Sunday, February 28, 2016

PJS SARA Tu Naw hte san htai

https://www.facebook.com/lagwi.htangying/videos/1963194493906216/

Sr Tu Naw hte san htai

Posted by Lagwi Htangying on Saturday, February 27, 2016

Read more »

မွန်အမျိုးသားနေ့မှာ ပြောကြားသွားတဲ့ မစ္စတာ John Eilertson မိန့်ခွန်း


(Milwaukee, WI)

မွန်တွေအတွက် အမှတ်သင်္ကေတတစ်ခု ဖြစ်နေတဲ့ ဒီနေ့ကို တက်ရောက်ဖို့ ဖိတ်ကြားတဲ့အတွက် Tom Dinarrat ကို ကျေးဇူးတင်ပါတယ်။ ဒီလိုပွဲမျိုးအတော်များများကို ပွဲပြီးမှ ကျနော်သတိရလေ့ ရှိပါတယ်။ ကျနော်တို့က ဘီလူးမောင့်လမ်းမှာ တိုက်ခန်းလေးတွေကို ငှားပြီး မြန်မာပြည်က လူတွေကို နေရာချပေးခဲ့တယ်။ အခု ကျနော်က ဒီမှာ American Serb ခမ်းမထဲမှာ လူအုပ်ကြီးနဲ့အတူ ထိုင်ခွင့် ရခဲ့ပါပြီ။ (မြန်မာတိုင်းရင်းသားတွေ များလာတာကို သူ့အောင်မြင်မှုလို့ မြင်တယ်)

အမေရိကန်မှာ အခွင့်အရေးတွေ အများကြီးပဲ။ အဲဒါကို အရယူကြပါ။ အရေးကြီးဆုံးကတော့ မိဘတွေအနေနဲ့ စံပြအနေနဲ့ ကလေးတွေရှေ့မှာ နေပြဖို့ပါပဲ။ ဒါကို မိသားစုတာဝန်တစ်ရပ်အနေနဲ့ လုပ်ရမှာ ဖြစ်တယ်။ ကျနော်မှာ ကလေးတွေ ရှိတယ်။ မြေးတွေလည်း ရှိတယ်။ တစ်ယောက်က Denver မှာ နေတယ်။ အခြားတစ်ယောက်က Minnesota မှာ နေတယ်။ သူတို့က နှစ်တိုင်း အိမ်ပြန်လာကြတယ်။ ကျနော်တို့က Mauthe Lake ရေကန်မှာ ညအိပ်ခရီး ထွက်ကြတယ်။ (သူ့မိသားစုအကြောင်းနဲ့ မိတ်ဆက်ပေးတယ်)

Tom Dinarrat က သီရိလကာင်္မှာ နေဖူးသလို မဟာဝိဇ္ဇာဘွဲ့ကိုလည်း ရထားပါတယ်။ ကျနော်ကတော့ တက္ကသိုလ်တွေမှာ (၉)နှစ် နေခဲ့တယ်။ စိတ်ကျန်းမာရေးဆေးရုံတွေ၊ ထောင်တွေ၊ ဆေးပညာအသိုက်အဝန်းတွေမှာ အတွေ့အကြုံတွေ အများကြီး ရခဲ့တယ်။ အထက်မီရှီဂန်မှာ Sweds and Finish Lutheran အဖွဲ့နဲ့ လုပ်တယ်။ အမေရိကန်ပြည်ထောင်စုက ၁၇၇၆ ခုနှစ်မှာ လွတ်လပ်ရေး ရခဲ့တယ်။ မွန်တွေက ဗမာတွေလက်အောက် ရောက်ပြီး နှစ်ပေါင်း (၂၀)တုန်းကပေါ့။ မွန်တွေက ဗမာတွေလက်အောက် အခါခါရောက်ခဲ့ပေမဲ့ စာအရေးအသားနဲ့ ဗုဒ္ဓဘာသာကို ပေးနိုင်ခဲ့ပါသေးတယ်။ မြန်မာနိုင်ငံက တိုင်းရင်းသားတွေနဲ့အတူ အလုပ်လုပ်ရတဲ့အခါမှာ ဗုဒ္ဓဘာသာအကြောင်း၊ ဒုတိယကမ္ဘာစစ်တုန်းက မြန်မာပြည်အကြောင်း၊ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ကြကြောင်းကို ကျနော် သိရှိခွင့်၊ လေ့လာခွင့် ရခဲ့တယ်။ (ဒါက အမေရိကန်နဲ့ မွန်အဖွဲ့အစည်းကို ဆက်စပ်ပေးတယ်)

ကျနော်အဖေက ပြင်ပလောကမှာ အသက်ရှင်နေထိုင်တတ်ဖို့ Boy Scout အစီအစဉ်ကို စတက်ခိုင်းပါတယ်။ ဒီအဖွဲ့ရဲ့ ဆောင်ပုဒ်ကတော့ "အသင့်ပြင်ပါ၊ ကောင်းမှုတစ်ခု နေ့စဉ်ပြုပါ၊ ကတိကို စောင့်ထိန်းပါ"တဲ့။ ကတိကို စောင့်ထိန်းပါဆိုတဲ့နေရာမှာ သီလမကျိုးပေါက်ဖို့ ပြောတာ ဖြစ်တယ်။ ခရစ်ယာန်တွေမှာဆို ပညတ်တော်ဆယ်ပါးပေါ့။ ဗုဒ္ဓဘာသာမှာဆိုရင် ငါးပါးသီလလိုမျိုးပေါ့။ အဲ့မှာ ကျနော်က Camp Councelor တာဝန်ယူရတယ်။ ဒီတာဝန်ကနေတဆင့်ပဲ ကျနော်က ဘုရားကျောင်းမှာ အလုပ်ရခဲ့တယ်၊ ပြည်နယ်ရဲ့ လမ်းမှန်လူငယ်အဖွဲ့မှာ အလုပ်ရခဲ့တယ်၊ ပြည်ထောင်စုရဲ့ စကော့ရန်ခ်ျမှာ အလုပ်ရခဲ့တယ်။ မြန်မာပြည်က လူတွေက ဘောလုံးနဲ့ အခြားအားကစားတွေမှာ စိတ်ပါဝင်စားကြတယ်။ ခရစ်ယာန်ကလျာဏယုဝအသင်း၊ ယုဝကညာကလပ်နဲ့ Scouting အဖွဲ့တွေနဲ့လည်း ကလေးတွေရှေ့ရေးအတွက် ဆက်သွယ်စေချင်ပါတယ်။ (ဒါက ကလေးတွေရဲ့ ဖွံ့ဖြိုးရေးအတွက် ပြောတာ ဖြစ်တယ်။ သူတို့နဲ့ နီးစပ်စေရေးအတွက်လည်း ပါတာပေါ့။)

ကျနော်က ပထမဆုံးကင်ဆာရောဂါကို ရတော့ စာကြည့်တိုက်ကို လှူလိုက်ပါတယ်။ (သူ့ကင်ဆာက ပျောက်လိုက် ပြန်ပေါ်လိုက်နဲ့)။ အဆိုးဆုံးအခြေအနေကို ရင်ဆိုင်ဖို့ပါ။ ဒါပေမဲ့ ထာဝရဘုရားသခင်က အစီအစဉ် ပြောင်းတယ်။ ကျနော်တို့ရဲ့ ဘုရားကျောင်းက မြန်မာပြည်က ဒုက္ခသည်အချို့ကို ခေါ်ဖို့ လုပ်တယ်။ ကျနော့်အသင်းတော်ထဲက တစ်ယောက်က ကျနော် ကွန်ပျူတာကျွမ်းမှန်း သိတယ်။ သူမက "ဂျွန်ရေ ကျမဒုက္ခသည်တစ်ယောက်က အကူအညီလိုနေလို့ ကူပေးပါအုံး၊ သူက အင်တာနက် မရလို့၊ သူ့ကွန်ပျူတာက အစုတ်ကလေး၊ အသံလည်း မပါ၊ modern လည်း မပါဘူး၊ သူက DVB သတင်းကို နားထောင်လို့ ရရင် ပြီးပြီ"တဲ့။ ကျနော်က နော်ဝေးမှာ ရှိတဲ့ DVB ရုံးချုပ်ကို ရောက်ဖူးသူပါ။ ကျနော် သူ့အိမ်ကို သွားတယ်။ ကျနော့်ဇနီးက SKYPE သုံးသူပါ။ အဲ့ကနေ တစ်နေ့ တစ်နာရီ နှစ်နာရီလောက် အချိန်ပေးပြီး သူ့မြေးလေးတွေကို ပုံတိုပတ်စ ပြောနေတတ်သူပါ။ ဒီအပတ်မှာ ကျနော့်မြေးတစ်ယောက်က စာကြည့်တိုက်ကနေ ငှားလာတဲ့ စာအုပ်တစ်အုပ်ကို ဖတ်ပြပါတယ်။ ဒီမှာ ကျနော် သေချာအောင် ပြောချင်ပါတယ်။ ဒီကကလေးတွေအတွက် စာကြည့်တိုက်ကဒ် လုပ်ပေးပါ။ ကလေးတွေကို စာကြည့်တိုက်ထဲ ခေါ်သွားပြီး ပုံပြင်လေးတွေကနေ ဖတ်ပေးကြပါ။ (ဒါက ဒီက ယဉ်ကျေးမှုနဲ့ အကျွမ်းဝင်သွားအောင် ဆွဲဆောင်တာပါ)

