Thursday, July 31, 2014

အမြော်အမြင်ကြီးတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ


9 hrs · Edited · 

အမြော်အမြင်ကြီးတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို တွေ့ရတိုင်း အားတက်မိတယ်။
ကချင်မှာဆိုရင် ဒုဥက္ကဋ္ဌ အင်ဘန်လ၊ ဗိုလ်ချုပ်ဂွန်မော်တို့လိုမျိုး ခေါင်းဆောင်တွေ၊ ချင်းမှာဆိုရင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်လို ခေါင်းဆောင်တွေ၊ ကရင်မှာဆိုရင် နော်စီဖိုးရာစိန်နဲ့ ဖဒိုကွယ်ထူးဝင်းတို့လို ခေါင်းဆောင်တွေ၊ မွန်မှာဆို နိုင်ဟံသာလို ခေါင်းဆောင်တွေ၊ ပအိုဝ်းမှာဆို ခွန်ဥက္ကာတို့လို ခေါင်းဆောင်တွေ၊ အခြားကရင်နီ၊ ရှမ်း၊ ရခိုင်၊ ပလောင် အစရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေလည်း အများကြီးပါပဲ။
ဒီခေါင်းဆောင်တို့က ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ဖို့ဆန္ဒက တထပ်ထဲ ကျနေတာကိုလည်း တွေ့ရမှာ ဖြစ်တယ်။ သိန်းစိန်အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်တဲ့အခါမှာ တစုတစည်းထဲနဲ့ ပါဝင်ကြမယ်လို့လည်း သဘောမျှကြတယ်။ တိုင်းရင်းသားချည်းပဲ ဖြေရှင်းလို့ ရတဲ့  ပြဿနာ မဟုတ်တဲ့အတွက်ကြောင့် ၈၈-မျိုးဆက်ခေါင်းဆောင်များနဲ့ ဒေါ်အောင်ဆန်းစုကြည်လို အတိုက်အခံခေါင်းဆောင်တို့လည်း မဖြစ်မနေ ပါဝင်စေရမယ်လို့ တောင်းဆိုကြတယ်။ ဘဝတူ တော်လှန်ရေးအဖွဲ့အစည်းတစ်ရပ် ဖြစ်တဲ့ ABSDF ကျောင်းသားတပ်မတော်ကိုလည်း မေ့ပျောက်ခဲ့ခြင်းမရှိဘဲ ဆွေးနွေးပွဲတိုင်းမှာ ပါဝင်စေဖို့ ဖိတ်ခေါ်ခဲ့တယ်။
ဒါဟာ အမြော်အမြင် အင်မတန် ကြီးတဲ့ သဘောကို တွေ့ရမှာ ဖြစ်တယ်။ ဒီမိုကရေစီတိုက်ပွဲကို မေ့ပျောက်ခြင်းမရှိသလို လူမျိုးတန်းတူရေးတိုက်ပွဲကိုလည်း အလျှော့ပေးခြင်းမရှိကြောင်း ပြသရာရောက်ပါတယ်။ အင်မတန်မှ ဂုဏ်ယူစရာကောင်းလှပါတယ်။

Read more »

ကျောက်မျက် ကုမ္ပဏီ များအားသတိပေး နိုးဆော်ချက်


နိုင်ငံရေးအခြေအနေ တည်ငြိမ်အေးချမ်း ပြီး စစ်မှန်သော federal ပြည်ထောင်စု နိုင်ငံ သို့ ဦးတည်နေချိန်တွင် အကြမ်းဖက်အစိုးရ၏အမိန်းကိုသာ နာခံပြီး ကျောက်မျက်တူးဖေါလျှင် ဖြစ်လာမည့် ကောင်းကျိုးကိုသာ အကြမ်းဖက် လက်ရှိအစိုးရကခံစားပြီး ဆိုးကျိုးကိုတော့တာဝန်မယူသည်ကို ယခင်အတွေ့အကျုံရှိပြီးဟုမျော်လင့်သည် ကုမ္ပဏီ များကိုဖိအားပေးအလွဲသုံးစားပြုလုပ်သည်ကို တပ်မတော် ခေါအကြမ်းဖက်အစိုးရကပြုလုပ်သည်ကို အချို့  ကုမ္ပဏီ များခံစားခဲ့ရသည် ကိုသိရှိပြီးဖြစ်မည်ထင်သည် ထို့ကြောင့် နိုင်ငံရေးတည်ငြိမ် ပြီ federal ပြည်ထောင်စု ဖြစ်ပေါချိန်တွင်သာ ကျေက်မျက်တူးဖေါရန် ပြန်လည်စင်စားသင့်ကြောင်းအကြံပေးလိုပါသည်
LikeLike ·  · 

