Monday, August 31, 2015

အပစ်ရပ်ကို ဘာကြောင့် လောနေရသလဲ

အပစ်ရပ်ကို ဘာကြောင့် လောနေရသလဲ
၂၀၀၉ ခုနှစ်မှာ BGF နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ်နဲ့ PM ပြည်သူ့စစ်များအဖြစ် အသွင်ပြောင်းလို့ ဖိအားပေးခံရတဲ့အခါ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေရဲ့ အစီအစဉ်ကို လက်မခံနိုင်တဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေဟာ အစိုးရထိုးစစ်ဆင်လာမဲ့အဖြစ်ကို ကြိုတွက်မိလို့ စိုးရိမ်စိတ် ရှိခဲ့ကြပါတယ်။ ၂၀၁၀ ခု၊ နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးချိန်မှာပဲ KIO (ကချင်)၊ NMSP (မွန်)နဲ့ SSPP (ရှမ်းမြောက်)တို့က အပစ်မရပ်ရသေးတဲ့ KNU (ကရင်)၊ KNPP (ကရင်နီ)နဲ့ CNF (ချင်း)တို့နဲ့ ပေါင်းမိပြီး ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးကော်မတီ (CEFU) ကို ကမန်းကတန်း ထူထောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီအဖွဲ့က ကြာရှည်မခံခဲ့ဘဲ ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ပြည်ထောင်စုနေ့မှာ UNFC ဆိုတဲ့ အဖွဲ့နဲ့ အစားထိုးခဲ့ကြပါတယ်။ UNFC ဆိုတာ The United Nationalities Federal Council ရဲ့ အတိုကောက်ပါ။ စုစည်းညီညွတ်သောတိုင်းရင်းသားလူမျိုးများရဲ့ ဖက်ဒရယ်ကောင်စီပါပဲ။ ဖွဲ့စည်းစမှာ UNFC မှာ အဖွဲ့ဝင် (၁၂)ဖွဲ့ ရှိပြီး အဖွဲ့ရဲ့ ဥက္ကဋ္ဌဟာ အခု လက်ရှိ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်မူတူပါပဲ။ အတွင်းရေးမှူးကတော့ NMSP က နိုင်ဟံသာ ဖြစ်တယ်။
UNFC အဖွဲ့ရဲ့ ပင်မရည်ရွယ်ချက်မှာ ဖက်ဒရယ်ပြည်ထောင်စု(မြန်မာနိုင်ငံ)တစ်ခုနဲ့ ယင်းပြည်ထောင်စုရှိ ပြည်သူများကို ကာကွယ်ဖို့ ဖက်ဒရယ်တပ်မတော်တစ်ခု ဖွဲ့စည်းဖို့ ဖြစ်တယ်။ ဒီရပ်တည်ချက်ကို စာဖတ်နေသူကြီးက မကြိုက်နှစ်သက်ပါ။ စာဖတ်သူကြီးနဲ့ သိန်းစိန်၊ မင်းအောင်လှိုင်အပါအဝင် သူ့တပည့်နောက်လိုက်တွေက UNFC ကို တစ်ခုခုလုပ်ဖို့ စဉ်းစားရပါတယ်။ အဲဒါကတော့ UNFC အရိပ်အောက်မှာ တိုင်းရင်းသားအားလုံး မဝင်ရောက်မိရေး ကြိုတင်ဟန့်တားဖို့ပါပဲ။ ဒီလိုဟန့်တားဖို့ဆိုရင် UNFC မှာ ဗိုလ်ချုပ်မူတူက ဥက္ကဋ္ဌဆိုပေမဲ့ UNFC မူဝါဒများကို တကယ်ကိုင်တွယ်နေသူများဟာ KIO နဲ့ NMSP တို့ ဖြစ်ကြောင်း သိရှိသွားကြတယ်။ ဒါကြောင့် KIO ကို ချက်ချင်းထိုးစစ်ဆင်ပြီး NMSP နဲ့ နှစ်ထပ်ကွမ်း အပစ်ရပ်ဖို့ လုပ်ပါတယ်။ ဒီကြားထဲမှာ UNFC မှာ ပါဝင်ဖို့ ဝန်လေးနေတဲ့ RCSS ကို ချဉ်းကပ်ဖို့ EBO ပဲ့ကိုင် ဟန်ယောင်ဝေကို အသုံးချဖို့ ရှိလာတယ်။ နော်ဝေးနောက်ခံနဲ့ ဇင်းမယ်မှာ Pyidaungsu Institute (PI) ကို အားသစ်လောင်းကာ UNFC မှာ ထင်သလောက် မပေါက်တဲ့ ဗိုလ်ချုပ်မူတူနဲ့ သူ့အကြံပေး စောတူးတူးလေးတို့ကို ချဉ်းကပ်ပြီး KNU ကို UNFC ကနေ ထွက်သွားအောင် ဆွယ်တရားဟောခဲ့တယ်။ ဒါနဲ့ပဲ KNU ဟာ UNFC ရဲ့ ပထမဆုံးကွန်ဂရက်ကို အိုးမည်းသုတ်ပြီး လောလောနဲ့ ယာယီနုတ်ထွက်သွားခဲ့တယ်။ KNU ထွက်သွားတာနဲ့ ဟန်ယောင်ဝေက UNFC ကို ရစရာမရှိအောင် ဝေဖန်ပုတ်ခတ်ခဲ့ပါတယ်။
RCSS နဲ့ KNU တို့ကို စည်းရုံးနိုင်ခဲ့တဲ့နောက်မှာ တိုင်းရင်းသားတွေကို တဖွဲ့ချင်း ဖဲ့ထုတ်လို့ ရမယ်လို့ ထင်ထားတဲ့ ဦးအောင်မင်းတို့ဟာ တွက်ခြေမကိုက်ခဲ့ပါဘူး။ ဒါကြောင့် လိုင်ဇာမှာ NCCT ကို ဖွဲ့စည်းတဲ့အခါ သဘောတူခဲ့ရပါတယ်။ တကယ့်တကယ်ကျတော့ RCSS နဲ့ KNU တို့လည်း သိန်းစိန်အစိုးရကို ယုံကြည်ကြတာ မဟုတ်ဘူးဆိုတာ ထင်ရှားခဲ့ပါတယ်။ ဒီလိုနဲ့ NCCT ကိုလည်း KIO နဲ့ NMSP တို့ပဲ ဦးဆောင်နေတာကို တွေ့ရတဲ့အခါ RCSS နဲ့ KNU တို့က သိန်းစိန်အစိုးရနဲ့ သီသန့်တွေ့ဆုံမှုပေါင်း မြောက်မြားစွာ လုပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ NCCT ဟာ UNFC အဖွဲ့ပိုင်မဟုတ်ဘူးလို့ ဝေဖန်ကြတဲ့အထိ ဖြစ်တယ်။ ဒါဟာ တိုင်းရင်သားလောကမှာ မရင့်ကျက်သေးတဲ့ နိုင်ငံရေးခံယူချက်အချို့ကို တင်ပြခြင်းဖြစ်တယ်။ ဒါကို အဖြေရှာဖို့ KNU အဆိုပြုတဲ့ SD အဖွဲ့ကို NCCT က လက်ခံရပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေက SD အဖွဲ့ကို ဦးဆောင်ဖို့ RCSS နဲ့ KNU ခေါင်းဆောင်အချို့ကို ဘဝင်မကျဘဲ KNU ဒုဥက္ကဋ္ဌ နော်စီဖိုရာစိန်ကိုပဲ ဦးဆောင်စေလိုကြတယ်။ SD အဖွဲ့ဆိုတာ NCCT နဲ့ UPWC တို့ သဘောတူညီထားတဲ့ NCA ကို အပြီးသတ်ဖို့တာဝန် ရှိတယ်။ ဒီအဖွဲ့ကို နော်စီဖိုရာစိန်က ဦးဆောင်လာတဲ့အခါ သန်းရွှေကြီးနဲ့ သူ့လက်ရင်းတပည့်တွေက တွက်ခြေမကိုက်ပြန်ပါဘူး။
