Saturday, October 31, 2015

တိုင်းရင်းသားတွေမှာ စစ်ရေးမဟာမိတ်စာချုပ်တစ်ခု လိုအပ်နေပြီ

U Ravika's photo.
U Ravika with Tsaw Ra Tsaw and 66 others
10 hrsAurora, COEdited
တိုင်းရင်းသားတွေမှာ စစ်ရေးမဟာမိတ်စာချုပ်တစ်ခု လိုအပ်နေပြီ
သန်းရွှေက တောင်ပိုင်းရှိတိုင်းရင်းသားတွေကို တိုက်တယ်။ သိန်းစိန်က မြောက်ပိုင်းရှိတိုင်းရင်းသားတွေကို တိုက်တယ်။ ငြိမ်းချမ်းရေးဆွေးနွေးတာပဲဖြစ်ဖြစ်၊ မဆွေးနွေးတာပဲဖြစ်ဖြစ် သူတို့က တိုက်ချင်ရင် ဒီစခန်းကို ရွှေ့ပေး၊ ဟိုစခန်းကို ရှောင်ပေး ပြောမှာပဲ။ NCA ကို လက်မှတ်ထိုးတာပဲဖြစ်ဖြစ်၊ မထိုးတာပဲဖြစ်ဖြစ် သူတို့တိုက်ချင်တဲ့လူကို အကြောင်းမရှိအကြောင်းရှာပြီး တိုက်မှာပဲ။ ဒါကို တိုင်းရင်းသားတွေ သိထားကြဖို့ လိုမယ်။
အစိုးရတပ်ရဲ့ ရွေ့လျားမှုကို ကြည့်ရင် တိုင်းရင်းသားတို့ကို ဖက်ဒရယ်ပေးမဲ့အစား အပြုတ်တိုက်ဖို့အစီအစဉ်ရှိကြောင်း သိနိုင်မှာပါ။ အခု NCA ကိစ္စဟာ အချိန်ဆွဲတဲ့ အစီအစဉ်တစ်ခုသာ ဖြစ်တယ်။ တိုင်းရင်းသားတွေရဲ့ အင်အားကို ခွဲထုတ်တဲ့ ဥပါယ်တံမျဉ်တစ်ခုမျှသာ ဖြစ်တယ်။ တကယ်လို့ တိုင်းရင်းသားတို့ကို ယုံပြီး NCA ကို တကယ်လက်မှတ်ထိုးစေချင်ရင် အင်မတန်မှ လွယ်ပါတယ်။ အားလုံးကို လက်ခံလိုက်ရုံပဲ။ ဒါပေမဲ့ NCA ကို ကိုးကန့်တွေအပေါ် ထားတဲ့ မအလရဲ့ အဃာတတရားလောက်တောင် သူတို့တန်ဖိုးမထားပါ။ ပြစရာတစ်ခုလောက်ပဲ သဘောထားတာမို့ သူတို့အတွက် ကြီးကြီးကျယ်ကျယ် မဖြစ်လည်း ရမဲ့အခြေအနေပါ။ လက်ရှိ NCA လောက်နဲ့ သူတို့က သူတို့အလှူရှင်တွေနဲ့ အဆင်ပြေခဲ့ပါပြီ။
လက်ရှိအစိုးရတပ်ရဲ့ တပ်ရင်းတပ်မများဟာ ဗမာပြည်မမှာ များများစားစား မထားပါဘူး။ တပ်အင်အားတွေကို ပြည်နယ်တွေမှာပဲ ထားရှိပါတယ်။ ဒါဟာ တရုတ်တပ်မတော်ရဲ့ လုပ်ထုံးလုပ်နည်းကို အတုယူထားခြင်းဖြစ်တယ်။ တရုတ်တပ်မတော်ဟာ ပြည်နယ်တွေ မအုံကြွအောင် ပြည်နယ်တွေမှာပဲ ထားတာ များပါတယ်။ ပြီးရင် ဟန်လူဦးရေ တိုးပွားအောင် လုပ်ပါတယ်။ အတွင်းမွန်ဂိုလီယား၊ တိဗက် စတဲ့ လူဦးရေကျဲတဲ့ ပြည်နယ်တွေမှာ စက်ရုံထူထောင်ပြီး ဟန်လူမျိုးအခြေချမှုခိုင်မာအောင် လုပ်ခဲ့ပါတယ်။ အခု ပြည်နယ်တွေမှာ စစ်တပ်နဲ့ မဘသတို့နေရာယူလာခြင်းမှာ တိုင်းရင်းသားလူမျိုးများအတွက် အဓိကအန္တရာယ် ဖြစ်ကြောင်း သိရှိထားကြဖို့ လိုပါ့မယ်။ ဒီအုပ်စုနောက်မှာ ခရိုနီစီးပွားရေးသမားတွေကလည်း ပြည်နယ်တွေကို ခြယ်လှယ်ကြမှာ ဖြစ်လို့ တိုင်းရင်းသားလူမျိုးများတည်တံ့မဲ့အရေးဟာ အင်မတန်မှ စိုးရိမ်ဖွယ်ရာအခြေအနေမှာ ရှိနေပါတယ်။
ဒီတော့ တပ်အင်အား(၈၅)ရာခိုင်နှုန်းကို ပြည်နယ်မှာပဲ ဖြန့်ကျက်ထားမှုဟာ တိုင်းရင်းသားတွေအတွက် အလားအလာ သိပ်မကောင်းပါ။ မိမိအိမ်ရှေ့မှာ သူတို့တပ် ရောက်နေပါတယ်။ အခု NCA ကို လက်မှတ်ထိုးသွားတဲ့ KNU လည်း မကြာခင်မှာ အစိုးရတပ်ရောက်လာမှာကို တွေ့မြင်ရဖွယ် ရှိပါတယ်။ ဒီတပ်တွေဟာ ငြိမ်းချမ်းရေးထိန်းသိမ်းမဲ့အစား နိုင်ငံရေးဆွေးနွေးပွဲအပြီးမှာ သူတို့ပေးချင်သလောက်ပဲ ပေးပြီး လက်ရှိအဖွဲ့ (၈)ဖွဲ့ လက်မခံပါက အင်အားသုံးချေမှုန်းဖို့ အခုကတည်းက ပြင်ဆင်ထားတဲ့ သဘောပါ။ အမှန်မှာ မအလတို့ဟာ တိုင်းရင်းသားတွေကို အပြုတ်တိုက်ဖို့ ဆယ်နှစ်စီမံကိန်းကို ရေးဆွဲနေတာပါ။ အခု စစ်တပ်ရွေ့လျားမှုကို ကြည့်ရင် အနီရောင်အဆင့်မဟုတ်ခဲ့ရင်တောင် အဝါရောင်အဆင့်တော့ ရောက်နေပြီလို့ ပြောရမှာပါ။
