Thursday, December 24, 2015

(၂၀၁၂) က #‎ဒေါ်အောင်ဆန်းဆုကြည် နဲ့ အခြေအနေ တူနေတဲ့ #‎KIA(၂၀၁၅)

(opinion) လွတ်လပ်စွာ သဘောကွဲလွဲနိုင်သည်
ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေါ်စုဟာ အစိုးရတပ် နဲ့ KIA တိုက်ပွဲ အပေါ် မှတ်ချက် ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင် နေရတဲ့ စစ်ပြေးဒုက္ခသည် အရေးမှာ အံ့အားသင့်ဖွယ် နုတ်ဆိတ် နေခဲ့ ရပါတယ်။ ပြည်သူက ငြိမ်းချမ်းရေး နိုဘယ်ဆုကိုတော် မေးခွန်းထုတ်တာ ခံခဲ့ရပြီး ဘေးကျပ်နံကျပ် ဖြတ်သန်း ခဲ့ရပါတယ်။ လက်ပတောင်းတောင် အရေး ၊ ကျောင်းသား အရေးလဲ ထိုနည်း၎င်းပေါ့။
ဒါပေမယ့် အတိတ်က ပေးတဲ့ သင်ခန်းစာအရ လက်ရှိ အစိုးရနဲ့ ဆက်လက် ဆန့်ကျင်ပြီး ထောင်ထဲမှာ(အကျယ်ချုပ်) အချိန်ဖြုန်းဖို့ ဆိုတာ သူ့အတွက် အသက် သိပ်ကြီး သွားပြီ။ ဒါကြောင့် မိမိ ရဲ့အချိန် အခွင့်အရေးကို သည်းခံစောင့်ခဲ့ပြီး အခုနောက်ဆုံးမှာ ရွေးကောက်ပွဲ အနိုင်ရခဲ့ပါတယ်။ (ယခုလည်း ပိုင်နိုင်မည့် အချိန်ကို သည်းခံ စောင့်နေဆဲ ထင်ရ)
#KIA
နှစ်ပေါင်း ၅၀ ကျော် တော်လှန်ရေး ကာလမှာ အတွေ့အကြုံ သင်္ခန်းစာ အများကြီး ရခဲ့ပြီး ဖြစ်တယ်။ နေဝင်း အစိုးရမှ သန်းရွှေခေတ်အထိ ဆွေးနွေးညှိနိုင်းမှု အများကြီး ကျော်ဖြတ်ခဲ့ ပေမယ် တစ်ခုမှ မအောင်မြင် ခဲ့ဘူး။ ယခုနောက်ဆုံး သူတို့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ယုံကြည်ရမယ် ထင်တဲ့ သူ အစိုးရသစ် ဖွဲ့နိင်တော့မယ်။
တဖက်မှာလည်း သဘောထား တင်းမာတဲ့ တပ်မတော်မှ ခေါင်းဆောင်တွေနဲ့ ဒေါ်စုက အပေးအယူတွေနဲ့ သွားနေတယ်။ ဒီလို အခြေအနေမှာ တပ်မတော်က ခေါင်းဆောင် အချို့ လိုလားနေတာက တိုက်ပွဲနဲ့ ပဋိပက္ခ တွေပါ။ ဒါတွေ ရှိမှ တပ်မတော်က မြန်မာလို နိုင်ငံမှာ အင်မတန် အရေးကြီးကြောင်း တပ်မတော်က နိုင်ငံရေးမှာ မပါဝင်ရင် ပြည်ထောင်စု ပြိုကွဲသွားနိုင်ကြောင်း လူထုက ယုံကြည်မယ် လို့ ယူဆဟန် ရှိပါတယ်။
KIA အနေနဲ့တော့ စားပွဲပေါ် နိုင်ငံရေး ဆွေးနွေးနိုင်ဖို့ စစ်ပွဲတွေ အတတ်နိုင်ဆုံး ရှောင်ချင်နေတယ်။ 
ဒီအချိန်မှာ လူထုက #‎ဖါးကန့် အရေး ကျယ်လောင်စွာနဲ့ အော်လာတယ်။ အားကိုးနိုင်မယ် ထင်တဲ့ သူတွေ အကုန်လုံး #‎တပ်ချုပ်ကြီး ကိုပါမချန် အကူအညီ တောင်းနေတယ်။
အဲ့ဒီမှာ ကချင်လူထု အော်ဟစ် အကူအညီ တောင်းနေတာက KIA ကိုပါ။ ငြိမ်းချမ်းရေး လိုလားတဲ့ ပြည်သူတွေကတောင် ဖါးကန့်မှာ တိုက်ပွဲလေးတွေ ဖန်တီးပေးဖို့ KIA ကိုရော တပ်မတော် ကိုပါ တိုက်တွန်း လာရတဲ့ အထိပေါ့။
တိုက်ပွဲတွေ ဖန်တီးမယ် ဆိုရင် KIA ကလိုချင်တဲ့ ဒေါ်စု ပါဝင်တဲ့ ငြိမ်းချမ်းရေး စကားဝိုင်းက အလှမ်းဝေး နေဦးမယ် ဆိုတာလည်း သိနေတော့ ဖါးကန့် ဒေသက မိမိ အသဲနှလုံးကို ထုတ်ယူစားသုံး နေမှုကို သည်းခံနေရတယ်။ ဒီဒေသက $ဘီလီယံ ဆယ်ချီ ပြီး ထုတ်ယူနိုင်တာလည်း သိနေတာကိုး။ ဒီငွေတွေက black အဖြစ် မဟုတ်ဘဲ တရားဝင်သာ ဖြစ်မယ် ဆိုရင် နိုင်ငံအတွက် သိပ်အကျိုးရှိမှာ မဟုတ်လား။
ဒါကြောင့် ဖါးကန့် အရေး ရှုပ်ထွေးအောင်လုပ် ဒေါ်စု တက်လာတော့ ရှင်းရခက်အောင် လုပ်တဲ့သူတွေ၊ တိုက်ပွဲတွေ ဖြစ်မှ အရေးပါမယ် ထင်တဲ့ သူတွေ နဲ့ ဖါးကန့်အရေး တောင်းဆိုတဲ့ ပြည်သူကြားမှာ ၂၀၁၂ က ဒေါ်စုလို အခု KIA သည်းခံ နေတာပါလို့ ယူဆပါတယ်။
(KIA ငွေရလို့ ငြိမ်နေတာလား ဆိုတော့လည်း ကျပ်သိန်းတစ်ထောင် နဲ့ ဒေါ်လာသန်း ရာချီဆို ပိုများတဲ့ ကန်ဒေါ်လာ ကိုပဲ ရွေးမှာ ဆိုတော့ ထင်ရလည်း အခက်သား) 
(လာဒ်စားမှု သန္ဒေတည် နေသော နှစ်ဖက် အရာရှိများ လာဒ်မစားဟု မဆိုလို)





and 24 others. 7 hrs · ******************************************************** *************

Read more »

Wednesday, December 23, 2015

KIA က ဖားကန့်က တက်ကြွလှုပ်ရှားသူ Myu Sha Zinlum အဖွဲ့ဝင် ၆ ယောက်ကို ဖမ်းသွားတယ် ဆိုပြီး သတင်းတွေ ပလူပျံနေ တာ/ဖမ်းတဲ့ သဘောမျိုးတော့ မဟုတ်ဘူး။ အစည်းအဝေးလို့ ပြောတယ်။” တဲ့။