ကျနော့်မှာ မြန်မာဒုက္ခသည်တွေအတွက် ကြီးကြီးကျယ်ကျယ် လုပ်ပေးတာဆိုရင် Myanmar Learning Center ကို ဖွင့်လှစ်ပေးနိုင်ခဲ့တာကို ပြရမယ်။ အိုလီဗာဆိုတဲ့ ကချင်တစ်ယောက်က ခရစ်ယာန်တက္ကသိုလ်ကနေ ဘွဲ့(၃)ခုတောင် ရထားတဲ့ ပုဂ္ဂိုလ်ပဲ။ သူက အစိုးရကျောင်းတွေမှာ မြန်မာကလေးတွေရဲ့ အခက်အခဲကို သိတယ်။ သူကပဲ MLC ကို ဦးဆောင်တာပါ။ အိုလီဗာက Texas ပြည်နယ်မှာ သူတို့လီဇူးဘုရားကျောင်းမှာကျောင်းထိုင်ဖို့ ပြောင်းသွားတာတောင် သူက ကျနော်တို့ရဲ့ ဘုတ်အဖွဲ့နဲ့ ဆဲလ်ဖုန်းကနေ ဆက်သွယ်နေတုန်းပါပဲ။ ကျနော်တို့က MLC အတွက် Marquettee တက္ကသိုလ်က အငြိမ်းစားသချာင်္ပါမောက္ခ Karl Byleen ကို ရထားတယ်၊ သူက အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တွေမှာ ညနေ (၅)နာရီကနေ (၆)နာရီအထိ ESL နဲ့ စီတီဇင်ဖြေလိုသူများကို သင်ပေးပါတယ်။ အဲ့လိုပဲ အလယ်တန်းကျောင်းဆရာလုပ်ဖို့ နည်းပြသင်တန်းတက်နေတဲ့ ပုဂ္ဂိုလ်အချို့လည်း စနေနေ့တိုင်း မွန်းတည့်ချိန်ကနေ နှစ်နာရီထိုးတဲ့အထိ လာသင်ပေးတယ်။ အခုန Marquettee တက္ကသိုလ်က (၅)ယောက်နဲ့ ကျောင်းပြီးသွားတဲ့ မြန်မာတစ်ယောက် လာကူပေးပါတယ်။ မြန်မာအဖွဲ့တွေ ငွေရေးကြေးရေးထောက်ပံ့မှုရအောင် ကူပေးတယ်။ သူတို့မှာ သင်တန်းတွေရှိရင် ဖြစ်အောင် လုပ်ပေးတယ်။ အခု ပညာတော်သင်ဆုကို လုပ်တယ်။ ဘဏ်စာရင်းမှာ ငွေ (၅၀၀၀)ပဲ ရှိသေးတယ်။ ဘုရားကျောင်းကနေ ဖွင့်ထားတဲ့ ဘဏ်စာရင်းတစ်ခုကတော့ ပိတ်သွားပါပြီ။ အဲ့ဘဏ်က မြန်မာကလေးတွေကို ရေကူးသင်ပေးဖို့ ဖြစ်တယ်။ ဒီသင်တန်းက Minomonee မြစ်မှာ ချင်းကလေးတစ်ယောက် ရေနစ်သေဆုံးသွားလို့ စီစဉ်ရတာမို့ပါ။ ကျနော်က ကျနော့်အစီအစဉ် လုပ်ထားတယ်။ John's Report လို့ ခေါ်တယ်။ မြန်မာနိုင်ငံသားတွေ လုပ်သမျှ ပွဲတော်များကို အစီရင်ခံရတယ်။ (ဒါက မြန်မာတွေအတွက် သူတို့မှာ လုပ်နေတဲ့ အစီအစဉ်တွေနဲ့ မိတ်ဆက်ပေးတာ ဖြစ်တယ်)

ကျနော်က တတိယအကြိမ်မြောက် ကင်ဆာ ဖြစ်တော့ ကျနော့်ကို အသက်ရှင်အောင် ကူညီပေးတဲ့ လူမှုရပ်ဝန်းကျန်းမာရေးအဖွဲ့အစည်းကို ကျေးဇူးတင်ရမှာပါ။ ဆရာယုဒသန်က မြန်မာပြည်ကို သာသနာပြုသွားတော့ သူ့ဇနီး(၃)ယောက်စလုံး ဆုံးပါးသွားတယ်။ သူက ကလေးတွေကို အမေရိကပြန်ပို့ရတယ်။ အမေရိကမှာလည်း အဲ့အချိန်တုန်းက အခြေအနေကောင်းလှတာ မဟုတ်ဘူး။ ကျနော့်အမေဘက်က အဖိုးအဖွားတွေနဲ့ သူတို့ကလေးနှစ်ယောက် သေရတယ်၊ ကျေနာ့်အဖေဘက်ကတော့ သူတို့မိဘနှစ်ဦးစလုံး စောစောစီးစီး ဆုံးပြီး သူတို့ကလေး(၅)ယောက်က မိဘမဲ့တွေ ဖြစ်ကုန်ကြတယ်။ ကျနော်တို့မှာ မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့ ရောဂါတွေ ရှိပါတယ်။ အဲဒါကို သားသမီးတွေက အမွေဆက်ခံကြရပါတယ်။ ဒါပေမဲ့ အကျင့်မကောင်းလို့ ဖြစ်တဲ့ ရောဂါတွေကိုကျတော့ ရှောင်လို့ ရပါတယ်။ ကျနော်မွေးတဲ့နေ့မှာ ကျနော်အဖေက ဆေးလိပ်ဖြတ်ခဲ့ပါတယ်။ သူက သူ့အချိန်တွေကို ဆေးလိပ်အတွက် မဖြစ်စေချင်ဘူး၊ ကျနော့်အတွက်ပဲ ဖြစ်စေချင်ခဲ့တယ်တဲ့။ မြန်မာတွေက ဆေးလိပ်သိပ်မသောက်ကြဖို့၊ ကွမ်းသိပ်မစားကြဖို့ ဝိုင်းဝန်းပြုပြင်ကြဖို့ လိုမယ်။ အခု Mcdonalds ဆိုင်တွေတောင် ကလေးတွေအတွက် လိမ္မော်သီးထည့်ပေးရတယ်။ ကလေးကျန်းမာရေး ထိခိုက်စေမှာ စိုးလို့။ ကျနော့်ဘုရားကျောင်း ပြည်ထောင်စုလူသာရင်ကတော့ ကမ္ဘာတဝှမ်းငှက်ဖျားတိုက်ဖျက်ရေးအတွက် ရန်ပုံငွေ ထားရှိပါတယ်။ ဇီကာဗိုင်းရပ်စ်တွေက ပြည်ထောင်စုတောင်ပိုင်းပြည်နယ်တွေမှာ ပြန့်နေတယ်။ ခြင်ကနေ ဖြစ်တဲ့ ရောဂါပါ။ West Nile ဗိုင်းရပ်စ်ကလည်း အဲ့လိုပဲ ပြန့်တာပါ။ အိမ်မှာ အပေါက်ရှိရင် တိုက်ခန်းပိုင်ရှင်ကို ခေါ်ပြီး ဖာခိုင်းပါ။ ကိုယ့်ဟာနဲ့ကိုယ် ပိတ်လိုက်လို့လည်း ရတယ်။ မိသားစုအတွက် ကာကွယ်ဆေးထိုးဖို့လည်း အရေးကြီးတယ်နော်။ ကိုယ့်ပါးစပ်မှာ ပေါက်တဲ့ ဘက်တီးရီးယားကြောင့်လည်း နှလုံးရောဂါရနိုင်တာပဲ။ ကျနော် အသက်(၁၄)နှစ်အရွယ်တုန်းက သွေးလမ်းကြောင်းပိတ်ဆို့မှု ဖြစ်ခဲ့တယ်။ အဲ့မှာ သွေးခဲလေးတွေ ၂၀ လောက်ကို ရှိတာပါ။ ကျနော်ကို အသေသတ်နိုင်မဲ့ဟာချည်းပါပဲ။ အဲ့တုန်းကလည်း ဆေးပညာဆိုတာ နည်းနည်းပဲ သိရသေးတာပါ။ ဒါကြောင့် သက်ရှည်ကျန်းမာစေဖို့ အစားအသောက်ကိုလည်း ဂရုစိုက်ကြပါ၊ လေ့ကျင့်ခန်းကို မှန်မှန်လုပ်ကြပါ၊ မကောင်းတဲ့ အကျင့်တွေကို စွန့်ပစ်ကြပါ၊ ကာကွယ်ဆေးကို ထိုးကြပါ။ (ဒါက အမေရိကမှာ အသက်ရှည်စွာ အနာမဲ့ရေးအတွက် ပြောတာပါ၊ ကွမ်းစားတာကို ဆန့်ကျင်ချင်ပုံ ရတယ်)