ဒါကြောင့် သန်းရွှေနဲ့ သူ့လက်ရင်းတပည့်တွေက သေရိဝဝါဏိဇဇာတ်မှာလို ရွဲကို မပေးဘဲ ရွှေခွက်ကိုသာ အလကားရလိုတဲ့ ဆန္ဒနဲ့ တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲစေတဲ့ နည်းနာတွေကို ပြန်စဉ်းစားကြရပါတယ်။ ဒီတော့ UNFC ကိုလည်း အကြပ်ရိုက်စေ၊ ပြည်တွင်းစစ်ကိုလည်း အဓွန့်ရှည်စေဆိုပြီး အပစ်ရပ်စာချုပ်မှာ အဖွဲ့(၆)ဖွဲ့ လက်မှတ်ထိုးစရာမလိုဘူးလို့ ပြောလာပါတော့တယ်။ အထူးသဖြင့် တအာင်း၊ ရခိုင်နဲ့ ကိုးကန့်တို့ဟာ လက်နက်ချကို ချရမယ်လို့ အတိအလင်း ပြောလာပါတယ်။ ကျန်အဖွဲ့တွေကတော့ အပစ်ရပ်စာချုပ် ချုပ်ဆိုပြီးတာနဲ့ အားလုံးဟာ လက်နက်ချတဲ့ကိစ္စကို မဖြစ်မနေ ပြောကြရလိမ့်မယ်လို့ ပြောပါလာတော့တယ်။ ဒီအဆိုကို KNU နဲ့ RCSS တို့က အရေးမကြီးတဲ့သဘော ပြောနေပေမဲ့ တိုင်းရင်းသားလူမျိုးအတော်များများမှာ တကယ့်ကို ဂယက်ရိုက်စေခဲ့ပါတယ်။ လောလောဆယ်မှာ ဖဒိုမန်းငြိမ်းမောင်က အစိုးရဘက်ကို ပါကြောင်း သိစေလိုလို့ အဖွဲ့အားလုံးပါမှ အပစ်ရပ်ကို ရပ်ကြမယ်ဆိုရင် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း စောင့်ရင်တောင် မဖြစ်နိုင်ဘူးလို့ ဆိုလာပါတယ်။ သမ္မတက သြဂုတ်လ (၁၁)ရက်နေ့မှာ အပစ်ရပ်ဖို့ စာပို့၊ KNU က (၁၅)ရက်နေ့မှာပဲ လက်ရှိစာချုပ်အတိုင်း လက်မှတ်တိုးနိုင်ကြောင်းကျေညာခဲ့တာ ဘာဆန်းသလဲ။
ဒီလို မတင်မကျဖြစ်နေလို့ ထုံးစံအတိုင်း ဇင်းမယ်ကို ပြေးကြရပြန်ပါတယ်။ နော်စီဖိုရာစိန်က KNU လည်း အားလုံးပါဝင်မှ လက်မှတ်ထိုးမယ်လို့ မျက်နှာပူပူနဲ့ ပြောရတဲ့အထိပါပဲ။ ထိပ်သီးတွေက ချွေးသီးရတဲ့အထိ ညှိနိုင်းကြတော့ အရင်လိုပဲ အားလုံးပါဝင်နိုင်မှ အပစ်ရပ်ကို လက်မှတ်ထိုးနိုင်မယ်လို့ ဖြစ်ကုန်ပါတယ်။ အားလုံးပါဝင်လက်မှတ်ထိုးနိုင်ရေးအတွက် ကြီး(၅)ကြီးခေါင်းဆောင်တွေနဲ့ SD က ခေါင်းဆောင်(၃)ဦးတို့ဟာ လာမဲ့လ (၉)ရက်နေ့မှာ သမ္မတနဲ့ ကာချုပ်ကို သွားတွေ့ကြပါအုံးမယ်။ ဒါဟာ အပစ်ရပ်ကို လက်မှတ်ထိုးဖြစ်မလား၊ မထိုးဖြစ်ဘူးလား အန္တိမဆုံးဖြတ်ချက် ဖြစ်ဖို့များပါတယ်။ ဒီထက် ညှိစရာ မရှိတော့ဘူး။ ညှိခဲ့ရင်လည်း ကလေးကလားဆန်လွန်းနေမှာ အမှန်ပဲ။
ဒီတော့ အပစ်ရပ်စာချုပ်ဟာ လက်မှတ်မထိုးရသေးတဲ့အချိန်မှာတောင် အတော့်ကို ရှုပ်ထွေးနေပါတယ်။ နာဂစ်ဖွဲ့စည်းပုံကလည်း အရှုပ်ထုပ်တွေနဲ့ ရေးခဲ့ပါတယ်။ ဒီတော့ ဒီအပစ်ရပ်စာချုပ်နဲ့ နာဂစ်ဖွဲ့စည်းပုံတို့ဟာ ပြဿနာကို ရှင်းဖို့အတွက်လား၊ ပြဿနာတွေကို ဖန်တီးဖို့ နောက်အစတစ်ခု ဖြစ်နေမလား ဝေခွဲရခက်နေပါပြီ။ ဒါကြောင့်လည်း အပစ်ရပ်စာချုပ်နဲ့ အရူးတစ်ပိုင်း ဖြစ်နေတဲ့ စောတူးတူးလေးနဲ့ ဟန်ယောင်ဝေကို မလောဖို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးရခြင်းပါ။ ဒေါ်အောင်ဆန်းစုကြည်က ဘာကြောင့် သတိပေးရသလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောကြားထားခြင်းမရှိပါဘူး။ ဒါပေမဲ့ ဒီအပစ်ရပ်ရေးမှာ သပွတ်အူလို ရှုပ်ထွေးပွေလီနေတယ်ဆိုတာ သူ ခန့်မှန်းမိလို့ နေမယ်။ စောတူးတူးလေးနဲ့ ပုဂ္ဂိုလ်ရေးခင်မင်မှု ရှိတဲ့ ရှေ့နေ ဦးအောင်ထူးကလည်း အပစ်ရပ်စာချုပ်ရဲ့ ဟာကွက်တွေကို မနည်းထောက်ပြထားပါတယ်။ ဒီအပစ်ရပ်စာချုပ်မှာ ဘာငြိမ်းချမ်းရေးကိုမှ အာမခံချက်ပေးမထားဘူး၊ စစ်တပ်က နောက်ထပ်ထိုးစစ်မလုပ်တော့ဘူးလို့ ခံဝန်ချက် မပါဘူး၊ တိုင်းရင်းသားတွေကို လက်နက်ချတဲ့စကားမပြောဘူးလို့ မပါဘူး။ အပစ်ရပ်ကို လက်မှတ်ထိုးပြီးတာနဲ့ တိုင်းရင်းသားတွေအတွက် အပိတ်ချည်းပဲ ဖြစ်ပြီးတော့ သန်းရွှေနဲ့ သူ့ငယ်ပါကျွန်တွေက အဖွင့်ချည်းပဲ တိုက်ကွက်ဆင်နေပါလိမ့်မယ်။
မိမိအမြဲတမ်းထောက်ပြနေတဲ့အချက်တစ်ခုမှာ လက်ရှိစာချုပ်ကို တဖက်ဖက်က ချိုးဖောက်ခဲ့ရင် ကုလငြိမ်းချမ်းရေးတပ် ဝင်ရောက်ဖို့လမ်းစ ထည့်ထားဖို့ ဖြစ်တယ်။ အခု အဲဒီစာပိုဒ် မပါသလို ရှေ့နေဦးအောင်ထူးထောက်ပြတဲ့အတိုင်း ဒီစာချုပ်ကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ တတိယပါတီတစ်ခုတောင် ဖော်ပြထားတာမရှိဘူး။ စာမျက်နှာ (၁၇)မျက်နှာ ရှိပြီး အချက်ပေါင်း (၃၃)ချက်ရှိတဲ့ ဒီအပစ်ရပ်စာချုပ်ဟာ သတ်ကွင်းနဲ့တူတဲ့ လွှတ်တော်နိုင်ငံရေးဆီကိုပဲ ထွက်ပေါက်ပေးထားတဲ့ ဝင်္ကဘာတစ်ခုလိုပါပဲ။ ဒါကြောင့် ဒီအပစ်ရပ်ဝင်္ကဘာထဲ လောလောနဲ့ ဘာကြောင့် ဝင်ချင်ရသလဲ စောတူးတူးလေးနဲ့ ဟန်ယောင်ဝေကို မေးကြည့်ရမယ်။ သူတို့က သန်းရွှေဆီက ဘာအမာခံချက်ကို ရရှိခဲ့ပါသလဲ။ CEFU ကိုလည်း လောလောနဲ့ ဖွဲ့ပြီး လောလောနဲ့ ရုပ်သိမ်းလိုက်တယ်။ UNFC ထဲကိုလည်း လောလောနဲ့ ဝင်လာပြီး လောလောနဲ့ ထွက်သွားတယ်။ အခုလည်း အပစ်ရပ်ကို လောလောနဲ့ လက်မှတ်ထိုးပြီး လောလောနဲ့ ပြန်ပစ်ကြရင် (အခုလည်း ပစ်နေကြတာပဲ) ဘာထူးမှာလဲ။ တစ်ခုတော့ ပြောထားမယ်။ လက်မှတ်မထိုးခင်အထိတော့ လွတ်လပ်သူပါပဲ။ ပင်လုံကို လက်မှတ်မထိုးခင်အထိ ကချင်၊ ရှမ်း၊ ကရင်နီနဲ့ ချင်းတို့ဟာ လွတ်လပ်နေခဲ့တယ်။ အဲဒီလက်မှတ်တစ်ချက်ကြောင့် ဘယ်လောက်ဒုက္ခရောက်နေခဲ့ရသလဲ။ နောက်ပြီး လက်မှတ်ဘယ်နှခါ ထိုးခဲ့ပြီးပြီလဲ။ စစ်တပ်က ဘယ်တုန်းက ကတိတည်ဖူးသလဲ။ သန်းရွှေကို ဘယ်လောက်ယုံနိုင်မလဲ။ ယုံတယ်ဆိုရင် ထိုးကြပါလေ။ သေချာတာက သန်းရွှေက သူ့မူဝါဒ ဘာတစ်ခုမှ မပြောင်းသေးဘူး။ အရင်အတိုင်းပဲဆိုတာ သိန်းစိန်နဲ့မအလတို့ရဲ့ လက်စလက်နကို ကြည့်ရင် ရိပ်မိသင့်လှပါတယ်။
အပစ်ရပ်ကို ဘာကြောင့် လောနေရသလဲ

Read more »

MIWA HKAWHKAM PRATBAN(DYNASTY) TEN NA LAMU GA SUMLA NI.