Read more »

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အခမ်းအနားကို ယမန်နေ့က ရန်ကုန် တွင် ကျင်းပ

The Irrawaddy (Burmese Version) added 3 new photos.
တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ၈၇ နှစ်မြောက် အခမ်းအနားကို ယမန်နေ့က ရန်ကုန် - ဆူးလေ ရှန်ဂရီလာ ဟိုတယ်တွင် ညနေ ၆ နာရီိခွဲမှ ည ၈ နာရီအထိ ကျင်းပပြုလုပ်ရာ မြန်မာ့ တပ်မတော် ခေါင်းဆောင် များနှင့်အတူ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင် (ဖိုးလပြည့်) လည်း တက်ရောက် ခဲ့သည်ကို တွေ့ရသည်။
(ဓာတ်ပုံ - Moe Tain / Facebook)
https://www.facebook.com/moe.tain.315

Read more »

Commander-in-Chief of Tatmadaw or Myanmar Armed Forces and his Army Soldiers

By:facebook
Commander-in-Chief of Tatmadaw or Myanmar Armed Forces and his Army Soldiers
LikeLike ·  · 

Read more »

နှစ်ရွာကြားက ပလပ်မြေ

Read more »

လူငယ်(၁)ဦးကို ဗမာစစ်တပ်မှ ပစ်သတ် ကာ ၄င်း၏ ပစ္စည်းများ လုယူသွား



Shd Brang Nan Hpe Myen Ni Gap Sat
===========================
(By-Lachid Kachin)
ရှမ်းပြည် နယ်မြောက် ပိုင်း၊ကွတ်ခိုင်ရှိ ဂါလိုင် IDP camp မှ (၁၆) နှစ်
အရွယ် လူငယ် တစ်ဦးအား ပြောင်းဖူးခင်း တွင် အလုပ်လုပ်နေစဉ်
ဗမာ စစ်တပ် မှ (၂၈.၇.၂၀၁၄)ရက်နေ့ ၌ ပစ်သတ် သွားကြောင်း
သိရှိရပါသည်။
ကွတ်ခိုင်ရှိ ဂါလိုင် IDP camp မှ အသက် (၁၆) နှစ် အရွယ် မောင်
မိတုံဘရန်နန်သည် ဂါလိုင် စစ်ပြေးဒုက္ခသည်စခန်းမှ (၄၅)မိနစ် ခန့်
သွားရ သော လွယ်ငေါမ်းရွာ ကုန်းစုန်ဘွမ်ပြောင်းဖူး ခင်း၌ အလုပ်
လုပ်နေစဉ် (၂၈.၇.၂၀၁၄) ရက်နေ့ (၁း၀၀)နာရီ အချိန် ခန့်တွင် မြန်မာ
စစ်တပ် (ခလရ - ၅၂၂, ၂၄၁, ၉၉ )တပ် တို့ ရောက်ရှိ လာ ပြီး
မောင်မိတုံဘရန်နန်အား ပစ် သတ်သွားခြင်း ဖြစ်ကြောင်း
သိရှိရပါသည်။
ထို့ နောက် မြန်မာ စစ်သားများသည် ၄င်းကျည်ဆံထိမှန်သေဆုံးသွား
သော မောင်ဘရန်နန် စီးထားသော ဖိနပ် ကို ပါ ချွတ် ယူသွား သည့်
အပြင် မောင်ဘရန်နန် ၏ ယာတည်း ထဲမှ ဆန် (၁၀)ပြည်၊ ကုလားပဲ
(၅)ပြည် နှင့် ၄င်းမွေး ထားသော ကြက် (၄) ကောင်တို့ ကို လည်း
မြန်မာ စစ်တပ် မှ ဖမ်းယူသွားကြောင်း ကို လည်း မောင်ဘရန်နန်
၏ရုပ် အလောင်းအား သွားရောက်သဂြိုလ် သူများထံမှ သတင်းရရှိ
ပါသည်။
ကျန်ရှိ သော မောင်မိတုံဘရန်နန် ၏ ရုပ် အလောင်းအား (၃၀.၇.
၂၀၁၄) ရက်နေ့ တွင် ဂါလိုင် စစ်ပြေးဒုက္ခသည်စခန်း မှသွားရောက်
သဂြိုလ် လိုက်ပြီဖြစ် ကြောင်း သိရှိရ ပါသည်။
Lahta Sam Mung Kutkai Galeng Hpyenyan Dabang kaw na sha dang sha langai hpe myen hpyen ni mara ka ta gap sat kau ya ai lam na chye lu ai. N dai sha dang sha hpe gap sat ai Myen Hpyen dap ni gaw (ခလရ - ၅၂၂, ၂၄၁, ၉၉ )dap ni rai nna Gap sat hkrum ai sha dang sha a mying gaw asak (16) ning re Mitung Brang Nan ngu ai jinghpaw sha dang sha re lam matut chye lu ai.
Gap sat hkrum ai sha ra gaw gaw 28.7.2014 shani (1:00)pm aten Lahta Sam Mung Kuthkai, Galeng mare.loi lang yang kaw Hkai nu yi sa ai shaloi byin ai relam chye lu ai.Loi Ngawm mare, kawng sung bum de hkai nu sun kaw re lam,dai sha ra gaw,Galeng kaw na minute 45 ram sa ra ai shara kaw re lam chye lu ai.
Myen hpyen ni gaw Shd Brang Nan hpe gap sat kau nna shi din da ai shi a gyep din hpe mung raw la mat wa ai sha n ga yi wa kaw na N Gu bye (10)? Sha pe bye (5) hteyi kaw rem da ai U (4) hpe mung rim la mat ai lam matut chye lu ai.
Gap sat hkrum ai Shd Sha Myitung Brang Nan a moi mang hpe gaw (30.7.2014)ya sha ni Kuthkai ,Galeng Hpyenyen dabang kaw na a tsawm sha sa makoi mayang kau sai lam chye lu ai.