လောလောဆယ်မှာ NCA ကို လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေကို အာရုံထားပြီး စစ်ရေးတည်ဆောက်မှုတွေကို လုပ်ပါတယ်။ အမှန်မတော့ UNFC အဖွဲ့က NCA ကို လက်မှတ်ထိုးလို့ မဖြစ်အောင် အဖွဲ့ဝင်(၃)ခုကို တမင်တကာ ချန်လှပ်ခဲ့ခြင်းဖြစ်တယ်။ ဒါဟာ သိန်းစိန်နဲ့ မအလတို့ရဲ့ ယုတ်မာပက်စက်တဲ့ အကြံအစည်တစ်ခု ဖြစ်တယ်။ အဖွဲ့ (၃)ဖွဲ့ကို လက်မခံရင် UNFC ကလည်း NCA ကို လက်မှတ်ထိုးဖို့ အဆင်မပြေမှန်း အစိုးရက သိပြီသားပါ။ အစိုးရက ဒီအဖွဲ့တွေ လက်မှတ်မထိုးဖြစ်အောင် လုပ်မယ်၊ ပြီးတော့ အဆိုပါဒေသတွေမှာ စစ်ရေးတည်ဆောက်မှုတွေ လုပ်မယ်၊ လက်ရှိအပစ်ရပ်သူများကို အပေါ်စီးကနေ ဆွေးနွေးနိုင်မယ်၊ ခြယ်လှယ်သလို လက်မခံရင် အပြုတ်တိုက်ကြဖို့ပါပဲ။
မကြာခင်မှာ ဝမြို့တော်ပန်ခမ်းမှာ NCA လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေ တွေ့ကြပါလိမ့်မယ်။ KNU ဟာ ကတိတည်သူ မဟုတ်လို့ အဲ့ဆွေးနွေးပွဲကို တက်ရောက်ခွင့်ရမှာမဟုတ်ပါ။ အမှန်မှာ KNU က NCA ကို လက်မှတ်ထိုးပြီးရင် EAOs summit လုပ်စရာရှိရင် UNFC က ဦးစီးဖို့ သဘောတူခဲ့ပြီသား ဖြစ်တယ်။ ဒါပေမဲ့ KNU ခေါင်းဆောင်အချို့ဟာ သိန်းစိန်နဲ့ မအလတို့နဲ့ တွေ့ဆုံပြီးနောက်ပိုင်းမှာ UNFC နဲ့ သဘောတူညီချက်ကို ဖောက်ဖျက်ပြီး EAOs summit ကို ဦးစီးဖို့ အတင်းအကြပ် နေရာယူလာပါတယ်။ နောက်ပြီး KNU စည်းရုံးနေတဲ့ အခြားအဖွဲ့ငယ်တွေလည်း ပန်ခမ်းထိပ်သီးအစည်းအဝေးမှာ ပါဝင်မယ်မထင်ပါ။ ပန်ခမ်းဆွေးနွေးပွဲကို အင်အားကြီးတိုင်းရင်းသားတပ်မတော်များကိုပဲ ရွေးပြီး ဖိတ်ကြားထားတဲ့အတွက် ရွေးကောက်ပွဲအခြေအနေ၊ နောက်တက်လာမဲ့အစိုးရအခြေအနေကို ဆွေးနွေးကြမယ်လို့ ပြောနေပေမဲ့ ရှမ်းပြည်နဲ့ ကချင်ပြည်မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့က သေချာပါတယ်။ နောက်ပြီး အစိုးရရဲ့ စစ်ရေးအရ ခြိမ်းခြောက်နေမှုကို စုပေါင်းကာကွယ်ဖို့အတွက်လည်း အမြင်ချင်းဖလှယ်ကြမယ်လို့ ယူဆပါတယ်။
ဒါကြောင့် သိန်းစိန်အစိုးရရဲ့ နိုင်ငံရေးအရ ထိုးနှက်ချက်၊ မအလရဲ့ စစ်ရေးအရ ဖိနှိပ်မှု၊ KNU စတဲ့ အဖွဲ့များရဲ့ မထီမဲ့မြင်ပြုမှုများကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ UNFC နဲ့ အခြားအဖွဲ့များဟာ ပန်ခမ်းဆွေးနွေးပွဲမှာ စစ်ရေးမဟာမိတ်စာချုပ်တစ်ခု ချုပ်ဖို့ လိုအပ်ကြောင်း မိမိရှုမြင်ပါတယ်။ ဒီဆွေးနွေးပွဲဟာ အခု အစိုးရလုပ်နေတဲ့ JMC ဆွေးနွေးပွဲထက် လူတွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေကြရပါတယ်။ JMC ကို နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့ ပါဝင်မှု မရှိက သူတို့ဘယ်လိုထိန်းကြမလဲ၊ UPDJC ကိုလည်း သူတို့ဘယ်လိုဖွဲ့စည်းကြမလဲ စိတ်ဝင်စားရမဲ့အချိန်မဟုတ်ပါ။ မိမိကိုယ်ကို ခုခံကာကွယ်ရမဲ့အချိန် ဖြစ်တယ်။ ဒါကြောင့် Federal Union Army ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ အစီအမံတစ်ခုကို ဖော်ဆောင်နိုင်ဖို့ ကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်။ ရွေးကောက်ပွဲကလည်း မသေချာတဲ့အချိန်၊ NCA ကလည်း မသေချာတဲ့အချိန်၊ မြန်မာ့တပ်မတော်ကလည်း တိုင်းရင်းသားတို့ဒေသမှာ စစ်ရေးအကြီးအကျယ်တည်ဆောက်နေတဲ့အချိန်မှာ FUA တပ်ပေါင်းစုတစ်ခုကို အသက်ဝင်လာအောင် လုပ်သင့်ပြီလို့ ယူဆမိပါတယ်။
တိုင်းရင်းသားတွေမှာ စစ်ရေးမဟာမိတ်စာချုပ်တစ်ခု လိုအပ်နေပြီ

