဖွဲ့တွေ အုပ်စုဖွဲ့ပြီး ပင်လယ်ကမ်းခြေကို
သွားပျော်ကြပါသတဲ့။ ညနေစောင်း နေ၀င်ချိန်၊ မှောင်ရိပ်သန်းလာတော့၊
သူတို့တည်းခိုတဲ့ နေရာ အသီးသီးပြန်ကြတယ်။ အဲဒီချိန်မှာ အမျိုးသမီး
တစ်ယောက် ပြဿနာ တက်နေတယ်၊ အခန်းသော့နဲ့ ပိုက်ဆံအိပ်ပါ အကုန် လုယက်သူ
တစ်ယောက် လက်ထဲပါသွားပြီ၊ ဆိုတော့ သူလဲ ဖြစ်ကြောင်းကုန်စင်
သတင်းမေးရအောင် သူ့ဆီသွားတယ် (သူတို့နဲ့ အတန်းတူထဲကမို့ ခင်တာလဲပါတယ်)။
လူမည်း တစ်ယောက်က ပြေးလာပြီး သူ့လက်ထဲက လုသွားတယ်၊ လို့ သူ့ကို
ပြောပြတော့ သူက မြန်မာပီပီ၊ ဟာ.... ဟိုလိုမလုပ်လိုက်ဘူးလား...
ဒီလိုမလုပ်လိုက်ဘူးလား... ဒါမျိုး (လက်နက်) မဆောင်ထားဘူးလား.... ငါသာဆို
ဒီလိုလုပ်လိုက်ပြီ... ဆိုပြီး အားရ ပါးရ ပညာပေးတော့...
အဲဒီအမျိုးသမီးရဲ့... စကားတခွန်းထဲနဲ့ သူလဲ ရှက်ရှက်နဲ့ ခေါက်ပြန်ခဲ့ပါ
သတဲ့။။။ အဲဒီ အမျိုးသမီးပြောတာက "ကျမ တခါမှ ဒါမျိုး ပြန်ချဲဘို့
တိုက်တွန်းတာ မခံရ ဖူးတော့ ပြန်ချဲလိုက်ရကောင်းမှန်း မသိလိုက်ဘူး" တဲ့။
ကျနော်တို့
မြန်မာနိုင်ငံမှာက ငယ်စဉ်ကတည်းက အတန်းထဲမှာ ဖိုက်တင် ချမယ်ဆိုရင်
အတန်းဖေါ်တွေ မြောက်ပေးတယ်။ ကြောက်သလား... အလကားလူ... ငကြောင်...
ဆိုတာမျိုးနဲ့ပဲ ကြီးလာတော့... ချမယ်.. ထိုးမယ်... ကြိတ်မယ်..... ဆိုပြီး
ပြောနိုင်တဲ့လူမှ၊ သတ္တိ ရှိ၊ လူစင်မီတဲ့ယောက်ျား၊ လူလားမြောက်တဲ့အလား
ထင်တတ်ကြသည်။ ကျောင်းနေ ကလေးများ ဒီလို စိတ်ထား မွေးရခြင်းကလဲ
ပတ်ဝန်းကျင် ရဲ့ သွန်သင်မှု တစိတ်တပိုင်းဖြစ်နိုင်သည်။
ညတိုင်းညတိုင်း
TV ထဲမှ စစ်ချီတေး၊ စစ်သည်တေး ထုတ်လွင့်ချက်သည်ပင်လျှင်၊ ကလေးများကို
တိုက်ရဲ ခိုက်ရဲတဲ့လူ ဖြစ်အောင် (၀ါ) အကြမ်းဖက်ရဲအောင်
သင်ပြနေခြင်းဖြစ်သည်။ သူများနိုင်ငံတွေမှာ မြို့ထဲ စစ်ဝတ်စုံဝတ်
စစ်သားတွေ ကားစီးပြီး သွားရင် လူမမြင်အောင် တကားလုံး ဖုံးပြီးမှ
သွားရပါတယ်။ ဥပဒေကို ပြဋ္ဌာန်းထားတာပါ။ မြန်မာပြည်မှာတော့ သေနတ်ကြီး ရှေ့က
တကားကားနဲ့ လာတမျှကားတွေ အကုန်ရပ်ပေး၊ ကျောင်းရှေ့မရှောင်၊ ကလေးများ
အားကျအောင် လုပ်ပြလေ့ရှိတော့ စစ်ဗိုလ်လုပ်ချင်တဲ့ ကလေးတွေများလာတယ်။