KIA က ဖားကန့်က တက်ကြွလှုပ်ရှားသူ Myu Sha Zinlum အဖွဲ့ဝင် ၆ ယောက်ကို ဖမ်းသွားတယ် ဆိုပြီး သတင်းတွေ ပလူပျံနေတော့ ဂျီးဒေါ်လည်း အလုပ်ရှုပ်တယ်။
ဖြစ်ချင်တော့ အဖမ်းခံရတယ် လို့ပြောတဲ့ အုပ်စု ထဲက တယောက်ရဲ့ ဇနီးသည်က အဲဒီအချိန်မှာ ဂျီးဒေါ်နဲ့အတူတူ ရှိနေတယ်။ ရန်ကုန်မြို့မှာ CSO Forum အပြီးမှာ သတင်းထောက်တွေနဲ့ ပေးတွေ့ ပေးလိုက်သေးတယ်။ တခြားသော အဖွဲ့ဝင် ၄ ယောက်လည်း အတူတူ ရှိနေခဲ့ကြတယ်။
”တကယ်ဖမ်းသွားသလား?” ဆိုတော့ ”မသိဘူး၊ ဆွေးနွေးဖို့ ခေါ်သွားတယ် လို့တော့ ပြောတယ်၊ ဖုန်းလည်း ပြောလို့ ရနေတယ်” တဲ့။
KIO ဖက်ကို သတင်းရဖို့ Technical Advisory Team ကလည်း အားလုံး လိုင်ဇာမှာ ရောက်နေတယ် ဆိုတော့ Peace Talk Creation Group က ဦးလမိုင်ဂွမ်ဂျာ ကို လှမ်းပြီး ချိတ်ဆက် မေးတဲ့အခါမှာတော့.....
”မဖမ်းပါဘူးတဲ့။ အခုတလော ဖြစ်နေတဲ့ ကိစ္စတွေက သိပ်များနေတယ်ဆိုတော့ အရပ်ဘက် အဖွဲ့အစည်းတွေက ဘာတွေ ဘယ်လို လုပ်နေသလဲ ဆိုတာ သိချင်တာရယ်၊ ဆွေးနွေးတိုင်ပင်ချင်တာရယ်ကြောင့် ခေါ်သွားတာပါ လို့ ပြောတယ်” တဲ့
ဒေသခံ အသင်းတော်ခေါင်းဆောင် အကြီးကြီးကို လှမ်းမေးကြည့်တော့
”မဖမ်းဘူး။ ဆွေးနွေးဖို့ ဆိုပြီး ခေါ်သွားတယ်။ မြေဇာပုံ ပြိုတာက ဆက်တိုက် အကြီးအကျယ် နှစ်ခါဖြစ်တယ်။ မြေတူးစက်၊ ယာဉ်တွေ စက်ကရီယာတွေက က အများကြီးဝင်လာ၊ မူးယစ်ဆေးဝါးကိစ္စတွေကလည်း အများကြီး ဆက်တိုက်ဖြစ်၊ လူတွေကိုလည်း ကုမ္မဏီယာဉ်တွေ တိုက်သတ်တာကလည်း တပါတ်ကို ၂ ယောက်နှုန်း လောက် ဖြစ်နေတော့ ပြည်သူလူ ဘယ်လို လုပ်နေသလဲ ဆိုတာလည်း သိချင်လို့ ဆွေးနွေးဖို့ လာခေါ်တယ်။ တဲ့။
ဒီမနက် ဒေါ်ကိုင်ရာ လည်း ဖားကန့်ကို ပြန်ရောက်ပြီမို့ ဖုန်းနဲ့ လှမ်းပြောတယ်။
”အမျိုးသားနဲ့လည်း အဆက်အသွယ် ရပါတယ်။ ဖုန်းလည်း မသိမ်းပါဘူး။ ဖမ်းတဲ့ သဘောမျိုးတော့ မဟုတ်ဘူး။ အစည်းအဝေးလို့ ပြောတယ်။” တဲ့။
အခုလုပ်ရပ်မှာ KIO အထက်အရာရှိများက အစည်းအဝေးခေါ်ဖို့ ဖိတ်ခိုင်းလိုက်တယ် လို့ပြောပြီး အောက်မှာတော့ ဖမ်းတယ်လို့ ပြောတာကို သုံးသပ်ကြည့်ရင်တော့ KIA ရဲ့ Diplomacy အားနဲမှု နဲ့ မြင်သာသွားတယ်။ ဖမ်းခိုင်းတာနဲ့ ဆွေးနွေးဖို့ ခေါ်ခိုင်းတာရဲ့ ကွာခြားချက်က မကွဲပြားဘူး။ ဒေသခံအစိုးရတရပ်အနေနဲ့ မိမိ မိတ်ဖက် ဖွဲ့ရမဲ့ ပြည်သူထဲက CSO တွေ အထိတ်တလှန့် ဖြစ်သွားအောင် လုပ်ဆောင်မိတယ်။ မိမိ လူတွေရဲ့ လူထု ဆက်ဆံရေး Capacity ကို မြှင့်တင်ပေးဖို့ အရင်စလို လိုအပ်နေပြီ။
KIO ဆက်ကြေးကောက်တယ်နာမည်ကြီးပေမဲ့ တကယ်တမ်း ကြုံးသွားတာက ဒေသခံ တရားဝင် ရသင့်တဲ့ KIO က နည်းပြီး အောက်ပြည်အောက်ရွာက ဗိုလ်ချုပ်ကြီးများ နဲ့ မိသားစုများ၊ တရုတ်များ များနေတယ်။ သူတို့ပိုင် ယာဉ်ကြီးတွေနဲ့ တိုက်သတ်လိုက်တဲ့ လူအရေအတွက်နဲ့ မြေဇာပုံ ပိပြီး သေတဲ့ အရေအတွက်လည်း စစ်ပွဲမှာ သေတဲ့ အရေအတွက်ထက် များနေတယ်။
KIA နဲ့ တိုက်ပွဲဖြစ်လို့ ကျောက်စိမ်း မတူးရပါဘူး။ လုပ်ငန်း ရပ်ဆိုင်းလို့ နစ်နာပါတယ် ဆိုပြီး သတင်းထဲမှာ ဖွပြီး လမ်းဖွင့်ခိုင်းနေကြတာလည်း မြန်မာ့ မီဒီယာများနဲ့၊ မြန်မာနိုင်ငံ အစိုးရနဲ့ မြန်မာနို်င်ငံပြည်သူတွေဘဲ ဖြစ်ခဲ့တယ်။ အကယ်၍ KIO သာ တူးစားပြီး မိမိတပ်မတော်အကျိုးအတွက် နဲ့ မိသားစု အကျိုးအတွက်ချည်း သုံးစွဲမယ် ဆိုရင် အခုအချိန်အထိ တောင် ကျန်နေမှာ မဟုတ်။
ဒေသခံ CSO ဖြစ်တဲ့ Myu Sha Zinlum နဲ့ KIO ပူးပေါင်းပြီး bergaining လုပ်မယ် ဆိုရင်တောင် Myu Sha Zinlum အဖွဲ့က ၁၇/၁ နဲ့ မိအုံးမယ်။
Myu Sha Zinlum အဖွဲ့အနေနဲ့လည်း မိမိတို့ ဖားကန့်ဒေသက ပြည်သူလုထုနဲ့သာမက မြန်မာနိုင်ငံက အခြားသော သယံဇာတ အရေးနဲ့ သဘာဝပတ်ဝန်းကျင်အရေးမှာ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းများနဲ့ ချိတ်ဆက် ဆောင်ရွက်ဖို့ လိုအပ်သလို မိမိတို့ရဲ့ Advocacy Skill ကိုလည်း မြှင့်တင်ဖို့ လိုအပ်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ ရင်ဆိုင်နေရတဲ့ ကုမ္မဏီကြီးများ ဆိုတဲ့ အထဲမှာ Global Witness အစီရင်ခံစာထဲမှပါတဲ့ ၂၀၁၄ အတွင်း ၃၁ ဘီလျံဒေါ်လာကို ၀ိုင်းပြီး သမ လိုက်ကြတဲ့ ဦးသန်းရွေ၊ ဦးအုံးမြင့်။ ဝေရှောက်ခန်း၊ ဦးမောင်မောင်သိမ်း တို့အပြင် ဒေါ်အောင်ဆန်းစုကြည်နား ရောက်နေတဲ့ ဦးတေဇ၊ တိုးနိုင်မန်း၊ ဝေရှောက်ခန်း၊ ဇော်ဇော် တို့လည်း ပါနေသေးတယ်။ အစိုးရနဲ့ ခရိုနီ တသားတည်း ဖြစ်နေတဲ့ ပူးနေတဲ့ တိုင်းပြည်မှာ ပြည်သူ တဖွဲ့အနေနဲ့ အားကိုးရာမဲ့ပါဘဲ။ ဥာဏ်ကူမှ ရမယ်။
မြန်မာနိုင်ငံ တ၀ှမ်းလုံးက မိဘပြည်သူ အားလုံးကလည်း ဖားကန့်အရေးကို နိုင်ငံ့အရေးလို ၀ိုင်းကြည့်ပြီး စောင့်ရှောက်မှ ရမယ်။ တနိုင်ငံလုံးမှာ ဖားကန့်လောက် ၀င်ငွေအများဆုံး သယံဇာတ ပေးနိုင်တဲ့ နေရာ မရှိသလို နိုင်ငံဖွံ့ဖြိုးရေးအတွက် အသုံးချနိုင်ရင် အားလုံးအတွက် အကျိုးရှိမယ်။
ဘာဘဲဖြစ်ဖြစ် ကေအိုင်အိုက အရပ်သားများကို ဖမ်းသည်ဖြစ်စေ၊ မဖမ်းသည်ဖြစ်စေ၊ မျက်ချည်မပြတ်ရမှာက ဖားကန့်က လုပ်ငန်းရှင်တွေဘယ်သူလဲ၊ စက်ကရိယာ ကိစ္စ ဘယ်လို ဖြေရှင်းမလဲ၊ နောက်အစိုးရ မတက်ခင်အကုန် မထုတ်သွားအောင် ဘာလုပ်ကြမလဲ ၊ နောက်ထပ် ဆုံးရှုံးမှု မဖြစ်အောင် ဘာလုပ်ကြမလဲ၊ မြေစာပုံ လူထပ်မပိအောင်၊ ကုမ္မဏီ ယာဉ်တွေ လူထပ်မတိုက်အောင် ... ဘာလုပ်ကြမလဲ.... ဆိုတဲ့ ဆိုတဲ့ ခေါင်းစဉ်မျိုး ဖြစ်ပါတယ်.... လမ်းဘေးမှာ ခွေးနှစ်ကောင် ကိုက်ရင်တောင် လာရင်းကိစ္စဖြစ်တဲ့ အလှူပွဲကို မေ့ပြီး တမေ့တမော ငေးကြည့်တတ်တဲ့ မြန်မာနိုင်ငံသားများ အပေါင်းတို့။။