Read more »

Facebook တင်လို့ ဖမ်းခံရသူနှစ်ဦး လွှတ်ပေးဖို့ အမေရိကန် တောင်းဆို

Sakhunna Ung with Sakhun Naung-http://burmese.voanews.com/content/calls-for-the-release-of-facebook-post-arrest/3010136.html
ပက်ထရစ်ခွန်ဂျာလီနှင့် ချောစန္ဒီထွန်းတို့ကို မကြာခင်က ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ ဝါရှင်တန်ဒီစီ၌ အောက်တိုဘာ ၁၅ ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီ၏ ပြောကြားချက်............
"မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ သူရသတ္တိနှင့်ပြည့်စုံသော အမျိုးသမီးဆုရှင် မေစပယ်ဖြူရဲ့ခင်ပွန်း ပက်ထရစ်ခွန်ဂျာလီကို ဖေ့စ်ဘွတ်ပေါ်မှာ တင်တာနဲ့ပတ်သက်ပြီးတော့ ရဲကဖမ်းပြီး ၂ဝ၁၃ ခုနှစ်ဆက်သွယ်ရေး ဥပဒေနဲ့ တရားစွဲတဲ့အကြောင်း ကြားရတဲ့အပေါ်မှာ ကျွန်တော်တို့ စိတ်ပျက်မိပါတယ်။
ဖေ့စ်ဘွတ်ပေါ်တင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ပဲ ချောစန္ဒီကိုလည်း အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေနဲ့ အရေးယူထားတာကိုလည်းပဲ ကျွန်တော်တို့ သိထားပါတယ်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကို ကန့်သတ်ဖို့အတွက် ဒီလိုဥပဒေတွေ သုံးတာဟာ ဒီမိုကရေစီသဘောတရားနဲ့ တိုက်ရိုက် ဖီလာဆန့်ကျင်ဖြစ်နေ သလို အစိုးရက ပြောထားတဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ လူ့အခွင့်အရေးတွေကို မြှင့်တင်ပေးမယ်ဆိုတဲ့ ကတိကဝတ်နဲ့လည်း ဆန့်ကျင်နေပါတယ်။
စစ်ဘက်နဲ့ တခြားအစိုးရအဖွဲ့အစည်းတွေအကြောင်း ဆွေးနွေးပြောဆိုခြင်း အပါအဝင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတာဟာ ဒီမိုကရေစီလူ့အဖွဲ့အစည်းထဲမှာ တသားတည်း ပါဝင်နေတာပါ။ ဒီပုဂ္ဂိုလ်တွေကို အမြန်ဆုံးနဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ အာဏာပိုင်များကို ကျွန်တော်တို့ တောင်းဆိုပါတယ်။"
From remarks by U.S. State Department Spokesperson John Kirby regarding the recent arrests of Patrick Khum Jaa Lee and Chaw Sandi Tun at the October 15 Daily Press Briefing in Washington, DC.
“On Myanmar, we’re disappointed to hear reports that police have arrested and charged Patrick Khum Jaa Lee, the spouse of International Women of Courage Award recipient May Sabe Phyu, under the 2013 telecommunications law, reportedly in response to a Facebook post. We understand that charges have also been filed against Chaw Sandi Tun under the electronic transactions law, also reportedly in response to a Facebook post.
The use of such laws to restrict freedom of expression directly contradicts democratic principles and the government’s own stated commitment to promote political reform and respect human rights. Freedom of speech, including speech that discusses the military and other government institutions, is integral to a democratic society. And we call on authorities to release these individuals immediately and unconditionally.”

Read more »

Friday, October 30, 2015

To The Point: Aung San Suu Kyi On Upcoming Burma Elections

Read more »

မူလာရှီးဒီ ချောင်း နဲ့ လူမှုဘဝ Video click on link

မူလာရှီးဒီ ချောင်း နဲ့ လူမှုဘဝ..

Posted by Pung Yt on Tuesday, September 8, 2015

Read more »