ဒီအချိန်မှာ ကျနော်တို့ ရင်ခုန်ရမဲ့အချိန်ပါ။ (သူက မြန်မာပြည်အကြောင်းကို ပြောမလားလို့၊ မပြောပါ) ကျနော်တို့ သမ္မတတစ်ယောက်ကို ရွေးချယ်ရပါတော့မယ်။ ဒွန်နယ်ထရွမ် ဖြစ်မလား၊ ပထမဆုံးအမျိုးသမီးသမ္မတတစ်ယောက် ရမလား။ အင်္ဂလိပ်စာကိုတော့ လေ့လာရမယ်။ ဒါမှ နိုင်ငံသားအဖြစ်ကို ဖြေတဲ့အခါ အဆင်ပြေမယ်။ ဆိုရှယ်နံပါတ်ကို ရထားတော့ ဟုတ်ပါပြီ။ (၇)နှစ်ကျော်လို့ နိုင်ငံသားအဖြစ်ကို မလျှောက်ထားခဲ့ရင် ပေးထားသမျှ အကျိုးခံစားခွင့်တွေကို ရုပ်သိမ်းပစ်မှာ ဖြစ်တယ်။ ပြည်ထောင်စုတရားသူကြီး Saclia ဆုံးသွားလို့ အသစ်ကို ဘယ်လိုခန့်အပ်မလဲ၊ ဘယ်လိုအတည်ပြုရမလဲ ဒါတွေ ရှိတယ်။ ပြီးခဲ့တဲ့ အခါတုန်းက တရားသူကြီးတစ်ယောက်က judge တစ်ယောက် ဖြစ်နိုင်တဲ့အရည်အချင်းရှိရက်သားနဲ့ ဆေးခြောက်သုံးဖူးလို့ ပယ်ချခဲ့ရတယ်။ ဒီမှာ နိုင်ငံသားဖြစ်ချင်ရင် မူးမူးနဲ့ ကားမမောင်းကြပါနဲ့၊ ရာဇဝတ်မှုကို မကျူးလွန်မိကြစေနဲ့။ မှားခဲ့တာ ရှိရင် အဲ့မှာ အကုန်ပြောရတယ်၊ အခု အဲ့လို မဆိုးတော့ဘူး၊ လူကောင်းဖြစ်နေပြီလို့ သက်သေပြနိုင်မှ ရမယ်။ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ပြသနိုင်ရမယ်။ အနည်းဆုံးကတော့ နိုင်ငံသားဖြစ်တဲ့အထိ သည်းခံပေးကြပါ။ (ဒါတွေက မြန်မာတွေရဲ့ အကျင့်ကို ကောင်းကောင်းသိထားလို့ အခွင့်ကြုံတုန်း ဆုံးမသွားတာပါ)
မြန်မာတိုင်းရင်းသားအချင်းချင်း အခုလို ပူးပေါင်းဆောင်ရွက်ကြတာကို ဝမ်းသာတယ်။ စုစုရုံးရုံး စည်းစည်းလုံးလုံးနဲ့ ကိုယ့်လူမျိုးကို ကူညီပေးနိုင်တာဟာ အရမ်းကို ကောင်းတယ်၊ ချင်းတွေကတော့ ကက်သိုလစ်ဘုရားရှိခိုးကျောင်းတစ်ကျောင်းကို ဝယ်နိုင်ခဲ့ပြီ။ အခြားအိမ်ယာများကိုလည်း သူတို့ရှာနေကြတုန်းပဲ။ ဗုဒ္ဓဘာသာကျောင်းတစ်ကျောင်းကို (ရိုဟင်ဂျာ)တွေက ဗလီအဖြစ် အသုံးပြုပြီး အင်္ဂလိပ်လို ဗလီတက်ကြတယ်။ (ဘယ်နေရာလည်း မသိ) ဂျူးဘုရားရှိခိုးကျောင်း Synagogue က ခရစ်ယာန်ဘုရားရှိခိုးကျောင်းဖြစ်လိုဖြစ်နဲ့။ မကြာခင်က WUM နားက လူသာရင်ဘုရားရှိခိုးကျောင်းတစ်ကြောင်းဟာ မွတ်စလင်တို့ရဲ့ ဗလီဖြစ်သွားပါတယ်။ အခု ဗုဒ္ဓဘာသာတွေကလည်း နေရာရှာနေကြတယ်။ (ဘယ်ဗလီကမှ အခြားဘာသာဝင်တွေရဲ့ ကျောင်းဖြစ်မသွားပါ၊ ဒါပေမဲ့ ဒီနေရာမှာ သူက ဘာသာရေးယှက်နွယ်မှုကိုပဲ အဓိကပြောလိုရင်းပါ၊ အမေရိကန်မှာ ဘာသာရေးအရ သည်းခံမှုတွေ အားကောင်းတယ်လို့ သူပြောလိုရင်းပါ)

အေးတဲ့ဒေသမှာ နေတတ်ဖို့လည်း ပြင်ဆင်ရပါအုံးမယ်။ ကားတစ်စီးကို ဝယ်ပြီး နှင်းတောထဲ မောင်းတတ်သလို အိမ်တစ်လုံးကို ဝယ်ပြီး ဆောင်းရာသီမှာ ဘယ်လိုထိန်းသိမ်းရမလဲ သိထားရမယ်။ လာအိုစင်တာမှာ ဘာဖြစ်သွားသလဲ ကြည့်ကြပါ။ သူတို့က လျပ်စစ်မီတာခ မပေးဘူး၊ မီးဖိုက သေတယ်၊ ပိုက်တွေမှာ ရေခဲကုန်တယ်၊ အဆောက်အဦက သုံးလို့မရတော့ဘူး။ အေးပေါ့လေ ဒါတွေက ဖြစ်လေ့ဖြစ်ထရှိပါတယ်။ နည်းနည်းလေးပေါ့။ မြတ်ဗုဒ္ဓက သက်တော် (၃၅)နှစ်မှာ ဘုရားဖြစ်ပြီးတော့ (၄၅)ဝါတိုင်တိုင် လူတွေကို ကူညီပေးခဲ့တယ်။ သူက အစာအဆိပ်သင့်လို့ ပရိနိဗ္ဗာန်စံတော်မူရတာ ဖြစ်တယ်။ မက္ကစီကန်တွေရဲ့ Chipotle အကင်ဆိုင်တွေဟာ အခု ကျန်းမာရေးအရ ပြဿနာ ဖြစ်လာတယ်။ အစားအသောက်တွေကို သေချာမပြင်ဘူး။ သူတို့ဆိုင်တွေမှာ အစားအသောက်တွေကို ရေခဲသေတ္တာထဲ မထည့်ဘဲ မီးဖိုချောင်မှာပဲ ဒီအတိုင်း ထားထားတာကို ကိုယ်တိုင် မြင်ဖူးပါတယ်။ အစားအသောက်တွေကို ရေခဲသေတ္တာထဲ ထည့်ပြီး ထားဖို့ မမေ့ကြပါနဲ့။ ဆေးရုံဆိုတာ ခဏခဏ သွားရမဲ့နေရာမဟုတ်ဘူး။ (သူက မိမိတို့ဆီမှာ အနေအထိုင်၊ အစားအသောက်ကြမ်းနေတာကိုလည်း သွယ်ဝိုက်ပြီး ပြောသွားတာပါ)

ဒီအကြောင်းတွေကို ပြောခွင့်ရလို့ အများကြီး ကျေးဇူးတင်တယ်။ ဒီကလူတွေရဲ့ ဘဝအထွေထွေကို လေ့လာခွင့်ရလို့လည်း ကျေးဇူးတင်ပါတယ်။ ဒီမှာ ပြောခဲ့တဲ့အချက်တွေကို အခြေတည်ပြီး နောင်နှစ် ဒီအချိန်မှာ ကျနော်တို့ အောင်မြင်အောင် ဘယ်လောက်လုပ်နိုင်ခဲ့လဲ သတင်းကောင်း ဖလှယ်နိုင်ကြဖို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေးစနစ်သစ်နဲ့ ဖွံ့ဖြိုးတိုးတက်လာဖို့ ဆုတောင်းပေးပါတယ်။ မင်းတို့ထဲက အချို့ကို မြန်မာအစိုးရက ဖိတ်ပြီး ကူညီခိုင်းဖို့လည်း ရှိချင်ရှိမယ် (သူက မအလအကြောင်း သိပုံမရ)။ ဗုဒ္ဓနဲ့ ယေရှူတို့ဟာ စံပြပုဂ္ဂိုလ်တွေပါ။ သူတို့လို နေထိုင်ကြပါ။ ကျနော်တို့ဟာလည်းပဲ ကျနော်တို့သားသမီးတွေရဲ့ စံပြပုဂ္ဂိုလ်တွေ ဖြစ်ဖို့ လိုတယ်။ လောလောဆယ် Irene Nunuk ကို ဂုဏ်ပြုချင်ပါတယ်။ သူက ဘုန်းတော်ကြီး Charles ရဲ့ ညီမ ဖြစ်တယ်။ အခု ဆေးဘွဲ့ရထားပြီး MLC ဘုတ်အဖွဲ့ကို ဦးဆောင်တော့မှာပါ။ Froedert ဆေးရုံက ဆရာဝန်တွေက ကျနော်မှာ ရှိနေတဲ့ ကင်ဆာဆဲလ်အတော်များများကို ဖယ်ထုတ်ခဲ့ကြပါတယ်။ အခု ရေဒီယိုဓာတ်ပညာရှင်တွေက ကျနော်အသည်းမှာ ပုန်းနေတဲ့ ကင်ဆာဆဲလ်တွေဟာ အကြိတ်ကလေးတွေ ဖြစ်လာအောင်၊ ဝမ်းလျှောအောင် လုပ်နေကြောင်း သိရလို့ အဲ့ဒါကိုလည်း ကုဖို့ လုပ်နေပါတယ်။ အခုနအကြိတ်တွေဆီ သွားမဲ့ သွေးလွှတ်ကြောတွေကို နေရာရွှေ့လိုက်မလား၊ ဖျက်ဆီးပစ်မလား သူတို့ရွေးကြမှာပါ။ အဲ့လို လုပ်ရင် ကင်ဆာဆဲလ်က အစာမရလို့ သူ့ဟာနဲ့သူ သေသွားမယ်လို့ တွက်ထားတယ်။ တကယ်လို့ သူတို့ကုလို့ အဆင်ပြေရင် နောက်နှစ်လည်း ဒီမှာ ပြန်ဆုံကြတာပေါ့၊ တကယ်လို့ မကုနိုင်ခဲ့ရင် ဒီနေ့ပွဲကို မေတ္တာပွဲ၊ ကရုဏာပွဲတစ်ခုအဖြစ် အမှတ်တရ သိမ်းဆည်းထားမှာပါ။
 — 

Read more »

ပျူစစ်ရင် ပျူပဲ ဖြစ်မယ်၊ မွန်စစ်ရင် မွန်ပဲ ဖြစ်မယ်၊ မြန်မာစစ်ရင် မြန်မာပဲ ဖြစ်မယ်