Jinghpaw Amyu sha ni a lapran Labau Sara Kaba langai hku nna masha chye law ai Sara Kaba Manam Tawng hpe Miwa Gumsan Mungdan Mangshi Mare kaba e August Shata manang langai hte ngai sa hkrum ai ten grai manu dan ai labau hte seng ai lam ni hpe hkaja chye lu ga ai, ahkyak ai langai gaw Sara Kaba Manam Tawng shi nan grai manu shadan hkang zing kyem tawn ai kaw na shaw la nhtawm madun sanglang ai laika buk kaba gaw Miwa Hkawhkam prat ban ten shagu na Lamu ga sumla ni rai nga ai, matsing ai daram nga yang ahkyak ai Miwa Hkawhkam Pratban(Dynasty) 10 daram yawm htum nga lai wa yu sai rai nna Qin Dynasty prat hpang kaw na Jinghpaw WP ni nga shanu ai Wunpawng Mungdan gaw Miwa Hkawhkam ni up hkang ai lamu ga re ngu masat la tawn hkrum ai ginra re hpe Dynasty shagu na Lamu ga sumla ni hpe yu yang asan sha chye lu ai. Wunpawng Mungdan gaw jasam maigan ni yawng e ra marin nga ai lamu ga ginra rai nga ai hpe mung asan sha chye na ra nga ga ai.
Qin (Ch'in) Dynasty - 221-206 BCE
Han Dynasty - 206 BCE-220 CE
"Period of Disunity"/ Six Dynasties Period - 220-589 CE
Sui Dynasty - 581-618 CE
Tang (T'ang) Dynasty - 618-906
Song (Sung) Dynasty - 960-1279
Ming Dynasty - 1368-1644
Qing (Ch'ing) Dynasty - 1644-1912

Read more »

အောက်မြန်မာပြည်ယဉ်ကျေးမှုနယ်မြေ


U Ravika
 
 · 

မွန်တို့၏ ယဉ်ကျေးမှုအမွေအနှစ်များသည် ပျူဝါဒီများ၏ ခြိမ်းခြောက်မှုအောက်တွင် အန္တရာယ်ကျရောက်လျက်ရှိပါသည်။ အန္တရာယ်ကို ကာကွယ်နိုင်ရန် အောက်မြန်မာပြည်ယဉ်ကျေးမှုနယ်မြေရှိ သုတေသနလုပ်ငန်းများသည် မွန်သုတေသနအရာရှိများ၏ လက်ထဲ၌ ရှိနေရန် လိုအပ်ပါကြောင်း မွန်အဖွဲ့အစည်းများ တောင်းဆိုသင့်ကြပြီဟု ထင်မြင်မိပါသည်။
ပုသိမ်(၃၂)မြို့တွင် တစ်မြို့အပါအဝင် ဖြစ်ဟန်ရှိသည့် နေရာတွင် ရှေးဟောင်းစေတီပျက်တစ်ဆူကို ဖူးတွေ့ရခြင်းဖြစ်သည်။ ပုသိမ်မြို့ကို ပသီမြို့ဟု ရေးသူများ ရှိရာ မွတ်စလင်မြို့တစ်မြို့ဖြစ်ကြောင်း ကြံကြပါသည်။ အလွန်မှားယွင်းပါသည်။ မွန်အမည် ဖာသီကို ပသီဟု မြန်မာတို့အရေးမှားရာမှ ဇာတ်လမ်းက စတင်ပါသည်။ မွန်အမည် ဖာသီဆိုသည်မှာ သိမ်ကျောင်းဘက်ဟု အဓိပ္ပါယ်ရှိပါသည်။ မွန်အမည်များကို မြန်မာအတွေးဖြင့် မရေး၊ မပြောကြဖို့ လိုပါသည်။
အလားတူစွာ ပုဂံမတိုင်မီ တည်ရှိခဲ့သော သမိုင်းခေတ်များကို သတ်မှတ်ရာ၌ ပျူခေတ်တစ်ခုတည်းကိုသာ မြန်မာအစိုးရတို့က အသုံးပြုခဲ့ကြပါသည်။ အမှန်တွင် အောက်မြန်မာပြည်အတွက် သုဝဏ္ဏဘူမိခေတ်တစ်ခုကို သတ်မှတ်ပေးရန် လိုအပ်ပါသည်။ သတ်မှတ်ရန် ပျက်ကွက်ခဲ့၍သာ ယခုအခါ၌ မွန်လော၊ ပျူလော ရောကုန်ခြင်းဖြစ်သည်။ ထို့ပြင် ရာမညတိုင်းကို ရည်ညွန်းရာ၌ လက်ရှိမွန်ပြည်နယ်ကိုသာ မဖော်ပြသင့်ကြောင်းလည်း ခံစားမိပါသည်။ ရာမညတိုင်း မွန်ပိုင်း(၃)ရပ်ဟု သမိုင်းမှာ အထင်အရှား ပါရှိပြီဖြစ်ပါသည်။
ပြည်ထောင်စုသမိုင်းတစ်ရပ် မပျောက်ပျက်စေရေးအတွက် မွန်ပြည်နယ်အသံလို စစ်တပ်စာမျက်နှာတွေက ဦးဆောင်၍ ပါဝင်တောင်းဆိုသင့်ကြောင်း ယုံကြည်မိပါသည်။

Read more »

Sunday, August 30, 2015

ယနေ့မြန်မာ့တပ်မတော်တိုင်းရင်းသားပြည်သူတွေနေစရာမဲ့အောင် ဘာကြောင့် ညစ်ပတ် ဖျက်ဆီးသလဲ။

ဝမ်းနည်းသည်က ကိုဟ့်မြေပေါ်ကိုယ်နေပြီးကိုယ့်လူမျိုးကာကွယ်ဖို့လေ့ကျင့်ပျိုး ထောင်ပေးနေတဲ့သားသမီူးတော်လေးတွေကိုသက်သက်မဲ့