Saturday, October 24, 2015

ဒေါက်တာနေဇင်လတ်ကို ဒီလိုချေပမယ်

 U Ravika's photo.
U Ravika with Tsaw Ra Tsaw and 85 others
1 hrAurora, COEdited

(စာဖတ်ပျင်းရင် ကျော်သွားပါ)
ဒေါက်တာနေဇင်လတ်က အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ဆောင်းပါးတစ်ပုဒ် ရေးတယ်။ စစ်တပ်အသိုင်းအဝိုင်းက သဘောတွေ့ခဲ့တဲ့ ဆောင်းပါးတစ်ပုဒ် ဖြစ်တယ်။ သူ့ဆောင်ပါးမှာ -
(၁) အမေရိကန်က IS ကို အပြုတ်တိုက်နိုင်ရက်သားနဲ့ မတိုက်ဘဲ တမင်တကာ အချိန်ဆွဲထားတယ်၊ ရရှုားနိုင်ငံက ဆီးရီးယားသမ္မတအာဆတ်နဲ့ ပူးပေါင်းပြီး ကက်စပီယံပင်လယ်ကနေ ဒုံးပျံ(၂၆)စင်း ပစ်လွှတ်လိုက်ရာ အားလုံးက ပစ်မှတ်ကို ထိလို့ IS တွေက ဖိန့်ဖိန့်တုန် ကြောက်နေရပြီ။ ရုရှားရဲ့ ဒုံးနည်းပညာကို အမေရိကန်ကပါ ထိတ်လန့်ခဲ့ရတယ်၊ အမေရိကန်ဒုံးတွေက အဖဂန်က ဆေးရုံးကို ပစ်မိရာ အရပ်သားတွေ သေဆုံးရတယ်လို့ သူက ထောက်ပြပါတယ်။
(၂) သင်ခန်းစာယူဖို့ ထောက်ပြတဲ့နေရာမှာ အာရပ်နိုင်ငံတွေက ရေနံကြောင့် အမေရိကန်လွှမ်းမိုးခံရတယ်၊ အမေရိကန်တို့က စစ်ပွဲဖန်တီးပြီး နိုင်ငံတွေကို ကြွေမွစေတယ်၊ မွတ်စလင်တွေ အထိနာပြီး ခရစ်ယာန်တွေ အကျိုးရှိစေတယ်၊ အခု အမေရိကန်က တရုတ်ကို ထိန်းဖို့ မြန်မာနိုင်ငံကို မျက်စိကျနေတယ်၊ သယံဇာတထွက်ရှိတဲ့ မြန်မာနိုင်ငံမှာ အဓိကပါတီကြီး(၂)ခုက ဒါကို သတိထားရမယ်၊ နိုင်ငံအုပ်ချုပ်ရေးဆိုတာ မဲဆွယ်ပွဲတွေမှာ ပြောတာထက် ပိုနက်ရှိုင်းတယ်၊ မြန်မာနိုင်ငံမှာလည်း အချိန်မရွေး မီးဟုန်းဟုန်းတောက်သွားနိုင်တယ်၊လို့ ကောက်ချက်ဆွဲသွားတယ်။
သူ့ဆောင်းပါးက ဖတ်လို့တော့ ကောင်းတယ်။ ဒါပေမဲ့ သူ့လားရာအရပ်နဲ့ ပတ်သက်သူတွေကို ကြည့်ရင် ဒီစကားပြောတာ မဆန်းပေဘူး။ သူက ဦးနေဝင်းမောင်ရဲ့ E-grass က အကျိုးအမြတ်ကို ရယူပြီး ပြည်ခိုင်ဖြိုးပါတီရဲ့ ကိုယ်ပွားအဖြစ် အခု NDP ပါတီကို ထူထောင်ထားတာပါ။ လက်ရှိပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသိန်းစိန်နဲ့ ကာချုပ်မအလတို့ဟာ နာဂစ်ဖွဲ့စည်းပုံကို ထိန်းထားနိုင်ဖို့ လုံ့လပြုနေတဲ့ အင်အားစုတွေပါ။ ပြုပြင်ပြောင်းလဲဟန် ဟန်ဆောင်ပန်ဆောင်လုပ်နေတာကိုတောင် လက်မခံတဲ့ ပုဂ္ဂိုလ်များကို ချန်ထားရစ်သလို ပြုပြင်ပြောင်းလဲရေးမှာ ခြေကျွံချင်တဲ့ ပုဂ္ဂိုလ်များကိုလည်း ဒီနှစ်ဦးက ရှင်ရက်နဲ့ သေအောင် လုပ်ပါတယ်။
ဒီတော့ နည်းနည်းလေး ဆွေးနွေးကြည့်ရအောင်ပါ။
(၁) အမေရိကန်က အဖဂန်နဲ့အီရတ်စစ်ပွဲတုန်းက ရှေ့ကနေ ဦးဆောင်ပြီး တိုက်ခဲ့ပါတယ်။ တရုတ်မှာ ဒေါ်လာထရီလီယံပေါင်းများစွာ အကြွေးတင်ပြီး တိုက်ခဲ့တာပါ။ တရုတ်နဲ့ ရုရှားကို အားကိုးလို့ မရရုံတင်မက အမေရိကန်က ဗိုလ်ကျခဲ့တယ်လိုး စွပ်စွဲမှတွေတောင် ရှိပါတယ်။ သူပုန်တွေကို လက်နက်ခိုးရောင်းမှုတွေလည်း အများကြီးပါ။ ဒါကြောင့် ဒီပွဲမှာ အမေရိကန်က ရှေ့ကနေ မသွားပါ။ အားလုံးကို ဖိတ်ခေါ်ပြီးမှ လုပ်တာပါ။ ဒါကြောင့် ဆုံးဖြတ်တဲ့နေရာမှာ နှေးကွေးစေပါတယ်။ ရုရှားက ဒုံးပျံအစင်း (၂၀)ကျော် ပစ်လိုက်ရုံနဲ့ နေဇင်လတ်တို့က အမွှမ်းတင်နေပါတယ်။ တရုတ်ဒုံးမပါတာကို မထောက်ပြဘဲ အမေရိကန်ဒုံး ညံ့ပုံကို ဖော်ကျူးသွားတယ်။ ညံ့မညံ့ သိရအောင် အခု နေဇင်လတ်ရဲ့ နေအိမ်ကို မလွဲအောင် အမေရိကန်က ပစ်နိုင်ပါတယ်။ ရုရှားတွေက ဂျောဂျီယာနိုင်ငံကိုလည်း ဝင်ရောက်သိမ်းပိုက်ခဲ့ဖူးတယ်၊ ယူကရိန်းနိုင်ငံကိုလည်း ဝင်ရောက်သိမ်းပိုက်ခဲ့သလို ပြည်တွင်းရေးရှုပ်ထွေးအောင် လုပ်နေတုန်းပါ။ အခုနောက်ဆုံး ဂျပန်ပိုင် ကူရိုင်းကျွန်းစုတွေမှာ စစ်စခန်းတည်ဆောက်နေပါတယ်။ နောက်ပြီး လူမိုက်အာဆတ်ကိုလည်း ထောက်ခံနေသူတစ်ဦးပါ။ အီရန်ကိုလည်း မြောက်ပင့်ပြီး ဟစ်ဇဘိုလာသူပုန်တွေနဲ့လည်း ပတ်သက်ဖူးပါတယ်။ အခု ရုရှားနိုင်ငံဆိုတာ နေဇင်လတ်ပြောသလို အင်အားကြီးနိုင်ငံ ဖြစ်လာဖို့ ဝေးစွ၊ ရုရှားတွေရဲ့ မကောင်းတဲ့အကျင့်ကြောင့် နိုင်ငံတကာက ပိတ်ဆို့ထားလို့ ရုရှားစီးပွားရေးဆိုတာ အသက်ယဲ့ယဲ့ကလေးသာ ကျန်ပါတော့တယ်။ ဒါကို အာရုံလွှဲချင်လို့ IS တိုက်ပွဲတွေမှာ အတင်းဝင်ရောပါတယ်။ နေဇင်လတ်မသိလို့ အမေရိကန်တွေပဲ ပစ်မှတ်လွဲတာမဟုတ်၊ ရုရှားတွေက တူရကီလေပိုင်နက်ကို ပြောင်ကျူးကျော်ပါတယ်။
