Friday, January 31, 2014

မြန်မာနိုင်ငံ အစိုးရက ဒီမနက်အစောကြီး ထတိုက်တယ်လို. သေနတ်သံ ကြားရ

Khon Ja

ဲဇန္န၀ါရီလကိုတော့ သေနတ်သံ ဆူဆူညံညံ မကြားရဘဲ ကျော်ဖြတ်သွားနိုင်မယ် လို့ ထင်ခဲ့တာ။။။ 

ဒီမနက်အစောကြီး ထတိုက်ရတယ်လို့။ ပြီးတော့ Man Gau အထိ တက်လာတယ် ဆိုတော့ အရှေ့ကိုဘဲ တိုးတိုး လာတယ် ဆိုတာ ငြင်းနိုင်အုံးမလား။ နမ့်လင်းပါကနေ ခြေလျင် တရက်ခရီး ဖြစ်နေပြီလေကွယ်။

တေဂျင်းဂျိုးတွေ။
--------------------------------------------------
တိုက်ပွဲ ရပ်ဖို့ နှစ်ဖက်စလုံးက လိုတယ် လို့ ဘုမသိ ဘမသိ ကြွေးကြော်နေတဲ့ သူတွေရေ...

တိုက်ပွဲဖြစ်တဲ့ မြေပုံလည်း ကြည့်ပါအုံး။ ဘာနောက် လိုက်ပြီး တိုက်နေတယ် ဆိုတာလည်း ကြည့်ပါအုံး။

ကျုပ်တို့ရွာမှာလည်း ရှင်တို့ဒေသလို သယံဇာတ မရှိဘူးဆိုရင် ဘယ်သူမှ လာတိုက်မှာ မဟုတ်ဘူးလေ။ 

ရှင်တို့ ရွာသူကြီးတွေအားလုံး လာပြီး ချမ်းသာကြွယ်ဝသွားတာ အခု တိုက်ပွဲဖြစ်တဲ့ နေရာတွေက သယံဇာတတွေကြောင့်ဟဲ့။

အခုကြည့်စမ်း... ဒီလောက် ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ ကြားမှာတောင် အရှေ့ကို မိုင် ၂၀ လောက် တိတ်တိတ်ကလေး တိုးပြီး လာတိုက်နေတယ်။

ရောပြီး ဆဲလိုက်ရ မကောင်းရှိတော့မယ်။

ကချင်တွေ အားလုံး နေပြည်တော်မှာ ဗုံးလာထောင်မယ် ဆိုရင်တောင် ထောက်ခံတယ်။ ဘာလို့ လာလုပ်ရသလဲ ဆိုတဲ့ ခိုင်လုံတဲ့ အကြောင်းပြချက် သူတို့ဆီမှာ ရှိနေပြီ။
----------------------------------------------------

BGF SHARA NI HTA MYE NI SHARA LA

Read more »

သန်းခေါင်စာရင်းတွင် ကချင် အမည် ထည့်သွင်းရန် ကချင်နှစ်ခြင်း အသင်းတော် ကြေညာချက် ထုတ်ပြန်

By,KNG


rev-dr-hkalam-samsun
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး REV. DR. HKAMLAM SAM SUN
လာမည့် မတ်လအတွင်း သန်းခေါင်စာရင်း ကောက်ယူရာတွင် ကချင်မျိုးနွယ်စု များအနေဖြင့် လူမျိုးနေရာတွင် ကချင် 101 အဖြစ် ထည့်သွင်းသွားကြရန် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) က ဇန္နဝါရီလ ၂၀ ရက် နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ အသင်းတော်အသီးသီးတို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး အသင်းတော်အသီးသီးတိုင်းသည် ကချင် 101 တွင် ထည့်သွင်းသွားရန် သဘောတူညီကြကြောင်း သိရှိရသည်။

“အရေးကြီးရင်တော့ KBC ကနေ တိုက်ရိုက် အသင်းတော်တွေမှာ ကြေညာတယ် ပြည်တွင်း ပြည်ပအားလုံးမှာ ကြေညာတယ် အင်တာနက်ကနေလည်းကြေညာတယ်” ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အထွေထွေ အတွင်းရေးမှူး သိက္ခာတော်ရ Rev. Dr. Hkalam Sam Sun ကချင်သတင်းဌာနသို့ ပြောသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် မျိုးနွယ်စု ၆ ခုပါဝင်သော ကချင် မျိုးနွယ်စုများအတွင်း လူမျိုး နာမည် ၁၂ မျိုးဖြင့် ကောက်ယူမည် ဖြစ်သဖြင့် လူမျိုးစုအရေအတွက်များ ကွဲပြားသွားနိုင်သည့် အလားအလာ ရှိသဖြင့် ယခုလို ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

လူမျိုးစု အမည်များ သတ်မှတ်ခြင်း နှင့် ပတ်သက်၍ ကချင် နိုင်ငံရေး အဖွဲ့အစည်းများကလည်း ဝေဖန်ထောက်ပြထားကြသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC တွင် လော်ဝေါ်၊ လီဆူ၊ အဇီး (ဇိုင်ဝါး)၊ ရဝမ်၊ ဂျိန်းဖော့၊ လရှီ (လချိတ်) လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် နှစ်ခြင်းအသင်းတော်ဖြစ်ခြင်းကြောင့် သာသနာဆရာများ ပေးထားသည့် “ကချင်” ဟုသည့် နာမည် တွင်ထည့်သွင်းသွားရန် ကြေညာခြင်း ဖြစ်သည်။

ကမ္ဘာနှင့် မြန်မာတွင်ဆက်သွယ်ရာတွင်လည်း “ကချင်” ဟုသာ သိနေကြသဖြင့် အားလုံးက “ကချင်” လူမျိုးအဖြစ်သာ ထည့်သွင်းရန် သဘောတူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့ တွင်လည်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့တွင် KIO မှကြီးမှူး၍ ကချင်မျိုးနွယ်စုများအားလုံး ‘ကချင်’ အမည်ဖြင့် စာရင်း ထည့်သွင်းရန် သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

KBC နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် တွင် အသင်းတော်ပေါင်း ၃၁၀ ရှိပြီး အသင်းသားပေါင်း ၃သိန်း ၈ သောင်း ၆ ထောင် ကျော်ရှိကာ ယခုချိန်တွင် ပြည်တွင်းစစ်ကြောင့် လူဦးရေ ၆ သောင်းကျော်မှာ KIO ထိန်းချုပ်နယ်မြေတွင် ခိုလှုံလျက် ရှိသည်။

၂၀၁၁ ခုနှစ်မှ ပြန်လည် စတင်ခဲ့သည့် တိုက်ပွဲများကြောင့် ဝိုင်းမော်မြို့နယ်ရှိ ဆမားဇုံနယ်နှင့် ရှမ်းပြည်ရှိ နှစ်ခြင်းအသင်းတော် ဘုရားကျောင်း ၆၄ ကျောင်း ပျက်ဆီးသွားခဲ့ရသည်။

Read more »