ကြီးအဝေးပစ်လက်နက်နဲ့ကိုသေကြောင်းကြံစီသည့်အတွက်ကိုရင်နာပြီးအထူးကိုဝမ်းနည်းကြေကွဲရပါတယ်။
မြန်မာပြည်ကိုကာကွယ်ပေးမဲ့နောင်အနာဂတ်သားငယ်မျာ့း ဖြစ်တယ်။တရုပ်ကိုဖားဖို့ဘိန်းစားဖို့လုယက်ဖို့ဒါးမြလုပ်ဖို့လေ့ကျင့်ပေးနေတာမဟုတ်ပါ။အာဏာလုဖို့မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်းကိုသိနေတာ။
ဘက်လိုက်နေတာမဟုတ်ပါ။
လူမျိုးရေးသွေးခွဲပြီးလေ့ကျင့်ပျိုးထောင်ခြင်းမဟုတ်။
ယောက်ျားဇာနည်ဘာမထီကြယ်တန်ခွန်ဆွတ်န်ုင်မဲ့လေ့ကျင့်ရေးကျောင်းသာဖြစ်သည်။
လက်နက်တစ်ခုသာအားကိုးပြီးကြီးနိုင်ငယ်ညှင်းဝါဒသွတ်သွင်း နေသည့်ကျောင်းမဟုတ်ရှိသည့်နေရာမှာလူတိုင်းနှင့်ပြောဆိုဆက်ဆံတတ်သည့်ပညာဥဏ်ရဖို့လေ့ကျင့်သင်ယူနေသူများသာဖြစ်သည်။
အကြမ်းဖက်ဂါဒသွတ်သွင်းနေသည့်ကျောင်းမဟုတ်ပါ။
မေတ္တာကိုတန်ဖိုးထားပြီးညီရင်းအစ်ကိုသဖွယ်နေထိုင်စာနာတတ်ဖို့ပြုစုပျိုးထောင်နေသည့်လေ့ကျင့်ရေးကျောင်းဖြစ်သဘ်ကိုသိထားပါသည်။
ဘယ်သူမှားသည်လို့မဆိုလိုသည်ကလေးတွေကမြန်မာစစ် တပ်နယ်မြေကိုသွားရောက်ကျူးကျော်သူများမဟုတ်ပါ။
မြန်မာပိုင်နက်နေပြည်တော်ကိုသွားမတိုက်ပါ။မကြံစီပါ။
ရန်သူမဟုတ်ပါ။
ယနေ့မြန်မာ့တပ်မတော်တိုင်းရင်းသားပြည်သူတွေနေစရာမဲ့အောင်ကချင်လူမျိုးကကချင်တောင်ပေါ်မှာနေတာ
အဲ့ဒါရန်သူလားစဉ်းစားပါ။
ဘာကြောင့်ကခိင်ပြည်သူပြည်သားကိုနယ်လာလုနေတာ လည်းဆိုတာတော့ကိုယ့်ဖာသာအသိဆုံးဖြစ်မှာပါ။
ညစ်ညစ်ပတ်ပတ်မြန်မာပြည်လို့ပြောရအောင်ပြည်ထောင်စုလို့ပြောရအောင်တ်ုင်းရင်းသားကဝိုင်းကာကွယ်ခဲ့လို့ဒီစည်း စိမ်နဲ့နေရတာဘာလို့ကိုယ့်ထမင်းအိုးကိုယ်ဖျက်ဆီးသလဲ။
ကချင်ကိုအမြစ်ဖြုတ်အပြတ်တိုက်ခြင်ရင်တော့
ဖန်ဆင်းရှင်"ထာဝရဘုရား"နဲ့မြန်မာစစ်တပ်ထိပ်တိုက်တွေ့ပြီဆိုတာသတိထားဖို့သတိပေးလိုက်ပါတယ်။
အခုကချင်လူမျိုးရှိနေတာကိုမြန်မာကနေရာလာဖယ်ခိုင်း
တယ်။
ကချင်ကမြန်မာတွေဒီပြည်နယ်ကထွက်သွားပါလို့ပြောရင်
ဘယ်လိုခံစားရမလည်း။
မွန်ကလည်းမွန်ပြည်နယ်က
ရှမ်းကလည်းရှမ်းပြည်နယ်က
ရခိုင်ကလည်းရခိုင်ပြည်နယ်က
ချင်းကလည်းချင်းပြည်နယ်က
ကရင်ကလည်းကရင်ပြည်နယ်က
ကယားကလည်းကယားပြည်နယ်ကအိုဘယ်မှာလည်းမြန်မာ ပြည်မရွှေဘိုမှာလားနေပြည်တော်လားဘဲအဲ့မှာနေကြလဟာ
Why? ကချင်ပြည်သူကနေပြည်တော်ကိုပေးပါမပြောဘူး
ရွှေဘိုကိုမတောင်းဘူး
မန္တျလးကိုမတောင်းဘူးလေ
မြန်မာကိုစစ်တိုက်နေတာမဟုတ်ပါ။
ကိုဟ်ပြည်နယ်ကိုယ့်ဒေသအတွက်ကာကွယ်ဖို့လေ့ကျင့်ရေး
ကျောင်းကိုတမင်တစ်ကာလက်နက်ကြီးနဲ့ချိန်ပြီးပြစ်တာရန်စတာမတရားလုပ်တာလူသတ်တာ
ကမ္ဘာကရော အာဆီယံကပါ ဒီလိုလုပ်နေတာကိုခွင့်ပြုထားတယ်ဆို
ကုလသမ္မဂလူ့အခွင့်အရေးကကောဘာလုပ်ဖို့လည်း
ဘုရားနဲ့ဆန့်ကျင်တဲ့အသိတရားတွေနဲ့အုပ်ချုပ်သူကိုဘယ်
ပြည်သူမှလက်မခံဘူး
လုံးဝဆန့်ကျင်တယ်ဒီအပြုအမူဟာလုံးဝအသိဥာဏ်မဲ့တဲ့
သူတောင်မလုပ်တဲ့အလုပ်ဖြစ်တယ်။
ရှုံ့ချတယ်
ရှုံချတယ်လုံးဝကိုရှုံချတယ်။
ဖျက်ဆီးသလဲ။

Read more »

Saturday, August 29, 2015

Grau myit npyaw hpa lam ni ( land of document )



Tara nshang ai sha lam amyu myu hku nna zing madu wa nga sai lamu ga ni hpe je yang lu na matu, ya kawn myit shajang da ga.
Gum hpraw hte bai mari la na i?
Tara masa hte daw dan la na i?
Majan nhpan hte manga la na i?
Ladat amyu myi gaw galoi mung myit nga ra na re.Document ,labau hkrak di ka mazing da ra na re.

Ishare ela myu shani shaning hkying lam na hkra shakram da ra mat wa tim lani myi shan hte bai madu la lu ai sakse ni nga nga ai.
Amerika mung dan na jauman bu (native indian ) ni a document labau ni mung hka ja yu ga.
http://www.crowcanyon.org/EducationProducts/pueblo_history_kids/introduction.asp
http://erecording.co.pueblo.co.us/recorder/web/
http://www.nmcpr.state.nm.us/archives/research-resources/land-grants/
https://books.google.com/books?id=DJI0AAAAIAAJ&lpg=PA23&ots=R4hyhD7OYE&dq=Pueblo%20Land%20document&pg=PA23#v=onepage&q=Pueblo%20Land%20document&f=false



1. Manmaw kaw Myen hpyendap ni mung shawa lamu ga hpe hpri ,wut,shakum ni kum nna zing madu bang wa nga sai.
2. Hpakant hta lung seng htu company ni, lung seng htu sha na ahkang sha nga ai. Raitim lamu ga hpe mung ngangkang ai hku kum zing wa nga ai



Read more »

KIA Dapba 4 laknak ap na, Myen Dap Awn Daju tsun ai hpe ginra masha ni n hkap la

NCA laekmat htu ngut jang gaw ndai hku (Disarmament, Demobilization and Reintegration (DDR), Security Sector Reform (SSR) လက်နက်ဖျက်သိမ်း ရေး၊ ရုပ်သိမ်းရေး။တပ်ဖျက်သိမ်းခြင်း။အစိတ်စိတ်အမြွှာမြွှာ ဖြစ်သည်။ တစ်စစီဖြစ်သွားသည်။ အားနည်းသည်။ ပြိုကွဲသည်။

Lahta Sammung KIA Dapba 4 laknak dawm na matu Myen mung asuya hpyendap Dap Awn Daju Dkb Min Awng Lai tsun mat ai hpe ginra buga masha ni n hkap la ai lam, tsun shapraw dat masai.

KIA Dapba 4 gaw “Wunpawng Mungdan Shanglawt Hpyendap (KIA) hte kaga ga n re ai zawn jarit matut ai Jinghpaw mungdaw mungmasha ni hte mung langai sha gahkyin gumdin let htunghking, makam masham, labau rum nna arau yu hkrat wa ai ni re lam” August 27 ndau hta shaleng ai re.

August 25 ya Myen asuya n-gup Myanma Ahlin Shi Laika hta, “MNDAA (Kokang) hpe garum ai KIA Dapba 4 hte TNLA (Balawng) ni laknak dawm ra na re lam” hpe Myen dap awn daju Dkb Min Awng Lai gaw Myen Mung Shi Kongsi (gan) ningtau ningbaw Slg. Hkin Mawng Le hte Naypyidaw Ba-yit-nawng manam jarawp gawknu e Aug. 24 ya shani hkrum ai shaloi, tsun ai re.

Ndai gaw, “Lahta Sammung hta nga ai KIA Dapba 4 hpe ginhka ai masa rai nna, lama NCA simsa lam sen htu ai shaloi Dapba 4 gaw n lawm na lachyum re lam” ndau shabra laika shapraw ai hta woi awn shanglawm ai Sara Htoi Awng tsun ai re.

Sr. Htoi Awng tsun ai hta, ndai ndau shabra laika hpe Lahta Sammung Namtu, Kutkai, Nampaka, Sinli, Munggu, Muse hte shara shagu na buga kanu wa ni hte hkrum tsup bawngban nna shapraw ai re nga tsun ai.

Lai wa sai 17-ning simsa lam aten ladaw e mung dai ten na Myen hpyendap asuya gaw KIA Dapba 4 hpe Jinghpaw mungdaw de dawm la kau na matu lang hte lang tsun shadut wa sai. Dai hpang, Myen hpyendap a mara kata KIA hpyenla ni hpe majoi sat sharu ai mabyin kaba 2 mung pru wa sai re.

2011 ning Myen asuya hte KIO lapran majan byin wa ai hpang, KIA Dapba 4 daju Loikang hkrat ai hpang daju hpe Jinghpaw mungdaw Mai Ja Yang de htawt la ai raitim Dapba npu hpyendap ni gaw Lahta Sammung e naw nga nga ai re.

Ya bai KIA Dapba 4 laknak dawm na tsun wa ai majaw ya ten shakut nga ai NCA mungdan ting gap hkat jahkring ga sadi sen htu na lam hta dingbai dingna byin wa chye ai lam, ndau hta Lahta Sammung buga masha ni tsun tawn ai re.

Asuya hte NCA sen htu ngut ai hpang amyu sha rawt malan hpung ni laknak n mai lang sana re lam hte Disarmament, Demobilization and Reintegration (DDR), Security Sector Reform (SSR) ngu ai hpyendap hte seng ai lam ni hkrang shapraw wa na re lam hpe Myen Dap Awn Daju gaw August 19 ya shani Inglik mungdan (UK) a Myen mung hte seng ai sumtsan dat kasa rung Salang Andrew Patrick hte Naypyidaw e hkrum ai shaloi tsun wa sai re.