(၂) နေဇင်လတ် ပြောတဲ့ သင်ခန်းစာတွေကို မယူခင် နည်းနည်းလေး ထောက်ပြချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ သယံဇာတကို ဈေးချိုချိုနဲ့ ဝယ်ယူနေတာက အမေရိကန်တို့မဟုတ်ပါ။ ဂျပန်တို့လည်း မဟုတ်ပါ။ နေဇင်လတ်တို့က အမြဲတမ်း ပြောပါတယ်။ ကျောက်ဖြူစီမံကိန်း၊ ထားဝယ်စီမံကိန်းနဲ့ သီလဝါစီမံကိန်း (၃)ခုနဲ့ မြန်မာနိုင်ငံကို ဖွံ့ဖြိုးအောင် လုပ်မယ်ဆိုပါတယ်။ ဒီစီမံကိန်းတွေမှာ အမေရိကန်အကျိုးစီးပွားထက် တရုတ်အကျိုးစီးပွားတွေပဲ အခရာကျပါတယ်။ တရုတ်နဲ့အတူ ထိုင်းနဲ့ စင်ကာပူတို့ကလည်း ရှေ့ကနေ ပြေးနေပါတယ်။ တရုတ်ကို ထိန်းဖို့ မြန်မာနိုင်ငံကို မျက်စိကျနေတယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ တရုတ်ကပဲ မြန်မာနိုင်ငံကို လွှမ်းမိုးထားဆဲပါ။ တိုင်းရင်းသားပြည်နယ်တွေမှာ တိုင်းရင်သားတွေနဲ့ မျှဝေခံစားရမှာစိုးလို့ တရုတ်နဲ့ ပေါင်းလိုက်၊ ထိုင်းနဲ့ ပေါင်းလို့ လုပ်စားနေတဲ့အစိုးရဟာ နေဇင်လတ်တို့အကြံပေးလုပ်ခဲ့တဲ့ အစိုးရ ဖြစ်တယ်။ NLD ပါတီမဟုတ်ဘူး။ ဒါကြောင့် သတိပေးစရာရှိရင် ပြည်ခိုင်ဖြိုးပါတီကိုပဲ သတိပေးပါ။ နောက်တစ်ခု မြန်မာနိုင်ငံမှာ အချိန်မရွေး မီးဟုန်ဟုန်တောက်နိုင်တယ်ဆိုတဲ့ အမြင်ပါ။ အခုလည်း မီးဟုန်ဟုန်တောက်နေပါတယ် နေဇင်လတ်။ အဲဒါကတော့ တရုတ်ကြောင့်လည်း မဟုတ်ဘူး။ အမေရိကန်ကြောင့်လည်း မဟုတ်ဘူး။ အမြော်အမြင်မရှိတဲ့ နေဇင်လတ်တို့အစိုးရကြောင့်ပဲ။ အပစ်ရပ်လက်မှတ်ကို ထိုးဖို့ တိုင်းရင်းသားအားလုံးက အဆင်သင့် ဖြစ်နေပေမဲ့ အစိုးရနဲ့ မြန်မာ့တပ်မတော်က ထိုးခွင့်မပြုဘဲ တိုက်ပွဲဖြစ်နေတဲ့ ကိုးကန့်၊ တအာင်း၊ ရခိုင်တို့ကို လက်မှတ်ထိုးခွင့်မပြုခြင်းဟာ တိုင်းရင်းသားဒေသတွေကို စစ်ပွဲကြောင့် ကြွေမွစေဖို့ပဲ မဟုတ်လား။ NCA ကို လက်မှတ်ထိုးသွားတဲ့ အဖွဲ့ (၈)ဖွဲ့က တောင်းပန်နေတာတောင် ကချင်နဲ့ ရှမ်းမြောက်ကို သွားသွားတိုက်နေခြင်းမှာ တိုင်းရင်းသားတို့ရဲ့အကျိုးကို လိုလားတယ်လို့ ပြောနိုင်ပါလား။ နေဇင်လတ်က အမေရိကန်ကို ထောက်ပြသလို မြန်မာ့တပ်မတော်ကိုလည်း ထောက်ပြနိုင်ပါတယ်။ မြန်မာနိုင်ငံရှိပြည်တွင်းစစ်ဟာ ကမ္ဘာ့သက်တမ်းအရှည်ကြားဆုံး ရွာဦးက ဘိုးဘိုးကြီးနတ်တောင် မမှတ်မိနိုင်တော့တဲ့ စစ်ပွဲပါ။ ဒါကို လက်နက်ချခိုင်းပြီး ငြိမ်းချမ်းရေးယူဖို့ဆိုရင် မြန်မာနိုင်ငံမှာ မီးဟုန်ဟုန်တောက်စေရပါ့မယ်။ အဲဒါကို စိတ်ချပါ။
နေဇင်လတ်ကို နောက်ထပ်ထောက်ပြစရာ (၂)ချက်ရှိသေးတယ်။ အရင်က တိုင်းရင်းသားတွေနဲ့ အပစ်ရပ်ထားတုန်းက အမေရိကန်နဲ့အနောက်တိုင်းနိုင်ငံများကို ပုတ်ခတ်တယ်။ NLD ပါတီဟာ ကိုလိုနီတွေရဲ့ လက်ဝေခံတွေပါလို့ စွတ်စွဲခဲ့တယ်။ သိန်းစိန်အုပ်ချုပ်မှု (၅)နှစ်မှာ NLD နဲ့ အဆင်ပြေနေလို့၊ အမေရိကန်နဲ့လည်း အဆင်ပြေနေလို့ တိုင်းရင်းသားတွေနဲ့ တရုတ်ကို ပေးစားပြီး အမေရိကန်နဲ့ ပြဿနာတက်အောင် အမျိုးမျိုး ကုန်းချောပါတယ်။ ဒါကို ဦးအောင်မင်းတို့ သိပါတယ်။ ဂျပန်ရောက်တုန်း ဂျပန်အစိုးရကို ဦးအောင်မင်း ဘာတွေ ပြောခဲ့လဲ နေဇင်လတ်တို့လို အတွင်းလူတွေ သိကြမှာပါ။ အခုတစ်ခါ ရွေးကောက်ပွဲမှာ လိမ်နည်း ညစ်နည်းတွေကို သုံးပြီး သိန်းစိန်ကိုပဲ သမ္မတပြန်တင်ဖို့ အရိပ်အယောင်ကို မြင်နေရပါတယ်။ ဒါကို အမေရိကန်တို့ကလည်း မြင်နေပါတယ်။ ဒါကြောင့်လည်း Global Witness အဖွဲ့က စစ်တပ်၊ ခရိုနီ၊ ဦးပိုင်တို့ရဲ့ ဝိသမလောဘတွေကို ဖွင့်ချခဲ့တာပါ။ ရွေးကောက်ပွဲနဲ့ အပစ်ရပ်ရေးကို မလိမ့်တပတ်လုပ်ရင် ဝါရှင်တန်က မြန်မာအစိုးရကို အရေးယူလာဖွယ်ရှိကြောင်း အခုကတည်းက ရိပ်မိနေလို့ အမေရိကန်ကို ကြိုဆဲထားတာ မဟုတ်လား။