Read more »

Wednesday, July 30, 2014

Myu tsaw shayi

Myit lawm Hkum lawm ,myu hte mung dan, myu sha lam yan hta ta tut shang lawm ap nawng ai myu tsaw shayi ndai ni hpe hkung ga jaw dat ai,

USA.American mungdan kaw Mungkan hpaji sharin hka ja la nhtawm, Madu buga Kachinland de bai nhtang wa nna myusha lam hta shang lawm ap nawng nga ai myu tsaw shayi sha ni rai nga ma ai.

Asak naw ram ai ram prat kaw nna, ya na zawn Myusha mung masa lam hta shang lawm ai Jinghpaw Wunpawng Myu shayi ni yawng hpe grai shakawn arawng la hpa rai nga ai.
Matut nna Jinghpaw wunpawng myushayi sha ni a shawng lam kasi mung rai nga ai.

Myu tsaw shayi sha ni a ntsa Hpan wa ning sang chye wa ning chyang shaman ya u ga law..

Read more »

LAIZA EAO (Ethnic Armed Organization) News

7/30/2014 (LAIZA)
**************
NCCT (Nationwide ceasefire Coordination Team) ရဲ့ထိပ်တီးညိလာခံအောင်
မြင်စွာပြီးဆုံးသွားပြီးနောက် EAO (Ethnic Armed Organization) ရဲ့ထိပ်တီးညီလာခံကိုဒီကနေ့(7/30/2014)နံနက် (9:00) နာရီအချိန်တွင်စတင်လိုက်ပြီဖြစ်ပါသည်။ ညီလာခံကို Gen.Nban La Awng (KIO Vice Chairman) နှင့်  Mr.Vijay Nambiar (Cpecial Advisor of UN Secretary General) အသီးသီးတို့မှအဖွင့်မိန့်ခွန်းပြောကြား ပြီး ဆွေးနွေးပွဲကို နံနက် (10:00) နာရီမှာစတင်သွားမှာဖြစ်ပါသည်။
LikeLike ·  · 

Read more »