သတိထားဖွယ် အထင်လွဲလျှင် အသက်ဆုံးရှုံးတတ်ပုံ



ရှေးအခါက ဟိမ၀န္တာ တောရဲ့ အနီးမှာ ကြို့ပင်ကြီးတစ်ပင်ရှိသတဲ့။ ၀က်ဝံတစ်ကောင်ဟာ အစာရှာဖွေ စားသောက်ပြီးတဲ့နောက် ၊ ဗိုက်လေးလာတဲ့ အခါမှာ ကြို့ပင်ကြီးအောက် လာရောက်အိပ်နေလေ့ရှိပါတယ်။ တစ်နေ့ကြို့ပင်ကြီးအောက်မှာ ၀က်ဝံကြီး အိပ်ပျော်နေတုန်း ခပ်ကြမ်းကြမ်း လေတစ်ချက်ဝှေ့ လိုက်တာ ကြောင့် ကြို့ပင်ကြီးရဲ့ အကိုင်းတစ်ကိုင်း ကျိုးပြီး သစ်ကိုင်းကျိုးဟာ ၀က်ဝံကြီးရဲ့ ကျောကုန်းပေါ်ကျသွားပါတယ်။အိပ်ပျော်နေတဲ့ ၀က်ဝံကြီးလည်း လန့်နိုးသွားတာပေါ့။ ဒေါသလည်း ထွက် စိတ်တိုသွားတယ်။ ပတ်ဝန်းကျင်ကိုကြည့်တော့လည်း ဘယ်သူ့ကိုမှလည်း မတွေ့မမြင်ရဘူးတဲ့
"ဧကန္တတော့ ကြို့ပင်စောင့် ရုက္ခစိုး ငါ့အပေါ်သစ်ကိုင်း ချိုးချတာဖြစ်မယ်. သိကြသေးတာပေါ့ကွာ မင်းဗိမာန်ကို အမြစ်က လှန်ပစ်မယ်။ ၀ံကြံရင် ဘာခံနိုင်မှာ တုန်း ဟု "ပြောပြီး ထွက်လာခဲ့ပါတယ်။
ကာလအတန်ကြာတဲ့ အခါမှာ ကြို့ပင်အောက်မှာ ၀က်ဝံကြီး ရပ်နားနေတုန်း ဓားမ၊ ပဲခွပ်၊ ပုဆိန်တွေ ကိုင်ထားတဲ့ သစ်ခုတ်သမား ပုဏ္ဏား လက်သမား သုံးရောက် ကြို့ပင်နား ရောက်လာပါတယ်။လက်သမားတွေကို တွေ့တဲ့အခါမှာ ၀က်ဝံဟာ ၀မ်းသာအားရဖြစ်သွားပါတယ်။
"မိတ်ဆွေတို့ ဘယ်သစ်ကို ခုတ်ကြမှာတုန်း ဟု ၀က်ဝံကလှမ်းမေးကြည့်တယ်"
"မိတ်ဆွေဝက်ဝံ သင်က တောထဲမှာ နေတော့ ကျုပ်တို့ထက် သစ်အကြောင်းနားလည်မှာပေါ့. . ရထားလုပ်ဖို့ ဘယ်သစ်က ခိုင်ခံပါသလဲ။ "ဟု ပုဏားတွေက ပြန်မေးတယ်။
"အဆွေလက်သမား ပိတောက်၊ ထောက်ကြံ့၊အင်ကြင်း၊ ရှားပင်တို့ဆိုတာ မခိုင်ခန့်ဘူး လူတွေက မသိလိုကနာမည်ကြီးနေတာ သူတို့ထက်ပိုမိုခိုင်ခန့်တဲ့ ရထားလုပ်ဖို့ ကောင်းတဲ့ ကြို့ပင်ဆိုတာ ရှိတယ်။

"မိတ်ဆွေပြောတဲ့ ကြို့ပင်ဆိုတာကို ကျုပ်တို့ဖြင့် ကြားဖူးပေါင်ဗျာ မြင်ရင် သိရင် ဘယ်လိုပုံစံဆိုတာ ပြောပြပေးပါအုံး "ဟု လက်သမားများက ၀က်ဝံကြီးကို ပြန်မေးပါတယ်
"ခု ကျုပ်ရပ်နေတဲ့ နေရာ က အပင်ဟာ ကြို့ပင်ပေါ့။ ရထားဘီးအတွက် အကန့်၊ ပုံတောင် ၊ ၀က်စွပ်၊ အကျပ် အကုန်လုပ်နိုင်တာပေါ့။"လို့ပြောပြီး ၀က်ဝံဟာ ထွက်သွားပါတယ်။
လက်သမားတွေဟာ ကြို့ပင်ကို ခုတ်ဖို့ ပြင်ဆင်လိုက်ကြတယ်။ ၀က်ဝံနဲ့ လက်သမားတွေပြောဆိုနေတာကို ကြားသိလိုက်ရတဲ့ ကြို့ပင်စောင့်ရုက္ခစိုး နတ်ဟာ "၀က်ဝံဟာ ဘာမဟုတ်တာလေးနဲ့ ငါ့ကို ရန်ငြိုးဖွဲ့ပြီး ငါ့ရဲ့ ဗိမာန်ကို လက်သမားတွေက ဖျက်ဆီးပစ်ကြသလို ဒင်းအသက်ကိုလဲ လက်သမားတွေကပဲ ပျက်စီးအောင် လုပ်စေရမယ် " ဟု ကြုံးဝါးလိုက်သည်. . .
အဲဒီနောက် ကြို့ပင်စောင့်နတ်ဟာ ခရီးသွား ပုဏ္ဏား တစ်ယောက် အယောင်ဆောင်ပြီး လက်သမားတွေ အနား ချည်းကပ်ပြီး "မိတ်ဆွေ လက်သမားတို့ ဒီသစ်ပင် က အသားကောင်းလှချည်လား ဘာများလုပ်ဖို့တုန်း။" လို့ မေးကြည့်လိုက်တယ်။
"ရထားလုပ်ဖို့ ဖြတ်တောက်နေကြပါတယ်။" ဟု လက်သမားတွေက ပြန်ဖြေကြတယ်။
"မင်းတို့ ရထားလုပ်တဲ့ အခါ ၀ံသားရေကို သံပတ်လိုပတ်ပြီးလုပ်ရင် ပိုပြီး ခိုင်ခံ့လာမယ်။ ပိုပြီးလည်း ဈေးကောင်းရမယ်။"

လက်သမားများက "ဒီလိုဆို ၀ံသားရေ ဘယ်ကရမှာတုန်း။"
"မင်းတို့ တော်တော်နသေးတာပဲ ခုနက မင်းတို့ကို ပြောသွားတဲ့ ၀က်ဝံဆီလိုက်သွားပေါ။ ၀က်ဝံကြီးကို အသင်ပြောသွားတဲ့ သစ်ပင်ကို ဘယ်လိုခုတ်ရမှာလဲလို့ မေးပြီး ပြခိုင်းလိုက်။အဲဒီအခါကျမှ ဓားထက်ထက်နဲ့ ၀က်ဝံကြီး သေသွားအောင် ခေါင်းကို ခုတ်ပိုင်းလိုက်ပေါ့။အရေခွံခွာ အသားကိုချက်စားပါ။ ပြီးမှ ကြို့ပင်ကို ခုတ်ပါလို့ " ရုက္ခစိုးက ပြောလိုက်ပါတယ်။
ခရီးသွား ပုဏ္ဏားရဲ့ အကြံပေးချက်ကို လက်သမားတွေ နှစ်သက်သဘောကျသွားတယ်. . ဒီကနေ့ သိပ်ကံကောင်းတဲ့ နေ့ပါလား အကြံကောင်းညဏ်ကောင်းတွေရတယ် ဆိုပြီး ရုက္ခစိုး အကြံပေးတဲ့အတိုင်း ၀က်ဝံကြီး နောက် လိုက်သွားပြီး မာယာနဲ့ အကူအညီတောင်းတယ်။ ကြို့ပင်အောင် ရောက်လာတဲ့ ၀က်ဝံကြီးကို သေအောင် သတ်ပစ်နိုင်ခဲ့တယ်။ နောက်ကြို့ပင်ကြီးကိုလည်း ခုတ်ထစ်ပိုင်းဖြတ်ယူဆောင် သွားကြပါတယ်။
ဝက်ဝံကြီးဟာ သည်းခံသင့်တဲ့ အမှုကလေးကို သည်းမခံနိုင်ဘဲ အထင်လွဲပြီး စိတ်ယုတ်မာ မွေးကာ ရန်ငြိုးဖွဲ့ခဲ့တာကြောင့် အကျိုးအမြတ်မရှိဘဲ နှစ်ဦးစလုံး ဆုံးရှုံးနစ်နာခဲ့ရပါတယ်။