Read more »

ဖွတ်ဒေါင်း မဟာဗျူဟာနှင့်  အစိုးရသစ်


NLD နှင့်ပူးပေါင်းပြီး တိုင်းရင်းသား တွေကို အကောင်အထည်ဖော်မည့် နိုင်ငံရေးမဟာဗျူဟာပါ။

ရှမ်းပြည်မာရှိတဲ့ တအောင်းနဲ့ ကချင်ကို နေလို့မရအောင် စစ်တပ်ကတာဝန်ယူရတယ် /
ရှမ်း ကချင်တွဲမိရင် ဗမာနိုင်ငံထာဝရပျောက်ဆုံးနိုင်လို့ ထို့အတူ တိုင်းရင်းသား တွေကို ဗမာအောက်ထိန်းချုပ်ဖို့ ကချင်ကို federal ပေးကိုပေးရတော့မယ် 
ဧရာဝတီအနောက်ချမ်းနဲ့ အထက်ပိုင်းကို ဗမာအောက်ထားရှိလိုတယ်/
 ရှမ်းနီကို လက်နက်တပ်ဆင်ပေးတးထားပြီး နယ်မြေအညှင်းပွားနေရာဖန်တီးပြီး ဗမာအောက်ထားရှိမယ်/ ထို့အတူ ပူတာအို ရဝမ် လီဆူး တွေကိုလည်း အညှင်ပွားစေပြီး ဗမာထိန်းချုပ်မှု့အောက်ထားရှိမယ် /
ကျန်ရှိနေတဲ့ နေရာတွေကို ကချင်တွေကို federal ကမ်းလှမ်းမယ် NLD က ကချင်လူကြီးတွေကို နားဝင်အောင် ရတာအရင်ယူပါလုပ်မယ် Amarican ရဲ့ဖိအားလည်းပြုလုပ်ရာကြမယ် ငွေကြေးပါရယူနိုင်တယ်

ကချင်အရှေ့ချမ်းကို စခုန်တိန်းယိန်းကို အပိုင်ချည်ထားတယ်
ကျန်တိုင်းရင်းသားတွေ ကိုလည်း ချည်ပြီးတုပ်ပြီး သားဘဲ

ဝ ကို RCSS နဲ့ ရန်တိုက်မယ် အချိန်အနည်းငယ်ဆွဲမယ်/
 ဝ လည်း ဖားကန့် နဲ့မဆက်စပ်နိုင်ရင် မူးယစ်ဆေးဝါး ဘက်လှည့်လာအောင် ဟ ထားပေးမယ်/
 နိုင်ငံတကာအကူအညီနဲ့ ပြန်ချေမုန်းမယ်
NLD ကာလ မာ တိုင်းဒေသကြီး ဖွင့်ဖြိုးရေးလုပ်ယူမယ်/ ပစ်ခတ် ရပ်သူတွေကို ဖွင့်ဖြိုးရေး လုပ်စေမယ် NGO နာမည်ပျက်တွေနဲ့ ကစားပြီး ပြိုကွဲစေမယ်/

ကချင်နဲ့ရှမ်းကို စစ်တပ်က စီမံနေမယ် /ကချင်သည် ဗမာနိုင်ငံရေးအတွက်ကြောက်စရာကောင်းတယ် /
NLD က ကချင်ပြည်သူတွေကို ပြိုကွဲဖို့ အကောင်းဆုံးသော လက်နက်ဘဲ

ခရိုနီတွေဟာ ဗမာအာဏာတည်မြဲရေး ကို အဓိက ကျသူတွေဖြစ်လို့ NLD ပူးပေါင်းရမယ်/
 တိုင်းရင်းသား ဒေသ စီးပွားရေးကို ထိန်းချုပ်စေမယ်/

အပေါက သုံးသပ်ချက်သည် ဗမာအထဲက စစ်ကွပ်ကဲရေး နှင့် NLD ဗဟိုအတွင်းက သတင်းများကို ပြန်လည်သုံးသပ်ထားသည်
Hka kamai

Read more »

Sunday, December 20, 2015

ဖားကန့် လမ်းပေါက နန့်ယားရှမ်းရွာဖြစ်ပေါလာပုံ ( Nam ya )

ကောရှမ်းခေါ ယခုရှမ်းနီများ အောက်ပိုင်းကနေပြန်လည်တက်လာပြီး ကသာဝန်းကျင်နေသာ ခန္တီးရှမ်းများစစ်ခင်းရာ ခန္တီးရှမ်းများ ကချင်ဆွေမျိုးများဆီပြေးခဲ့ရာကနေ စကိုင်းအထက်ပိုင်းနှင့် ပူတာအို ကချင်ဒူဝါများ၏ကာကွယ်မှု့ထဲ ရှမ်းနီများ၏ရန်ကိုရှောင်နေခဲ့သည်မာ ယနေ့အချိန်ထိပါဘဲ ကံဆီးအင်ဂျာဒူဝါသည် ဥရုဒေသကို စီမံအုပ်ချုပ်သည်သာမက ရှမ်းလူမျိုးအခြင်းခြင်း ရန်ပြေညိမ်းရန် မိုးညှင်းဇော်ဘွားသမီးကို လက်ဆက်ခဲ့တယ် မိုးညှင်းဇော်ဘွားသည် သမီးတော်မျက်နှာမငယ်ရန် ကျွန်အိမ်ထောင် ၅၀ လက်ဆောင်ပေးလိုက်ရာ ကံဆီးအင်ဂျာဇော်ဘွားက နန့်ယား နှင့်ကားမိုင်းတွင် နေရာချပေးပြီး နန့်ယားတွင် အင်ဂျာနယ်စားတစ်ဦးကို အုပ်ချုပ်စေခဲ့သည့် အတွက် ယခုအချိန်ထိ နန်ယားအင်ဂျာများ ဟုခေါတွင်သော နန့်ယားအပိုင်စားမျိုးနွယ်များလည်း ရှိနေပါသေးသည်

ကားမိုင်း နှင့်နန့်ယားတွင်နေထိုင်သော ယခုရှမ်းနီခေါ ရှမ်းများသည် ရှမ်းစကားပြောသော မိုးညှင်းဇော်ဘွား၏ကျွန်မျိုးနွယ် စစ်သုံ့ပန့်များဖြစ်ခဲ့ဖူးသည့် လူမျိုးအမည်မရှိသော သူများဖြစ်သည်
ရှမ်းများကြားစစ်ပြေညိမ်းခဲ့သည်မာ ကချင်များပါဝင်သည့်ဘက်စစ်နိုင်သောကြောင့် ကချင်များ ရှမ်းဇော်ဘွားသမီးကိုယူပြီး စစ်ပြေညိမ်းခဲ့သည်
သံလမ်း ပင်းဘောရှမ်းများသည် နန့်ယားကနေပြန်လည်ပြောင်းရွှေ့သော တောင်သူများဖြစ်ကြသည်
အုပ်ချုပ်ရေး တရားစီရင်ရေးကို ကချင်လူမျိုးများတွင် Ru Hka ရူးခါး ဟုခေါတွင်သော အုပ်ချုပ်ရေး မှန်တိုင် ယနေ့အထိတည်ရှိနေသေးသည်
အင်္ဂလိပ်များ ကချင်တောင်တန်းဒေသအုပ်ချုပ်ရေးကို ခွဲခြားခဲ့သည့် အရာမာ ၎င်းတိုကိုလိုနီဒေသ၏ အုပ်ချုရေးတရားစီရင်ရေးပေါမူတည် ခွဲခြားတတ်သည်ကို သမိုင်းတွင်လေ့လာနိုင်သည် 
ကံဆီးမြေးတော် 
Hka kamai


Read more »

Saturday, December 19, 2015

ဒု သမ္မတဖြစ်တဲ့ဒေါက်တာ စိုင်းမောစ့်ခမ်း ကို ဗာမာတပ်က အညာကို ကိုင် ပြီး ယွင်ဆစ် ကိုအသုံးပြုတယ်/သက်သက်မဲ့ သွေးဝင်ခွဲတာဖြစ်တယ်လို့ပဲမြင်ပါတယ်။