ဒုတိယအချက်ကို ပြောမယ်။ အစိုးရအသုံးမကျပုံကို ပြောချင်တာပါ။ လက်ရှိစနစ်ကို လက်ခံလို့ မရပုံကို ပြောတာပါ။ သစ်ပင်တွေ ခုတ်လို့ သစ်တောတွေ ပျက်သုဉ်းရတဲ့အခါ အခုအခါမှာ မြန်မာနိုင်ငံအနှံ့အပြားမှာ ရေကြီးနေပါတယ်။ သစ်ထုတ်လုပ်ရေးကနေ ရတဲ့ ပိုက်ဆံတွေနဲ့ နေဇင်လတ်တို့က မဲဆွယ်နေတဲ့အချိန်မှာ ရေကြီးမှုကြောင့် ဒုက္ခရောက်နေတဲ့ လူထုက မဲပေးဖို့ မနည်းရုန်းကန်နေရပါတယ်။ ဒါတောင် မမှတ်သေးပါ။ သံလွင်မြစ်ရေကို ထိုင်းနိုင်ငံကို ရောင်းစားအုံးမယ်ဆိုပဲ။ ထိုင်းနိုင်ငံထဲကို ၈၈ ကီလိုမီတာရှိတဲ့ တူးမြောင်းတစ်ခုကို ဖောက်မှာ ဖြစ်တယ်။ မြိုင်ကြီးငူကတဆင့် ထိုင်းကို တစ်စက္ကန့် ကုဗမီတာ (၃၀၀၀)နှုန်းနဲ့ ရေပို့လွှတ်မှာ ဖြစ်တယ်။ ထိုင်းတွေအတွက် လျှပ်စစ်မီးတို့ ဘာတို့ ရမယ်။ အခု အပစ်ရပ်ကြမဲ့ KNU, DKBA နဲ့ နေဇင်လတ်တို့အစိုးရက ငွေထုပ်ကြီးကို ပိုက်နိုင်ကြပါအုံးမယ်။ ဒီငွေတွေဟာ ဖားကန့်ကျောက်စိမ်းနယ်မြေမှာ ရရှိတဲ့ ဒေါ်လာ(၃၁)ဘီလီယံလိုပဲ ကြွက်တွင်းထဲကို ရောက်ရှိသွားမှာ သေချာပါတယ်။ ဒီငွေတွေဟာ လက်ရှိအစိုးရ၊ လက်ရှိစနစ်နဲ့ပဲ အာဏာရှင်တို့က ဖြုံထားလိုက်တာပါ။ ဒီလောက်ပမာဏရှိတဲ့ ငွေတိုက်ကြီးကို ဘယ်မှာထားထားသလဲ ဘယ်လွှတ်တော်ကမှ မမေးရဲသလို နေဇင်လတ်တို့ကလည်း နှုတ်ဆိတ်နေပါတယ်။ အာဏာရှင်တို့ သိုက်တူးလို့ ပြည်သူတို့ဒုက္ခရောက်မှာကိုလည်း နေဇင်လတ်တို့ထောက်ပြတာ မမြင်ဖူးပါ။
အစိုးရက သံလွင်မြစ်ကို တူးမြောင်းမဖောက်ခင် နေဇင်လတ်တို့အစိုးရကို ပြောချင်ပါသေးတယ်။ နေဇင်လတ်တို့က ဒေါက်တာဘွဲကို ရရှိထားသူပီပီ အမြင်ပိုကျယ်ပါတယ်။ Aral Sea ကို ကြားဖူးပါသလား။ ကမ္ဘာမှာ စတုတ္ထအကြီးဆုံး ရေချိုသောက်ပင်လယ်ကြီးပါ။ ကာဇက်စတန်နိုင်ငံနဲ့ ဥဇဘက်နိုင်ငံ၊ တာဂျစ်ကစ္စတန်၊ တက်မန္နစ္စတန်၊ ကာဂျစ်စတန်နိုင်ငံတွေကနေ စီးလာတဲ့ မြစ်ချောင်းတို့ရဲ့ ပေါင်းစည်းရာ ပင်လယ်တစ်ခုပဲ။ အရင်ကဆို စတုရန်းမိုင်းပေါင်း ၂၆၃၀၀ ကျယ်ဝန်းတဲ့ ကုန်းတွင်းပိတ်ပင်လယ်တစ်ခုပါ။ အခုဆိုရင် စတုရန်းမိုင် (၁၃၅၀)ပဲ ကျန်ပြီး ရေအနက်က ပေ(၃၀)တောင် မရှိတော့ပါ။ ဘာကြောင့်လဲလို့ မေးရင် စာဖတ်အားကောင်းတဲ့ နေဇင်လတ်တို့က သိပါတယ်။ ဒီနိုင်ငံတွေက ဆိုဗီယက်ပြည်ထောင်စုမှာ နေတုန်းက အာဏာရှင်စတာလင်က စစ်တပ်အတွက် ဝါဂွမ်းလိုနေလို့ မြစ်တွေ၊ ချောင်းတွေ၊ ရေကန်တွေကနေ တူးမြောင်းဖောက်ပြီး ဝါးဂွမ်းစိုက်ခင်းတွေ လုပ်ခဲ့လို့ပဲမဟုတ်လား။ အခု စတာလင် ရွှေညာဏ်တော်စူးရှလို့ ပင်လယ်က ခမ်းခြောက်ပြီး ဂေဟစနစ် ပျက်သုဉ်းကာ ရေလုပ်ငန်းကို မှီခိုရတဲ့ မြို့ရွာပေါင်းမနည်း ပျက်ခဲ့ရပါတယ်။
အခု အစိုးရက သံလွင်မြစ်ကို တူးမြောင်းဖောက်ပြီး ထိုင်းနိုင်ငံကို ရောင်းစားမယ်ဆိုရင် ဘားအံမြို့နဲ့ မော်လမြိုင်တို့က ဘာဖြစ်သွားမလဲ နေဇင်လတ်တို့ စဉ်းစားဖူးပါသလား။ ဘားအံထက် မော်လမြိုင်က ပိုဒုက္ခရောက်မှာပါ။ အခု မော်လမြိုင်နဲ့ ဘီလူးကျွန်းကြားမှာ လမ်းလျှောက်လို့ ရလုနီးပါး သဲမြေတွေ ပေါ်နေပါတယ်။ ဒါကို မြစ်ချောင်းထိန်းသိမ်းရေးအဖွဲ့တွေက ဂရုစိုက်ပါရဲ့လား။ အဲဒါကို ဂရုမစိုက်ရုံမျှမက အခု သံလွင်မြစ်က ရေကို ရောင်းစားကြအုံးမယ်။ သံလွင်မြစ်ရဲ့ ရေစီးကြောင်း အပြောင်းအလဲဖြစ်ရင် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့က ဘာဖြစ်သွားမလဲ တွေးခေါ်ရှင်ကြီးတွေ တွေးဖူးသလား။ စိတ်ကော ပူတတ်သလား။ အနည်းဆုံး ရေငန်တွေက ဘားအံအထိ ရောက်နိုင်တယ်၊ နုံးမြေတွေကလည်း ဘားအံအထိ တက်နိုင်တယ်၊ မော်လမြိုင်ဆိုတာ သွားပြီ။ ပြောလိုက်ရင်လည်း ခင်ဗျားတို့မှာ ရှိတဲ့ အလိုတော်ရိပညာရှင်တွေနဲ့ ဘာမှ မဖြစ်ဘူးလို့ ပြောကြပါအုံးမယ်။ အခုတော့ ဘာမှ မဖြစ်ဘူး။ ခင်ဗျားတို့ အသက်ရှင်နေတဲ့အချိန်မှာ ဘာမှ မဖြစ်သေးဘူး။ ဒါပေမဲ့ ခင်ဗျားတို့ မရှိတဲ့အချိန်၊ ကျုပ်တို့မရှိတဲ့အချိန်မှာ ဘာဖြစ်လာမလဲ ခန့်မှန်းထားရမယ်။ စတာလင်ခေတ်က တူးမြောင်းက ၁၉၈၂ ခုနှစ်ကမှ စပြီး အစွမ်းပြလာသလို တကယ်လို့ သံလွင်မြစ်ကို တူးမြောင်းဖောက်ခဲ့ရင်လည်း နောင်အနှစ်(၂၀)လောက်ဆို သတ္တိပြပါလိမ့်မယ်။ အဲဒီအချိန်ကျမှ ကယ်ရင် ဆေးမမီတော့ပါ။
ဒါကြောင့် နေဇင်လတ် သတိပေးသလို ပြည်သူတို့က အမေရိကန်ကိုလည်း သတိထားပါ့မယ်။ သွေးစုပ်နေတဲ့ တရုတ်ကို ပိုပြီးတော့ သတိထားနေပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာ ရှိနေတဲ့ ခင်ဗျားတို့ပြည်ခိုင်ဖြိုးကို သတိအထားဆုံးပဲ။ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ အဓွန့်ရှည်စွာ တည်တံ့ရေးအတွက် ခင်ဗျားတို့ကို ဖြုတ်ချဖို့ ကြိုးစားနေတာ ဖြစ်တယ်။ ခင်ဗျားတို့ ဆက်ရှိနေလို့ မဖြစ်ဘူး။ ပြည်ခိုင်ဖြိုးမှာ အာဏာမြဲနေလို့ မဖြစ်ဘူး။ စစ်တပ်မှာ နိုင်ငံတော်အာဏာ ရှိနေလို့ မဖြစ်ဘူး။ ဒါပဲ။