ဒီဥပမာလေးကို ကြည့်ခြင်းအားဖြင့် အခွင့်ကောင်း အခါကောင်းများကို စောင့်ကြည့်နေသည့် သူယုတ်တို့၏ ပယောဂဖြင့် အိမ်ကြက်ချင်း အိုးမည်းသုတ်ကာ ရန်တိုက်နေသည့် ဖြစ်ရပ်တွေအပေါ်မှာ အချင်းချင်း မညီမညွတ်မဖြစ်သင့်ကြောင်း၊ အချင်းချင်း စိတ်ဝမ်းမကွဲသင့်ကြောင်း၊ အချင်းချင်း အထင်မလွဲသင့်ကြောင်း ထင်ရှားတော့၏။ အချင်းချင်း စိတ်ဝမ်းကွဲကာ၊ အထင်လွဲမည်ဆိုပါက ကောင်းကျိုးများမဖြစ်နိုင်ကြောင်း၊ ဆိုးကျိုးများနှင့်သာ အဆုံးသတ်ပြီး ကြားက လက်သမားများနှင့်တူသော ပုဂ္ဂိုလ်များက အမြတ်ထုတ်သွားမည်ဖြစ်ကြောင်း၊ အချင်းချင်းစိတ်ဝမ်းကွဲကာ အထင်လွဲလေလေ ကြားက လက်သမားနှင့်တူသော ပုဂ္ဂိုလ်များအတွက် အမြတ်များလေလေ၊ အကြိုက်တွေ့လေလေ ဖြစ်ကြောင်းနှင့် အချင်းချင်းအပေါ် နားလည်မှုနှင့် စိတ်ကောင်း စေတနာကောင်းများ ထားမှသာ ဘာသာရေး လူမျိုးရေး၊ စီးပွားရေး၊ ပညာရေးတိုးတက် ကောင်းမွန်မည်ဖြစ်ကြောင်း၊ စိတ်ယုတ်မာမွေးက ဆိုးကျိုးတွေကို ဖြစ်ပေါ်လာပြီး နောက်ဆုံး အသက်သေသည်အထိ ထိခိုက်နိုင်ကြောင်း စတဲ့ သင်ခန်းစာများကို ယူရမှာ ဖြစ်ပါတယ်။(ဖန္ဒနဇာတ်)
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
http://www.myanmarcnn.com/2014/01/blog-post_5373.html

Read more »