လျှမ်းပြည်မြောက်ပိုင်းဟာRCSSနဲ့ဘယ်လိုများပတ်သက်ပါသလည်းသိတဲ့သူမန့်ခဲ့ပါရှမ်းပြည်မြောက်ပိုင်းဆို တာအရင်ကချင်၊ပလောင်တွေကိုရှမ်းစော်ဘွားတွေအ ပိုင်စားပေးထားတဲ့နေရာပါရှမ်းနဲ့ကချင်ကအရင်က တည်းညီအကိုလိုနေလာကြသလိုဘိုးဘွားစော်ဘွားတွေလည်းအပြန်အလံအပိုင်စားနယ်မြေတွေပေးကြပါတယ်ဒါကိုလောင်ပြောင်ပြီးသက်သေပြပါလိုshareသွားတဲ့ ရှမ်းသိစေပါသက်သေကတော့ရှမ်းပြည်မြောက်ပိုင်မှာကိုလိုနီခေတ်ဘိုးဘွားပလောင်နဲ့ကချင်တွေရှိနေပါသေး တယ်သွာမေးကြည်ပါကျုပ်ပြန်မေးမယ်ကချင်ပြည်ရှိမိုး ကောင်း၊မိုးညှင်း၊နောင်သာလော၊သာလောကြီး၊ခတ်ချို၊ကျား၂ကောင်ကျေးရွာအဝင်ဝဆိုရှမ်းတွေရဲ့ကျားရုပ်တည်ထားတယ်မိုးညှင်းမြို့ဆိုရှမ်းတွေရဲ့ဘိုးဘေးအမြွေအနှစ်တွေထားရှိထားတယ်ဒါတွေကိုကချင်စော်ဘွားတွေ ရှမ်းတွေကိုအပိုင်စားပေးထားပါတယ်ကျန်တဲ့သေးသေးမွှားမွှားရွာတွေမပြောတော့ဘူးဘာကြောင့်ကချင်မြေမှာရှမ်းနာမည်နဲ့ကျေးရွာမြို့ရှိနေရသလည်းအရင်ကရှမ်း ပြည်ပါလို့တော့လာမပြောနဲ့ဒါကိုသက်သေပြပါကိုရှမ်း ကြီးသမိုင်းမသိဘဲမဟောင်ပါနဲ့
Comments
Ah Tang ဟုတ်တယ်
LikeReply20 hrs
Tsang Ai တကယ်တမ်းပြောကြေးဆိုရင်တော့ သျှမ်းပြည်မြောက်ပိုင်းရဲ့အခြေနေက ဒီလိုပါ ကျနော်သိသလောက်နဲ့ကျန်နော်မြင်သလောက်ဆိုရင် ဒီပြဿနာ က လူမျိုးရေးပြဿနာထဲဆွဲထည့်သွင်းချင်တဲ့ဖက်သက်ရောက်လာတာဟာ ယွက်ဆစ် တဦးတယောက်တည်းရဲ့ အစီစဉ်လို့ပဲတွက်ဆယူရမှာပါ၊ အရင်ကတည်းကိုက သျှမ်းပြည်မြောက်ပိုင်းမှာအမြဲလှုပ်ရှားနယ်မြေခံ တွေ SSPP/SSA တို့ ပလောင်တပ်ဦးဖြစ်တဲ့ TNLA ကချင့်တပ်မတော် KIO/KIA တို့အတူယှဉ်တွဲနေထိုင်ခဲ့ကြတဲ့ ပြည်နယ်ဖြစ်သလို ယခု ယွတ်ဆစ် ဦးဆောင်တဲ့တောင်ပိုင်းသျှမ်းတပ်မတော်RCSS သူ့ရဲ့လုပ်ရက်တခုတည်းကြောင့် တိုင်းရင်းသားတွေ တယောက်နဲ့တယောက် တယောက်မျက်နှာတယောက် အိုးမည်းသုတ်မဲ့အဖြစ်မျိုးကိုတော့ Rcss အနေနဲ့ ရှေ့ဆက်မတိုးရင်ပိုပြီးကောင်းပါလိမ့်မယ်လို့မြင်ပါတယ်။ သျှမ်းမြောက်ဟာ ယွတ်ဆစ် ကတောင်ပိုင်းသျှမ်းတပ်ဖြစ်နေလို့ သျှမ်းမြောက်ပိုင်းနဲ့မအက်စပ်ဘူးလို့ ဆိုလိုခြင်းမဟုတ်ပါ။ တကယ်ယခုချိန် မှာ RCSS က CNA လက်မှတ်ထိုးထား တဲ့အဖွဲ့တွေထဲကတဖွဲ့ပဲလေ တကယ်ဆိုရင် ယွင်ဆစ် ကိုယ့်တိုင်းရင်းသားနယ်တွေမှာအခုလိုမလုပ်သင့်ဒါတော့အမှန်ပဲ တခြားသော ကိုယ့်တိုင်းရင်းသားတွေ RCSS ခေါင်းဆောင်ဖြစ်တဲ့ ယွင်ဆစ် သူ့ရဲ့လုပ်ရက်ကြောင့် သူ့အပေါ်ဘယ်တော့ မှယုံကြည်တော့မှာမဟုတ်တာတော့ အသေချာ ပဲလို့ ။ သျှမ်းပြည်မြောက်ပိုင်းမှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေး သျှမ်းတပ်မတော် SSPP/SSA ရှိနေပါလျက်နဲ့ RCSS ယွင်ဆစ်က သက်သက်မဲ့ သွေးဝင်ခွဲတာဖြစ်တယ်လို့ပဲမြင်ပါတယ်။ နောက်တခုရှိပါသေးတယ် အခုလက်ရှိမြန်မာနိုင်ငံ သမ္မတဆိုသူ ဦးသိန်းစိန် ရဲ့ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောင် ခမ်းကိုလဲ နဲနဲရိပ်မိတာလေးတွေတော့ရှိသေးတယ်ဗျ။ ဒု သမ္မတဖြစ်တဲ့ဒေါက်တာ စိုင်းမောစ့်ခမ်း ကို ဗာမာတပ်က အညာကို ကိုင် ပြီး ယွင်ဆစ် ကိုအသုံးပြုတယ်လို့လဲ သံတယ ရှိကောင်းရှိပါတယ်။။။
LikeReply111 hrsEdited

Read more »

Friday, December 18, 2015

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ စက်ယန္တရားတွေနှစ်ဆတိုးပြီး ၂၄ နာရီ ပြန်လည်တူးဖော်နေတဲ့သတင်းနဲ့

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ စက်ယန္တရားတွေနှစ်ဆတိုးပြီး ၂၄ နာရီ ပြန်လည်တူးဖော်နေတဲ့သတင်းနဲ့၊ မုံးကိုး နှစ်ခြင်းသာသနာ ရာပြည့်ပွဲတော် ကျင်းပခဲ့တဲ့ သတင်းတွေကို မြန်မာဘာသာစာတန်းထိုး တင်ပြထားပါတယ်။

Posted by Mali Lung Byen on Thursday, December 17, 2015

Read more »