တိုင်းပြည်ချစ်လို့ စစ်ထဲဝင်တယ် ဆိုတာထက် သနတ်လေး တကားကားနဲ့
လူတကာထုတ်ပြရတာ အားကျလို့ဝင်တာ ပိုများပါတယ်။ ဒီထက်ပိုဆိုးတာက
စစ်ဗိုလ်လုပ်ရင် ကြီးပွါးတာမြင်လို့ပဲ။ တကယ်တော့ စိတ်ဓါတ်အခြေခံ (Moral
Quality) ကျဆင်းနေခြင်းဖြစ်တယ် ဆိုတာ မည်သူကမှ သတိထားမိဟန်မတူ။
ရိုင်းစိုင်းသော စိတ်ဓါတ်နှင့် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း
တည်ဆောက်လို့မရပါ။ ဂျာမဏီ လူမျိုးများ ဘယ်လောက်ပင် သိပ္ပံ အတတ်ပညာ တိုးတက်
နေစေကာမူ၊ ဂျူးလူမျိုးခြောက်သန်းကျော် သတ်လိုက်ခြင်းသည် ဒီနေ့ထိ
ဂျာမန်လူမျိုးများ အမှန်တကယ် ယဉ်ကျေးပါရဲ့လား ဆိုတဲ့ မေခွန်း အထုတ်ခံနေရဆဲ
ဖြစ်သည်။ အဲဒီလူမျိုးရဲ့ ဘာသာ တရား၊ ယဉ်ကျေးမှု ဘယ်လောက် ကောင်းကြောင်း
ထုတ်ကြွားနေစေကာမူ၊ လူတစ်ယောက်ရဲ့ အမူအကျင့်သည် သူ့ရဲ့ လူမှုဝန်းကျင် ကို
ကိုယ်စားပြုနေသည်။ ကျနော်တို့ ကိုယ်တိုင် အကြမ်းဖက်ဝါဒ ကို အလိုလို
သွန်သင်ခြင်း ခံထားရတဲ့ သားကောင်များ ဖြစ်နေပြီလား ?
ဒါကြောင့်၊
ဒေါ်အောင်ဆန်းစုကြည် ပြောတာမှန်သည်၊ "ကိုယ့်နိုင်ငံရဲ့ သိက္ခာရှိမှုအတွက်
ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်စေချင်တယ်။" ဒီနေရာမှာ "သိက္ခာ" ဆိုတဲ့ ဝေါဟာရ
အဓိပ္ပါယ်ဖွင့်ဆိုချက် အရေးကြီးလာသည်။ ဒေါ်စုပြောသော "သိက္ခာ" နဲ့ စစ်အုပ်စု
ပြောပြောနေတဲ့ နိုင်ငံ့ ဂုဏ် "သိက္ခာ" မှာ ကွဲပြားတဲ့ အမြင်သဘောထား
ရှိနိုင်သည်။ ဒေါ်စု ပြောချင်တာက "လူသားဆန်တဲ့ သိက္ခာ"၊ စစ်အုပ်စု ပြောနေတာ
"တိုက်ရဲ ခိုက်ရဲ (၀ါ) သတ်ရဲတဲ့ သိက္ခာ"။
ဒီနေရာမှာ နောက်ဆုံးအနေနဲ့
နာမည်ကျော်စာရေးဆရာ နဲ့ ခရစ်ယာန် သင်းအုပ် ဆရာကြီး တစ်ပါးဖြစ်တဲ့ Ralph W.
Sockman ရဲ့ အဆိုအမိန့် တခုနဲ့ နိဂုံးချုပ် ပါရစေ။
"ဇွဲသတ္တိ
စမ်းသပ်ခြင်းဟာ ကျနော်တို့ လူနည်းစုဖြစ်တဲ့အချိန်မှာ လာတယ်၊
စိတ်ရှည်သီးခံခြင်း ကို စမ်းသပ်ခြင်းဟာ ကျနော်တို့ လူများစု
ဖြစ်တဲ့အချိန်မှာ လာတယ်။"
“The test of courage comes when we are in the minority. The test of tolerance comes when we are in the majority.”