Tuesday, July 29, 2014

ဦးနေ၀င်းမြေးများနှင့် ပူးပေါင်းရင်းနှီးမြှုပ်နှံသော စီစီအိုအီးစီဆိုတာဘာလဲ



ဦးကျော်နေ၀င်း၊ ဦးဇွဲနေ၀င်း၊ ဦးအေးနေ၀င်းတို့ သုံးဦးကို တွေ့ရစဉ် (ဓာတ်ပုံ − အေပီ)
မြန်မာ စစ်အာဏာရှင်ဟောင်း ဦးနေ၀င်း၏ အကျဉ်းထောင်မှ လွတ်မြောက်လာသော မြေးများက မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်ပြင်ဆင် နေကြောင်း မကြာသေးမီက သတင်းမီဒီယာများအား အသိပေး ဖြေကြားခဲ့ပါသည်။ သူတို့က မြန်မာနိုင်ငံတွင် အုပ်ချုပ်သူစစ် အစိုးရနှင့် ပတ်သက်နေသည်ဟု ဆိုသော ထူးကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇပိုင်ဆိုင်သည့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်(AGD)၏ ရှယ်ယာများကို အများဆုံးဝယ်ယူ လုပ်ကိုင်သွားမည်ဟုဆိုသည်။ ၎င်းတို့ကိုတရုတ်နိုင်ငံမှ CCOEC(China  National Corporation For Overseas Economic Coop-eration) ဟုခေါ်သည့် ကုမ္ပဏီ တစ်ခုက ငွေအရင်းအနှီးထုတ်ပေး ရန် ကမ်းလှမ်းခဲ့သည်ဟု ဦးအေးနေ၀င်းနှင့်  ဧရာဝတီသတင်းဌာန တို့၏ မေးမြန်းခန်းတွင် ဖော်ပြထားသည်။
ဦးအေးနေ၀င်းတို့အား စီးပွားရေးလုပ်ကိုင်ရန် အရင်းအနှီးထုတ် ပေးဖို့ ကမ်းလှမ်းခဲ့သော တရုတ် ကုမ္ပဏီတစ်ခုဟုဆိုသည့် စီစီအို အီးစီ(CCOEC) ဆိုသည်မှာ မည်ကဲ့သို့ကုမ္ပဏီမျိုးပါလဲ။ ၎င်းတို့ကဘာကြောင့် ဦးအေးနေ၀င်းတို့အား ငွေထုတ်ပေးရန် ကမ်းလှမ်းရတာလဲဆိုသည့် မေးခွန်းများထွက်ပေါ် လာပါသည်။
အမှန်တော့စီစီအိုအီးစီကို တရုတ်ကုမ္ပဏီတစ်ခုဆိုသည် ထက် တရုတ်အစိုးရပိုင်ကုမ္ပဏီ တစ်ခုဟုပြောသည်က ပိုမှန်ကန် ပါမည်။ စီစီအိုအီးစီဖြစ်လာမည့် ထိုကုမ္ပဏီကို ၁၉၆၅ ခုနှစ်တွင် တရုတ်နိုင်ငံတော်ကောင်စီ၏ ထောက်ခံမှုအရ တရုတ်နိုင်ငံ၏ ဆောက်လုပ်ရေးပစ္စည်းများ တင်ပို့ရန် ရည်ရွယ်ချက်ဖြင့် (China National Corporation For Building Materials Expor- tation) အဖြစ်စတင်တည်ထောင် ခဲ့သည်။ လက်ရှိကမ္ဘာတစ်ဝန်း နိုင်ငံ ၁၀၀ ခန့်တွင် စီးပွားရေး လုပ်ငန်းများပူးပေါင်းဆောင်ရွက် နေသည့် ကုမ္ပဏီဖြစ်သည်။ တ ရုတ်အစိုးရ သွင်းကုန်ထုတ်ကုန် ဘဏ်က ထောက်ပံ့ထားသည့် အတွက် ငွေအလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်သည်။ ၁၉၉၃ခုနှစ်တွင် နိုင်ငံရပ်ခြားစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် တရုတ်အမျိုးသား ကော်ပိုရေးရှင်း (စီစီအိုအီးစီ)အဖြစ် အမည်ပြောင်းလဲခဲ့သည်။
စီစီအိုအီးစီ၏ မူလလမ်း ကြောင်းမှာ တရုတ်နိုင်ငံမှ ဆောက်လုပ်ရေးပစ္စည်းများကို နိုင်ငံခြားသို့ တင်ပို့ရောင်းချရန် ဖြစ်သော်လည်းနောက်ပိုင်းတွင် စွမ်းအင်ကြီးစွာ လိုအပ်နေသော တရုတ်အစိုးရ၏ ရည်မှန်းချက်ကို ဖြည့်တင်းရန် စွမ်းအင်သဘာဝ ဓာတ်ငွေ့လုပ်ငန်းများ၏ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် တခြားစီးပွားရေးလုပ်ငန်းများကိုပါ စီစီအိုအီးစီက တိုးချဲ့ဆောင်ရွက်လာ သည်။