လူနည်းစုဝင်များမှ သန်းခေါင်စာရင်း ကောက်ခံမှုကို ရွှေ့ဆိုင်းစေလို

ဇန်နဝါရီ ၂၉၊ ၂၀၁၄
M-Media
ဘာသာပြန်ဆိုသူ- မြင့်မိုရ်မောင်မောင်
myanmar-census-2012
မြန်မာနိုင်ငံအ၀ှမ်းတွင် မတ်လကုန်ချိန်မှသာလျှင် သန်းခေါင်စာရင်းကောက်ယူမှု စတင်မည်ဖြစ်သော်လည်း လူနည်းစုဝင်များမှာမူ အစိုးရ၏နည်းစဉ် လမ်းကြောင်းနှင့် ပတ်သက်၍ မေးခွန်းထုတ်နေကြပြီး၊ ယင်းကိစ္စအား ရွှေ့ဆိုင်းပေးစေ လိုကြောင်း အများစုက တိုက်တွန်းလောဆော် လျက်ရှိကြ၏။
“ အချိန်ကိုက်ဆောင်ရွက်ထားမှုက မမှန်ကန်ပါဘူး။ ထိခိုက်နစ်နာမှုမရှိတဲ့ ရှုထောင့် အမြင်ကနေ ကျွန်မတို့ စဉ်းစားကြရပါမယ်။ ဒီသန်းခေါင်စာရင်းကောက်ယူမှုဟာ ထိခိုက်နစ်နာမှု အများအပြား ဖြစ်စေနိုင်လို့ပါ ” ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ အစီအစဉ်ဖော်ဆောင်သူ ဒေါ်ခွန်ဂျာက ဆိုပါသည်။
ဒေါ်ခွန်ဂျာနည်းတူ များစွာသော လူမှုလှုပ်ရှားသူတို့ကလည်း သန်းခေါင်စာရင်းကောက်ခံမှုသည် တိုင်းရင်းနွယ် အုပ်စုများကို ပိုင်းခြားခွဲခြမ်းမည့် အသုံးချကိရိယာ တန်ဆာပလာလေလော ဟူ၍ စိုးရိမ်မကင်း ဖြစ်နေကြသည်။ ၎င်းက ကချင်ဟူသော ခေါင်းစဉ်အောက်၌ ခြုံငုံခေါ်ဆိုသည့် ဒါဇင်များစွာသော လူမျိုးနွယ်များအကြား သဘောထားကွဲလွဲစေရာ အချက် တစ်ရပ် ဖြစ်လာစေခဲ့ကြောင်း သူမက ပြောကြားခဲ့သည်။
“ လက်ရှိသန်းခေါင်စာရင်းအတွက် သတ်မှတ်ချက်မှာ မျိုးနွယ်စု ၆ ခုထဲကိုဘဲ ကိုယ်စားပြုဖော်ပြထားပါတယ်။ လုံးဝပေါင်းစပ်စုစည်း မရတော့တဲ့ လူမျိုးနွယ်တွေအဖြစ် အဓမ္မပြုလိုက်သလို လူတွေ ခံစားနေကြရပါတယ် ”။
ယင်းသို့ အမျိုးအစားခွဲခြားလိုက်ခြင်းမှာ မိမိပြည်နယ်တွင်းရှိ လက်နက်ကိုင်တော်လှန်သူများထံရှိကြသော “တော်လှန်ရေး စိတ်ဓာတ်” အား တိုက်ခိုက်ချိုးနှိမ်ရန် အလွန် ရှင်းလင်းသည့်ကြိုးပမ်းချက် တစ်ရပ်ဖြစ်သည်ဟု သူမက ဖော်ပြပြောဆိုသည်။ သန်းခေါင်စာရင်းကောက်ယူ သတ်မှတ်မှုမှာ “စစ်မက်၏အကြွင်းမဲ့ တပ်ဦးသစ်” တစ်ခုဖြစ်သည်ဟု ညွှန်းဆိုလိုက်ပါသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ဘာဝီ သန်း Salai Bawi Thang ကလည်း သန်းခေါင်စာရင်း လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အာဏာပိုင်အစိုးရသည် ဒေသတွင်းပြည်သူများကို လုံလောက်သော အသိပညာပေးမှု မရှိကြောင်း၊ လုပ်ငန်းစဉ်တစ်ရပ်လုံးမှာ စော်ကားမှု နှင့် လွဲချော်သည့်ကိုင်တွယ်စီမံမှုဖြစ်အောင် တမင် ဖန်တီးထားကြောင်း ဝေဖန် ခဲ့သည်။
“ လူထုနဲ့ ဆွေးနွေးတိုင်ပင်နှီးနှောမှု မရှိတဲ့အပြင်၊ ချင်းအမျိုးသားတွေအဖို့ ယုံကြည်ကိုးစားလောက်တဲ့ သတင်း အချက်အလက် တစ်စုံတစ်ရာမှ မရရှိကြပါဘူး။ ရလဒ်အားဖြင့် ချင်းလူမျိုးများစွာအကြား ရှုပ်ထွေးမှု ဖြစ်ပွားလာပြီး – ငါတို့ကို အစိပ်စိပ်အမြွာမြွာ ခွဲထုတ်လေတော့မလား လို့ စိုးရိမ်ပူပန်လာခဲ့ကြပါတယ် ”။
Salai Bawi Thang သည် မိမိပြည်နယ်မှ သန်းခေါင်စာရင်းအရေးကိစ္စကျွမ်းကျင်သူတို့ကိုလည်း မေးမြန်းပြောဆိုခဲ့သည်။ လူဝင်မှုကြီးကြပ်ရေးအရာရှိများနှင့်တွေ့ဆုံဆွေးနွေးပြီးနောက် သူက “ မျိုးကွဲအုပ်စုဝင်တစ်ချို့ရဲ့ အမည် စာလုံးပေါင်းတွေမှာလည်း အမှားမှား အယွင်းယွင်း ဖြစ်နေတယ်။ ဥပမာ – ခူမီးကို ခါမီးလို့ ရေးသားထားကြတယ် ” ဟု မှတ်ချက်စကားဆိုခဲ့သည်။
Salai Bawi Thang နှင့် ဒေါ်ခွန်ဂျာကဲ့သို့လူများစွာက အစိုးရနှင့်တိုင်းရင်းနွယ်အုပ်စုတို့သည် အကောင်းဆုံးပုံချစံ သတ်မှတ်မှုကို သဘော မမျှနိုင်သေးသရွေ့ လုပ်ငန်းစဉ်တစ်ရပ်လုံး ဆိုင်းငံ့ထားပေးရန် တောင်းဆိုနေကြ၏။
အခြားတစ်ဖက်မှာလည်း ရခိုင်ပြည်နယ် ဘူးသီးတောင်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ၏ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က သန်းခေါင်စာရင်းကောက်ခံမှုနှင့် ပတ်သက်၍ ရိုဟင်ဂျာတို့အပေါ် ဥပဒေကြောင်းအရသာ သတ်မှတ်ဆောင်ရွက်ရန် အပြုသဘောဆောင် စာတစ်စောင် တင်သွင်းခဲ့သည်။
ရခိုင်ပြည်နယ်၌ ဤအရေးမှာ ပြဿနာကြီးထွားနေဆဲပင်။ ဒေသတွင်းရှိ လူနည်းစုဝင် ရိုဟင်ဂျာတို့၏နိုင်ငံသားဖြစ်မှု ကိစ္စသည် ကြောက်စရာအကြောင်း တစ်ရပ်ဖြစ်နေပြီး ပြင်းထန်သော သဘောကွဲလွဲမှု မကြာခဏ ဖြစ်ပေါ်နေပေသည်။ ယမန်နှစ်က ဒေသခံမွတ်စ်လင်မ် လူ့အဖွဲ့အစည်းတို့အား သန်းခေါင်စာရင်း လုပ်သားတို့သည် ရိုဟင်ဂျာလူထုအား “ဘင်္ဂါလီ” ဟု တံဆိပ်တပ်ရန် အဓမ္မကြိုးပမ်းချက်များအပေါ် ၎င်းတို့မှ ခါးခါးသည်းသည်းငြင်းဆန်သောကြောင့် အကြမ်းဖက်ပြဿနာ အကြိမ်ကြိမ် ပေါ်ပေါက်ခဲ့ရပြီးဖြစ်သည်။
“ ကျွန်တော် သိနားလည်ထားမှုအရ လူတစ်ဦးချင်းဆီမှာ မိမိကိုယ်ပိုင် မျိုးနွယ်အုပ်စုဝင်အမည်ကို ခံယူဖော်ပြခွင့် ရှိနေပါတယ်။  သန်းခေါင်စာရင်းကိစ္စက နိုင်ငံသားဖြစ်မှု ဥပဒေနဲ့ ဘာမှ မပတ်သက်ပါဘူး။ သူတို့အနေနဲ့ လွတ်လပ်စွာ ပြောဆိုနိုင်တယ်၊ လွတ်လွတ်လပ်လပ် ရေးသွင်းနိုင်ပါတယ် ” ဟူသောစကားနှင့်အတူ ဦးရွှေမောင်က – အကြမ်းဖက်မှု ထပ်မံ မဖြစ်ပွားစေရန် ရှောင်ကြဉ်အပ်သည့် အဓိကအချက်မှာ ဒေသခံပြည်သူများနှင့် ဆွေးနွေး တိုင်ပင်နှီးနှောမှုပြု၍ လူ့အဖွဲ့အစည်းဝင်များနှင့် ရင်းနှီးကျွမ်းဝင်သူများကိုသာ သန်းခေါင်စာရင်းကောက်ခံရေး၌ အသုံးပြုသွားရန်ဖြစ်ကြောင်း၊ သို့သာမက သတ်မှတ်စံနှုန်းနှင့် အညီ ရိုးဖြောင့်စွာဆောင်ရွက်ကြမည့် သန်းခေါင်စာရင်းကောက်ခံရေး အထောက်အကူပြု မွတ်စ်လင်မ်စေတနာ့ဝန်ထမ်း ၇၀၀ ဦး၏ အမည်စာရင်းကိုလည်း မိမိမှ တင်သွင်းထားပြီးဖြစ်ကြောင်း ပြောကြားပါသည်။
သို့တစေ မိမိမှာ နစ်နာထိခိုက်မှုကြီးမားမည်ကို အလွန်အမင်းစိုးရိမ်ပူပန်နေကြောင်း၊ အာဏာပိုင်များအနေနှင့် တတ်နိုင်သမျှ အချက်အလက်ကောက်ခံခြင်းကိုသာ အာရုံထားအားစိုက်ကြပြီး နိုင်ငံသားအရေးနှင့်ရွေးကောက်ပွဲအခွင့်အရေးအပေါ် အခြေမပြုလျှင် မည်သည့်ပြဿနာမျှ မဖြစ်နိုင်ကြောင်း သူက ဆိုပါသည်။
“ နိုင်ငံသားဖြစ်မှု နဲ့ မဲပေးခွင့်တွေဟာ သီးခြားအရေးအရာများသာ ဖြစ်ပါတယ်။ သန်းခေါင်စာရင်းကောက်ယူမှုနဲ့ ဆက်နွှယ်ပြီး မလုပ်ဆောင်သင့်ပါဘူး ”။
မည်သို့ဆိုစေကာမူ ဒေါ်ခွန်ဂျာသည် လက်ရှိသန်းခေါင်စာရင်းပုံစံအား မယိုင်မလဲ ဆန့်ကျင်လျက်ရှိနေပါသည်။
“ ကျွန်မတို့အနေနဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို ရွှေ့ဆိုင်းလိုက်ဖို့ လိုအပ်ပါတယ်။ လုပ်ငန်းစဉ် တစ်ခုလုံးကို ပြန်လည် သုံးသပ် အစပြုရမှာဖြစ်ပါတယ်။ အာဏာပိုင်အစိုးရဟာ အချက်အလက် စာရင်းတွေလောက်ကိုသာ စိတ်ဝင်စားနေတာ မဟုတ်ဘဲ တိုင်းသူပြည်သားများရဲ့စည်းလုံးညီညွတ်မှုကို ဖြိုခွဲချင်နေတာပဲဖြစ်ပါတယ် ”။
Myanmar Times တွင် ဖော်ပြခဲ့သည့် ဆောင်းပါးရှင် Bill O’Toole ၏ “Minorities want survey delayed” ဆောင်းပါးကို မြင့်မိုရ် မောင်မောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

Read more »

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလီအခြေစိုက် အမြောက်တပ်ရင်း ၃၁၅ မှ ဒုတပ်ကြပ် ရဲမင်းထွန်းက အသက်(၄၃)နှစ်ရှိ ကလေး(၃)ယောက်အမေကို မုဒိမ်းကျင့်ဖို့ ကြိုးစား