NCA ginchyum dat na lam hte seng nna, amyusha rawt malan hpung ni maga uhpung kaba manga na ningbaw ni hte SD lahta tsang salang masum gaw Myen gumsan magam Slg. Ting Tsing hte Dap Awn Daju Dkb Min Awng Lai, yan hte du na September praw 9 ya shani Naypyidaw e hkrum na re.

Myen asuya gaw rawt malan hpung nkau hpe ngam da nhtawm uhpung 15 hte shawng NCA sen htu na hkap la tawn ai re. Myen asuya hte hpyen majan shayawm na myit hkrum sen htu tawn ai KIO gaw, NCA hta rawt malan hpung yawng n lawm yang sen htu na n re lam ndau tawn ai re.
http://kachin.kachinnews.com/shiga/shiga/2695-kia-dapba-4-laknak-ap-na,-myen-dap-awn-daju-tsun-ai-hpe-ginra-masha-ni-n-hkap-la.html

Read more »

American jauman lamuga madu ni European na shan hpraw ni hpe tara nshang ai ngu ndau ai laika

Lani myi na nhtoi hta an hte Wunpawng buga de tara nshang ai du shang chying lau sha ai myen hte jasham amyu ni hpe ndai zawn ndau shabra nna je yang ra ai shani du wa na re

The Native American National Council will offer amnesty to the estimated 240 million illegal whiteimmigrants living in the United States.
native-american-800
At a meeting on Friday in Taos, New Mexico, Native American leaders weighed a handful of proposals about the future of the United State’s large, illegal European population. After a long debate, NANC decided to extend a road to citizenship for those without criminal records or contagious diseases.
“We will give Europeans the option to apply for Native Citizenship,” explained Chief Sauti of the Nez Perce tribe. “To obtain legal status, each applicant must write a heartfelt apology for their ancestors’ crimes, pay an application fee of $5,000, and, if currently on any ancestral Native land, they must relinquish that land to NANC or pay the market price, which we decide.
“Any illegal European who has a criminal record of any sort, minus traffic and parking tickets, will be deported back to their native land. Anybody with contagious diseases like HIV, smallpox, herpes, etc, will not qualify and will also be deported.”
European colonization of North America began in the 16th and 17th centuries, when arrivals from France, Spain and England first established settlements on land that had been occupied by native peoples. Explorers Lewis & Clark further opened up western lands to settlement, which ultimately led to the creation of the Indian reservation system.
Despite the large number of Europeans residing in the United States, historical scholars mostly agree that indigenous lands were taken illegally through war, genocide and forced displacement.
Despite the council’s decision, a native group called True Americans lambasted the move, claiming amnesty will only serve to reward lawbreakers.


“They all need to be deported back to Europe,” John Dakota from True Americans said. “They came here illegally and took a giant crap on our land. They brought disease and alcoholism, stole everything we have because they were too lazy to improve and develop their own countries.”
By http://cityworldnews.com/native-american-amnesty/

Read more »

Thursday, August 27, 2015

Are the Chinese People Undefeatable?

 

By Niu Lehou, published: August 26, 2015
The devastation and fear in Tianjin are hardly over. Anticipating the Chinese Communist Party leader Xi Jinping making a declaration that “the Chinese people are undefeatable” in the upcoming military paradecelebrating the anti-Japanese victory 70 years [≈ average human life expectancy at birth, 2011 estimate] ago, we offer you a translation of an internet gem by an anonymous writer with the online handle “Niu Lehou” (“牛乐吼”).  It was written in response to the same declaration made by the then Premier Wen Jiabao in the wake of the Sichuan earthquake in 2008. – The Editors
Read more
http://chinachange.org/2015/08/26/are-the-chinese-people-undefeatable/

Read more »

စစ်တပ်တွေပိုပိုချဲ့ ဒေသခံတွေက ပိုပိုပြီးဆင်းရဲရုံတင်မက အသက်ကို ဖတ်နဲ့ထုပ်ပြီနေနေရတဲ့ဘ၀။

New Terex Truck Fleet for Myanmar Thura Jade Mine
ကချင်မှာ ဘယ်လောက်ပဲ စစ်ဖြစ်ဖြစ် mining companies တွေက ဒီလို truck cars တွေ ဆက်မှာနေတုန်းပဲ။ စစ်တပ်တွေပိုပိုချဲ့ ဒေသခံတွေက ပိုပိုပြီးဆင်းရဲရုံတင်မက အသက်ကို ဖတ်နဲ့ထုပ်ပြီနေနေရတဲ့ဘ၀။ အကြီးစားစီမံကိန်းကြီးတွေ နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့အချိန်၊ နိုင်ငံရေးဆွေးနွေးမှူ မပြီး သေးသည့် ကာလတလျှောက် မလုပ်ဖို့ ဆက်လက်လျက်ပြီး ပြောနေရမှာပဲ။
သဘာဝသံဇာတတူးဖော်ရေး၊ ခွဲဝေရေး၊ စီမံရေး တွေနဲ့ပတ်သတ်ပြီး နိုင်ငံရေးဆွေးနွေမှူ အချက်အခြာထားပြီး ဆွေးနွေးရမှာ။ ဒါပေမယ့်အခုထိ ဒီအကြောင်းအရာကို ထိရင် ထိလွယ်၊ ရှလွယ် အနေအထေားဖြစ်ပြီး ဆွေးနွေးမှု အားကောင်းမှု မရှိသေးတာတော့ အသေအချာပဲ။ EITI ကလည်း ပွင့်လင်းမြင်သာမှု ဖြစ်စေရုံမျှသာပြီးဖြစ်ပြီး တကယ်တမ်းပြဿနာကို ဖြေရှင်းနိုင်စွမ်းမရှိပါဘူး။ EITI ကိုတော့တစုံတရာတခုကို ဖြေရှင်းနိုင်မယ့် အခြေအနေသာဖြစ်တယ် ဒါပေမယ့် မေ့ထားလို့တော့ မရဘူး။ သို့သော် အားလုံးဖြေရှင်းပေးမည့် အရာတခုအနေဖြင့် မမြင်စေချင်ဘူး။

Read more »

ဥာဏ်စမ်း ကြရအောင်

ဘယ်သူမှတ်ဥာဏ်ကောင်းလည်းစမ်းသပ်ကြရအောင်ပါ။ နာမူနအနေနဲ့တစ်ခုတွဲပြမယ်နော်။ 1=C

ကြရအောင်

Read more »

Sunday, August 23, 2015

Laiza သဘောတူညီချက်ကို ချိုးဖောက်သော တိုင်းရင်းသား အဖွဲ့အစည်း များ



Laiza သဘောတူညီချက်ကို ချိုးဖောက်သော တိုင်းရင်းသား အဖွဲ့အစည်း များ၏ထုပ်ပြန်ချက်ကိုတွေ့မိပါသဖြင့် လွန်စွာစိတ်မကောင်းဖြစ်ရပါသည်
၎င်းအဖွဲ့အစည်းများ မိမိတို့ တိုင်းရင်းသား ပြည်သူများနှင့် ဆွေးနွေးပြီးလုပ်ဆောင်သင့်သည်ဟု အကြံပေးလိုပါသည်
တိုင်းရင်းသား ပြည်သူများ၏အနာဂတ်ကို ရှေ့ရှူးပြီး စည်းစားစေခြင်သလို
လက်နက်ကိုင် လမ်းစင်ကို ရပ်တန့်နိုင်ရန်မှာ ခိုင်မာသောနိုင်ငံရေးအာမခံချက်နှင့် ခိုင်မာသော federal ပြည်ထောင်စု ဖြစ်ပေါလာနိုင်မ ဖြစ်မည်ကို သိရှိမည်ထင်ပါသည်
မိမိတို့ လက်နက်အပ်လိုက်သည်နှင့် လူငယ်များလက်နက်စွဲကိုင်လာပါဦးမည် စနစ်ကြီးမပြောင်းသရွှေ့ လူငယ်များလက်နက်ကိုင်ရပါမည်
လက်ရှိအစိုးရဦးဆောင်နေသူများ လဲ မှားရွှင်းနေသော စနစ်ကို ဆက်လက်ဆုပ်ကိုင်နေလျှင် နိုင်ငံပြိုကွဲအောင်ပြုလုပ်ခဲ့သော သရေခံများဖြစ်သွားတော့မည်
Hka kamai
Sam Mungdaw hpe Kanu mungdan hte gum hpawn lu na matu Hpa galaw ra na hpe dum ga
Laiza သဘောတူညီချက်ကို ချိုးဖောက်သော တိုင်းရင်းသား အဖွဲ့အစည်း များ

Read more »