ထိုသို့ဆောင်ရွက်လာရာ တွင် စီစီအိုအီးစီ၏ ဈေးကွက်နေ ရာရွေးချယ်မှုမှာ အထူးစိတ်ဝင် စားစရာကောင်းသည်။ များသော အားဖြင့် နိုင်ငံတကာအနောက် တိုင်းကုမ္ပဏီများ၊ အမေရိကန် ကုမ္ပဏီများ၊ ဂျပန်ကုမ္ပဏီများ သည် စီးပွားရေးလုပ်ငန်းဆောင် ရွက်ရာတွင် လူ့အခွင့်အရေးပြဿ နာများ၊ အကြမ်းဖက်မှုများ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု များစသော နေရာများမှ လွတ် ကင်းသော နိုင်ငံများကို ရွေးချယ် ကြသည်။ စီစီအိုအီးစီကမူ အများ နှင့် ပြောင်းပြန်ဖြစ်၏။
အကြမ်းဖက်မှု၊ လူ့အခွင့်အ ရေးချိုးဖောက်မှုများကြောင့် ကမ္ဘာ့အလယ်မှာ ကြဉ်ထားသည့် နိုင်ငံ များတွင်သာ စီစီအိုအီးစီက ပြိုင် ဘက်မရှိအခွင့်အရေးရယူပြီး စီး ပွားရေးလုပ်ကိုင်လေ့ရှိသည်။
ဥပမာဆိုရလျှင် အကြမ်း ဖက်မှုများဖြင့် ကျော်ကြားနေ သည့် ယီမင်နိုင်ငံတွင် စီစီအိုအီးစီ က ၂၀၁၂ ခုနှစ်၌ သဘာဝဓာတ် ငွေ့စက်ရုံသုံးရုံတည်ထောင်ရန်သဘောတူခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ကာတာတက္ကသိုလ် မှ နိုင်ငံတကာလေ့လာရေးပညာ ရှင် မိုဟာမက်ဆာဖတ်ရာမတ်က ယီမင်နိုင်ငံ၏ အကြမ်းဖက်မှု သတင်းဆိုးများကြောင့် အနောက်နိုင်ငံများက ယီမင်နှင့် ဆက်ဆံရန် လက်တွန့်နေချိန်တွင် တရုတ် နိုင်ငံက ထိုဒေသတွင် ၎င်း၏အနေ အထားအားကောင်းလာရန် အခွင့်အရေးယူကြိုးပမ်းနေသည်။ စီစီ အိုအီးစီက တရုတ်အစိုးရ၏ ထို ရည်မှန်းချက်ကို ဖြည့်ဆည်းပေး သည်ဟုဆိုသည်။
ယီမင်နိုင်ငံမှ သူပုန်များ သည် အယ်လ်ကိုင်ဒါအကြမ်း ဖက်သမားများနှင့် ဆက်သွယ်မှု ရှိနေသည်ဟူသော သတင်း ကြောင့် အနောက်နိုင်ငံများက ရှောင်ရှားနေချိန် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကတော့ အား ကောင်းလာသည်။ စီစီအိုးအီးစီကလည်း ထိုဆက်ဆံရေးကို တစ်စိတ်တစ်ပိုင်းပံ့ပိုးကူညီအားဖြည့်ပေး ၏။ ယီမင်တွင် ရေနံအနည်းငယ် သာထွက်သော်လည်း လောင်စာ စွမ်းအင်အမြဲလိုအပ်နေသည့် တရုတ်နိုင်ငံအတွက် နည်းနည်းရလည်း နည်းနည်းအလျောက် အကျိုးရှိသည်။
ထို့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အနောက်နိုင်ငံများ၏ ဝေဖန်ပြစ်တင်မှုကို ခံနေရသည့် ယခင် ဆိုဗီယက် ပြည်ထောင်စုမှ ခွဲထွက်ခဲ့သည့် အရှေ့ဥရောပနိုင်ငံ ဘီလာရုစ် နိုင်ငံတွင်လည်း စီစီအိုအီးစီ၏ လုပ်ငန်းများရှိပါသည်။ အထူးသ ဖြင့် စွမ်းအင်စက်ရုံများကို စီစီအို အီးစီက တရုတ်သွင်းကုန်ထုတ် ကုန်ဘဏ်၏ ပံ့ပိုးမှုဖြင့် အကောင် အထည်ဖော်နေသည်။
ထိုစက်ရုံများသည် နိုင်ငံ၏ သဘာ၀၀န်းကျင်ကို ဆိုးရွားစွာ ပျက်စီးစေသည်ဟု ဘီလာရု(စ်) နိုင်ငံသတင်းမီဒီယာများက ဝေဖန်ပြစ်တင်ထားပါသည်။ စီစီအိုအီးစီ အပါအ၀င် တရုတ်ကုမ္ပဏီများက အကျင့်ပျက်ခြစားနေသော ဘီ လာရုစ် အစိုးရအာဏာပိုင်များ နှင့် ပေါင်းပြီး အခွင့်အရေးယူ သည်ဟုလည်း ရေးသားကြပါ သည်။
ထိုကဲ့သို့သောစီစီအိုအီးစီက မြန်မာနိုင်ငံသို့ ၀င်ရောက်လာပြီး သြဇာတိက္ကမကြီးသူစီးပွားရေးသမားများနှင့် စစ်အာဏာရှင်ဦးနေ၀င်း၏ မိသားစုများအတွက် ငွေအရင်းအနှီးထုတ်ရန် ကမ်း လှမ်းလာသည်ဟုဆိုသည်။
လတ်တလောတွင် အဆိုပါသတင်းက လူအများစုကို အံ့အားသင့်သွားခဲ့စေသည်။ ဦးတေဇ၊ ဦးနေ၀င်းမိသားစု၊ တရုတ်အစိုးရ၏ စီစီအိုအီးစီ ဘာတွေဖြစ် လာမလဲဆက်လက်စောင့်ကြည့်ရန်အထူးစိတ်ဝင်စရာကောင်းသည် ကတော့ အသေအချာပင်ဖြစ်ပါ သည်။