BY 
U Ravika 
(ဘုန်းတင့်ကျော်အတွက်)
သမိုင်းဝါသနာပါပေမဲ့ သမိုင်းနဲ့ ပတ်သက်လို့ ကင်းကင်းရှင်းရှင်းနေလာတာ (၁၀)နှစ်လောက် ရှိပါပြီ။ ဒါပေမဲ့ အခုတလော ပျူစစ်ရင် မြန်မာလို့ ဘုန်းတင့်ကျော်တို့က ရေးနေခဲ့တော့ ဇဝေဇဝါး ဖြစ်ကုန်ကြတာ အများကြီး တွေ့ရတယ်။ မိမိကတော့ ဘုန်းတင့်ကျော်ရဲ့ အဖေ တက္ကသိုလ်ဘုန်းနိုင်ရဲ့ စာဖတ်ပရိသတ်ပါ။ ဆရာရဲ့ ဝတ္ထုတစ်ပုဒ် ဖြစ်တဲ့ "သာ၍ဝေးရာဆီကိုပါ"ကို အခုထိ ဇာတ်လမ်းဇာတ်ကွက်ပြောပြနိုင်ပါသေးတယ်။ 
ဒါပေမဲ့ မိမိအနေနဲ့ ဘုန်းတင့်ကျော်ရဲ့ ပရိသတ်တော့ မဖြစ်ဘူး။ ဘုန်းတင့်ကျော်ရေးတဲ့ "ပျူစစ်ရင် မြန်မာ"စာအုပ်ဟာ အံ့ဘွယ်ပါပဲ။ လိုရာဆွဲရေးထားတာ သိသာလှပါတယ်။ လှသိန်းထွဋ်ရေးတဲ့ "ဗုဒ္ဓသည် မြန်မာလူမျိုး"စာအုပ်ကိုလည်း ရန်ကုန်မှာ နေတုန်းက တစ်အုပ်ရလို့ ဖတ်ကြည့်ပါတယ်။ သိပ်ပြီးတော့ မဟန်ပါ။ အမေရိကရောက်တော့ မိုက်ကယ်အောင်သွင်ရေးတဲ့ "The Mist of Rāmaññadesa" ကိုလည်း ဖတ်ရပါတယ်။ မိုက်ကယ်အောင်သွင်ကလည်း အောက်မြန်မာနိုင်ငံမှာ ဝါရီရူမင်းဆက်(၁၃)ရာစုမတိုင်ခင်က မွန်နိုင်ငံဆိုတာ မရှိခဲ့ဘူးလို့ ရဲရဲတင်းတင်း ရေးပါတယ်။
ဒီဆရာတွေက အချက်အလက်များကို တန်ဖိုးဖြတ်တဲ့နေရာမှာ အတိုးအဆုတ် လုပ်ပါတယ်။ သုတေသီတစ်ဦးရဲ့ ရေးသားချက်ထဲက မိမိတို့နှစ်သက်ရာအချက်အလက်တွေကိုပဲ ရယူပြီး သမိုင်းအမြင်သစ်ကို ကောက်ချက်ဆွဲကြပါတယ်။ ဥပမာ-မွန်ကျောက်စာဆိုရင် (၆)ရာစုလို့ ပြောသင့်တဲ့နေရာမှာ (၇)ရာစုလို့ ပြောခြင်းမျိုး၊ (၈)ရာစုလို့ ပြောသင့်နေရာမှာ (၁၀)ရာစုလို့ ပြောခြင်းမျိုး၊ (၁၁)ရာစုဆိုရင် (၁၄)ရာစုလို့ ပြောခြင်းမျိုးပါ။ သထုံမှာ တွေ့တဲ့ တြာပ်နဲ့ ပဏ္ဍိတ်ကျောက်စာမှာ ရာဇာဓိရာဇဆိုတဲ့ ဝေါဟာရတစ်ခု တွေ့လို့ ဒါဟာ ရာဇာဓိရာဇ်ဘွဲ့အမည်ဖြစ်လို့ ဒီကျောက်စာဟာ ဝါရီရူနောက်ပိုင်းကျောက်စာဖြစ်တယ်လို့ ကောက်ချက်ဆွဲသလိုမျိုးပါ။ ဒါပေမဲ့ ဒီဆရာကြီးတွေက သတိမထားမိတာက ဒီကျောက်စာမှာပဲ တြိဘုဝနာဒိတျလည်း ပါရှိရာ ပုဂံခေတ် မြန်မာဘုရင်တိုင်းက ဒီဘွဲ့ကို ခံယူထားရှိလို့ ပုဂံဆိုတာလည်း အင်းဝခေတ်မတိုင်မီက မရှိခဲ့ဘူးလို့ ပြောသလို ဖြစ်နေတယ်။
နောက်တစ်ခုမှာ ခေတ်ပြိုင်မှတ်တမ်း ဖြစ်တယ်။ ဒီသမိုင်းဆရာတွေက ပျူတွေဟာ အရှေ့တောင်အာရှတခွင်လုံးကို ပျူပိုင်နက်အဖြစ် သတ်မှတ်ကြတယ်။ ဒီတော့ ဆိုင်ရာနိုင်ငံတွေရဲ့ သမိုင်းမှတ်တမ်းတွေကို သွားကြည့်ရတော့မယ်။ အရှေ့တောင်အာရှမှာ အစဉ်အလာအရ ပျူ၊ မွန်၊ ခမာ၊ ဂျာဗာနဲ့ စမ္ပာတို့ ရှိခဲ့ကြတယ်။ ဒီလူမျိုးတွေဟာ အချင်းချင်းသိခဲ့ကြတယ်။ အင်ဒိုနီရှားကျောက်စာတစ်ချပ်မှာ မွန်ကို ရမေည် လို့ ရေးတယ်။ ခမာကျောက်စာမှာ ရမည်လို့ ရေးတယ်။ သီရိလကာၤသားေတြက "အရမဏိယ်/အရမဏ် လို့ မှတ်တမ်းတင်တယ်။ ရာမညကို ပြောတာပါ။ ပုဂံခေတ်ကျောက်စာမှာ ရ္မေည်လို့ ရေးတယ်။ ဟံသာဝတီခေတ်မှာ ရမန်လို့ ရေးတယ်။ အခု "မန်"လို့ ရေးတယ်။ "မန်"ကို မြန်မာအသံနဲ့ ရေးတော့ "မွန်" ပေါ့။ မွန်တွေက ခမာတွေကို " ကြောမ်"လို့ ခေါ်တယ်။ ဒါဆိုရင် ကြောမ် တွေရဲ့ ခေတ်ကို သွားရှာလို့ ရတယ်။ ခမာရာဇဝင်ထဲကို သွားရှာကြည့်ရမယ်။ ကြောမ်တွေ ကြီးစိုးတဲ့ခေတ်ကို ကြည့်ရမယ်။ နောက်ပြီး မွန်တွေက အင်ဒိုသားတွေကို "ဇဝါ"လို့ ခေါ်တယ်။ ဂျာဗားသားတွေ ခေတ်စားတဲ့အချိန်ပေါ့။ အင်ဒိုမှာ ဂျာဗားကျွန်းရယ်၊ စုမတြာကျွန်းရယ်ဆိုပြီး အင်အားပြိုင်ခဲ့ကြတယ်။ မွန်တွေက ဂျာဗားတွေနဲ့ ဆက်ဆံရေး အရင်ရှိခဲ့လို့ ဒီကျွန်းသားတွေကို "ဇဝါ"လို့ ကျောက်စာမှာ ရေးခဲ့တာပဲပေါ့။ သီရိလကာင်္မှာလည်းပဲ အဲ့လိုပဲ။ မဟာဝံသနဲ့ စူဠဝံသမှာ ပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံတွေက အေဒီ (၁၂)ရာစုအထိ " မြန်မာ"ဆိုတဲ့ အမည်ကို မသိကြသေးဘူး။ (၁၂)ရာစုအဆုံး (၁၃)ရာစုအစမှာ သီရိလကာင်္မှတ်တမ်းမှာ " မြန်မာနိုင်ငံ"ကို မြမ္မာဒေသ လို့ပဲ ရေးခဲ့တယ်။ ဘယ်မှတ်တမ်းမှာမှ ဗြဟ္မဒေသလို့ မရေးပါ။ ရေးခဲ့ရင်လည်း မြမ္မာဒေသနဲ့ ဗြဟ္မဒေသနှစ်ခု တူကြောင်း မနည်းသက်သေပြရမှာ ဖြစ်တယ်။ ဘုန်းတင့်ကျော် ပေးတဲ့ ဖော်မြူလာအရ "သရေခေတ္တရာ"ကို " ပြည်"မြို့ဆိုပါတယ်။ အဲဒီပြည်ကို အင်္ဂလိပ်လို ပေါင်းရင် "prome" ဆိုပဲ။ ဒီ "Prome "ဟာ " ဗြမ်"ကိုပဲ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပြည်ဟာ ဗမာပိုင် ဖြစ်သွားတယ်။ ဗမာက ဗြဟ္မာက ဆင်းသက်လာသကိုး။ အမှန်မှာ အင်္ဂလိပ်တွေက မွန်တွေဆီက Prome ဆိုတဲ့ စကားလုံးကို ရသွားတာ ဖြစ်တယ်။ အဲ့မြို့ကို ဗမာတွေဆီက အရင်ကြားခဲ့ရင် "Pyay" လို့ ပေါင်းမှာပေါ့။ မွန်တွေဟာ ပြည်ကို ပါးစပ်မပိတ်ဘဲ ပြောပါတယ်။ " ပြည်"အတိုင်း ဖတ်တာပဲ။