Friday, August 21, 2015

ရ၀မ်လူငယ်သတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး သူညီလိုအပ်




by-Rawang Voice
မြစ်ကြီးနားမြို့ ဧမြသာယာရပ်ကွက်တွင် အသတ်ခံရသော ရ၀မ်လူငယ် အမှုအတွက် အမှုမှန်ပေါ်ပေါက်ရေး အကူအညီများလိုအပ်နေကြောင်း သိရခြင်း
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ ဧမြသာယာရပ်ကွက်တွင် အသတ်ခံရသော ခလရတပ်ရင်း(၃ရ)နေ တပ်မတော် မိသားစု မှ ကွယ်လွန်သူ မောင် အက်စ်ယော်ရမ် အသက်(၂၂)နှစ် ၏ မိသားစု နှင့် မြစ်ကြီးနားမြို့ပတ်ဝန်းကျင် ရှိ ရ၀မ်လူငယ်များ ရ၀မ်စာပေယဉ်ကျေးမှုရုံးတွင် ၂၀.၈.၂၀၁၅နေ့ တွေ့ဆုံခိုက် မိခင်ဖြစ်သူမှပြောပြပါသည်။
ကျမတို့ကတောင်ပေါ်ကပြောင်းလာတဲ့သူတွေပါ နိုင်ငံတာဝန်ကို ထမ်းဆောင်ရင်း ပူတာအို ဒေသကနေ မြစ်ကြီးနားကိုပြောင်းလာတာ ၃နှစ်လောက်ဘဲရှိပါတယ် အခုလိုဖြစ်သွားတော့ ဘယ်ကဘယ်လိုစလုပ်ရမှန်း မသိပါဘူး ဖြစ်ဖြစ်ခြင်းတော့ ဘယ်သူမှ မလာကြတော့ ဘယ်လိုလုပ်ရမယ်လို့ မသိကြပါဘူး ဒီနေ့မှ ပူတာအိုက အမျိုးတွေရောက်လာ ပြီး ရ၀မ်ယဉ်ကျေးမှု ဥကဋ္ဌတွေနဲ့အတူတကွ လိုက်လံစုံစမ်းတော့ ရဲစခန်းမှာ အမှုဖွင့်ထားတယ် ဆက်လက်ဆောင်ရွက်နေတယ်လို့သိရပါတယ် ကျမတို့ကနိုင်ငံတော်လစာနဲ့ဘဲနေထိုင်ကြတဲ့သူတွေဘာ ဘာစီးပွားရေးမှလည်း မလုပ်တတ်ပါဘူး ကျမရဲ့အမျိုးသားက လေဖြတ်ထားတော့ ဘာမှမလုပ်နိုင်ဘူး ပင်စင်လည်းရခါနီးပါပြီး သူအဖေကို ကောင်းကောင်းပြုစုတဲ့ သားလေးပါ အခုလိုဖြစ်သွားတော့ ကျမ အရမ်းဝမ်းနည်းတယ် ကျုးလွန်းတဲ့သူတွေကို တရားဥပဒေ အတိုင်းအမြင့်ဆုံးအပြစ်ဒဏ်ပေးစေချင်ပါတယ် ဟုမျက်ရည်ကျလျက်ပြောပြပါသည်။
မောင်အက်စ် ယော်ရမ်၏အစ်ကို ကလည်း ဖြစ်စဉ်အကျင်းကို အခုလိုပြောပြပါတယ် အခင်းဖြစ်တဲ့ညနေရး၀၀နာရီလောက်မှာ သူငယ်ချင်းတစ်ယောက်က ငါးများဖို့သွားရအောင်ဆိုပြီးလာခေါ်တယ် အမေက မသွားနဲ့ပြောသေးတယ် ကျနော့်ညီလည်းငါးဖမ်းဖို့ဝါသနာပါတော့ လိုက်သွားတယ် ၈နာရီရောက်တော့ ဧမြသာယာရပ်ကွက်ကလူကြီးတစ်ယောက်က အကြောင်းလာကြားတယ် အဒေါ်သားလူ(ရ)ယောက်က ရိုက်လို့လဲနေတယ်လို့ အမေလည်းလိုက်သွားပြီး လဲနေတဲ့သားကိုတွေ့တော့ ဆေးရုံတန်းပို့တယ် ဆေးရုံရောက်ပြီးတစ်နာရီမှာဆုံးသွားတယ် နောက်နေ့မှာခွဲစိတ်ပြီးနောက်တစ်ရက်မှာ သင်္ဂြိုလ်လိုက်တယ် သေသွားတဲ့ကျနော့ညီဟာ ဘယ်သူနဲ့မှ ဘာရန်ညိုးရန်စ မှ မရှိပါဘူး လေဖြတ်နေတဲ့အဖေကို အနီးကပ်ပြုစုနေတဲ့သူပါ အပြင်မှာပြောနေကြတဲ့ ရန်ငြိုးရှိလို့အသတ်ခံရတယ်ဆိုတာ မဟုတ်ပါဘူး ဟုပြောပြပါသည်။
ရိုက်တဲ့အထဲမှာက ခလရ(၂၁)က တပ်သား တစ်ဦးသာပါဝင်ပြီး ခလရ(၂၁)တပ်မိသားစုမှ လူ၅ဦးပါဝင်ကြောင်း ခလရ(၃ရ)မှ မပါကြောင်း ပါသိရှိရပါသည်။ပါဝင်သူအားလုံးမှာ ဗမာနှင့်ရှမ်း ဗမာလူမျိုးများဖြစ်ကြောင်း တပ်မတော်သားကို တပ်ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိပြီး အရပ်သား၅ဦးကိုတော့ ရဲစခန်းကဖမ်းဆီးထားကာ အမှုဖွင့်ထားကြောင်း၊တစ်ဦးမှာလွတ်မြောက်နေဆဲဖြစ်ကြောင်း၊ သဂြိုလ်ချိန်တွင်ကျုးလွန်သောမိသားစုဖက်မှ ကူညီမှု ထောက်ပံများ တစ်စုံ တစ်ခုမျှ မရှိကြောင်းပါ သိရှိရပါသည်။
မြစ်ကြီးနားရ၀မ်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥကဋ္ဌ နှင့် အဖွဲ့ဝင်များကလည်း အခုလိုဖြည့်စွက်ပြောပြပါသည် တပ်မိသားစုဖြစ်နေတော့ ဖြစ်ဖြစ်ခြင်းကူညီဖို့ကခက်နေတယ် တပ်ဥပဒေဘယ်လိုရှိလည် မသိကြတော့ ဈာပနမှာတော့တတ်နိုင်သလောက်ကူညီကြတယ် ပူတာအိုက အမျိုးတွေရောက်လာတော့ ပူပေါင်းကူညီပေးတယ် ဒီနေ့မိသားစုတွေနဲ့ရဲစခန်းတို့ ဥပဒေအရာရှိတို့ နှင့်တွေ့ဆုံခဲ့တယ် အမှုမှန်ပေါ်ပေါက်အောင်အတတ်နိုင်ဆုံးကြိုးစားသွားမည်ဖြစ်ကြောင်းပြောပြကြတယ် ဖြစ်ဖြစ်ခြင်း အားလုံးပူးပေါင်းဆောင်ရွက်မှုရှိခဲ့ရင်တော့ သက်သေတွေကိုခိုင်ခိုင်လုံလုံလုပ်ပြီး ဥပဒေအတိုင်းကောင်းကောင်း ဆောင်ရွက်နိုင်မှာ အခုကနည်းနည်းကြာသွားတော့ စိုးရိမ်မိတယ် ဟုပြောပြပါသည်။
အဆိုပါအမှုကို စက်တင်ဘာလဆန်းတွင် စစ်ဆေးမည်ဖြစ်ကြောင်းပါ သိရှိရပါသည်။
မြစ်ကြီးနားမြို့ရှိ အသင်းတော်အသီးသီး၊ရပ်ကွက်အသီးသီးမှ ရ၀မ်လူငယ်များလည်း ထိုအမှုကိစ္စ
ကို မိမိတို့တတ်နိုင်သည့်ဖက်မှ အားလုံး ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းပါသိရှိရပါသည်။ရပ်ဝေးရပ်နီးမှ ရ၀မ်အမျိုးသားများလည်း အမှုမှန်ပေါ်ပေါက်ရေး မိမိတို့တတ်နိုင်သည့်ဖက်မှ ဆုတောင်းခြင်းအားဖြင့်သော်၎င်း၊မိသားစုကိုအားပေးနှိမ့်သိမ့်ခြင်းအားဖြင့်သော်၎င်း၊မိမိတို့တတ်နိုင်သည့်ဖက်မှ အကြံညဏ်ပေးခြင်းအားဖြင့်သော်လည်းကောင်း ပူးပေါင်းပါဝင်ကြပါ၇န် Rvwang Voice မှတင်ပြလိုက်ရပါတယ်။
https://www.facebook.com/photo.php?fbid=1523354251288231&set=pcb.1523354341288222&type=1&theater

Read more »