Read more »

The quiet theft of Burma’s billions.

 



A report just released by Global Witness illuminates the staggering theft of billions of dollars worth of jade revenue by a nexus of military and business tycoons, and drug lords, that have long dominated Burma’s legal and illegal economies. The vast majority of Burmese jade goes to China, yet around 50 to 80 percent of this is smuggled illicitly over the border. In effect then, only around a third to a half of the entire revenue from jade, or $12.3 billion, ends up in state coffers—the remaining $20 billion or so is sold off illegally. Rather than contributing to public spending, it goes straight into the pockets of dominant figures in this nexus, and helps sustain their position as key power brokers in Burma.

The jade industry is referred to Global Witness as the “big state secret” in Burma, and for good reason. Several of the biggest companies in the trade are patronized by figures right at the top of the politico-economic hierarchy—former dictator Than Shwe, current Livestock Minister Ohn Myint, and drug lord and financier of the United Wa State Army, Wei Hsueh-Kang, to name but a few. Together their companies recorded hundreds of millions in official pre-tax sales in 2014, a figure that doesn’t include the greater revenue earned from unofficial sales.

Those who profit most from jade have something of a symbiotic relationship with the trade. For people like Ohn Myint, a former military commander-cum-politician, the wealth they have accrued has helped to buy a degree of power that ensures their continued access to the industry’s profits. The wealth-power relationship that underpins the economic hierarchy in Burma means that to lose this access to jade profit, possibly as a result of a more level economic playing field, could threaten their political preeminence and, ergo, future economic wealth. It is therefore in their strongest interests to ensure the industry maintains the veil that has allowed billions to be quietly siphoned out of the state budget, and hence why efforts to open it up to scrutiny will meet with heavy resistance.

The location of the most lucrative jade mines adds another sinister dimension to the industry. Billions of dollars of jade are mined each year from a site in Kachin State that is contested by both the government/military and the Kachin Independence Army (KIA). They have been fighting one another since 2011, when a 17-year ceasefire broke. A principle reason for the resumption of fighting rested on the destructive nature of the 17 years of “peacetime” experienced in Kachin State, during which the government (and Chinese companies) took control of much of the region’s natural resources, jade included, yet distributed virtually none of the revenue gained back to Kachin civilians.

Amid a push over the past two years by the government to broker another ceasefire, extraction of jade soared, with 2014 seeing the some of the highest output on record. One explanation is that those with vested interests in the industry knew that any ceasefire would result in stronger demands for revenue sharing by the Kachin, and therefore upped their operations to extract as much as possible before the competition widened. If true, this gives weight to theories that the conflict is highly profitable for those with stakes in jade—any ceasefire backed by the Kachin would have to have enshrined fairer revenue distribution, something that would have cut heavily into the interests of those currently in control of the mines. Hence there are powerful forces in the jade industry that have vested interests in keeping the conflict going, as do the lower-rung officers stationed in Kachin State to fight the KIA who extort significant amounts of money from the jade miners that pass through military checkpoints en route to markets in China.

Global Witness has questioned whether the siphoning off of jade revenue could be the “biggest natural resource heist in modern history”. The vast polarization that results from the disenfranchisement of millions civilians to benefit a small elite network will be largely unchanged by whatever limited shift towards civilian rule results from elections next month. Whoever moves into positions of influence after the vote will know that any real attempt to upend this hierarchy of power will invite the fiercest of resistance.

As the report notes, the estimated $31 billion gained from jade sales in 2014—both officially and unofficially—equates to around 48 percent of Burma’s official GDP. But only one percent of state spending is sourced from the mining sector—more comes from oil and gas, despite revenue from these paling in comparison to Global Witness’s estimations of jade revenue. This gives some indication of the inordinate amount of wealth being mined from Burma’s north that completely bypasses the public. Viewed against the backdrop of the World Bank’s independent assessment last year that 37.5 percent of the country lives in poverty, the figures show how significant the human cost of state-sanctioned corruption in Burma can be............