နောက်ပြောစရာရှိတာက ဘာသာဗေဒအရပါ။ လူမျိုးတစ်မျိုးနဲ့ ကူးလူးဆက်နွှယ်မှုကို သိချင်ရင် စကားကို ကြည့်ရတယ်။ ဘယ်သူက ဘယ်သူ့ဆီက စကားကို ငှားသုံးခဲ့ရပါသလဲ။ ပုဂံခေတ်ကို ကြည့်ရင် မြန်မာတွေက မွန်တွေဆီက အသုံးအနှုန်းအတော်များများကို ယူသုံးခဲ့ကြတယ်။ ပင်လယ်နဲ့ ပတ်သက်တဲ့ ဝေါဟာရတွေအများအပြားကို ယူသုံးခဲ့ရပါတယ်။ အင်းဝခေတ်ကျတော့ မွန်တွေက ဗမာတွေဆီက ဝေါဟာရပေါင်းမြောက်မြားစွာကို ယူသုံးခဲ့ပါတယ်။ ဒါဟာ မွန်နဲ့ မြန်မာကူးလူးဆက်နွှယ်မှုကို မွန်မြန်မာစာပေပေါင်းကူးနဲ့ ယှဉ်ကြည့်တာပါ။ မွန်တွေကလည်း အဲ့လိုပဲ။ ဘယ်လူမျိုးနဲ့ အစဦးဆုံး တွေ့ခဲ့ရသလဲ သိချင်ရင် သူ့စကားကို ကြည့်ကြည့်ပေါ့။ မွန်စကားထဲမှာ မလေးစကားတွေ ပါနေတယ်၊ ဌာနေတိုင်းရင်းသားစကားတွေကို တွေ့ရတယ်။ ဥပမာ-မွန်တွေက "စပုင်"ကို ထမင်းစားတယ်လို့ ပြောတာပါ။ ဒါပေမဲ့ အဲဒါကို "ဟာပ်ပုင်"လို့လည်း ခေါ်တယ်။ "ဟာပ်"ကို ဒီနေ့အထိ ပလောင်တွေ သုံးနေကြတုန်းပဲ ထင်တယ်။ နောက်ပြီး "အဲ"ဆိုရင် " ကျနော်/ကျမ" ပေါ့။ "ဇကု" "ဟကု"ဆိုရင်လည်း "ကျနော်/ကျမ"ကို ရတာပါပဲ။ အခု မလေးစကားမှာ "အကု"လို့ ပြောတယ်ထင်ပါရဲ့။ ခမာနဲ့ ဝေါဟာရတူတာ၊ ဟိုဗီယက်နာမ်တောင်ပိုင်းမှာ နံပါတ်ရေတွက်ပုံချင်းတူတာ၊ ဟိုအိန္ဒိယရှိ ခါဆီတွေနဲ့ တူတာတွေဟာ အထူးလေ့လာသင့်တယ်။ ခါဆီဆိုတာ "ပါဠိစာပေ"မှာ ပါတဲ့ "ကာသိ"တိုင်းပါပဲ။ "ကာသိ"တိုင်းဆိုတာနဲ့ ဗာရဏသီကို ပြေးမြင်မိကြမှာပဲ။ ဒီတော့ အရင်တုန်းက ဒီလူမျိုးတွေဟာ အတူတူနေခဲ့ကြဖူးတယ်၊ ပေါင်းသင်းဆက်ဆံဖူးကြတယ်ဆိုတာ သက်သေတွေပေါ့။ နယ်မြေချင်းလည်း ဆက်စပ်နေခဲ့သကိုး။ "မွန်တွေ သုံးတဲ့ ဟူရာ/ဟောရ စတဲ့ အသုံးအနှုန်းကတော့ ဂရိစကားပါ။ အစာဟူရာဆိုရင် "အချိန်ကို ကြည့်ပြီး ဗေဒင်ဟောစားတဲ့ လူတန်းစားတစ်ရပ်" ပေါ့။ "အရက်"ဆိုရင် အာရပ်စကားပါပဲ။ မွန်၊ ပျူ၊ မြန်မာတို့ကြားမှာ ဒီဘာသာဗေဒအရ ဆက်နွှယ်မှုနဲ့ ပြန့်ကြဲနေတဲ့ ဒေသတွေကို အကဲဖြတ်လိုက်ရင် ဒီလူမျိုး(၃)မျိုးရဲ့ အနေအထားကို ခန့်မှန်းလို့ ရကြမှာပါ။
နောက်တစ်ခု အက္ခရာစာအရေးအသားပါ။ အခုခေတ်သစ်သမိုင်းဆရာတွေက မြန်မာအက္ခရာကို ပျူအက္ခရာကနေ ဆင်းသက်လာတယ်လို့ ယူဆချင်ကြပါတယ်။ အချို့ကတော့ ဗြဟ္မီအက္ခရာကနေ ဆင်းသက်လာကြောင်း ဆိုကြပါတယ်။ အဓိပ္ပါယ်ကတော့ မြန်မာတွေက နဂိုကတည်းက ဒီမှာပဲ နေခဲ့ကြပြီး ဗြဟ္မီကို ကိုယ့်ဟာနဲ့ကိုယ် ယူသုံးခဲ့တယ်လို့ ဆိုလိုရာရောက်ပါတယ်။ ဒီအချက်ဟာ အင်မတန်မှ ဒုံးဝေးပါတယ်။ ဒီအဆိုကို အတည်ပြုဖို့ ရာဇကုမာရ်ကျောက်စာကိုလည်း ဖျက်ပစ်ရပါ့မယ်။ မကြာခင်က တွေ့ရှိခဲ့တဲ့ စောလူမင်းကျောက်စာကိုလည်း ပယ်ဖျက်ရပ့ါမယ်။ ပျူတွေဟာ သူ့စာကို ရေးတဲ့အခါ ကဒမ္ဗအက္ခရာကို သုံးပါတယ်။ ဒါပေမဲ့ ပါဠိကို ရေးတဲ့အခါ ပလ္လဝအက္ခရာကို ယူသုံးပါတယ်။ ဒီနေရာမှာ မေးရမှာက ပျူတွေက ဗုဒ္ဓဘာသာကျမ်းဂန်များကို ဘာကြောင့် မွန်တို့သုံးတဲ့ ပလ္လဝအက္ခရာနဲ့ ရေးရတာပဲဆိုတာပါပဲ။ မြန်မာတွေကကော တစ်ချိန်ထဲမှာ အက္ခရာနှစ်မျိုးကို သုံးခဲ့ပါသလား။ ပုဂံခေတ်ဆိုတာ နှစ်ပေါင်း(၃၀၀)နီးပါး တည်တံ့ခဲ့တာ ဖြစ်တယ်။ မြန်မာစာကိုရော ပါဠိစာကိုပါ လက်ရှိမြန်မာ့အက္ခရာကိုပဲ သုံးခဲ့ပါတယ်။ မွန်၊ ခမာ၊ ဂျာဗားသားတွေက ပလ္လဝအက္ခရာကိုပဲ သုံးခဲ့ကြတာပါ။ ကဒမ္ဗနဲ့ ပလ္လဝဆိုတာ ဗြဟ္မီအက္ခရာကနေ ဆင်းသက်လာတဲ့ အက္ခရာတွေပေါ့။ အဲ့လိုပဲ အခု မွန်မြန်မာအက္ခရာနဲ့ ခမာအက္ခရာတွေဟာ ပလ္လဝအက္ခရာကနေ ဆင်းသက်လာတာပေါ့။ အဆင့်ဆင့် ရေးလာကြတော့ အခုအချိန်မှာဆို ပုံစံက မတူကြတော့ဘူးပေါ့။ ဒီတော့ မြန်မာပြည်မှာ ဗြဟ္မီအက္ခရာကို တွေ့တယ်၊ ဗြဟ္မဆိုတာ ဗမာပဲလို့ သွားပြောလို့ မဖြစ်ဘူး။ ဗမာဆိုတဲ့ အမည်ကို အင်းဝခေတ်ကျမှပဲ တွေ့ရတဲ့အမည်တစ်ခု ဖြစ်တယ်။ ဒီတော့ ဒီနိုင်ငံမှာ ဗြဟ္မီအက္ခရာကို တွေ့ရတယ်ဆိုခဲ့ရင် အခု အင်္ဂလိပ်အက္ခရာကို ဒီမှာ တွေ့နေရသလိုမျိုးပဲလို့ သတ်မှတ်ရမှာ ဖြစ်တယ်။ ဒီအက္ခရာကို ချင်းတွေမှာ တွေ့မယ်၊ ကချင်တွေမှာ တွေ့မယ်။ အခြားလူမျိုးတွေမှာ နည်းနည်းပါးပါး တွေ့ရမယ်။ အင်္ဂလိပ်အက္ခရာကို ကချင်ပိုင် လုပ်လို့ မရဘူး။ အင်မတန်မှ ရှင်းပါတယ်။
နောက်ပြီး ဗုဒ္ဓဘာသာပြန့်ပွားမှုကို ပြောမယ်။ အနော်ရထာမတိုင်မီက အထက်မြန်မာပြည်မှာ ဗုဒ္ဓဘာသာမထွန်းကားခဲ့ဘူးလို့ မရေးဘူး။ သရေခေတ္တရာမှာ ဗုဒ္ဓဘာသာ ထွန်းကားလွန်းလို့ ငါးပါးသီလ အလွန်အကျွံ ဆောက်တည်ကြပြီး အချင်းချင်းမညီညွတ်ကြလို့ တိုင်းပြည်ပါ ဆုံးရှုံးသွားရတာ ဖြစ်တယ်။ ဒါပေမဲ့ ပျူနေရာမှာ အစားထိုးဝင်လာတဲ့ မြန်မာတွေက ထေရဝါဒဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်တဲ့လူမျိုးလား၊ မဟာယာနဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်တဲ့လူမျိုးလား စိစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။ အဲ့လိုစိစစ်လိုက်တဲ့အခါမှာ မြန်မာတွေ သုံးတဲ့ အရပ်လေးမျက်နှာကို အရင်ကြည့်ရအောင်ပါ။ အရှေ့ဆိုတာ ကိုယ့်မျက်နှာမူရာ၊ အနောက်ဆိုရင် ကိုယ့်နောက်၊ တောင်ဆိုရင် တောင်တန်းပြာ၊ မြောက်ဆိုရင် " မြစ်အောက်"လို့ အဓိပ္ပါယ်ရတယ်။ ဒါဟာ ဇီချွမ်ဒေသမှာ ရှိတဲ့ နယ်မြေတစ်ခုကို ညွန်းနေတယ်။ မြစ်ချောင်းတွေကို ကြည့်ပေါ့။ အနောက်ကို စီးဆင်းမယ်၊ အရှေ့ကို စီးဆင်းတယ်၊ တောင်ကို စီးဆင်းမယ်။ မြောက်ဘက်ကို စီးဆင်းတာ နည်းတယ်။ အထူးသဖြင့် တရုတ်ပြည်၊ အိန္ဒိယပြည်နဲ့ အရှေ့တောင်အာရှမှာပေါ့လေ။ ဒါပေမဲ့ မြန်မာတို့ရဲ့ မူရင်းဒေသမှာ တောင်က တောင်ဘက်မှာ၊ မြစ်က မြောက်ဘက်ကို စီးဆင်းနေတာကို တွေ့ရပါ့မယ်။ အဲ့ဒေသမှာ အရင်က တိဗက်လူမျိုးတွေ အကြီးအကျယ် အခြေချခဲ့တဲ့နေရာပါပဲ။ မြန်မာတို့စကားထဲမှာလည်းပဲ တိဗက်စကားတွေ ရောနေတာကို ငြင်းလို့ မရပါ။ ဥပမာ " စောင်း"လိုဟာမျိုးတွေပေါ့။ ဒီတော့ ဘုန်းတင့်ကျော်တို့က မြန်မာတွေဟာ တိဗက်ကနေ ဆင်းသက်လာတာ မဟုတ်ဘူးလို့ ဘယ်လောက်ပဲငြင်းငြင်း စကားပြောရင် ဇာတိပြပါလိမ့်မယ်။ ဒီတော့ ဒီဒေသကို လေ့လာကြည့်ရင်လည်း ပန်းဦးလွှတ်တဲ့ ဓလေ့ကို တွေ့နိုင်ပါတယ်။ ဒီဓလေ့က သမိတိယဂိုဏ်းက ဆင်းသက်လာတာပါ။ ဒီဂိုဏ်းက အစမှာ သဘောကောင်းနဲ့ လုပ်ခဲ့တာပါ။ ဒီဂိုဏ်းအယူအဆကို လေ့လာလို့ ရပါတယ်။ သူတို့က လင်မဲ့မိန်းမများဟာ ရာဂထကြွတဲ့အခါ အင်မတန်မှ သနားစရာကောင်းကြောင်း၊ မာတုဂါမတွေကို ရာဂနဲ့မဟုတ်ဘဲ သနားကရုဏာနဲ့ မေထုန်ကို စပ်ယှက်ရင် ပါရာဇိက မကျဘူးလို့ ယူဆကြပါတယ်။ ဒီဓလေ့က တိဗက်ကို ရောက်တော့ လူဝင်စားဓလေ့ ဖြစ်လာတယ်။ ရဟန်းတစ်ပါးက အမျိုးသမီးတစ်ယောက်ကို အုပ်ပါက မရုန်းရဘူး။ ဒါဟာ ဘုရားဗီဇပေးတာ ဖြစ်တယ်လို့ ယုံကြည်ကြတာကိုး။ စီချွမ်နယ်ရောက်တော အိမ်ထောင်ပြုတော့မဲ့ အမျိုးသမီးတစ်ယောက်ဟာ ဘုန်းကြီးကျောင်းကို လာပြီး ကိုယ်နှစ်သက်ရာ ရဟန်းတစ်ပါးကို ပန်းဦ်းလွှတ်လို့ ရတယ်။ ဒီဓလေ့ကပဲ မြန်မာတွေနဲ့အတူ ပုဂံကို ရောက်လာတော့ ဆရာတော်ကိုအစ ကပ္ပိယကိုအဆုံး (၇)ညတိုင်တိုင် ပန်းဦးလွှတ်ရတယ်။ ပန်းဦးလွှတ်တယ်ဆိုကတည်းက ဒီဘက်ခေတ်က အသုံးအနှုန်းမဟုတ်ဘူး။ အခုခေတ်ဆို လွှတ်တယ်လို့ သိပ်မသုံးကြဘူး။ လှူတယ်လို့ ပြောကြတယ်။ ပုဂံခေတ်ကတော့ လှူတာကို လွှတ်တယ်လို့ ပြောတယ်။ အချို့ဘုန်းတော်ကြီးများကတော့ " ကျောင်းလွှတ်ပွဲ"လို့ ဆိုင်ပုဒ်တင်နေကြတုန်းပါ။ ဒီတော့ ရှင်းပါတယ်။ ပျူတွေဟာ ထေရဝါဒဗုဒ္ဓဘာသာ ဖြစ်ဖို့များတယ်။ ရှေးဦးမြန်မာတွေဟာ မဟာယာနဗုဒ္ဓဘာသာ ဖြစ်ဖို့များတယ်။ ပုဂံမှာ ဗုဒ္ဓဘာသာမထွန်းကားသေးဆိုတာ ထေရဝါဒဗုဒ္ဓဘာသာကို ရည်ရွယ်တာ ဖြစ်ပါလိမ့်မယ်။ ပုဂံမှာ နတ်နဂါးကို ကိုးကွယ်ကြတယ်ဆိုကတည်း အထက်မြန်မာပြည်မှာ ပျူတွေပဲ နေကြတာမဟုတ်ဘဲ ပလောင်တို့၊ မွန်တို့၊ ပအိုဝ်းတို့လည်း ရှိနေကြမှာပဲ။ ဘာဖြစ်လဲဆိုရင် ဒီလူမျိုး(၃)မျိုးတို့က နတ်နဂါးကို ကိုးကွယ်လာခဲ့ကြသကိုး။
နောက်ပြီး ပျူအရိုးအိုးကိစ္စကို နည်းနည်းစောဒက တက်ပါအုံးမယ်။ အရိုးပြာအိုးတွေ့တိုင်း ပျူလို့ သတ်မှတ်နေခြင်းမှာ ဦးနေဝင်းလက်ထက်က နားလည်မှုလွဲမှားခဲ့ခြင်းဖြစ်တယ်။ မြန်မာနိုင်ငံသမိုင်းကို ပျူနဲ့ မြန်မာလောက်ပဲ အချိန်သတ်မှတ်ချက် ပေးခဲ့ကြလို့ပါပဲ။ ပုဂံနဲ့ ပုဂံနောက်ပိုင်းကို မြန်မာလို့ သတ်မှတ်ခဲ့ကြပြီး ပုဂံမတိုင်မီက ရှေးဟောင်းပစ္စည်းများကိုကျတော့ ပျူခေတ်လို့ သတ်မှတ်လေ့ ရှိပါတယ်။ ပျူခေတ်ကဆိုလို့ ပျူပိုင်တွေ ဖြစ်တယ်လို့ အခုခေတ်လူတွေက မှောက်မှောက်မှားမှား ယူဆလိုက်ကြခြင်းဖြစ်တယ်။ အမှန်မှာ မြန်မာနိုင်ငံသမိုင်းကို လေ့လာခဲ့ရင် ပျူနဲ့မြန်မာလောက်ကိုပဲ ခေတ်ကာလသတ်မှတ်လို့ မရပါ။ အနည်းဆုံး မွန်နဲ့ရခိုင်အတွက်လည်း စဉ်းစားပေးသင့်ပါတယ်။ ဒါ သဘောရိုးနဲ့ ပြောတာပါ။ အတော်များများက သမိုင်းအချက်အလက်ကို တရုတ်တွေဆီက ရယူကြပါတယ်။ တရုတ်မှတ်တမ်းကို ရယူပြီး မွန်သမိုင်းကို ရေးရင် "တွန်ဆွန်" နိုင်ငံအကြောင်းကို ပြောချင်ပါတယ်။ နိုင်ငံ(၅)ခုကို ပေါင်းစုထားတဲ့ နိုင်ငံတစ်ခုပေါ့။ တွန်-နိုင်ငံ၊ ဆွန် -ငါး = တွန်ဆန် ငါးနိုင်ငံပြည်ထောင်လို့ ခေါ်တယ်။ ဒီနိုင်ငံမှာ အိုးကို ထုတ်လုပ်ကြကြောင်းဆိုပဲ။ သာရေးနာရေးအတွက် ဆောင်ရွက်ဖို့ ဗြဟ္မဏလူတန်းစားတစ်ရပ်လည်း ရှိကြောင်း ဆိုပါတယ်။ ဒီဗြဟ္မဏတွေဟာ နေ့တိုင်း အိုး(၅)အိုးနဲ့ ဗိဿနိုး၊ မဟာဗြဟ္မာနဲ့ သျှီဝတို့ကို ပူဇော်ရကြောင်း ဆိုပါတယ်။ မွန်တွေမှာ အခုအချိန်ထိပါပဲ။ အိမ်ဆောက်မှုလုပ်ငန်းတွေမှာ ဟိန္ဒူအယူအဆအရ ဆောက်လုပ်ကြပါတယ်။ အိမ်ကို ပြီးအောင် ဆောက်ပြီးမှ ဗုဒ္ဓဘာသာရဟန်းတွေအတွက် နေရာရတာပါ။ ပုဂံနန်းတော်ကို တည်ဆောက်တုန်းကလည်း ကျောက်စာကို ပြန်လေ့လာကြည့်ပါ။ ဟိန္ဒူဓလေ့တွေချည်းပဲ များပါတယ်။ ဒီတော့ ဒီနိုင်ငံတွေမှာ အရိုးပြာ၊ ဟိန္ဒူဘုရား၊ ဗုဒ္ဓရုပ်ပွားတွေကို အများအပြားတွေ့မြင်နေရတာဟာ ဘာမှအထူးအဆန်း မဟုတ်တော့ပါ။
ဒါကြောင့် မိမိက ဒီမှာ ပြောချင်ပါတယ်။ ပျူဟာ ပျူသက်သက်ပါ။ မြန်မာဟာ မြန်မာသက်သက်ပါ။ မွန်ဟာ မွန်သက်သက်ပါ။ အမျိုးသားကြန်အင်လက္ခဏာအရ ပျူစစ်ရင် ပျူပဲ ဖြစ်ရမယ်။ မွန်စစ်ရင်လည်း မွန်ပဲ ဖြစ်ရမယ်။ မြန်မာစစ်ရင်လည်း မြန်မာပဲ ဖြစ်ရမယ်။ 
မှတ်ချက်-နိုင်ငံရေးကိစ္စ အရေးကြီးနေချိန်မို့ အကျယ်တဝင့် ဆွေးနွေးမှာ မဟုတ်ပါ။