စိမ်းသော၊ပြာသော၊မှိုင်းသာ တောင်တန်းကြီးဆီသို့

Just now · 
စီးပွားရေးပညာရှင်ဖြစ်မည့်အစား နိုင်ငံရေးဂယက်ကြောင့် စစ်ဦးစီးချူ ပ်ဘဝသို့ ကူးပြောင်းသည့် မောင်မောင်စိုးရေးခဲ့သော KIA စစ်ဦးစီးချူ ပ် ဂွမ်ထန် ကမ်ရှောင်ရဲ့ ဘဝမှတ်တိုင် တစေ့တစောင်း ဇရာအို အလွမ်းနှင့်တက္ကသိုလ်ဘဝ
စိမ်းသော၊ပြာသော၊မှိုင်းသာ တောင်တန်းကြီးဆီသို့
ရန်ကုန်စီးပွါးရေးတက္ကသိုလ်ကို ထိုစဉ်ကEcoဟုခေါ်လေ့ ရှိသည်။ ထိုစဉ်က Eco သည် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် RASU ဝင်းထဲ၌ရှိသည်။ဘွဲ့နှင်းသဘင်ခန်းမ၏ လက်ျာဘက်တွင် Eco ပင်မဆောင်ရှိသည်။ ပင်မဆောင်၏ရှေ့နှင့် ဂျပ်ဆင်ကြားတွင် AE မြေစိုက်ဆောင်လေးများမှာလည်း Eco ၏ စာသင်ဆောင်များ ဖြစ်သည်။
AE ဆောင်များဘေးတွင် Eco စာသောက်ဆိုင်တန်းရှိသည်။ ဦးယမ်းဘီလူးအအေးဆိုင်တို့ ကိုအောင်ရင်လဘက်ရည်ဆိုင်တို့က ကျောင်းသားများကြားနံမည်ရသည်။ ပင်မတက္ကသိုလ်ဝင်းအတွင်း ရွှေဘိုဆောင်သည် Eco ကျောင်းသားတို့၏အဆောင်ဖြစ်ပြီး မာလာဆောင်ကတော့ ကျောင်းသူတို့၏ အဆောင်ဖြစ်သည်။ ထိုစဉ် သမိုင်းဝင်းတွင်းတွင် Eco ကျောင်းသားများအတွက် မေခဆောင် ကျောင်းသူများအတွက်အင်ကြင်းဆောင်တို့ ရှိသေးသည်။
ကျောင်းတက်ရက်တွင်မတော့ Eco အတွင်းကျောင်းသားတို့နှင့် စည်းကားသည်။ ပင်မတက္ကသိုလ်အတွင်း တဆက်တစပ်တည်း ဆိုတော့ RASU ဘက်ကကျောင်းသားများနှင့်လည်း ရောယှက်နေသည်။ ထိုစဉ်အခါက Eco တွင်အချောအလှပေါ သည်ဟု နံမည်ကြီးသဖြင့် အခြားတက္ကသိုလ်မှ ကျောင်းသားများ လည်း လာရောက်အစွံထုတ်လေ့ရှိသဖြင့် ပို၍စည်ကားခြင်းဖြစ်ဟန်တူသည်။ ထိုစဉ်က မြကျွန်းညိုညိုတက္ကသိုလ်တွင် Eco ကျောင်းတော်သည် ကျောင်းသူ ကျောင်းသားတို့ ပျော်စံရာ ဖြစ်ခဲ့သည်။
၁၉၇၀-၁၉၇၄ Eco စာသင်နှစ်များအတွင်းမြကျွန်းညိုတွင် ကချင်ကျောင်းသားတစ်ဦးရှိခဲ့သည်။ အသားဖြူဖြူ အရပ်မနိမ်မမြင့် လူပုံနွဲ့နွဲ့ခပ်ပြုံးပြုံးနေတတ်သော အနေအေးဆေးသော ကချင်ကျောင်းသားတဦးဖြစ်သည်။ အချိန်အားလျင်ဂစ်တာလေး တလုံးဖြင့် ငြိမ့်နေတတ်သည်။ထိုအနေအေးသော ကချင် ကျောင်းသားသည် Eco ၌ ရေပန်းစားသော လူသိများသော ကျောင်းသားတစ်ဦးတော့ မဟုတ်ခဲ့ပေ။ ၁၉၇၄ စာသင်နှစ်ကုန်တော့ သူသည် အခြားကျောင်းသားများနည်းတူ မြကျွန်းညိုမှာ ခွဲခွါသွားခဲ့သည်။ ထိုကချင်ကျောင်းသား၏ အမည် မှာ ဂွမ်ထန်ဂမ်ရှောင်ဟုခေါ်ပါသည်။
တောင်တန်းများ
တရံတခါက ဆည်းဆာနေချည်ဖျာကျနေသောတညနေခင်း တွင် မေခမြစ်၏ တဖက်ကမ်းရှိ သဲဖြူလွလွပေါ်တွင်ထိုင်ရင်း မေခမြစ်ဟိုမှာဖက်ကမ်းရှိတောင်စဉ်အထပ်ထပ်ကိုငေးမောကြည့်မိ သည်။တောင်တို့သည်စိမ်း၍ တောင်တို့သည်ပြာကာ တောင်တို့ သည်မှိုင်းနေ၏ ။ အနီးဆုံးတောင်တန်းက သစ်ပင်တို့နှင့် စိမ်းနေသည်။ ခပ်လှမ်းလှမ်းရှိသစ်ပင်တို့ကို သဲကွဲစွာမမြင်ရသော တောင်တန်းတို့က ပြာနေသည်။ အဝေးဆုံးရှိတောင်တန်းများ ကတော့ မှိုင်းပြနေသည်။ တူညီသောအလင်းရောင်အောက်တွင် အကွာအဝေး အနီးအဝေးက အမြင်အာရုံတွင်အရောင်များကို ပြောင်းလဲစေလိုက်သည်။
ထိုစိမ်းသောပြာသောမှိုင်းသော တောင်တန်းတနေရာတွင် ကိုဂမ်ရှောင်နှင့်ဆုံခဲ့သည်။ ၁၉၇၇လောက်ကဖြစ်သည်။ Eco ကကျောင်းပြီးဘွဲ့ရခဲ့သော ဂွမ်ထန်ဂမ်ရှောင်တယောက် ထိုအချိန်တွင်ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ စစ်သား တယောက်ဖြစ်နေပေပြီ။ မျိုးချစ်ကချင်ပြည်သူများအတွက် ကချင်လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်သူတဦးဖြစ်နေချေပြီ။ စစ်အစိုးရအတွက်တော့ကချင်သူပုန်တယောက် ဒါမှမဟုတ် အရင်တုန်းကတော့ ကချင်သောင်းကျန်းသူဟု ခေါ်သည်။ ယခု ငြိမ်းချမ်းရေးကာလမှာတော့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဟုပြောင်းခေါ်သည်။ သူဖက်ကကြည့်တော့ လက်ဖဝါး ကိုယ့်ဖက်ကကြည့်တော့ လက်ဖမိုးဟု ဆိုကြမည်လောမသိပေ။
ဂွမ်ထန်ဂမ်ရှောင်တယောက်ဘွဲ့ရပြီးသည်နှင့်KIAထဲသို့ ဝင်ခဲ့ပုံရသည်။ ၁၉၇၇ တွင် လက်မောင်းတွင်နှစ်ရစ်နှင့် တပ်ကြပ်ဖြစ်နေပြီ။ KIA အပါ တောတွင်းလက်နက်ကိုင်အဖွဲ့အစည်း များအနေနှင့် စဝင်သည်နှင့် တပ်သားဘဝက စတင်ဖြတ် သန်းရသည်။အောက်ခြေက စရသည်။ KIA တပ်အတွင်း ၂ နှစ်ခန့် ဖြတ်သန်းအပြီး တပ်ကြပ်တယောက်ဖြစ်လာသည့်တိုင် စစ်သားပုံတော့ သိပ်မပေါက်သေး။ လူပုံကခပ်နွဲ့နွဲ့နှင့် မျက်နှာ ချိုချိုနှင့်ပင်ရှိသေးသည်။ ထို့အတူ သူနှင့်အတူKIA တွင်း ရောက်လာသူ တက္ကသိုလ်ထွက် ကချင်ကျောင်းသားများကြားတွင် နှိမ့်ချမှုရှိ၍ ဆက်ဆံရေးပြေပြစ်သူဟုဆိုရမည်။