ရိုင်းစိုင်းယုတ်မာတဲ့ မြန်မာအစိုးရတပ်ကို မောင်းထုတ်ကြ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလီအခြေစိုက် အမြောက်တပ်ရင်း ၃၁၅ မှ ဒုတပ်ကြပ် ရဲမင်းထွန်းက အသက်(၄၃)နှစ်ရှိ ကလေး(၃)ယောက်အမေကို မုဒိမ်းကျင့်ဖို့ ကြိုးစား၊ အမျိုးသမီးက ပြန်လည်ခုခံရာ ဒဏ်ရာရရှိခဲ့။

ဒီမုဒိမ်းကောင်တွေ ရှိနေသရွေ့ ရပ်ရွာမအေးချမ်းနိုင်ပါ။ ဝန်ကြီးဦးအုန်းမြင့် ဘယ်ရောက်နေလဲ။ ကာကွယ်ရေးဝန်ကြီး ဘယ်ရောက်နေလဲ။ ပြည်ထဲရေးဝန်ကြီး ဘယ်ရောက်နေလဲ။ နယ်စပ်ရေးရာဝန်ကြီး ဘယ်ရောက်နေလဲ။
အသက် ၄၃ နှစ် အရွယ် ကလေး ၃ ယောက် အမေကို အမြှောက်တပ် ၃၁၅ မှ ဒုတပ်ကြပ် ရဲမင်းထွန်း က ၀ဲကလီ ကျေရွာ တပ်ရင်းနှင့် လေးခြံ အကွာ ရာဘာအစီးခြစ်တဲ့ အချိန် မနံက် ၂နာ ရီ လောက်တွင် မုဒိမ်းကျင့်ရန် ကြံစည်သဖြင့် အမျိုး သမီးက ပြန်လည်ခုခံရာ ယခု အမျိုးသမီးက ထိချုက်ဒဏ်ရာရကာ မော်လမြိုင် ပြည်သူ့ဆေးရုံတွင် ၄ ရက်မြောက်အအြေနေဖြစ်ကာသည် ယနေ့တွင် လူနာကို ငုင်း ရွာမှ လူမှု အဖွဲ့အစည်းများ၊ မွန် ဒီမိုကရေစီ ပါတီမှ ခေါင်းဆောင်များ၊ မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူများ၊ အမျိုးသမီးအဖွဲ့များ လူပေါင်း ၅၀ နီးပါး လာရောက် ကြည့်ရှု့ ခဲ့ကြသည်။ ဖြစ်သည့်နေ့ ၂၆၊ ၁၊၂၀၁၄ မနံက် ၂ နာရှီ

Read more »

Thursday, January 30, 2014

Burmans living in Shan State, are the guests

ကဲ ဗမာ ဧည့် သည် တွေ ဒီစာ လေး ဖတ် ပြီး ဧည့်သည် က အိမ်ရှင် ကို လေးစားကြ။ 
ဧည့်ဆိုး ဆက် လုပ် နေတဲ့ မိမိ ရဲ့ အမျိုး တွေ ကို မိမိ အိမ် သို့ ပြန် ရန် ခေါ် ယူကြ။

Aung San Suu Kyi said

 “Judging by your accent you are Burman, so I would like to caution you. 
We Burmans living in Shan State, are the guests, and the Shan people are the owners of the house. 
We have to respect the owners of the house; 
the owners of the house also should treat the guests nicely.” 

— via Shan Herald Agency for News (S.H.A.N.)

Read more »

Tuesday, January 28, 2014

No national ceasefire without support from Burmans ...

Read more »

Assumption University, Thailand kaw na Master Degree hte Ph.D jan mau gup la ai Jinghpaw Wunpawng hpaji ninghkring.



2014 January 18 ya shani hta Assumption University, Thailand kaw na 

Master Degree hte Ph.D jan mau 
gup la ai Jinghpaw Wunpawng hpaji ninghkring. 
Srn.Kareng Hkawn San Mai,
LL.David Zau Dim, 
Dr.Nhkum Hkun Seng,
Mashaw.Lawt Awng. — 

Read more »

ကချင်ပါတီငါးခုကြီးများတောင်မှတ်ပုံတင်ပေးလိုက် /ရည်ရွယ်ချက်က ကချငှ်လူထုကိုပါတီစွဲဖြစ်စေးပြီး အချင်းချင်းစိတ်ဝမ်းကွဲစေဖို့

ဖက်ဆစ်နယ်ချဲ့စစ်အစိုးရဗိုလ်ချူပ်တွေဟာ လွန်ခဲ့တဲ့2010 ရွေးကောက်ပွဲတုံးက ကချင်တွေကို ကိုယ်စားပြုမယ့် ဒေါက်တာတူးဂျာကို KIO နဲ့ဆက်စပ်မှုရှိတယ်ဆိုပြီးမှတ်ပုံတင်ခွင့်မပေးခဲ့သလိုရွေးကောက်ပွဲလည်းမဝင်ခဲ့ရဘူး၊ KIA ကိုထိုးစစ်အကြီးအကျယ်ဆင်နွဲခဲ့တယ်၊ အကျအရှုံ့များနဲ့ရင်ဆိုင်ရတယ်၊ အခုလာမယ့် 2015 ရွေးကောက်ပွဲအတွက်ကြတော့ ကချင်ပါတီငါးခုကြီးများတောင်မှတ်ပုံတင်ပေးလိုက်ပြန်ရော၊ ရည်ရွယ်ချက်က ကချငှ်လူထုကိုပါတီစွဲဖြစ်စေးပြီး အချင်းချင်းစိတ်ဝမ်းကွဲစေဖို့ရယ် KIO ကိုကချင်လူထုနဲ့တစ်ဖြေးဖြေးဝေးကွာစေကာ ကချင်လူထုထောက်ခံအားပေးမှုကျဆင်းသွားစေဖို့ဖြစ်တယ်၊ ထိုမျှသာမကနိုင်ငံတစ်ကာအမြင် မှာကချင်လူထုကိုယ်စားပြုလွတ်တော်အမတ်မျာူးလွတ်တော်တွင်ရှိသယောင်ဖန်တီးပြီးKIO အားသောင်းကျန်သူအဖွဲ့အစည်းပုံစံမြင်သွားအောင် ကချင်ပါတီများအားမှတ်ပုံတင်ချပေးခြင်းဟာ စစ်အုပ်စု၏မရိုးသားသောဗျူဟာဖြစ်ကြောင်း သံသယရှိစရာမလိုဘူး၊ နိုင်ငံရေးမှာကလိန်ကကျစ်လုပ်ခဲ့တဲ့ စစ်အုပ်စုများဟာ သူတို့အကြံမပျက်စီးအောင်ပုံဖေါ်လုပ်ဆောင်ရာမှာ လက်နကှ်ကိုအဓိကထားအားကိုးပြီး မရှက်တမ်းနိပ်ကွပ်တတ်တာကြောင့် ကချင်လူမျိုးစုအားလုံး စစ်အုပ်စုဆင်ထားတဲ့ထောင်ချောက် ပါတီထူထောင်ခွင့်ရခြင်းအပေါ်ယစ်မူးမနေပ်ဲလေးလေးနက်နက်စဉ်းစားပြီး နိုင်ငံရေးနွံမနစ်အောင်နည်းလမ်းရှာကာ KIO ရဲ့ရပ်တည်ချက်ကိုပိုမိုအင်အားကောင်းစေပြီးအောင်မြင်ရအောင်ကြံဆောင်နိုင်ရင်အလွန် တစ်ရာကောင်မွန်တဲ့ နိုငံရေးရပ်တည်ချက်ဖြစ်လာမယ် ဆိုတာဖြစ်ပါကြောင်းသိသမျှအမြင်လေးနဲ့ ဆော်ဩလိုက်ပါတယ်ခင်ဗျာ၊KS

Read more »

Quote "“But we are not terrorists. We are not pirates. We hold guns and fight against the government to demand our fundamental rights.”