Read more »

Saturday, February 27, 2016

Protest in Kachin City against attack of Anti drug

RFA Myanmar news TV Update on 27 february 2016, Ac

Read more »

Antidrug Activists Injured in Ambushes in Myanmar’s Kachin State

http://www.rfa.org/english/news/myanmar/antidrug-activists-injured-in-myanmars-kachin-state-02252016164429.html


2016-02-25
Email story
Comment on this story
Share story
Print story
myanmar-wounded-pat-jasan-activist-feb25-2016.JPG
An injured member of the Pat Jasan antidrug activist group arrives at a hospital in Myitkyina, capital of northern Myanmar's Kachin state, Feb. 25, 2016.
 RFA
More than 30 antidrug activists were injured Thursday in three attacks by unknown armed assailants in northern Myanmar’s Kachin state, as they attempted to destroy opium poppy fields, a local lawmaker, a medical official and an activist said.

Assisted by police, about 26 teams of locals and members of the antidrug, Christian Pat Jasan group were clearing fields in the Kanpaiktee and Sadon areas as part of a poppy eradication campaign unpopular among those who profit from the multibillion-dollar trade, when they were ambushed, said Lagan Zai Jung, a lawmaker representing Kachin state’s Waingmaw constituency.

“Some villagers said they were attacked with landmines along the way,” he told RFA’s Myanmar Service. “Some vehicles were damaged. The group was shot at with automatic weapons.”

Attackers armed with guns, machetes, grenades and slingshots, targeted the teams as they made their way to fields near Htan Mo Kham and Sinjiang villages in Waingmaw township, said Lameng Guan Gyar, a Pat Jasan member. The assailants also burned some of the group’s cars.

Of the 30 people wounded, 29 ended up in the hospital, said medical superintendent  Aung Ngwe Zan.

Eleven of the 29 are currently in the surgical ward, while the rest are in the orthopedic and emergency wards, he told RFA’s Myanmar Service.

“One person had wounds in the abdomen, and another on the shoulders,” he said. “How bad they are will be determined soon after checking their ultrasound results. We’ll then decide whether they should undergo operations.”

Tu Raw, a leader of the Pat Jasan group, suggested that the attackers, who used semi-automatic weapons and remote-controlled mines, were government or local militia forces.

“The weapons used in the attacks are those normally used by groups/organizations permitted by the state, and the area is under the control of the Tatmadaw [Myanmar’s defense forces], border guards and militias. There are no other groups, and so there is no doubt about these weapons.”

The Pat Jasan group, formed two years ago and made up of mostly ethnic Kachin members with ties to the Kachin Baptist Church, received permission to resume its drug eradication campaign in the Waingmaw area on Feb. 23 after a weeklong standoff with state authorities over security concerns.

Farmers, local militias and corrupt government officials who profit from opium and heroin sales oppose the group’s activities.

Myanmar is the world's second-biggest producer of opium after Afghanistan, and most of its poppies, which are used for opium and heroin, are grown in Kachin and Shan states. It is also a producer of methamphetamines commonly sold as Yaba tablets.

Antidrug motion passed

Myanmar’s lower house parliament on Thursday passed an emergency motion submitted by Lagan Zai Jung for the government to encourage and support public participation in drug eradication campaigns.

“Parliament has approved the proposal today, and so further steps will come to officially urge the government to take stronger measures,” he said.

Twenty-three lawmakers, including three military members of parliament (MPs), discussed the proposal, despite no-shows by government ministers or their representatives who were supposed to participate in the deliberations.

Among the 13 government ministries invited to attend the session were defense, home affairs, border affairs, agriculture and the investment commission.

Nevertheless, the motion passed with 357 votes for, 10 against, and five abstentions, according to a Myanmar Timesreport.

While some lawmakers have supported the destruction of opium fields in Kachin state by the antidrug activists, military MPs said the Pat Jasan group was illegitimate because it was not a registered organization.

Lieutenant Colonel Thein Htut, a military lawmaker, said during an early February meeting among residents from Maosetung village, the local tactical commander, police officers, village leaders and representatives of opium eradication teams, the village chiefs made it clear that local residents would accept only organizations that had registered with the government, and that they did not want social or religious groups or self-acclaimed drug eradication teams destroying poppy fields.

“Narcotic drugs like heroin and Yaba are being sold openly, as if they were legally approved, in a long row of about 60 huts about only 200 meters (656 feet) from the police station,”  Tin Soe, a lawmaker representing Hpakant constituency in Kachin state, told parliament.

The Pat Jasan Group helped with the July 1, 2015, arrest of Daw Kaing from Longin village, who had been trafficking in the area for about three years, he said.

Police seized from her home 300,000 Yaba tablets, 415 plastic soapboxes of heroin, 600 penicillin bottles of heroin, 2,300 plastic pipes containing heroin and Yaba, two vehicles, and two diaries and notebooks, he said.

“There were many more cases like that,” Tin Soe said.

Making ends meet

But Win Naing, a lawmaker from Mogaung, disagreed, saying that local drug seizures and arrests in parts of Kachin state were insignificant.

“The amount of drugs being seized was disproportionately small compared to the amount being distributed,” he said in parliament. “Among the seizures, there were only eight cases that involved more than one million kyats (U.S. $810) and only six cases that involved less than  10,000 kyats (U.S. $8.11) from which we could say the arrests were very superficial.”

Many villagers have cultivated opium poppies for decades in order to make ends meet, said Saing Gaung Sahein, a lawmaker from Maukme.

“They never made a lot of money, but those with an eye for business took over on a commercial scale,” he said. “These people use modern machinery on a large scale instead of hoes and other small farm implements. They have used modern chemicals and fertilizers to turn it into a big business.”

Lagan Zai Jung, however, said most of the people who work the fields in the Waingmaw area are Chinese with considerable investment potential that allows them to buy farming machinery and install water pipes deep in the jungle to irrigate poppy fields

“Our ethnic people cannot do the production on this scale,” he said. “It seems to be done as a well planned, long-term strategy from their [the Chinese] side.”

Lwin Ko Latt, a lawmaker representing Thanlyin, said the government has a duty to eradicate opium and heroin in the country.

“Destroying these poppy fields to save the country’s image is the responsibility of the government,” he said. “The daily papers said opium cultivation is being done in Waingmaw township which is under government control. Then it must be the negligence of the authorities concerned.”

Pat Jasan has asked the opposition National League for Democracy (NLD) party, which will take over as the ruling government party in about a month, for an official policy of support.

Reported by Win Ko Ko Latt, Kyaw Myo Min, Khin Khin Ei and Zarni Tun for RFA’s Myanmar Service. Translated by Khin Maung Nyane. Written in English by Roseanne Gerin.

Read more »

Today in Myitkyina, Kachin State.(26.02.2016)


Demonstration of Kachin people to protest against .....
-The Burmese Government who doesn't give protection to Pat Ja San and Kachin public.
-The Burmese Military backed BGF(Border Guard Force) of Zahkung Ting Ying who are supporting and giving protection for poppy plantation and poppy farm in Kachinland.
-The BGF who attacked and killed the Kachin Pat Ja San Volenteers.
Two kachin volunteer of Pat Ja San who destroying the poppy plantation and poppy farm ,already killed and 29 seriously injured.

Read more »

တိုင်းရင်းသားတွေ ဘာဖြစ်လို့ လက်နက်ကိုင်ရတာလဲ ဒီဖိုင်လေးကြည့်ရင် ကိုယ်ချင်းစာပါလိမ့်မယ်

တိုင်းရင်းသားတွေ ဘာဖြစ်လို့ လက်နက်ကိုင်ရတာလဲ ဒီဖိုင်လေးကြည့်ရင် ကိုယ်ချင်းစာပါလိမ့်မယ် အဲဒီတပ်မတော်ကြောင့်အဲ့ဒီတိုင်းရင...