ထို့နောက်တွင်တော့ သူနှင့်မဆုံဖြစ်တော့ပေ။သတင်းဆက် သွယ်ရေး ကလည်း ခက်ခဲသောကာလများဖြစ်ပေရာ သတင်းကြားရဘို့လည်း မလွယ်ကူခဲ့ပေ။ ၁၉၉၀ ခန့်တွင်မှ သူ့သတင်းကြားရသည်။ ထိုကာလတွင် သူသည်KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ ရင်းမှူး ဖြစ်နေပေပြီ။ KIA ရင်း ၆ သည် ဖါးကန့်ဒေသအား တာဝန်ယူစိုးမိုးသည်။ မြောက်ဖက် လုံးခင်း ကံစီးမှသည် တောင်ဖက်ဝှေခါ ဒေသထိ လှုပ်ရှားပြီး ဖါးကန့်ဒေသကို စိုးမိုးလှုပ်ရှားသည်။
ဂွမ်ထန်ဂမ်ရှောင် ရင်း ၆ ရင်းမှူးအဖြစ် တာဝန်ယူထားစဉ် လှုပ်လှုပ်ခတ်ခတ်သတင်းတခု ပေါ်ခဲ့သည်။ စပေါ့ချောင်းဖျား အရေးအခင်းဖြစ်သည်။ဖါးကန့် ဆိုင်းတောင် ဒေသတွင်ဖြစ်သည်။ နံပါတ်ဖိုး မူးယစ်ဆေးဝါးရောင်းဝယ်သူအချို့အား သေဒဏ်ပေး၍ ပစ်သတ်လိုက်ခြင်းဖြစ်သည်။ ဗီဒီယို တိပ်ခွေပါထွက်လာ၍ ဂယက်အတော်ထသွားသည်ဟုဆိုရမည်။
ထိုလုပ်ရပ်ကမကြိုက်သူများကတော့ ရက်စက်ကြမ်းတမ်း လွန်းသည်ဟုဆိုကြသည်။ ထောက်ခံသူများကတော့ ဤကဲ့သို့ ခပ်ပြတ်ပြတ်အရေးယူခြင်းသည်ကောင်း၏ဟု ဆိုသည်။ ထိုစဉ်က ဖါးကန့်ဒေသ ကျောက်သမားများ အထူးသဖြင့် ကျောက်တူးသမား များကြား ဖိုးစွဲနေသူများလှသည်။ အရိုးပေါ်အရေတင်၍ ဖိုးစွဲ နေသူများ နေ့စဉ်လိုလို ဖါးကန့် ဆိုင်းတောင် ရွာများတွင် သေဆုံးနေကြသည်။ ဆွေမျိုးညာတိမရှိပိုင်ရှင်မဲ့အလောင်း များ အဖြစ် ရပ်ရွာက သဂြိုင်္လ်ပေးနေရသည်။ ထိုအခြေအနေတွင် စပေါ့ချောင်းဖျား အရေးယူမှုပေါ်လာခြင်းဖြစ်သည်။
တန်းတူရေး
ဒီနောက်တွင်တော့ သူသတင်းသိပ်မကြားရပြန်တောO၁၉၉၄ KIA နှင့် နဝတ အပစ်ရပ်ပြီးသည့်နောက်KIA ၏ ဗဟို ဆက်သွယ်ရေးရုံးကို မြစ်ကြီးနား စီတာပူတွင် ဖွင့်လှစ်ခဲ့သည်။ ၂၀၁၁ KIA နှင့်တကျော့ပြန်စစ်ပွဲဖြစ်သည့် အချိန်ထိပင်ဖြစ်သည်။
ထိုကာလများတွင် ဂွမ်ထန်ဂမ်ရှောင်တယောက်KIA ဗိုလ်မှူးကြီး အဖြစ်နှင့် ဆက်သွယ်ရေးတာဝန်ခံအဖြစ် အချိန်တပိုင်းတာဝန် ယူခဲ့သည်ဟုဆိုသည်။
၂၀၁၁ KIA နှင့် အစိုးရ ပြန်လည်းစစ်ပွဲဖြစ်တော့ သူနံမည်ပြန်ကြားရသည်။ ထိုအချိန်တွင် သူသည်KIA ၏စစ်ဦးစီးချုပ် CS ဖြစ်နေပေပြီ။ ကချင်ပြည်နယ်နှင့်ရှမ်းပြည်မြောက်ပိုင်းရှိ တိုက်ပွဲများ နှင့်အတူသူ့နံမည်ကို မကြာခဏ ကြားရသည်။ ဒီဘက်ခေတ်ကတော့ ဆက်သွယ်ရေးနည်းပညာ မြင့်မားသည်ခေတ် မဟုတ်ပါလော။
ဒီနှစ်ဆန်းတွင် KIA စစ်ဦးစီးချုပ် ဂွမ်ထန်ဂမ်ရှောင်မိန့်ခွန်း ပြောနေသည့် ဗီဒီယိုဖိုင်တခုအင်တာနက်စာမျက်နှာများ ပေါ်တွင် ပျံ့လွင့်လာသည်။ ယခင် ငယ်ရွယ်နုပျိုမှု နေရာတွင် ရင့်ကျက်မှုဖြင့်အစားထိုးလိုက်ပေပြီ။ လွတ်လပ်ပေါ့ပါးမှုနေရာတွင် လေးနက်သောကြီးမားသောတာဝန်များက ဝင်ရောက် လာခဲ့ပေပြီ။
သူ၏ လူထုအား ကချင်ဘာသာဖြင့်ပြောကြားရာတွင် ဗမာပြည်ရှိ တိုင်းရင်းသားအားတန်းတူအခွင့်အရေးရရှိရန်လိုကြောင်း ပြောဆိုပြီး အုပ်ချုပ်ရေးအာဏာ တရားစီရင်ရေးအာဏာ ဥပဒေပြုရေးအာဏာဟူ၍ အာဏာသုံးရပ်ရှိသည့်အနက် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာ ၂ ရပ်သာတိုင်းရင်းသား တို့ကရပြီး ဥပဒေပြုခွင့်အာဏာကို တိုင်းရင်းသားတို့မရပါက တန်းတူရေးရရှိသည်ဟုမဆိုနိုင်ကြောင်း ထောက်ပြပြောဆို သွားသည်ကိုတွေ့ရပါသည်။ တိုင်းရင်းသားအားလုံးတန်းတူရေး ပြသနာသည် ငြိမ်းချမ်းရေးအတွက်အတွက် အဖြေ လည်း ဖြစ်သည်။
မြကျွန်းညိုညို
မြကျွန်းညိုညို တက္ကသိုလ်သည် ပညာရပ်ပေါင်းစုံသင်ကြားရာ နှီးနှောဖလှယ်ရာ သုတေသနပြုရာအပြင် စာပေ ဂီတ အနုပညာ ယဉ်ကျေးမှုတို့ထွန်းကားရာလည်းဖြစ်သည်။ဤအမိတက္ကသိုလ်တွင် သင်ကြားလာခဲ့သောပညာရပ်များဖြင့် မိမိလူမျိုးကို မိမိတိုင်းပြည်ကိုလူ့အဖွဲ့အစည်းကို ကောင်းကျိုးပြုကြဘို့ သာဖြစ် သည်။ ကမ္ဘာ့နိုင်ငံအတော်များများတွင် ထိုသို့သာဖြစ်သည်။ မြန်မာပြည်သည်လည်း ငြိမ်းချမ်းသော ဒီမိုကရေစီရှိသော တိုင်းပြည်တစ်ပြည်ဖြစ်ပါကဂွမ်ထန်ဂမ်ရှောင်လည်း စီးပွါးရေးပညာရှင် တယောက် ဖြစ်ကောင်းဖြစ်မည်။သို့မဟုတ်က အောင်မြင်သော စီးပွါးရေးသမားတစ်ယောက်ဖြစ်ကောင်း ဖြစ်မည်။ သို့မဟုတ် သူနှစ်သက်သောဂီတနယ်ပယ်တွင် ကျင်လည်ကောင်း ကျင်လည်နေပေလိမ့်မည်။
သို့သော် ယနေ့ဗမာပြည်မှာတော့ ဂွမ်ထန်ဂမ်ရှောင်ကဲ့သို့ ကျောင်းသားအများအပြားသည် ပညာရှင်များဖြစ်မလာခဲ့။ တက္ကသိုလ် ပရဝုဏ်လည်း စစ်တလင်းဖြစ်ခဲ့သည်။ ကတ္တရာလမ်း တို့ လည်းသွေးစွန်းခဲ့သည်။ စာသင်ခန်းထဲမှ ကျောင်းသားတို့လည်း ပေတရာလမ်းပေါ်ရောက်ခဲ့သည်။ အကျဉ်းထောင်များသို့ ရောက်ခဲ့သည်။ တောတောင်အနှံ့ရောက်ကြသည်။ ကလောင် မကိုင်နိုင်ခဲ့ကြဘဲ သေနတ်ကိုင်ကြဖို့ဖန်လာခဲ့သည်။
မြကျွန်းညိုညို တက္ကသိုလ်နယ်မြေတွင် ကန့်ကော်ပန်းတို့ မမွှေးမြနိုင်ခဲ့ ။စိန်ပန်းပွင့်တို့လည်း မွမွကြေခဲ့ရသည်။ တိတ်ဆိတ် မှောင်မိုက် ငြိမ်သက်နေသည့် တက္ကသိုလ်၏ ညများတွင် သစ်ပုတ်ပင်အို၏ငိုရှိုက်သံသဲ့သဲ့ကို ကြားရနိုင်ပါသည်။ သို့သော် တက္ကသိုလ်ရင်ခွင်မှ ထွက်ခွါလာသူတို့သည်အချည်နှီးတော့ မဖြစ်ခဲ့ကြ။ သူမအား စိတ်မပျက်စေခဲ့၍ သူမ ကြေနပ်နိုင်လိမ့်မည် ဟုတော့ ထင်ပါသည်။

Read more »