Thursday, December 17, 2015

Oo War War's post.
Oo War War · 
NLD ပါတီထောက်ခံမှုဖြင့် အတည်ပြုလိုက်သော နိုင်ငံရေးမူဘောင်ကြောင့်
ညောင်နှစ်ပင်ကဲ့သို့ အမျိုးသား ညီလာခံသာ ဖြစ်လာနိုင်ဟု ဦးခွန်ထွန်းဦးနှင့်
ဗိုလ်ချုပ်ဂွန်မော် မှတ်ချက်ပြု
------- ------- -------
NLD ပါတီ၏ ထောက်ခံမှုဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့က သဘောတူနိုင်ခဲ့သည့်
နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကြောင့် စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲ
ဖြစ်မလာနိုင်ဘဲ ယခင်စစ်အစိုးရ လက်ထက်က ကျင်းပခဲ့သည့် အမျိုးသား
ညီလာခံ ကဲ့သို့သော ညီလာခံမျိုးသာ ဖြစ်လာနိုင်ကြောင်း ထင်ရှားသည့်
တိုင်းရင်းသား နိုင်ငံရေးနှင့် စစ်ရေးခေါင်းဆောင်များက ဝေဖန်ပြောဆိုသည်။
"အခု ဒီပုံအတိုင်းဆိုရင် အရင်စစ်အစိုးရ လက်ထက်က ညောင်နှစ်ပင်မှာ ကျင်းပခဲ့တဲ့
အမျိုးသား ညီလာခံလိုမျိုးလို ဆွေးနွေးပွဲမျိုးတွေသာ ပေါ်ပေါက်လာဖို့ ရှိနေတယ်" ဟု
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက နေပြည်တော်တွင်
သဘောတူခဲ့သည့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့် ပတ်သက်ပြီး
မှတ်ချက်ပြု ဝေဖန်ပြောဆိုသည်။
အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် အနာဂတ် ပြည်ထောင်စု တည်ထောင်ရေး
တို့အတွက် အရေးပါသည့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် နိုင်ငံရေးမူဘောင်
ရေးဆွဲရေး အစည်းအဝေးကို နေပြည်တော်တွင် ပြီးခဲ့သည့် ရက်ပိုင်းက ကျင်းပခဲ့ခြင်း
ဖြစ်ပြီး ကိုယ်စားလှယ် ဦးရေ ၇၀၀ နှင့် အစိပ် ခုနစ်စိပ် ပါဝင်သည့် နိုင်ငံရေး
ဆွေးနွေးမှု ဆိုင်ရာ မူဘောင်ကို အန်အယ်လ်ဒီပါတီ၏ ထောက်ခံချက်ဖြင့်
အတည်ပြုခဲ့ခြင်း ဖြစ်သည်။
နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးထားခြင်း မရှိသော အဖွဲ့များ
တက်ရောက်နိုင်ခြင်း မရှိခဲ့သည့် အဆိုပါ အစည်းအဝေးများတွင် အတိုက်အခံ
တိုင်းရင်းသားပါတီ အချို့မှ အစိုးရ၊ တပ်မတော်၊ လွှတ်တော် စုစုပေါင်း တစ်စိပ် ၊
တိုင်းရင်းသား လက်နက်ကိုင် တစ်စိပ် ၊ နိုင်ငံရေးပါတီများ တစ်စိပ် စသဖြင့် ယခင်
တပ်မတော် အစိုးရ လက်ထက်က အတိုက်အခံများ တောင်းဆိုခဲ့သည့်အတိုင်း
သုံးပွင့်ဆိုင် နိုင်ငံရေး ဆွေးနွေးရန် တောင်းဆိုခဲ့ပြီး တပ်မတော်ဘက်မှ
လက်မခံ ခဲ့သောကြောင့် အစည်းအဝေးမှာ အချေအတင် ဖြစ်နေသဖြင့်
ရွေးကောက်ပွဲ အနိုင်ရ အန်အယ်လ်ဒီပါတီ၏ အဆုံးအဖြတ်ဖြင့် အစိပ် ခုနစ်စိပ်နှင့်
ကိုယ်စားလှယ်ဦးရေ ၇၀၀ တက်ရောက်မည့် မူဘောင်ကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။
အတည်ပြုခဲ့သော မူဘောင်အရ အစိုးရဘက်မှ ၇၅ ဦး ၊ လွှတ်တော်မှ ၇၅ ဦး ၊
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဘက်မှ ၁၅၀ ဦး ၊ တပ်မတော်မှ ၁၅၀ ဦး ၊
နိုင်ငံရေးပါတီ အားလုံးမှ ၁၅၀ ဦး ၊ လက်နက်ကိုင် မဟုတ် ၊ ပါတီမဟုတ်သည့်
တိုင်းရင်းသား ခေါင်းဆောင် ၅၀ ဦး ၊ အခြား ဖိတ်ကြားသင့်သူများ ၅၀ ဦးဖြင့်
နိုင်ငံရေး ဆွေးနွေးပွဲကို ကျင်းပရမည် ဖြစ်သည်။
"ဦးခွန်ထွန်းဦး ပြောတဲ့ အမျိုးသား ညီလာခံလို ဆွေးနွေးပွဲမျိုးဆိုတာ မူဘောင်ပါ
ကိုယ်စားလှယ် အရေအတွက်အရဆိုရင် ဟုတ်နေသလိုပါပဲ " ဟု မူဘောင်ရေး
ဆွဲမှုကို တက်ရောက်ခွင့် မရခဲ့သည့် ကေအိုင်အေ ကချင်လွတ်မြောက်ရေး
တပ်မတော်မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က နိုင်ငံရေး ဆွေးနွေးမှု
မူဘောင်နှင့် ပတ်သက်ပြီး မှတ်ချက်ပြု ပြောဆိုသည်။
ယခင် တပ်မတော်အစိုးရ လက်ထက်က အမျိုးသားညီလာခံတွင် အဓိကကျသည့်
နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ၊ အစိုးရ တာဝန်ရှိသူများ
သာမက ခေါင်းစဉ် အမျိုးမျိုးဖြင့် အစိုးရနှင့် နီးစပ်သော လူများကို ၁၀၄ မူဖြင့်
ထည့်သွင်းခဲ့ပြီး ပြည်သူ့ ကိုယ်စားလှယ်များ၏ လိုလားချက်များ မပါဝင်သည့် ၂၀၀၈
ခုနစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုသာ ရေးဆွဲနိုင်ခဲ့သည်။
လက်ရှိ မူဘောင်ပါ ကိုယ်စားလှယ် အရေအတွက်အရ တပ်မတော် ကိုယ်စားလှယ်
၁၅၀ မှာ တစ်သံတည်း ထွက်နိုင်ပြီး တပ်မတော်မှာ လွှတ်တော် အစုတွင်လည်း
နေရာအနည်းငယ် ၊ အစိုးရအစုတွင်လည်း နေရာအနည်းငယ် ရရှိဦးမည် ဖြစ်ကာ
နိုင်ငံရေး ပါတီများတွင်လည်း လက်ရှိအစိုးရ (သို့မဟုတ် ) တပ်မတော်နှင့်
နီးစပ်သည့် ပါတီများ ပါဝင်နေသဖြင့် တပ်မတော် အသာစီးရယူထားသည့်
မူဘောင် ဖြစ်နေသည်ဟု လေ့လာသူများက ဆိုသည်။ ယင်းအပြင် နိုင်ငံရေးပါတီ နှင့်
လက်နက်ကိုင်အဖွဲ့ မဟုတ်သည့် တိုင်းရင်းသား ခေါင်းဆောင် ၅၀ ဦးဆိုသည့်
အရေအတွက်မှာ မြန်မာနိုင်ငံ၏ လက်ရှိ အခြေနေအရ ယင်းအရေအတွက် မရှိဘဲ ၊
အခြားဖိတ်ကြားသင့်သည့် ကိုယ်စားလှယ် ၅၀ ဦး ဆိုသည့်အချက်မှာလည်း
ေ၀၀ါးလွန်းကြောင်း နိုင်ငံရေးလေ့လာသူ ဒေါက်တာနိုင်အောင်က ဆိုသည်။
ယင်းကဲ့သို့ အသာစီး ရယူထားမှုများကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ
ပြင်ဆင်ရေးကဲ့သို့ ကိစ္စရပ်များတွင် ခက်ခဲနိုင်သည်ဟု နိုင်ငံရေး လေ့လာသူ
ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်သည်။
"၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အောက်မှာလုပ်တဲ့ ၁၉၉၃ - ၂၀၀၇
အမျိုးသား ညီလာခံပုံစံတူပဲ ဖြစ်လာဖို့ များပါတယ် ။ ဒီမိုကရေစီ ဖက်ဒရယ်
ပြည်ထောင်စုကို ဦးတည်နိုင်မယ့် နိုင်ငံရေး ဆွေးနွေးမှုကို ဖော်နိုင်လောက်တဲ့
မူဘောင် ကိုယ်စားလှယ် ရွေးချယ်တာ မဖြစ်လာနိုင်ပါဘူး " ဟု ဒေါက်တာ
ရန်မျိုးသိမ်းက သုံးသပ်သည်။
နိုင်ငံရေး မူဘောင်ရေးဆွဲရေးအတွက် ကူညီဆောင်ရွက်နေသည့် ပြည်ထောင်စု
အင်စတီကျူ့မှ ဦးခွန်ဆိုင်းကမူ အန်အယ်လ်ဒီ အနေဖြင့် အာဏာလွှဲပြောင်း
ရယူရေးတွင် ချောမွေ့စေရန်အတွက် မိမိအသာရ နိုင်သည့် လွှတ်တော်နှင့် အစိုးရ
ကိုယ်စားလှယ်များ အရေအတွက်ကို လျှော့ချပြီး တပ်မတော်အား အရေအတွက်
အများဆုံးဖြစ်သည့် ၁၅၀ ဦး အရေအတွက်ကို ပေးခဲ့ဖွယ်ရှိသည်ဟု The Ladies
News သို့ ပြောသည်။
သတင်း - စိုင်းထွန်းအောင်လွင်
The Ladies News Journal

Read more »