Posted by Chin Kachin on Thursday, February 25, 2016

Read more »

တိုင်းရင်းသားတွေ ဘာဖြစ်လို့ လက်နက်ကိုင်ရတာလဲ ဒီဖိုင်လေးကြည့်ရင် ကိုယ်ချင်းစာပါလိမ့်မယ်


တိုင်းရင်းသားတွေ ဘာဖြစ်လို့ လက်နက်ကိုင်ရတာလဲ ဒီဖိုင်လေးကြည့်ရင် ကိုယ်ချင်းစာပါလိမ့်မယ် အဲဒီတပ်မတော်ကြောင့်
အဲ့ဒီတိုင်းရင်းသားတွေက ဗမာဆိုမုန်းနေကြတာ ဆိုတာ
အဲ့ဒီလိုလူမဆနိတဲ့ လုပ်ရပ်တွေကြောင့်ဖြစ်တယ် ။
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့တွင် နမ္မတူမြို့အခြေစိုက် ခလရ (၃၂၄)နှင့် ပန်းဆေးပြည်သူ့စစ်အဖွဲ့တို့ပူးပေါင်းပြီး နမ့်ခမ်းမြို့နယ်၊ မန်းပူးကျေးရွာအုပ်စု၊ စယ်ကင်းကျေးရွာသားများကို လူမဆန်စွာ ရိုက်နှက်နေသည့် ဗီဒီယိုဖိုင်ဖြစ်သည်။
IS တွေထက်ဆိုးတဲ့ အကြမ်းဖက် ဗမာတပ်မတော်နှင့် နယ်ခြားစောင့်တပ်ပေါင်းပြီး တိုင်းရင်းသားတွေအပေါ် ရိုင်းစိုင်းတဲ့အပြုအမူ လူသားတစ်ယောက်ရဲ့ တန်းဖိုးလည်းနားမလည် ဘောင်ဘီတွေချွတ်ခိုင်း တိရစ္ဆာန် သဖွယ်ရိုက်နှက်စောကား တကယ်မိုက်ရိုင်းကြပါလား Credit_ 7news Media

Read more »

Friday, February 26, 2016

STATEMENT OF CONDEMNATION OF BURMESE GOV'T SECURITY FORCES SHOOTING AT CIVILIANS

Myen Asuya a n-pu a BGF hpyen hpung ni mung shawa hpe lak nak hte gasat ai lam, jahkrit shama ai lam hpe tsep kawp n-ra sharawng ai lam hpe Kachin Alliance hku nna statement langai ka shapraw da ga ai lam yawng chye lu na matu shana dat ai. Ndai statement hpe Amerikan Asuya sha n-ga UN hte kaga hpung ni hpe mung shalai shabra sa wa na ga ai.
Ndai zawn rai mung shawa hpe lak nak ni hte hkap gasat jahkrit shama ai majaw marai 33 hkala n-ba hkrum ai lam na lu ai majaw pu gang sin machyi na chying myit n-pyaw ga ai. Hka la n-ba hkrum sai Pat Jasan malawm ni lawan ai hku mai tsai wa lu na matu kyu hpyi myitdum ga ai. Amyu sha ni a matu tinang a hkum asak hpe ap nawng let shakut nga ai Pat Jasan malawm ni yawng hpe Karai Kasang makawp maga bausin ya u ga ngu kyu hpyi ya dat ga ai.
By-Kachin Alliance


Read more »

NGAI MU MADA AI LAM


===================
Myen Asuya gaw laknak hpyen n-gun laba ka-up let naw matut up sha mayu ai majaw manghkang n byin yang byin hkra hkan chying lau nga ai re. Lai wa sai ten na mung shawa hte byin ai manghkang yawng gaw myen asuya wa shingdu kaw na galaw ai sha re.
1.De Pe Yin
2.Rahkai
3.Mik Hti La
4.Lashio
5.Mandalay
6.Lapadawng
7.Kawnghka SRN 2
8.RCSS & TNLA
9.PJS & NDA-K
Ndai manghkang ni a hpang kaw Myen hpyen dap nga ai, De a hpang kaw Miwa asuya hpaji jaw nga ai, Yaw shada ai lam gaw, Federal Democracy mungdan byin na hpe Miwa ni n ra ma ai, Ya march shata hta NLD ni hpe lahpa galai na aten du wa magang manghkang tam aten sharen magang rai wa nga ma ai. Jarit masawn de myen hpyen n-gun mung grau jat shagreng da nga ma ai.
Shingrai ya ngai tsun mayu ai gaw,
1. Zahkung Ting Ying shut ai ngu sa marawn mara tam nga yang Manghkang madu myen hpyen gaw ta hpawk dum di kabu nga na sha re.
2. Zahkung wa hpe gaw manya hpe shingna jahpai ai zawn sumprat hpaji jaw nna jai lang nga ai.
3. Jahtum e mungkan kaw nna myen hpe mara shagun wa jang Kachin hpan Zahkung wa she re nga di mara rut rap rai na hkyen nga ai.
4. Dai majaw, Zahkung wa hpe mara jaw nna jawm n ju nga na malai, Jang makawp maga la di Zinlum la kau yang chyawm me, Myen ni myit mada nga ai sumprat manghkang hten mat na re.
Ya ya gaw tingnang shan tinang gadoi jahpye ai hpa, rai taw nga ai, Makam masham hpung ni hku nna dai ginra hta ningmu jahpaw hkaw tsun hpawng ni shawng galaw zinlum kau ngut jang gaw ya na zawn shada lapran tinang masha hkala nba hkrum na n rai nga ai, lu jasan na re. Dai de na anhte a sai daw sai chyen ni prat tup myit machyi hkat mat ai baw gaw anhte n mai galaw na re.
Ya mung matut nna shanang lung dik dik di yang gaw anhte shada sha machyi hkrum nna, myen ni gaw Awng padang ninglaw nga na sha re.
Sung sung myit yu nna ladat nnan tam ga ngu tang madun dat nngai law.

Read more »

Myen Hpyen Dap A Mahkam Kaba


************************************
Mung shawa Pat Jasan hpung hpe hkap gap gasat ai hta BGF dap ni asan sha shang lawm nga sai lam BGF hpyen hking hte hkrak re hpyen la langai hpe Pat Jasan hpung ni lu kamu rim da sai re. Ya na zawn Pang Wa BGF dap kawn Pat Jasan hpung ni hpe hkap gasat na matu BGF hpyen la (1) hpe ta lang Kai Lang Bom (2) hpra, pala kaji (160) hpra htuk da ya ai re lam na chye lu ai. Ya na zawn laknak n'lang ai mung masha Pat Jasan hpung hpe sinat laknak Bom ni hte hkap gasat ai lam gaw Mung shawa a hpyen majing rai nga ai. 
Ndai lam gaw myen asuya a mahkam kaba rai nga ai, kade nna yang BGF hte P.T.Ts dap ni hpe mara kaba shagun nna yawng dawm zing kau na matu myen asuya gaw hkyen shajin nga sai lam na chye lu ai. BGF hte P.T.Ts dap ni hpe ma hkra laknak dawm kau nna Pang Wa ginra ma hkra hpe myen hpyen ni hkrai yawng madu sha kau na matu PJS hpung ni hpe myen asuya gaw jai lang nga masai. Pang Wa BGF a prat gaw ndai kaw htum sai. 
Wunpawng sha ni galoi she Myen a mahkam hta na lawt lu na kun..........?
By Myutsaw kasa

Read more »

Sai garan chyinglau wahkali latup bang ya ai Hpyen madung hpe madi madun ga

Hkawp Hkungga ai Myusha ningbaw ningla ni hte, Pat Jasan magam gun nga ai ningbaw ni hpang de,
Jinghpaw mung kata Pat Jasan Magam bungli hpe galaw hpang wa ai kaw na daini du hkra Awng dang ai lam law law lu la Sai hpe mu mada ai majaw Myusha ni yawng hte rau kabu n gun lu nngai. Pat Jasan magam bungli hta woi awn nga ai ni, shang lawm magam gun ap nawng Nga ai ni yawng hpe mung na chying Chyeju dum nngai.
Rai yang, ndai laman BGF up hkang ginra de Pat Jasan magam bungli galaw sa wa ai shaloi, Pat Jasan ni a hkrun lam hpe hkum pat ai, Pat Jasan ni hpe ninghkap gasat ai lam ni nga wa sai hte maren, hkala n ba hkrum sai Pat Jasan ni mung law law wa ya ten Myitkyina tsi rung hta tsi tsi hkam la Nga ai lam hpe na chye lu ai.
Ndai zawn Pat Jasan ni hpe hkap ninghkap gasat ai majaw mung shawa masha law law, ya ten Myitkyina na n gun madun ninghkap ai lam hpe mung galaw nga sai lam chye lu ai. Ndai zawn ninghkap n gun madun ai lam hta LADAT jaw ra ai ngu mu mada ai. Ya ten ninghkap n gun madun ai Myusha ni gaw Zahkung Ting Ying hpe Hpyen madung hku myit la le, shi hte Shi a BGF hpe ninghkap ai lam galaw nga ai. 
Kaja nga yang anhte a hpyen madung gaw myen hpyen wa she re hpe dum ra ga ai. Madung gaw myen hpyen wa hpe ninghkap ra ga ai. Zahkung Ting Ying wa hpe Sha mara mu nna ninghkap taw ai rai yang Mungkan kaw na mung anhte Myusha ni shada byin ai manghkang hku nna mu la mat na re. Hpyen madung gaw myen re hpe Mungkan de Htawng madun ra ga ai. Myen hpyen asuya a majaw ya na zawn byin wa ai re lam hpe madung hku Htawng madun ra ga ai. 
Zahkung Ting Ying a Nta shawng Kaw sa n gun madun ninghkap na malai, myen balik dap, hpyen dap, myen asuya rung shawng hkan sa nna n gun madun ninghkap ai lam galaw yang grau tang du na re ngu mu mada ai. Kaja wa mung myen hpyen ni shingdu kawn bungli galaw ai majaw n Dai zawn re lam ni byin pru wa ai rai nga ai.
Ya ten Mungkan Kaw na Jinghpaw mung a lam, Pat Jasan ni a lam hpe grai azi yu taw nga ma ai, dai majaw anhte Myusha shada byin ai manghkang hku Mungkan Kaw na n mu hkra galaw ra ga ai. Anhte Myusha lapran byin ai manghkang re ngu Mungkan kaw na mu kau jang anhte hpe yu azi taw ai myi ni gayin mat wa na hpe tsang ra ai.
Myen hpyen wa mung Mungkan Kaw na yu azi taw ai hpe gayin ma hkra ya na zawn Myusha kata byin ai manghkang hku galaw taw nga ai re lam hpe dum ra ga ai.
Dai majaw Wunpawng Myusha ni a Hpyen madung hpe mahtang madung da jawm ninghkap sa wa ga ngu Ngai a mu mada ai lam hpe tang madun dat lu nngai.
Myusha Lawt Lam Hta,
Jinghpaw Kasa
Like
Comment

Read more »