The Irrawaddy Magazine BURMA A Word Could Delay Burma’s Peace Process: Ethnic Leaders By SAW YAN NAING / THE IRRAWADDY| Tuesday, January 21, 2014 | 4 Share on facebook Share on gmail Share on twitter Print This Post Ethnic rebel groups held peace talk conference in Law Khee Lah, also known as Lay Wah, the base of Karen National Liberation Army (KNLA) Brigade 7 in southern Karen State.(Photo: Saw Yan Naing / The Irrawaddy) LAW KHEE LAR, Karen State — The terminology to be included in a draft of Burma’s awaited nationwide ceasefire agreement became the hot topic of conversation Tuesday at a conference of ethnic armed groups in territory held by the Karen National Union (KNU). At issue was the use of the word “revolution” (taw lan yay in the Burmese language), which leaders said could become a sticking point and further delay the peace process. Armed groups are meeting ahead of more talks with the government’s negotiating team in the Karen State capital of Hpa-an, scheduled for Feb. 20. Nai Hong Sar, general-secretary of United Nationalities Federal Council (UNFC), an alliance of 11 ethnic armed groups, said some groups wanted the document to refer to them as “ethnic revolution armed groups.” “[The government] doesn’t want us [ethnic rebels] to use the word ‘revolution’ in the document. As the ethnic armed groups have been signing ceasefire agreements with the government and we are in the process of peace negotiations, [they say] a word like ‘revolution’ is not appropriate,” he said. “We want to include the word ‘revolution’ because we engage in military means for a political purpose. We use armed struggle to demand our rights. ‘Armed groups’ could be any groups who hold arms for looting. They could be terrorists or pirates,” said Nai Hong Sar. “But we are not terrorists. We are not pirates. We hold guns and fight against the government to demand our fundamental rights.” img_6303_0 Nai Hong Sar said the dispute showed the difficulty in reaching a nationwide agreement. “If we can’t deal with just a word, like ‘revolution,’ the peace process can be prolonged. Terminology alone can delay the peace process,” he said. Respectively founded after Burma gained independence from its British colonial rulers in 1948, the country’s ethnic rebels have been engaging in armed struggles against the central government for autonomy, self-determination and equality—aims that rebels say have not yet been addressed. There are at least 17 different ethnic armed groups with an estimated 100,000 troops combined. Lia Hmong Sakong, an ethnic Chin academic who is writing the draft document for the ethnic armed groups, agreed that the term “revolution” was important. “They [the government] said that as we are in the peace process, a word like ‘revolution’ is provocative. But, we hold arms not for looting,” he said. “By using a word like ‘revolution,’ we want to show that we don’t hold arms for looting and attacking people without reason.” Most ethnic minority armed groups, with the exception of the Kachin Independence Organization (KIO) and its allied Palaung group, have signed ceasefire agreements with the government individually since late 2011. Ethnic leaders also said that the conference, which is currently being held at a KNU base at Law Khee Lar, will be extended, since they still have to discuss disagreements and amendments among the ethnic groups involved in the meeting. The conference involves all ethnic armed groups except the United Wa State Army and its allied Mong La militia. It began on Monday and will now continue until Thursday.

Read more »

လူဆိုတာအမျိုးချစ်မှ မြတ်တယ်


SSA COMMANDO
ေꨀꨣꨵꨓွင်ꨵပꨓ်ꨟꨰင်းပီꨳꨓꨣꨳ

- စစ်မှန်တဲ့ပြည်ထောင်စု ပေါ်ပေါက်လာဖို့အတွက် လိုအပ်ချက်အရ ငါတို့သေနတ်ကိုင်တယ်.. 
- တတိုင်းတပြည်လုံး တိုင်းရင်းသားပြည်သူလူထုတွေက မင်းတို့သေနတ်တွေ မလိုတော့ဘူးပြောရင် ငါတို့ ပြတိုက်ထဲ ချက်ခြင်းထဲ့မယ်…
- ငါ့တို့လူမျိုးတွေဆက်လက် အသက်ရှင်ရပ်တည်နိုင်ဖို့ လောလောဆယ် ငါတို့သေနတ်ကိုင်တယ်…

Pt: Ying Mok Tai Loi

Read more »

Message of Yangon, Catholic Archbishop Charles Bo

ကက်သလစ်အသင်းတော်၊ ရန်ကုန် သာသနာ ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ် ဘို ၏ (၁၈.၁.၂၀၁၄)ရက်နေ့၊ ရန်ကုန်မြို့ St. Mary's Cathedral,မှ မြွက်ကြားချက်များ ဖြစ်ပါတယ်။ 
Message for Unity Octave: 18th. Jan. 2014 in St. Mary's Cathedral,
Myanmar

* Those who are away from our homes - in Malaysia, Thailand, India, in the refugee camps - they need our pastoral attention, they need our
advocacy. Ours is a nation of migrants, refugees and internally displaced
people. There are three million. Christ is in Exile in these people. Is
there a Moses, is there an Abraham who can bring them back to the promised Land?

* Human trafficking : Ours is one of the highest human trafficking
nation : Our vulnerable youngsters are sold into modern forms of slavery -
sex trade, risky jobs. In unknown land their silent tears cry for pastoral
care and return home/

* Drug affected Youth : in the border towns and villages, hundreds of
youth are turned into walking ghosts by merchants of death, the drug
dealers. In many villages and towns, youth is the missing generation. On
the altars of the avarice of the drug Lords, we sacrifice our youth. It
is a pity the church is a silent spectator. This calls for a concerted
effort by all churches in advocacy, pastoral care, campaign against drugs in
our pastoral areas.

* Land confiscation : astronomical rates are quoted. The cronies
who lived by eating the intestines of the poor during the military regime,
are continue to feast on the bowels of the poor. They steal, as the
Prophet Amos cried out, from the poor. Companies and rich people are creating a huge need for land. Thousands of farmers lose their lands, many become homeless. Democracy may become a night mare unless, the land rights are respected. Ethnic lands are being grabbed for industry, agro forests and we as Christians are the worst victims of these land grabs.

* Continued denial of rights : As a church today we are asking the
government a simple request : Return our lands and schools. Church has done great work in education and health in many countries. Even in Myanmar some of the ICONIC schools were developed by the Christians. Refusing to acknowledge the contribution, the former regime confiscated our properties, our schools. We wish to contribute towards building the nation. Return our schools. It is our cultural right.

Read more+++click on++link+++BY FB-lachid kachin

Read more »