ဦးတေဇ အကြောင်းတစေ့တစောင်း

U Tay Za 51years ,special,
(အားဝင်းအဗွိုင်း ရေးသည်)
တေဇ (ဦးတေဇ)သည် အသက် ၅၀ နှစ်အရွယ်ရှိပြီး မြန်မာပြည်၏ ချမ်းသာဆုံးသော ထူးရင်းနှီးမြုပ်နှံ တူးဖေါ်ရောင်းချရေးကုမ္ပဏီနှင့် ကျွန်းသစ် ၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်များနှင့် လေကြောင်း ခရီးပို့ဆောင်ရေး မှ အကျိုးမြတ်များစွာ ရရှိနေသော သူ တဦးဖြစ်၏။ ယခင်စစ်အစိုးရနှင့် နီးစပ်သည်ဟု လူသိများသည့် စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇကို ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက် ရှမ်းကြီးမြင့်ဆွေဟု လူသိများသည့် ဒု ဗိုလ်မှူးကြီးမြင့်ဆွေ၏ ဒုတိယ သားဖြစ်သည်။ ဒဿမတန်း အောင်မြင်ပြီးနောက် စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့သော်လည်း တတိယနှစ်တွင် ပြည်ခရိုင် ကြို့ပင်ကောက်မြို့ ထူး ဆန်စက်ပိုင်ရှင် ဒေါ်ထူး၏ သမီး ဒေါ်သီတာမြင့်နှင့် လက်ထပ်ခဲ့သည်အတွက် စစ်တက္ကသိုလ်မှ ထွက်ခဲ့ရသည်။ ဦးတေဇသည် ကျောင်းမှ ထွက်ပြီးနောက်ပိုင်း ရန်ကုန်မြို့တွင် ပြန်လည်နေထိုင်ကာ စီးပွားရေးလုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် ၎င်းလည်းပါဝင် ဆန္ဒပြခဲ့ကြောင်း အဆိုပါ မဂ္ဂဇင်းတွင် ဖော်ပြထားသည်။ “၈၈ ဆိုတာ ကျနော်တို့ မျိုးဆက်လေ။ အဲဒီတုန်းက လမ်းပေါ်ထွက် ဆန္ဒပြခဲ့တာပေါ့” ဟု သူက ဆိုသည်။
၁၉၈၉-ခုနှစ် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်အချ မခံရမီက သွားရောက်ခဲ့သည့် နယ်ခရီးစဉ်များတွင် ၎င်းပိုင် မော်တော်ကားကို ပေးအပ် အသုံးပြုစေခဲ့ကြောင်းလည်း ဦးတေဇက ပြောသည်။ ၁၉၉၄ – ၉၅ ခုနှစ်ခန့်တွင် ရန်ကုန်မြို့ ရွှေတောင်ကြားရပ်ကွက်၌ ထူးကုမ္ပဏီကို တည်ထောင်ကာ ထိုင်း- မြန်မာ နယ်စပ် မြိတ်- ထားဝယ် ဒေသ၌ သစ်ကွက်များကို လေလံဆွဲ၍ သစ်ထုတ်လုပ်ရေးလုပ်ငန်း စတင်လုပ်ဆောင်ခဲ့သည်။
၂၀၀၇ ခုနှစ်တွင်မူ သစ်ထုတ်လုပ်ခြင်း လုပ်ငန်းကို ရပ်ဆိုင်းခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှု များပြားလာသည့်အတွက် ထိန်းသိမ်းရန် လိုအပ်လာခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ ယခုအခါ ဦးတေဇသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်များတွင် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ စင်ကာပူနိုင်ငံတွင်သာ အနေများသည့် ဦးတေဇသည် ထူး ကုမ္ပဏီကို တဦးတည်းပိုင်အဖြစ်မှ ကုမ္ပဏီအရာရှိကြီးများကိုပါ ရှယ်ယာ ပိုင်ဆိုင်စေသည့် ကော်ပိုရေးရှင်း သဘော ဖွဲ့စည်းကာ လုပ်ငန်းများကို စိတ်ချရသည့် ၀န်ထမ်းများဖြင့် လွှဲအပ်ထားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူပြီး နောက်ပိုင်းကာလ သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ဦးတေဇတဦးတည်းကို လုပ်ပိုင်ခွင့်များ ချထားပေးခြင်း မရှိတော့ဘဲ၊ တခြားသော စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သည့် အေးရှားဝေါလ် ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင်၊ မက်စ်မြန်မာ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဒေါက်တာကိုကိုကြီး၊ ဒဂုံအုပ်စုမှ ဦးဝင်းအောင် စသည့်လုပ်ငန်းရှင်များကိုပါ လုပ်ငန်းများ ခွဲဝေလုပ်ကိုင်ခွင့်ပြုထားသည်။
“ကျနော်တို့က စီးပွားရေးမှာ တရားသဖြင့် ပြိုင်ဆိုင်ရတာကို သဘောကျတယ်။ အဲဒီလိုမျိုးပဲ ပြိုင်ချင်တယ်” ဟု ဦးတေဇက သတင်းထောက်ကို ဆက်လက်ပြောဆိုသည်။
Forbes မဂ္ဂဇင်း သတင်းထောက်က ထူးကုမ္ပဏီ၏ တနှစ်ဝင်ငွေ၊ အကျိုးအမြတ်၊ ရှယ်ယာအများဆုံး ပိုင်ဆိုင်သည့် ဥက္ကဋ္ဌ တဦး၏ တနှစ်ဝင်ငွေ စသည့် အသေးစိတ်မေးမြန်းချက်များ ကိုမူ ဦးတေဇက ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။ ထိုကြောင့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းကြီး အများစုသည် ကုမ္ပဏီ၏ ဘဏ္ဍာရေးနှင့် ပတ်သက်၍ ထုတ်ပြန် ကြေညာခြင်း မရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့ မည်မျှ ချမ်းသာကြွယ်သည်ကိုလည်း ထုတ်ဖော်ပြောဆိုလေ့မရှိကြောင်း အဆိုပါ မဂ္ဂဇင်းတွင် ကောက်ချက်ချ ရေးသားထားသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက ရန်ကုန်မြို့၌ အီတလီသတင်းထောက် တဦးနှင့် တွေဆုံမေးမြန်းခန်းတွင်မူ ၎င်းပိုင်ဆိုင်သည့် ထူး ကုမ္ပဏီသည် တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ၀င်ငွေရှိသည်ဟု ပြောဆိုခဲ့ဖူးသည်။ မကြာသေးမီက Wall Street ဂျာနယ်၏ အင်တာနက် စာမျက်နှာတွင်လည်း အရှေ့တောင်အာရှရှိ အချမ်းသာဆုံး ပုဂ္ဂိုလ် ၃၀ ဦး၌ ဦးတေဇသည် အဆင့် ၁၂ တွင်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
သို့သော် ပြီးခဲ့သည့် မေလအတွင်း ပြည်ပမှ စားအုန်းဆီ တင်သွင်းဖြန့်ဖြူးခွင့်နှင့် ပတ်သက်၍ ဦးတေဇ တဦးတည်းသာ တင်သွင်းခွင့် ပေးထားသည်ကို အစိုးရက ရုတ်သိမ်းခဲ့သည့်နောက်ပိုင်း ဦးတေဇ၏ ဥစ္စာဓန ကြွယ်ဝ ချမ်းသာမှုသည် တဖြည်းဖြည်း ကျဆင်း လာကြောင်း၊ ထိုအတွက် ၎င်းပိုင်ဆိုင်သည့် ဟိုတယ်များကို ရောင်းချနေကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းတွင် ပြောဆိုနေသည်။
လက်ရှိ ဦးတေဇပိုင် ထူးကုမ္ပဏီ၌ ၀န်ထမ်းပေါင်း ၄ သောင်းဖြင့် လည်ပတ်နေပြီး ဦးတေဇသည် ၀န်ထမ်းများ၏ အကျိုးခံစားခွင့်ကို အပြည့်အ၀ပေးထားကြောင်း၊ ပထမဆုံး မြန်မာအမျိုးသမီး လေယာဉ်မောင်း တဦးအပါအ၀င် ရာနှင့်ချီသည့် ၀န်ထမ်းကောင်းများကို နိုင်ငံခြား ပညာတော်သင် အပါအ၀င် ခရီးစဉ်များကိုလည်း စီစဉ်ပေးသည့်အတွက် ၀န်ထမ်းများ အကြား နာမည်ကောင်း ရရှိနေကြောင်း သိရသည်။သူ့အား အမေရိကန်ပြည်ထောင်စု အစိုးရမှ ၂၀၀၈ ခုနှစ်ကတည်းကပင် အရေးယူပိတ်ဆို့ရေး နာမည်ပျက်စာရင်း သွင်းထားခြင်းခံရလေသော အကြောင်းမှာ သူသည် နိုင်ငံတကာမှ အောက်လမ်းနည်းများဖြင့် ပြည်သူလူထုအား မတရားဖိနှိပ်ရက်စက် အနိုင်ကျင့် အုပ်ချုပ်ထားသော မြန်မာစစ်အစိုးရအတွက် လက်နက်များ ၀ယ်ယူပေးခဲ့သူဖြစ်လေသည်။ ထိုကြောင့် အမေရိကန်ပြည်ထောင်စု ဘဏ်ဏာငွေ ကွပ်ကဲထိန်းချုပ်ရေး ဌာနမှ အဆိုပါ ဦးတေဇအား မြန်မာစစ်အစိုးရအတွက် စစ်ဘက်ဆိုင်ရာ ရံပုံ ငွေ အလုံးရင်းရှာပေးသူနှင့် လက်နက် ပွဲစားကြီး ဆိုသော ခေါင်းစဉ်အောက်တွင် ထည့်သွင်းသတ်မှတ်ကာ အရေးယူထားလေသည်။သူသည် မြန်မာအစိုးရအနေဖြင့် မြောက်ကိုရီးယား ရုရှားနှင့် တရုတ်တို့မှသာပင် လက်နက်များဝယ်ယူနိုင်သော ကာလ၀ယ်… နိုင်ငံတကာပိတ်ဆို့မှုများကြောင့် ပိတ်ညှပ်အသပ်ရှူကြပ်နေသော အဆိုပါ မြန်မာစစ်အစိုးရအတွက် ဆယ်စုနှစ်များကြာအောင် လက်နက်များဝယ်ယူရာတွင် ထဲထဲဝင့်ဝင့် ပါဝင်ပတ်သက် ကူညီခဲ့သူလဲဖြစ်သည်ဟု သိရသည်။
ထင်ထင်ရှားရှားသာဓကအနေဖြင့် ဆိုရပါမူ..စစ်ဘက်ဆိုင်ရာ အသုံးဆောင်များနှင့် ဝေဟင်မှ ပုံစံအမျိုးမျိုးဖြင့် ပျံသန်း ပစ်ခတ်နိုင်သော ရဟတ်ယာဉ် များအား ၀ယ်ယူရာတွင် ကြားပွဲစားကြီးအနေဖြင့် ဦးတေဇမှ အခိုင်မာ မားမားမတ်မတ် ဆောင်ရွက်ခဲ့လေသည်။“န၀တ လို့ခေါ်တဲ့  ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က 1988 အာဏာသိမ်းပြီး စတက်တက်လာခြင်းမှာ ခြူးငွေးတပြားမှမရှိပါဘူး၊ ဒါနဲ့ သစ်တော်တော်များများကို ချက်ခြင်းခုတ်လှဲပြီး စရောင်းကာ ငွေရှာတော့တာပါပဲ၊ ဒါကြောင့် အဲဒီငြိမ်ပိအစိုးရအဖွဲ့က တေဇနဲ့ ဆက်ဆပ်လာရပါတယ်” ဟု ထောက်လှမ်းရေးဗိုလ်မှူးဦးအောင်လင်းထွဋ်မှ ပြောပါသည်။မြန်မာ့လေတပ်က ရုရှားမှ ဖန်တီးတပ်ဆင်ထားသော ဥရောပ နိုင်ငံများ ၊ အမေရိကန်နှင့် တရုတ်တို့၏ အရည်သွေး တန်တူလောက်ရှိသည့် ချေမှုန်းရေး ရဟတ်ယာဉ်များ နှင့် မိုင်ကိုယန် အမ်အိုင်ဂျီ ၂၉ ဂျက်တိုက်လေယာဉ်တွေနှင့် လောလောဆယ်မှာ လူရာဝင်အောင် တေဇ၏ ကြားပွဲစား ၀င်ရောက်ဆောင်ရွက်မှုဖြင့် တပ်ဆင်ထားကြပါသည်။
ထိုတင်မက မြန်မာ့တပ်မတော်တွင် ကောင်ကင်းတာဝေးပစ် ရုရှားလုပ်ဒုံးကျဉ်နည်းစနစ်နှင့် အမြောက်များ လည်းရှိတာကတော့ လူတိုင်းသိလောက်ပါတယ် ရုရှားနိုင်ငံထုတ် မီဒီယာ ဗရာဗိုရာ သတင်းစာတွင် အလွန်ဆင်းရဲမွဲတေနေသော မြန်မာနိုင်ငံမှ ရုရှားထံတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၀၀ ဖိုးမျှ အကုန်ကျခံကာ ရုရှားလုပ် အဆိုပါ အမ်အိုင်ဂျီ ဂျက်တိုက်လေယာဉ်အစင်းပေါင်း ၂၀ အား ၀ယ်ယူခဲ့ကြောင်း နိုင်ငံတကာသို့ ကြွားလုံးထုတ်ပြီး ရုရှားလက်နက်များ အရောင်းသွက်ကြောင်း ရေးသားထားဘူးလေသည်။လွန်ခဲ့သော နှစ် (၂၀၁၂)တွင် နေပြည်တော်မှ နှစ်ပေါင်း ၆၀ ထက်မနည်း တော်လှန်ပုန်ကန်နေကြသော တိုင်းရင်းသား သူပုန်အဖွဲ့စည်းများ အထူးသဖြင့် ကေအိုင်အေ ကချင် လွန်မြောက်ရေး တပ်မတော် နှင့် ၄င်း၏ အပေါင်းပါ မဟာမိတ်များအား ပြင်းပြင်းထန်ထန် အမြစ်ပြတ်ချေမှုန်းရန် ကြိုးစားခဲ့သည်။ ထိုသို့ဖြင့် မြန်မာ့ စစ်ဘက်ဆိုင်ရာ အုပ်စုမှ မြန်မာစစ်တပ်၏ စေခိုင်းညွန်ကြားမှုအောက်တွင် နယ်စပ်ဒေသ လုံခြုံရေးတပ်ဖွဲ့အနေဖြင့် မရပ်တည်သော အပစ်ခတ်ရပ်စဲထားသည့် သူပုန်အဖွဲ့များအား သိသာမြင်သာအောင် ခင်းကျင်းပြသသည့်အနေဖြင့် လေကြောင်း စစ်ဆင်ရေးများ ပြုလုပ်ပြခဲ့လေသည်။ သို့ရာတွင် ကံမကောင်းအကြောင်းမလှပဲ မြန်မာ တပ်မတော်မှ ဆင်နွဲခဲ့သော ရုရှားမှ တင်ပို့ထားသည့် ညံ့ဖျင်းသော လက်နက် ကရိယာ တည်ဆောက်မှု နည်းပညာကြောင့် လေကြောင်း တိုက်ခိုက်မှုများသည် အသုံးမ၀င်ပဲ အလဟသ အချီးနှီးဖြစ်ခဲ့ရသည်။ဲမြန်မာ အာဏာရှင်မှာ ကြီးကြီးမားမားပင် အရေးပေါ် လက်နက်များအား ရုရှားမှ ၀ယ်ယူရခြင်းအကြောင်းမှာ ၂၀၀၁ခုနှစ် ထိုင်းနိုင်ငံနှင့်ဖြစ်ပွားသော နယ်စပ်ပြသနာတွင် အရေးနှိမ့်သွားရသောကြောင့်ဖြစ်ပြီး တရုတ်နိုင်ငံမှ စီးပွားရေးဆိုင်ရာ ကိစ္စများဆိုသော မျက်နှာဖုံးစွပ်ဖြင့် မြန်မာနိုင်ငံသို့လာရောက်ခဲ့သော ဒုတိယသမ္မတ စင်ကျန်ပင်း လာရောက်လည်ပတ်ပြီး တရုတ်ပြည်မှ ဂျက်လေယာဉ်များ ၀ယ်ယူမည့်အစား ရုရှား စစ်တိုက်လေယာဉ် အမ်အိုင်ဂျီ ၂၉ များအား တေဇအား စေလွှတ်ကာ ၀ယ်ယူခိုင်းခဲ့ခြင်းဖြစ်ပါသည်။ရန်ကုန်စီးပွါးရေးအသိုင်းဝိုင်းမှ ပြောဆိုသတင်းပေးချက်အရဆိုလျင် ဦးတေဇသည် ၂၀၁၃ ခုနှစ် ဇွန်လတွင် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ရုရှားသို့သွားသော ခရီးစဉ်နှင့် ချိန်ကိုက်ကာ ရုရှားသို့ သွားရောက်ခဲ့၏။ မြန်မာ့ ကာကွယ်ရေးဦးစီးချုပ်မှ မော်စကိုသို့ သွားရောက်ကာ မပြီးပြတ်သေးသော မြန်မာစစ်အစိုးရလက်ထက်မှ လက်နက် ၀ယ်ယူရန်ချုပ်ဆိုထားသည့် ကိစ္စရပ်များအား သွားရောက် အဆုံးသတ် ဖေါင်ပိတ်ရန်ဖြစ်လေ၏။