Read more »

လိုင်ဇာညီလာခံသို့ ကုလနှင့် တရုတ်အထူး ကိုယ်စားလှယ်များတက်ရောက်


Laiza Zuphpawng de Miwa Gumsan mung na dat kasa hte UN de na dat kasa ni sadu shang lawm
==================
(by-Kachinwave)

လိုင်ဇာညီလာခံ တတိယ နေ့ မွန်းလွဲ ပိုင်းတွင် ကု လ နှင့် တရုတ်အထူးကိုယ်စားလှယ်များ တက်ရောက်လာခဲ့ပြီး အဖွင့်အမှာစကားများ ပြောသွားကြသည်။
ကုလ အထူးကိုယ်စားလှယ်အဖြစ် မစ္စတာ နမ်ဘီးယား နှင့် အဖွဲ့တက်ရောက်ခဲ့ပြီး တရုတ်ကိုယ်စားလှယ်အဖြစ် ယခင် ကိုယ်စားလှယ် မစ္စတာ ၀မ်ယိန်ဖန်း မတက်ရောက်နိုင်သည့်အတွက် မစ္စတာ တန်ယန်( မြန်မာအမည် ထွန်းလွင်) တို့အဖွဲ့ တက်ရောက်ခဲ့ကြသည်။
ကုလသမ္မဂ အထွေထွေ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းမှလည်း မြန်မာနိုင်ငံ တနိုင်ငံလုံးရဲ့ ရှေ့ရေးဟာ ဒီဆွေးနွေးပွဲကနေ အကောင်းဆုံးဖြစ်လာနိုင်ဖို့မျှော်လင့်ကြောင်း ညီလာခံသို့ သ၀ဏ်လွာပေးပို့ခဲ့သည်။
အခြားနိုင်ငံများနှင့် နှိုင်းယှဉ် ရင် မြန်မာနိုင်ငံသည် နှေးကွေး နောက်ကျနေပြီး စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရန် နိုင်ငံတည်ငြိမ်အေးချမ်းမှ ရရှိနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် နှစ်ပေါင်း (၆၀) ကျော် လက်နက်ကိုင် ပဌိပက္ခကို မဖြေရှင်းနိုင်သေး ပဲ စီးပွားရေး တိုးတက်မှု နည်းကွေးနေကြောင်း တရုတ်အထူးကိုယ်စားလှယ်မှ မြန်မာဘာသာစကားဖြင့် ပြောကြားသွား သည်။
နှစ်ဖက်ကိုယ်စားလှယ်များမှ တိုင်းရင်းသားများအား လိုအပ်သည့်အကူအညီများကို ပေးသွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။
ညီလာခံ တတိယနေ့ ယနေ့ တွင် အပစ်ရပ်မူကြမ်း မှ အခန်း (၆) ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ ခေါင်းစဉ်အား ဆွေးနွေးနေပြီဖြစ်သည်။
ပုံ ။။ လိုင်ဇာညီလာခံသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်နှစ်ဦး
LikeLike ·  · 