Read more »

The Great Jade Robbery

http://www.dvb.no/news/the-great-jade-robbery-burma-kachin-myanmar/58437#.VioyKuh9DSc.facebook
hpakant jpg
Unchecked smuggling and endemic fraud gives the lie to modest official valuations of Burma’s multi-billion dollar annual jade trade, a new report by Global Witness claims.
Through information gathered over the course of a one-year investigation, the London-based resource economics watchdog has estimated 2014 trade in Burma’s most profitable natural resource to be worth US$31 billion [≈ Harvard University endowment in 2011]. That would be three times higher than the official figure of $12.3 billion [≈ cost of 1972 Hurricane Agnes] in jade sold to China, the destiny for almost all of Burma’s unearthed jade.
To put these astronomical figures into context, natural gas generated export revenues of $4.2 billion[≈ net worth of Richard Branson, business magnate, 2011] for Burma in 2014. Unlike the gas industry, which is afforded a degree of explicitness by the international gaze affixed to multinational corporations such as Shell and Total, Burma’s jade industry is unique in its opacity. And that is just how shadowy former junta profiteers, including former army chief Than Shwe, like it, Global Witness says.
Raw jade (PHOTO: wikipedia)
Raw jade (PHOTO: Wikipedia)
The largest deposit of fine-quality jade in the world is found in a militarised dark spot in Burma’s northern Kachin State. War and peace has been dealt over the Hpakant region, where in the surrounding hills a vicious conflict between the Kachin Independence Army (KIA) and Burmese government forces continues into its fifth year. But half a decade of fighting has not seen a downturn in jade mining in the area, which sits just a stone’s throw from China, where demand for the “stone of heaven” has never been greater.
On the contrary, satellite imagery provided by Global Witness in its report titled Jade: Myanmar’s ‘Big State Secret’ details massive expansion in mining operations in the area over the past ten years. Operations have continued to intensify in the period since 2012, when vicious fighting in the Hpakant region escalated into the bloodiest chapter of an already one-year-old war between Naypyidaw and the KIA. Official jade figures detail a huge leap in profit revenues almost across the board between 2013 and 2014.
Insecurity and conflict in Burma’s north has effectively removed all scrutiny into what was an already murky industry. Naypyidaw and the Kachin rebels frequently invoke the fog of war to justify minimal oversight of resource extraction and cross-border trade into China. That makes the war in Burma’s north good for business; but who is profiting?
It has never been a secret that trade in jade is monopolised by the Burmese military.
The Tatmadaw owns and administers conglomerates Union of Myanmar Economic Holdings and Myanmar Economic Corporation. According to statistics produced by Global Witness, these two firms accounted for a joint total of more than $180 million in registered pre-tax sales in 2014. Companies owned by the families and connections of former junta strongmen Than Shwe, Ohn Myint and Maung Maung Thein tabled a combined total of more than $220 million [≈ Mitt Romney assets in 2011] in official 2014 pre-tax sales.
Throw these sales in with those registered by companies affiliated with the known regime cronies that run Burmese mega-businesses such as Asiaworld, KBZ and Htoo Group, and the valuation of$12 billion [≈ cost of 1972 Hurricane Agnes] in jade to China per year is quickly reached.
Licences to dig for Kachin jade are issued by the Ministry of Mines and the state-owned Myanmar Gems Enterprise. Global Witness argues that the state favours former junta strongmen and their princelings, notorious for hoarding resource wealth at the expense of one of the poorest populous in the Asian region.
“Previously unpublished government jade concession maps and company records shows that Than Shwe’s sons, Kyaing San Shwe and Htun Naing Shwe, control two companies called KyaingInternational and Myanmar Naing Group, which have obtained licences to six jade mines inHpakant. According to a senior Ministry of Mines official, mining concessions were handed to the Kyaing International firm “without any of the usual procedures being followed”, the report alleges.
Mandalay jade market. (PHOTO: Reuters)
Mandalay jade market. (PHOTO: Reuters)
But the on-the-books statistics belie the depth of the jade-rich Burmese kleptocracy. Global Witness believes that between 50-80 percent of all jade discovered by these crony-owned firms is undeclared and smuggled into China without the knowledge of the Burmese government. This is done to avoid heavy taxation at multiple stages from initial discovery to export.
Burmese government data on jade production in 2014 combined with estimates for the average price of each grade of jade based on sales at the 2014 Myanmar Gems Emporium indicates that $31 billion [≈ Harvard University endowment in 2011] worth of Burmese jade wound up in China last year, according to Global Witness.
An alternative calculation – based on the average price per kilogramme of jade imports as indicated by the Chinese government in 2014 combined with Burmese government production figures for the same year – produces a figure of $38 billion [≈ US oil/gas subsidies, 2011].
“This figure equates to nearly half of the entire country’s GDP, and over 46 times national spendingon health,” Global Witness reminds, also pointing out that the trade discrepancy wipes $6 billion [≈ Suez Canal annual receipts] from the government’s yearly tax income.
'Hand pickers’ ferret through mounds of upturned earth for small pieces of jade overlooked by the industrial operations (From DVB documentary 'Hpakant's jade curse')
‘Hand pickers’ ferret through mounds of upturned earth for small pieces of jade overlooked by the industrial operations (From DVB documentary ‘Hpakant’s jade curse’)
Nowhere is the massive inequality wrought by the elite’s plundering of jade resources more stark then in the mining communities themselves. In Hpakant and surrounding areas, small-time miners known as ‘hand pickers’ ferret through mounds of upturned earth for small pieces of jade overlooked by the industrial operations. It is a task that often gets people killed, as the unstable piles of fresh earth often cave in on themselves.
Once a scene of thick jungle and intersecting paddy field, shantytowns have sprung up on land seized and quickly made to resemble the surface of Mars. Rampant drug addiction plagues communities completely unsupported by government services or infrastructure.
Poverty stretches out beyond the mining districts, in areas where a resource war has destroyed livelihoods and forced over 100,000 people [≈ population of Virgin Islands, nation] into displacementcamps.
“Myanmar’s jade business may be the biggest natural resource heist in modern history, said Global Witness analyst Juman Kubba.
“Many governments in countries emerging from conflict or tyranny try to defer the question of who will benefit from natural resources. This calculation is sometimes underpinned by vague notions of a grand bargain: the idea that former despots, rebels and military commanders can be sated with a super-size slice of the nation’s resources and will agree not to be ‘spoilers’.
“It rarely works out that way.”
*Editor: The Burmese government has not responded to DVB’s requests for comment on the Global Witness report.
WATCH: DVB documentary: ‘Hpakant’s jade curse’

Read more »