အကြောင်းမှာ ရုရှားမှ ဦးတေဇ၏ အစီစဉ်ဖြင့် ၀ယ်ယူလာခဲ့သော လက်နက်များသည် အမှန်တကယ် စစ်ပွဲများအတွင်း ထိရောက်မှု မရှိပဲ အလဟသ ဖြစ်သွားရသော မြန်မာ့ တပ်မတော်၏ ကချင်ပြည်နယ် စစ်ဆင်ရေးကြောင့်ဟု သိရသည်။ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၁၃ ခုနှစ် ဂျွန်လ ၂၃ ရက်မှ ၂၉ ရက်နေ့ထိ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂေရှိုဂူး၏ ဖိတ်ကြားချက်အရ သွားရောက်ကြောင်း ဖေါ်ပြထားလေသည်။မြန်မာ့ကာချုပ်မှ သံသယဖြင့် မော်စကိုမြို့တော် အနီးတွင်ရှိသော ဂျေအစ်စီ အာအေစီ မစ် ဟုခေါ်သော ရုရှားတိုက်လေယဉ် များတည်ဆောက်သော စက်ရုံသို့ သွားရောက်ကြည့်ရှု့ခဲ့ပြီး ရုရှားမှ ထပ်မံအဆင့်မြင့်ထားသည်ဟုဆိုသော မစ် ၂၉ တိုက်လေယာဉ်အား စမ်းသပ်ပျံသန်းပြခဲ့ကြောင်း မြန်မာ အလင်းသတင်းစာတွင် တရားဝင် ရေးသားဖေါ်ပြထားခဲ့လေသည်၊ရန်ကုန်တွင် ရှိနေကြသော သံတမန်အသိုင်းဝိုင်းမှ လက်ရှိကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်သည် ယခင်က ဦးတေဇအား အသုံးပြုကာ ချုပ်ဆိုထားခဲ့သော မြန်မာ့ စစ်အစိုးရ၏ မြောက်ကိုရီးယား တရုတ်နှင့် ရုရှားတို့မှ လက်နက်ဝယ်ယူရေး သဘောတူညီချက်စာချုပ်များအား အဆုံးသတ်ရှင်းလင်းရန် ကြိုးစားနေကြောင်း ကို ပြောဆိုနေကြပါသည်။ဦးတေဇမှ ပွဲစားလုပ်ကာ မြန်မာ အစိုးရအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း (၉)ထောင်ကျော်မျှတန်ဖိုး၇ှိသည့် ၀ယ်ယူထားပေးသော လက်နက်စာရင်းအား အောက်ပါအတိုင်း တွေ့မြင်နိုင်ပါသည်။
MAJOR ARMS SALES TO THE REGIME SINCE 1988
Supplier Year(s) of delivery Weapon description
Bulgaria 1999 100 Igla-1/SA-16 Gimlet portable
1995 50 WZ-121/Type-69 tanks
1995-1997 50 C-801/CSS-N-4/Sardine anti-ship missiles
1995-1997 6 Houxin/Type-037/1G missile boats
1997-1998 24 A-5C Fantan fighter/ground attack aircrafts
1998-1999 12 F-7M Airguard fighter aircrafts
1998-1999 40 PL-2A short range air to air missiles
1998-1999 40 PL-5B short range air to air missiles
1998-2002 5 Type-76 37mm naval gun turrets
1999 12 K-8 Karakorum-8 trainer/combat aircrafts
2001-2003 3 small armed warships
2002-2003 5 Rice Lamp fire control radars
2004-2005 3 Type-344 fire control radars
2004-2005 24 C-801/CSS-N-4/Sardine anti-ship missiles
2004-2007 8 AK-230 30mm naval guns
Germany 2003 10 Diesel engines
India 2006 2 BN-2 Islander helicopters (Number may be 4, including 2 BN-2 MP version)
2006 10 105mm light towed guns
2006 10 mine protected vehicles
2006 10 T-55 tanks
Italy 2001-2003 3 Compact 76mm naval guns
N. Korea 1999 16 Type-59-1 130mm towed guns
Poland 1990-1992 22 Mi-2/Hoplite helicopters
1991 13 W-3 Sokol helicopters
Russia 1995 7 Mi-8/Mi-17/Hip-H helicopters
1997 5 Mi-8/Mi-17/Hip-H helicopters
2001-2002 20 MiG-29S/Fulcrum-C Jet fighter aircrafts
2001-2002 60 R-73/AA-11 Archer short range air to air missiles
2002 30 R-27/AA-10 Alamo beyond visual range air to air missiles
2006 100 D-30 122mm towed guns
Serbia
2001 18 M-56 105mm Towed guns
2001 36 M-101A1 105mm Towed guns
2004 36 M-56 105mm Towed guns
2006 5 B-52 NORA 155mm Self-propelled guns
Ukraine 1999 12 AI-25/DV-2 turbofans
2002 14 T-72 tanks
2003 10 R-27/AA-10 alamo beyond visual range air to air missiles
2003 1 ST-68U/Tin Shield air surveillance radar
2003 10 BTR-3U Guardian Infantry Fighting Vehicles (Number may be up to 1000; possibly assembled from kits in Burma)
2007 10 MT-LB armored personnel carriers ( by MYUTSAWMYIT blogs )
Aung San Suu Kyi and Myanmar’s Cronies
Aung Zaw wrote in The Irrawaddy, “Burma’s richest tycoons are back in the news again—not for their shady ties to Burma’s former ruling generals, but because of their recent efforts to cozy up to the National League for Democracy (NLD), led by democracy icon Aung San Suu Kyi. Tay Za, Zaw Zaw and several other notorious figures who came to prominence during the bad old days of military rule have been making headlines recently for donating generously to NLD causes. This, in turn, has led to criticism of the NLD, which has been accused of defending cronies whose names are virtually synonymous with corruption. [Source: Aung Zaw, The Irrawaddy, January 28, 2013 ////]
In December 2012, “the NLD held a fundraiser in Rangoon to mark the second anniversary of the party’s Education Network. The event netted around 500 million kyat (US $580,000), including a sizable portion from some of Burma’s richest men. During the event, Sky Net, a television operator and a subsidiary of Shwe Than Lwin Company owned by Kyaw Win, donated 135 million kyat ($155,000), while the Htoo Company, owned by Tay Za, donated 70 million kyat ($81,000). ////
“Suu Kyi has also recently been seen visiting a children’s hospital that Burmese tycoon Zaw Zaw of the Max Myanmar Group helped to renovate. Like Tay Za, Zaw Zaw wasted no time finding an opportunity to meet with the Noble Peace Prize laureate. Soon after she was freed from house arrest, Zaw Zaw, who is the chairman of the Myanmar Football Federation, invited her to watch a match together with him. This reportedly earned him a scolding from some senior generals, but that hasn’t stopped him from meeting her again. ////
“Suu Kyi surprised many by saying that those who became wealthy during military rule should be given another chance to reform themselves. They should be considered innocent until proven guilty, she said, before adding that cronies of the former ruling generals should be investigated for any alleged wrongdoing. “People may have become rich in different ways. But whether they were involved in any illegal action to make themselves rich must be investigated,” said the opposition leader. ////
“Now, many in Burma are asking whether the tycoons are trying buy off Suu Kyi. In early January, senior NLD leaders held a press conference to explain the activities of the party’s education network. The press conference was held at the Kandawgyi Palace Hotel—owned by none other than Tay Za. At the reception, Soe Win, a senior leader of the NLD, told me that he welcomed tycoons’ contribution to education and health. When I asked if the tycoons approached Suu Kyi, he smiled and nodded. ////
“Aides to Tay Za have told me that it was the NLD that approached him first; leaders of the party tell that that is not the case. Zaw Zaw said that people should support Suu Kyi. Indeed, many businessmen who are on the US sanctions list know that Suu Kyi holds the key to their future. She is the one who can recommend the US government to remove some tycoons from the list. It’s no wonder why some tycoons have been seen making public donations to the NLD and Suu Kyi. ////
Image Sources:
Text Sources: New York Times, Washington Post, Los Angeles Times, Times of London, Lonely Planet Guides, The Irrawaddy, Myanmar Travel Information Compton’s Encyclopedia, The Guardian, National Geographic, Smithsonian magazine, The New Yorker, Time, Newsweek, Reuters, AP, AFP, Wall Street Journal, The Atlantic Monthly, The Economist, Global Viewpoint (Christian Science Monitor), Foreign Policy, burmalibrary.org,burmanet.org, Wikipedia, BBC, CNN, NBC News, Fox News and various books and other publications.
Jeffrey Hays
Last updated May 2014