Read more »

Sunday, July 27, 2014

မှုးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားသူများအား ဗမာစစ်တပ်မှ အရေးသူမည်ဟုခြိမ်းခြောက်


Loi Je Myen Dap Ni Ka-ni Nang Hpam Pat Jasat Bugli Galaw Ai Ramma Ni Hpe Rim Ahkyak La Na Lam Jahkrit Shama Nga
တရုတ်-မြန်မာ နယ်စပ် လွယ်ဂျယ်မြို့ တွင်ရောက်ရှိနေသော မြန်မာ စစ်တပ်
မှ လွယ်ဂျယ် ပတ်ဝန်းကျင် ၌ ဘိန်း နှင့် မှူးယစ်ဆေးဝါး တိုက်ဖျက် ရေး နှင့် တာဆီးကာကွယ် နှိမ်နှင်း ရေး ပညာပေး အစီအစဉ် များ အား လှုပ်ရှားဆောင်
ရွက်နေ ကြသော လူငယ်များအား ဖမ်းဆီး အရေးသူမည် ဟု ခြိမ်းခြောက် ကာ မှူးယစ်းဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားမှုများအား ဗမာ စစ်တပ်မှ တားဆီး ပိတ်ပင်နေ ကြောင်း သတင်းရရှိပါသည်။
(၂၄.၇.၂၀၁၄) ရက်နေ့၌ လွယ်ဂျယ် တွင် တပ်ထိုင်သော ဗမာ စစ်တပ်မှ လွယ်ဂျယ်မြို့ အတွင်း ရှိ ကျေးရွာ ရပ်ကွက် တိုင်းသို့ မှုးယစ်ဆေးဝါး တိုက်ဖျက်ရေး နှင့် တားဆီး ကာကွယ် နှိမ်နှင်း ပညာ ပေး လှုပ်ရှားဆောင်ရွက်နေ သော လူငယ်များအား ဗမာ စစ်တပ် မှ တရားမ၀င် အသင်း နှင့် ဆက်သွယ်မှု ပုဒ်မ (၁၇/၁) ဖြင့် ဖမ်းဆီး အရေးယူမည်ဟု ခြိမ်းခြောက် အမိန့် ထုတ် လိုက်ကြောင်း ဒေသခံ များထံမှ သတင်းရရှိပါသည်။
Loi Je Myen Dap Ni Ka-ni Nang Hpam Pat Jasat Bugli Galaw Ai Ramma Ni Hpe Rim Ahkyak La Na Lam Jahkrit Shama Nga
Lai Wa sai July 24, 2014 ya shani Loi Je kaw dung ai Myen asuya dap ni gaw Loi Je Kuklum Lawk shagu de ginra Ramma Ka-ni Nang Hpam Pat Jasat hpung ni bungli shang galaw ai ni hpe "Puk Ma" 17/1 hte rim na ngu hkan ndau da ai lam shiga na chye lu ai.
(Myu Tsawkasa)
LikeLike ·  ·  · 1911

Read more »