Monday, January 27, 2014

Learn About the United States: Quick Civics Lessons

American mundan (USA mungchying sha masat ) byin tai wa lu na matu sanpoi htai ra ai ni ,,,,,,ndai lawu na laika buk hpe hti hka ja la ga....pdf ..file ..hte  re ....click and download++++

learn about United state ++English +++click on PDF file


မေးခွန်းတစ်ရာတွင်မြန်မာနိုင်ငံနှင့်ကိုက်ညီသမျှ



သူငယ်ချင်းတစ်ဦးထံမှ သူဖြေထား သော အမေရိကန်-နိုင်ငံသားပြုလက်စွဲ  စာအုပ်မိမိလက်ထဲကိုရောက်လာသည့်နေ့မှစ၍အမိမြန်မာနိုင်ငံအတွက်တစ်ခုခု ရေးချင်နေမိသည်။
အမေရိကန်နိုင်ငံသားပြုလက်စွဲစာ အုပ်ကိုအဓိက (၃) ပိုင်းခွဲပြုစုထားရာ(A)အမေရိကန်ဒီမိုကရေစီ၏အခြေခံမှု များ၊(B) အစိုးရစနစ်တည်ဆောက်ပုံနှင့် (C)နောက်ဆုံးအမေရိကန်သမိုင်းနှင့်အခြား သမိုင်းဝင်အချက်အလက်များတို့ပါဝင် ကြသည်။ ထိုစာအုပ်တွင်မေးခွန်း(၁၀၀) ပါဝင်ပြီး အဖြေများကိုပါဖော်ပြပေးထား သည်။ ဒီမိုကရေစီဘိုးအေအမေရိကန် နိုင်ငံ၏သက်တမ်း ၂၂၆ နှစ်ရှိပြီဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေအကျဉ်းကိုလေ့လာ မိသောအခါထိုအထဲမှအမိမြန်မာနိုင်ငံနှင့် အသုံးတည့်နိုင်မည့်မေးခွန်း(၅)ခုကို ထုတ် နှုတ်ဖော်ပြလိုပါသည်။
မေးခွန်းနံပါတ် (၁) အမိမြေ၏အမြင့်ဆုံး ဥပဒေမှာအဘယ်နည်း။
အဖြေ-
ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်သည်။
ဖြေရှင်းချက်-
အမေရိကန်နိုင်ငံ၏ဖွဲ့စည်းပုံအခြေ ခံဥပဒေသည် နိုင်ငံအားလုံးထက်စောသည်။ ယင်းကိုပြည်သူအခြေပြုစည်းကမ်းချက်များ  ဖြင့်နိုင်ငံ၏အစိုးရယန်္တရားကိုလည်ပတ် စေသည်။ ပြည်သူ့ကိုယ်စားလှယ်ဒီမိုကရေစီ ဟုခေါ်ဆိုပြီး ဥပဒေပြုအမတ်များကိုပြည် သူကရွေးချယ်ပေးရသည်။ အမေရိကန် နိုင်ငံသားများကနိုင်ငံကိုဒီမိုကရက်တစ် အချုပ်အချာအာဏာဖြင့်ဦးဆောင်မည့် သမ္မတကိုပါရွေးချယ်ပေးကြသည်။ အခြေ ခံဥပဒေသည် ပြည်သူလူထု၏အခြေခံရပိုင်ခွင့်များကိုအကာအကွယ်ပေးသည်။ နိုင်ငံတွင်းတွင်ပြဋ္ဌာန်းသမျှဥပဒေများသည် အဆိုပါဖွဲ့စည်းပုံအခြေခံကိုမလွဲမသွေလိုက် နာရမည်။
မေးခွန်းနံပါတ် (၂) ဖွဲ့စည်းပုံအခြေခံဥပေဒ သည် မည်သည့်အလုပ်ကိုလုပ်ပါသနည်း။
အဖြေ-
(၁) အစိုးရကိုတည်ဆောက်ပေး သည်။ (၂) အစိုးရကိုအဓိပ္ပာယ်သတ်မှတ် ပေးသည်။ (၃) အမေရိကန်ပြည်သူများ ၏အခြေခံရပိုင်ခွင့်ကိုကာကွယ်ပေးသည်။
ဖြေရှင်းချက်-
ဖွဲ့စည်းပုံအခြေခံဥပဒေသည် အစိုး ရ၏လုပ်ပိုင်ခွင့်အာဏာကို ဖက်ဒရယ်မှု ဖြင့် (၃)ပိုင်းကန့်သတ်ထားပြီးအုပ်ချုပ်ရေး အာဏာ၊ ဥပဒေပြဋ္ဌာန်းရေးအာဏာ၊တရားစီရင်ရေးအာဏာတို့ဖြစ်ကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထိုအာဏာ အသီးသီးကိုအဓိပ္ပာယ်ဖွင့်ဆိုရှင်းပြထား သည်။ အဆိုပါဖွဲ့စည်းပုံတွင် ဥပဒေပြင်ဆင်ခွင့်နှင့်ဥပဒေထပ်တိုးခွင့်ရှိသည်။ ပထမ ဦးဆုံးဥပဒေပြင်ဆင်ချက် (၁၀)ချက်ကို အခွင့်အရေးပြန်တမ်းဟုခေါ်ဆိုပြီး ၎င်း  သည်အမေရိကန်တစ်ဦးစီ၏အခွင့်အရေးများကိုအခြေပြုထားပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်သည်။
မေးခွန်းနံပါတ် (၃) ဖွဲ့စည်းပုံအခြေခံဥပဒေ တွင်ပါဝင်သော ကိုယ်ပိုင်အစိုးရ၏ထိပ်ဆုံး စကားလုံး (၃) လုံးရှိသည်။ ၎င်းတို့ကိုဖော် ပြပါ။
အဖြေ-
WETHEPEOPLE  -ကျွန်ုပ်တို့သည် ပြည်သူများဖြစ်သည်။
ဖြေရှင်းချက်-
အခြေခံဥပဒေကအောက်ပါအတိုင်း  ဖွဲ့ဆိုသည်။ ကျွန်ုပ်တို့အမေရိကန်နိုင်ငံ သားများသည် ပြီးပြည့်စုံသောနိုင်ငံတည် ဆောက်နိုင်ရေးအလို့ငှာတရားမျှတရေး၊ဒီမိုကရေစီစံချိန်စံညွှန်းညီမျှရေး အမျိုးသား အကျိုးစီးပွားကာကွယ်ရေး အလုံးစုံတိုး တက်ရေးကိုဖော်ဆောင်နိုင်ရေး ငြိမ်းချမ်း ရေးလက်ဝယ်ပိုင်ဆိုင်ရေးနှင့်နောင်လာမျိုး ဆက်သစ်ကောင်းများပေါ်ထွန်းရေးအတွက် ဤဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲအတည်  ပြုလိုက်နာပါမည်။ကျွန်ုပ်တို့သည်ပြည် သူများဖြစ်သည်””စကားလုံးအရပြည်သူ များသည် အစိုးရကိုတည်ဆောက်သည် ဟု ဖွဲ့စည်းပုံကဆိုသည်။ အစိုးရသည်ပြည်သူအတွက်အလုပ်လုပ်ပြီးပြည်သူလူ ထု၏အခွင့်အရေးကိုကာကွယ်သည်။  အမေရိကန်တွင်အစိုးရ၏အာဏာသည် ပြည်သူ့ထံမှလာသည်။ ၎င်းကို ကျော်ကြားသောအချုပ်အချာအာဏာ ဟုခေါ်တွင် သည်။ ဥပဒေပြုရန်ကိုယ်စားလှယ်များကို ရွေးချယ်သူများမှာ ပြည်သူများသာဖြစ် သည်။
မေးခွန်းနံပါတ် (၁၂““တရားဥပဒေစိုးမိုး ရေး””ဆိုသည်မှာ အဘယ်နည်း။
အဖြေ-
လူတိုင်းဥပဒေလိုက်နာရမည်။ ခေါင်း ဆောင်များဥပဒေလိုက်နာရမည်။ အစိုးရ သည်ဥပဒေလိုက်နာရမည်။ ဥပဒေအထက် တွင်မည်သူမျှမရှိစေရ။