ဦးတေဇ အကြောင်းတစေ့တစောင်း

Read more »

့ကချင်ပြည်သူနဲ့တိုင်းရင်းသားမိတ်ဆွေများခုတလောအသုံးအနုန်းအပြောင်းအလဲတခုဖြစ်ပေါ်နေတာသတိထားမိကြပါရဲ့လား?

တို့ကချင်ပြည်သူနဲ့တိုင်းရင်းသားမိတ်ဆွေများခုတလောအသုံးအနုန်းအပြောင်းအလဲတခုဖြစ်ပေါ်နေတာသတိထားမိကြပါရဲ့လား? ကချက်ပြည်ထဲကဖားကန့်အကြောင်းပန်ဝါမြို့အကြောင်းနဲ့အခြားမြို့ပတ်သက်ရာတွေနဲ့ပတ်သက်ပြီးဗမာပိုစ့်အချို့နဲ့MNTV(MWDနဲ့MRTVကိုတော့ထည့်ပြောစရာပင်မလိုတော့ပါ)သတင်းတွေမှာ 'ကချင်ပြည်'ဆိုတဲ့အဓိကနမ်စားကိုဖြုတ်ပြီး မြန်မာနိုင်ငံ 'မြောက်ဖျားပိုင်း' မှာတည်ရှိတဲ့ပန်ဝါမြို့ ဖားကန့်မြို့ …စသဖြင့် သာသုံးနုန်းလာကြတာ သတိထားမိကြရဲ့လား? ဒါဟာအသေးအမွှားကိစ္စလို့သတ်မှတ်လို့မရပါ သေချာရည်ရွယ်ပြီး စတင်သုံးစွဲလာတာဖြစ်တယ် ဒါဟာ ကချင်ပြည်ဆိုတဲ့ ကချင်ပိုင်အမည်နာမကို ဖျောက်ပစ်ဖို့ နည်းလမ်းအစပင်ဖြစ်တယ် 'အသံကြောင့်ဖားသေ' ဆိုတဲ့ဆိုရိုးစကားရှိသလို နုတ်ကြောင့်ပါးစပ်ကြောင့်လူတောင်သေနိုင်တယ်ဆိုတာဟာ အဓိပ္ပယ်မဲ့ဖြစ်လာတာမဟုတ်ပါ တို့တိုင်းရင်းသားတွေဒီလိုပုံစံနဲ့ရှေ့ဆက်ရင် မိမိလူမျိုးမိမိအနာဂတ်ကိုမြင်ယောင်ကြည့်လို့ရနေပြီ ကြားမှာဟိုယောင်ဒီယောင်မှေးလိုက်မနေဘဲ တခုခုကို ပြတ်ပြတ်သားသားဆုံးဖြတ်လုပ်ဆောင်သင့်ချိန်ရောက်နေပါပြီ မိမိလူမျိုးမိမိပြည်မိမိလူမျိုးမျိုးဆက်သစ်တွေမိမိသယံဇာတတွေအတွက်မှန်ကန်သောဆုံးဖြတ်ချက်ချမှတ်ဖို့ အယောက်တိုင်းမှာတာဝန်ရှိတာကို သတိရကြပါလို့… W.P myu sha ni W.P ram ma ni kara ten du hkra yu shalai na ta? Mung kan hta shin gyin masha amyu langai a'matu 'မြေ'lamu ga ngu gaw kade ahkyak ai yawng chye na re ,madu myit rawng ga yawng jawm makawp maga ga nang ngai yawng hta lit nga ai hpe dum ga ngu shadum ndau dat ai … W.P myu hte W.P mung hpe tut tsaw let Awra Lera

Read more »