ဖြေရှင်းချက်-
ဂျွန်အက်ဒမ်သည် အမေရိကန်၏ ဒုတိယသမ္မတဖြစ်ပြီးအမျိုးသားအခြေခံ ဥပဒေကိုရေးဆွဲခဲ့သူများထဲတွင် တစ်ဦး အပါအ၀င်ဖြစ်သည်။ သူသည် ““ဥပဒေစိုးမိုးသည့်အစိုးရဖြစ်သည်။ လူစိုးမိုးသည့် အစိုးရမဟုတ်””ဟုတိုင်းပြည်ကိုအဓိပ္ပာယ် ဖွင့်ဆိုသွားသည်။ ဥပဒေအထက်တွင်မည် သူ/မည်သည့်အုပ်စုမျှမရှိစေရ။နိုင်ငံသား တိုင်းနှင့်ခေါင်းဆောင်များသည်ဥပဒေကို လိုက်နာခြင်းသည် တရားဥပဒေစိုးမိုးရေး ဖြစ်သည်။ အမေရိကန်တွင်အမေရိကန်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေသည် တရား ဥပဒေစိုးမိုးရေး၏အခြေခံဖြစ်သည်။ အမေ ရိကန်သည်ဒီမိုကရေစီဖြင့်အခြေခံဖွဲ့စည်း ထားသည့်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံ ဥပဒေရှိသည့် တိုင်းပြည်ဖြစ်သည်။ ထို စနစ်အရပြည်သူများသည်တရားဥပဒေ များကိုလိုက်နာလိုကြသည်။ အကြောင်းမှာ၎င်းတို့ရွေးချယ်ခဲ့သောလွှတ်တော်ကိုယ် စားလှယ်များကရေးဆွဲသောဥပဒေများ ဖြစ်သောကြောင့်ဖြစ်သည်။ အကယ်၍ လူအားလုံးကိုဥပဒေတစ်ခုတည်းဖြင့်သာအုပ်ချုပ်မည်ဆိုလျှင် တစ်ဦးချင်းအခွင့် အရေးနှင့်ငြိမ်းချမ်းမှုတို့သည်ပိုမို၍အကာ အကွယ်ရကြလိမ့်မည်။ တရားဥပဒေစိုး မိုးရေးသည် အစိုးရမှပြည်သူလူထုကိုသာတူညီမျှကာကွယ်ပေးရေးနှင့်မည်သူတစ်ဦး တစ်ယောက်၏အခွင့်အရေးကိုဖောက်ဖျက် ကျူးလွန်မှုမရှိစေရန် အကူအညီပေးသည်။
မေးခွန်းနံပါတ်(၅၅)အမေရိကန်များသူတို့ ၏ဒီမိုကရေစီအရေးတွင် ပါဝင်ဆင်နွှဲနိုင် သော အခွင့်အရေး (၂) ခုကို ဖော်ပြပါ။
အဖြေ-
မဲပေးခွင့်၊ နိုင်ငံရေးပါတီသို့ဝင်ခွင့်၊ စည်းရုံးရေးအဖွဲ့များကိုကူညီခွင့် လူမှုအဖွဲ့ အစည်းကိုကူညီခွင့် ပြဿနာတစ်ခုခုရှိ လျှင် ရွေးကောက်ခံနိုင်ငံအရာရှိကို သင့်ထင်မြင်ချက်ပေးခွင့် အထက်လွှတ်တော် အမတ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ ကိုတိုင်ကြားခွင့် ပြဿနာတစ်ခု (သို့မှု တစ်ခုကို လူသိရှင်ကြားထောက်ခံခွင့်နှင့်ဆန့်ကျင်ခွင့် ရုံးခန်းဖွင့်ခွင့် သတင်းစာတစ် စောင်စောင်သို့စာရေးသားခွင့်။ (ထိုထဲမှ  ၂ ခု ကို ဖြေရမည်)
ဖြေရှင်းချက်-
နိုင်ငံသားများသည် ၎င်းတို့၏လူမှု အဖွဲ့အစည်းများတွင်တက်ကြွစွာလှုပ်ရှား ပါဝင်ကြသည်။ ထို့ပြင်နိုင်ငံရေးနှင့်ပတ်သက်ဆက်နွယ်လာလျှင်ဒီမိုကရေစီအမြဲရှင်သန်  ပြီးအားကောင်းစေသည်။ ပါဝင်ကူညီနိုင် သောနည်းလမ်းများမှာအသစ်ရွှေ့ပြောင်း နိုင်ငံသားများကို အင်္ဂလိပ်စာနှင့်လူမှုရေး တို့ကိုသင်ကြားပေးခြင်း၊ မိဘ-ဆရာအသင်း ၀င်၍ပါဝင်ကူညီနိုင်ခြင်း ဒေသခံကျောင်း ၏မိဘ-ဆရာဘုတ်အဖွဲ့ဝင်ရာထူးအတွက်ဝင်ရောက်အရွေးခံနိုင်ခြင်းနှင့် မဲရုံများ တွင်ကူညီခြင်းတို့ဖြစ်ကြသည်။ ပြည်သူများ မဲပေးနိုင်ပြီးနိုင်ငံရေးမဲဆွယ်ပွဲများတွင်ကူညီ နိုင်သကဲ့သို့လူမှုအဖွဲ့အစည်းများတွင်လုပ် အားပေးနိုင်သည်။ သို့တည်းမဟုတ် မိမိ တို့အတွက်အရေးကြီးသည့်ကိစ္စရပ်ပြဿနာများကိုဖြေရှင်းပေးရန်အထက်လွှတ်တော်အမတ်နှင့်လွှတ်တော်ကိုယ်စား လှယ်များကိုခေါ်ယူတွေ့ဆုံခွင့်ရှိသည်။
ဥပဒေပြုလွှတ်တော်တွင် စစ်တပ် အခန်းကဏ္ဌရာခိုင်နှုန်းမည်မျှပါဝင်သနည်း ဟု အဆိုပါစာအုပ်ထဲတွင်အထပ်ထပ်အခါ ခါရှာဖွေကြည့်မိသော်လည်း မတွေ့ရှိပါ။နိုင်ငံတည်ဆောက်သည့်တပ်မတော်သည် နိုင်ငံကိုကျူးကျော်မည့်သူများကိုရှာဖွေနှိမ် နင်းရန်တာဝန်ရှိသည်။ အဓိကစစ်သေနာ ပတိချုပ်အာဏာသည်နိုင်ငံတော်သမ္မတ  လက်ဝယ်တွင်သာရှိသည်ကိုဖတ်ရသည်။ လက်ရှိမြန်မာ့နိုင်ငံရေးမှာ အလှည့်အပြောင်း အကွေ့အစွန်းတွင်ရောက်နေသည်ဟုဆိုလျှင်မှားအံ့မထင်။ ဘယ်ဘက်ကိုကွေ့မည် လား။ ညာဘက်ကိုကွေ့မည်လား။ စိတ် ၀င်စားသူများရှိသလို ကပ်ကွေ့လား။ ပန်း ကွေ့လား။ မသုံးသပ်နိုင်သူများလည်းတစ်ပုတစ်ပင်ဖြစ်နေကြသည်။ နောက် ဆံတင်းသူများကတော့လမ်းဘေးလည်းချ မရပ် ဘေးလည်းမကပ်ဒီမိုကရေစီလမ်းကိုကန့်လန့်ဒရွတ်တိုက်လိုက်နေကြပေသည်။ ထိုအကြပ်အတည်းကိုဖြေရှင်းရန်နှင့်မြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန်နိုင်ငံအကျိုးငှာလေ့လာမိသောအဝေး ရောက်အတွေ့အကြုံများကိုတိုင်းကျိုးပြည် ပြုရေးသားမျှဝေလိုက်ခြင်းဖြစ်ပါသည်။ ထိုအကဲမှအမိမြန်မာနိုင်ငံနှင့်ကိုက်ညီသည့် အခြေခံအချက်အလက်များကို အသစ် ပေါ်ပေါက်လာမည့်ဖွဲ့စည်းပုံအခြေခံပြင် ဆင်ချက်များတွင် ထည့်သွင်းပြဋ္ဌာန်းနိုင်ပါရန်ပြည်သူများတင်မြှောက်ထားသော ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များကို စေတနာအရင်းခံတိုက်တွန်းလိုက်ရပါသည်။


ကိုညီညီ-တောင်ကြီး

Read more »